HomeLifestyleအာရုံေနာက္ရတဲ့ အိမ္နီးနားခ်င္းေတြကို ကိုင္တြယ္ႏိုင္မယ့္ နည္းလမ္းေကာင္းမ်ား

အာရုံေနာက္ရတဲ့ အိမ္နီးနားခ်င္းေတြကို ကိုင္တြယ္ႏိုင္မယ့္ နည္းလမ္းေကာင္းမ်ား

အောက်တွင် ယူနီကုဒ်ဖြင့် ဖတ်ပါ။

အိမ္နီးနားခ်င္းေတြမွာ ေဖာ္ေရြရင္းႏွီးၿပီး ကူညီတတ္တဲ့ လူမ်ိဳးေတြရိွသလို အင္မတန္ စိတ္အေႏွာင့္အယွက္ေပးၿပီး အာရုံေနာက္စရာေတြပဲ လုပ္တတ္တဲ့ လူမ်ိဳးေတြလည္း ရိွပါတယ္။ သူမ်ား စိတ္အေနွာင့္အယွက္ျဖစ္ေအာင္ တစ္နည္းမဟုတ္ တစ္နည္းနဲ႔ ဒုကၡေပးတတ္တဲ့ အိမ္နီးခ်င္းမ်ိဳး ရိွေနတယ္ဆိုရင္ေတာ့ သူတို႔ကို စနစ္တက် ကိုင္တြယ္တတ္ဖို႔ လိုအပ္ပါတယ္။ ကိုင္တြယ္ႏိုင္မယ့္ နည္းလမ္းေတြကေတာ့ …

ေအးေအးေဆးေဆး ေျပာၾကည့္ပါ။

ပထမဆုံးလုပ္ၾကည့္ရမယ့္အဆင့္ကေတာ့ သူတို႔ရဲ႕အျပဳအမူေတြက ေဘးအိမ္နီးခ်င္းေတြကို အေႏွာင့္အယွက္ျဖစ္ေစတဲ့အေၾကာင္း ေအးေအးေဆးေဆးနဲ႔ နားလည္ေအာင္ ေျပာျပပါ။ အဲ့လို အာရုံေနာက္တတ္တဲ့ အိမ္နီးခ်င္းအမ်ားစုဟာ သူတို႔ေၾကာင့္ သူမ်ားေတြ အေႏွာင့္အယွက္ျဖစ္ေနမွန္း နားမလည္ၾကတာ မ်ားပါတယ္။ ဒါေၾကာင့္ ေအးေအးသက္သာနဲ႔ အေႏွာင့္အယွက္ျဖစ္ရေၾကာင္း ေျပာျပလုိက္ရင္ ေတာ္ရုံလူဆို ဆင္ျခင္သြားပါလိမ့္မယ္။

ျပတ္သားပါ။

ေဘးပတ္၀န္းက်င္ကို အေႏွာင့္အယွက္ျဖစ္ေစတဲ့ အိမ္နီးနားခ်င္းအခ်ိဳ႕ဟာ စိတ္သေဘာထား ေပ်ာ႔ေျပာင္းသူေတြအေပၚ အခြင့္ေကာင္းယူတတ္ၾကပါတယ္။ ထစ္ခနဲရိွ ကြန္ပလိန္းတက္ရတာမ်ိဳးကို မႀကိဳက္ဘဲ ကိုယ့္ဘာသာ ေအးေအးေဆးေဆး ေနတတ္သူေတြဆိုရင္ သူတို႔က ပိုၿပီး ထင္ရာစိုင္းတတ္ၾကပါတယ္။ ဒီလိုလူေတြနဲ႔ ေတြ႕ေနၿပီဆိုရင္ေတာ့ သင့္အေပၚကို ႏိုင္ထက္စီးနင္း အလုပ္မခံပါနဲ႔။ သင္သည္းမခံႏိုင္တဲ့ အရာမ်ိဳးကို လုပ္မယ္ဆိုရင္ လက္ခံမွာ မဟုတ္တဲ့အေၾကာင္း ျပသေပးလိုက္ပါ။

Photo: pixabay
လ်စ္လ်ဴရႈပါ။

အာရုံေနာက္ေစတဲ့ အိမ္နီးခ်င္းေတြနဲ႔ ပတ္သက္ရင္ လ်စ္လ်ဴရႈထားတာကလည္း တစ္ခါတစ္ရံမွာ နည္းလမ္းေကာင္းတစ္ခု ျဖစ္ေစပါတယ္။ အခ်ိဳ႕လူေတြဟာ မသိလိုက္လို႔ သူမ်ားကို အေႏွာင့္အယွက္ ျဖစ္ေစတာမဟုတ္ဘဲ သင့္ရဲ႕အာရုံစိုက္မႈကို လိုခ်င္လို႔ တမင္လုပ္ေနတာမ်ိဳး ရိွတတ္ပါတယ္။ သင္ စိတ္မတို တိုလာေအာင္ လုပ္ၿပီး သင္ေဒါသထြက္လာရင္ သူတို႔က ေပ်ာ္ရႊင္တတ္ၾကပါတယ္။ ဒီလိုအိမ္နီးခ်င္းမ်ိဳးနဲ႔ဆိုရင္ ဒီကမာၻႀကီးေပၚမွာ သူမရိွသလို သေဘာထားၿပီး အဖတ္ကိုမလုပ္တာ အေကာင္းဆုံး ျဖစ္မွာပါ။

ကင္းကင္းရွင္းရွင္း ေနပါ။

လိုအပ္တာထက္ပိုၿပီး တအားရင္းႏွီးခ်င္၊ မိသားစုအေရးထဲထိ ၀င္စြက္ဖက္ခ်င္တဲ့ အိမ္နီးခ်င္းမ်ိဳးေတြလည္း ရိွပါတယ္။ တကယ္လို႔ သင္ကလည္း သူတို႔ကို မႀကိဳက္ဘူးဆိုရင္ အတင္းႀကီး လက္ခံေပးစရာ မလိုပါဘူး။ ရိုင္းစရာမလိုဘဲနဲ႔လည္း သူတို႔သိသာေအာင္ အကန္႔တစ္ခု ထားလိုက္ပါ။ အတင္းရင္းႏွီးခ်င္တဲ့လူကို အကန္႔အသတ္ေလးနဲ႔ ရင္းရင္းႏွီးႏီွး ျငင္းပယ္တာမ်ိဳး၊ အေၾကာင္းျပခ်က္ေပးတာမ်ိဳးက အဆင္ေျပပါလိမ့္မယ္။

ေကာင္းေကာင္းမြန္မြန္ ဆက္ဆံပါ။

အခ်င္းခ်င္း ရန္လိုၿပီး ေတြ႕တာနဲ႔ ရန္စြယ္နဲ႔ေငါေငါ ျဖစ္ေနတဲ့ ပတ္၀န္းက်င္မ်ိဳး သင္လည္း လိုခ်င္မွာ မဟုတ္ပါဘူး။ သူတို႔က ကိုယ့္ကို အာရုံေနာက္ေအာင္ ဘယ္လိုပဲလုပ္လုပ္၊ ကိုယ္ကေတာ့ ေကာင္းေကာင္းမြန္မြန္ပဲ ျပန္ဆက္ဆံေပးလိုက္ပါ။ သင့္ဆီက အာရုံစိုက္တာကို လိုခ်င္တဲ့ အိမ္နီးခ်င္းမ်ိဳးဆိုရင္လည္း ဒီလို ေကာင္းေကာင္းမြန္မြန္ ျပန္ဆက္ဆံေပးလိုက္တာ သူတို႔ကို စိတ္ေက်နပ္သြားေစႏိုင္လို႔ သူတို႔လုပ္ေနတာေတြကို ကိုယ္ရိွန္သတ္သြားေစႏိုင္ပါတယ္။

Photo: pixabay
အင္အားစုေဆာင္းပါ။

တကယ္လို႔ သင့္ရဲ႕ အိမ္နီးခ်င္းက ေဘးပတ္၀န္းက်င္က အိမ္ေတြအကုန္လုံးကို ပတ္ၿပီး ျပႆနာရွာေနတယ္ဆိုရင္ေတာ့ တစ္ေယာက္တည္းက ေျပာေနတာမ်ိဳးထက္ အျခားအိမ္ေတြနဲ႔ အတူတူ ေျပာတာက ပိုေကာင္းပါလိမ့္မယ္။ သင့္လိုပဲ ခံစားခ်က္ခ်င္း တူေနတဲ့ အိမ္နီးခ်င္းေတြနဲ႔အတူတူ အေႏွာင့္အယွက္ျဖစ္ေစတဲ့ အိမ္နီးခ်င္းကို နားလည္ေအာင္ ေျပာျပပါ။ အိမ္နီးခ်င္းေတြထဲမွာ ႏွစ္ဘက္ကြဲသြားေအာင္ လုပ္မိတာမ်ိဳးကိုေတာ့ ေရွာင္က်ဥ္ပါ။

ရန္ကုိရန္ခ်င္း မတုံ႔ႏွင္းပါနဲ႔။

သင့္ကိုပဲ ပစ္မွတ္ထားၿပီး တိုက္ခိုက္ေနတဲ့ အိမ္နီးခ်င္းမ်ိဳးဆိုရင္ေတာ့ ရန္ကိုရန္ခ်င္း တုံ႔ႏွင္းတာမ်ိဳးထက္ သူ႔အတက္နဲ႔သူ ဆူးတာမ်ိဳးကို ဖန္တီးေပးလိုက္ပါ။ သူက ရန္လိုေနသလိုမ်ိဳး ကိုယ္က တစ္ထပ္တည္း ျပန္တုံ႔ျပန္မယ္ဆိုရင္ သူနဲ႔ကိုယ္နဲ႔ဟာ အတူတူျဖစ္သြားမွာပါ။ ဒီအခါ ကၽြမ္းက်င္ေနၿပီးသားျဖစ္တဲ့ သူက သင့္ကို ျပန္ၿပီးေခ်ာက္ခ်တာမ်ိဳးေတြ လုပ္ႏိုင္ပါတယ္။ ဒါေၾကာင့္ သူတို႔နဲ႔ ထိပ္တိုက္ေတြ႕ၿပီး တိုက္ခိုက္တာမ်ိဳးထက္ သူ႔အရိွန္နဲ႔သူ လႊတ္ထားၿပီး သူ႔ဘာသာ ျပန္ေဘးေတြ႕တာမ်ိဳးကို ေစာင့္ၾကည့္ေနတာက ပိုအဆင္ေျပပါလိမ့္မယ္။

ဒါေတြကေတာ့ အာရုံေနာက္စရာေကာင္းတဲ့ အိမ္နီးနားခ်င္းေတြနဲ႔ ေတြ႕ရတဲ့အခါ ျပဳလုပ္သင့္တဲ့ နည္းလမ္းေတြပါပဲ။ နည္းလမ္းတစ္ခုခုနဲ႔ အဆင္ေျပမယ္လို႔ ေမွ်ာ္လင့္ပါတယ္။ အားလုံးပဲ ေအးေဆးၿငိမ္သက္တဲ့ ပတ္၀န္းက်င္ေလးမွာ ေနထိုင္ႏိုင္ၾကပါေစ။

Xei

(Unicode Version)

အိမ်နီးနားချင်းတွေမှာ ဖော်ရွေရင်းနှီးပြီး ကူညီတတ်တဲ့ လူမျိုးတွေရှိသလို အင်မတန် စိတ်အနှောင့်အယှက်ပေးပြီး အာရုံနောက်စရာတွေပဲ လုပ်တတ်တဲ့ လူမျိုးတွေလည်း ရှိပါတယ်။ သူများ စိတ်အနှောင့်အယှက်ဖြစ်အောင် တစ်နည်းမဟုတ် တစ်နည်းနဲ့ ဒုက္ခပေးတတ်တဲ့ အိမ်နီးချင်းမျိုး ရှိနေတယ်ဆိုရင်တော့ သူတို့ကို စနစ်တကျ ကိုင်တွယ်တတ်ဖို့ လိုအပ်ပါတယ်။ ကိုင်တွယ်နိုင်မယ့် နည်းလမ်းတွေကတော့ …

အေးအေးဆေးဆေး ပြောကြည့်ပါ။

ပထမဆုံးလုပ်ကြည့်ရမယ့်အဆင့်ကတော့ သူတို့ရဲ့အပြုအမူတွေက ဘေးအိမ်နီးချင်းတွေကို အနှောင့်အယှက်ဖြစ်စေတဲ့အကြောင်း အေးအေးဆေးဆေးနဲ့ နားလည်အောင် ပြောပြပါ။ အဲ့လို အာရုံနောက်တတ်တဲ့ အိမ်နီးချင်းအများစုဟာ သူတို့ကြောင့် သူများတွေ အနှောင့်အယှက်ဖြစ်နေမှန်း နားမလည်ကြတာ များပါတယ်။ ဒါကြောင့် အေးအေးသက်သာနဲ့ အနှောင့်အယှက်ဖြစ်ရကြောင်း ပြောပြလိုက်ရင် တော်ရုံလူဆို ဆင်ခြင်သွားပါလိမ့်မယ်။

ပြတ်သားပါ။

ဘေးပတ်ဝန်းကျင်ကို အနှောင့်အယှက်ဖြစ်စေတဲ့ အိမ်နီးနားချင်းအချို့ဟာ စိတ်သဘောထား ပျော့ပြောင်းသူတွေအပေါ် အခွင့်ကောင်းယူတတ်ကြပါတယ်။ ထစ်ခနဲရှိ ကွန်ပလိန်းတက်ရတာမျိုးကို မကြိုက်ဘဲ ကိုယ့်ဘာသာ အေးအေးဆေးဆေး နေတတ်သူတွေဆိုရင် သူတို့က ပိုပြီး ထင်ရာစိုင်းတတ်ကြပါတယ်။ ဒီလိုလူတွေနဲ့ တွေ့နေပြီဆိုရင်တော့ သင့်အပေါ်ကို နိုင်ထက်စီးနင်း အလုပ်မခံပါနဲ့။ သင်သည်းမခံနိုင်တဲ့ အရာမျိုးကို လုပ်မယ်ဆိုရင် လက်ခံမှာ မဟုတ်တဲ့အကြောင်း ပြသပေးလိုက်ပါ။

Photo: pixabay
လျစ်လျူရှုပါ။

အာရုံနောက်စေတဲ့ အိမ်နီးချင်းတွေနဲ့ ပတ်သက်ရင် လျစ်လျူရှုထားတာကလည်း တစ်ခါတစ်ရံမှာ နည်းလမ်းကောင်းတစ်ခု ဖြစ်စေပါတယ်။ အချို့လူတွေဟာ မသိလိုက်လို့ သူများကို အနှောင့်အယှက် ဖြစ်စေတာမဟုတ်ဘဲ သင့်ရဲ့အာရုံစိုက်မှုကို လိုချင်လို့ တမင်လုပ်နေတာမျိုး ရှိတတ်ပါတယ်။ သင် စိတ်မတို တိုလာအောင် လုပ်ပြီး သင်ဒေါသထွက်လာရင် သူတို့က ပျော်ရွှင်တတ်ကြပါတယ်။ ဒီလိုအိမ်နီးချင်းမျိုးနဲ့ဆိုရင် ဒီကမ္ဘာကြီးပေါ်မှာ သူမရှိသလို သဘောထားပြီး အဖတ်ကိုမလုပ်တာ အကောင်းဆုံး ဖြစ်မှာပါ။

ကင်းကင်းရှင်းရှင်း နေပါ။

လိုအပ်တာထက်ပိုပြီး တအားရင်းနှီးချင်၊ မိသားစုအရေးထဲထိ ဝင်စွက်ဖက်ချင်တဲ့ အိမ်နီးချင်းမျိုးတွေလည်း ရှိပါတယ်။ တကယ်လို့ သင်ကလည်း သူတို့ကို မကြိုက်ဘူးဆိုရင် အတင်းကြီး လက်ခံပေးစရာ မလိုပါဘူး။ ရိုင်းစရာမလိုဘဲနဲ့လည်း သူတို့သိသာအောင် အကန့်တစ်ခု ထားလိုက်ပါ။ အတင်းရင်းနှီးချင်တဲ့လူကို အကန့်အသတ်လေးနဲ့ ရင်းရင်းနှီးနှီး ငြင်းပယ်တာမျိုး၊ အကြောင်းပြချက်ပေးတာမျိုးက အဆင်ပြေပါလိမ့်မယ်။

Photo: pixabay
ကောင်းကောင်းမွန်မွန် ဆက်ဆံပါ။

အချင်းချင်း ရန်လိုပြီး တွေ့တာနဲ့ ရန်စွယ်နဲ့ငေါငေါ ဖြစ်နေတဲ့ ပတ်ဝန်းကျင်မျိုး သင်လည်း လိုချင်မှာ မဟုတ်ပါဘူး။ သူတို့က ကိုယ့်ကို အာရုံနောက်အောင် ဘယ်လိုပဲလုပ်လုပ်၊ ကိုယ်ကတော့ ကောင်းကောင်းမွန်မွန်ပဲ ပြန်ဆက်ဆံပေးလိုက်ပါ။ သင့်ဆီက အာရုံစိုက်တာကို လိုချင်တဲ့ အိမ်နီးချင်းမျိုးဆိုရင်လည်း ဒီလို ကောင်းကောင်းမွန်မွန် ပြန်ဆက်ဆံပေးလိုက်တာ သူတို့ကို စိတ်ကျေနပ်သွားစေနိုင်လို့ သူတို့လုပ်နေတာတွေကို ကိုယ်ရှိန်သတ်သွားစေနိုင်ပါတယ်။

အင်အားစုဆောင်းပါ။

တကယ်လို့ သင့်ရဲ့ အိမ်နီးချင်းက ဘေးပတ်ဝန်းကျင်က အိမ်တွေအကုန်လုံးကို ပတ်ပြီး ပြဿနာရှာနေတယ်ဆိုရင်တော့ တစ်ယောက်တည်းက ပြောနေတာမျိုးထက် အခြားအိမ်တွေနဲ့ အတူတူ ပြောတာက ပိုကောင်းပါလိမ့်မယ်။ သင့်လိုပဲ ခံစားချက်ချင်း တူနေတဲ့ အိမ်နီးချင်းတွေနဲ့အတူတူ အနှောင့်အယှက်ဖြစ်စေတဲ့ အိမ်နီးချင်းကို နားလည်အောင် ပြောပြပါ။ အိမ်နီးချင်းတွေထဲမှာ နှစ်ဘက်ကွဲသွားအောင် လုပ်မိတာမျိုးကိုတော့ ရှောင်ကျဉ်ပါ။

ရန်ကိုရန်ချင်း မတုံ့နှင်းပါနဲ့။

သင့်ကိုပဲ ပစ်မှတ်ထားပြီး တိုက်ခိုက်နေတဲ့ အိမ်နီးချင်းမျိုးဆိုရင်တော့ ရန်ကိုရန်ချင်း တုံ့နှင်းတာမျိုးထက် သူ့အတက်နဲ့သူ ဆူးတာမျိုးကို ဖန်တီးပေးလိုက်ပါ။ သူက ရန်လိုနေသလိုမျိုး ကိုယ်က တစ်ထပ်တည်း ပြန်တုံ့ပြန်မယ်ဆိုရင် သူနဲ့ကိုယ်နဲ့ဟာ အတူတူဖြစ်သွားမှာပါ။ ဒီအခါ ကျွမ်းကျင်နေပြီးသားဖြစ်တဲ့ သူက သင့်ကို ပြန်ပြီးချောက်ချတာမျိုးတွေ လုပ်နိုင်ပါတယ်။ ဒါကြောင့် သူတို့နဲ့ ထိပ်တိုက်တွေ့ပြီး တိုက်ခိုက်တာမျိုးထက် သူ့အရှိန်နဲ့သူ လွှတ်ထားပြီး သူ့ဘာသာ ပြန်ဘေးတွေ့တာမျိုးကို စောင့်ကြည့်နေတာက ပိုအဆင်ပြေပါလိမ့်မယ်။

ဒါတွေကတော့ အာရုံနောက်စရာကောင်းတဲ့ အိမ်နီးနားချင်းတွေနဲ့ တွေ့ရတဲ့အခါ ပြုလုပ်သင့်တဲ့ နည်းလမ်းတွေပါပဲ။ နည်းလမ်းတစ်ခုခုနဲ့ အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။ အားလုံးပဲ အေးဆေးငြိမ်သက်တဲ့ ပတ်ဝန်းကျင်လေးမှာ နေထိုင်နိုင်ကြပါစေ။

Xei

 

RELATED ARTICLES

Most Popular