HomeCelebs Update NewsInternationalTobey နဲ့ Andrew တို့ထဲက တစ်ယောက်က ဝတ်စုံထဲမှာ တင်တု ထည့်ဝတ်ထားတယ်ဆိုတဲ့ Tom Holland

Tobey နဲ့ Andrew တို့ထဲက တစ်ယောက်က ဝတ်စုံထဲမှာ တင်တု ထည့်ဝတ်ထားတယ်ဆိုတဲ့ Tom Holland

ပရိသတ်တွေအကြိုက် ဖြစ်ခဲ့တဲ့ Spider-Man: No Way Home ထဲမှာတော့ Tobey Maguire နဲ့ Andrew Garfield တို့ နှစ်ယောက်လုံး ပြန်လည်ပါဝင်လာခဲ့ပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ Tobey Maguire နဲ့ Andrew Garfield တို့ နှစ်ယောက်ထဲက တစ်ယောက်ဟာ Spider-Man ဝတ်စုံထဲမှာ တင်တု ထည့်ဝတ်ထားတယ်လို့ Tom Holland က ပြောပြလာပါတယ်။ ဒါပေမယ့်လည်း ဘယ်သူက တကယ် တင်တုထည့်ဝတ်တယ် ဆိုတာကိုတော့ မပြောပြခဲ့ပါဘူး။

photo via screenrant

No Way Home ကတော့ Homecoming Trilogy ရဲ့ နောက်ဆုံးရုပ်ရှင်ပဲ ဖြစ်ပြီး လောလောဆယ်မှာတော့ Box-office  မှာ ဝင်ငွေစံချိန်တွေ ချိူးဖျက်နေပါတယ်။ Rating အရလည်း Rotten Tomatoes မှာတော့ 93% ရရှိထားသလို IMDb မှာလည်း (8.7)တောင် ရရှိထားပါတယ်။ ရုပ်ရှင်ဝေဖန်ရေးတွေရဲ့ ကောင်းမွန်တဲ့ ဝေဖန်မှုတွေကိုလည်း ရရှိထားထားပြီး အောင်မြင်မှုတွေများစွာ ရရှိထားတဲ့ ရုပ်ရှင်တစ်ကား ဖြစ်ပါတယ်။ ဒါ့အပြင် ယခုနှစ်ရဲ့ အော်စကာဆုမှာလည်း Visual Effects အတွက် စံကာတင်စာရင်း ဝင်ထားပါသေးတယ်။

Late Night With Seth Meyers ရှိုးကို အလည်လာရောက်ခဲ့တဲ့ Tom Holland ကတော့ Tobey နဲ့ Andrew တို့ နှစ်ယောက်ထဲက တစ်ယောက်ဟာ Spider-Man ဝတ်စုံထဲမှာ တင်တု ထည့်ဝတ်ထားတယ်လို့ ပြောပြသွားတာ ဖြစ်ပါတယ်။

“ကျွန်တော် တစ်ခုတော့ Spoiler ပေးချင်တယ်ဗျ။ ကျွန်တော်တို့ထဲက တစ်ယောက်က ဝတ်စုံထဲမှာ တင်တု ထည့်ဝတ်ထားတယ်လေ။ ဒါပေမယ့် ဘယ်သူလည်း ဆိုတာကိုတော့ မပြောပြပါဘူး။ အဲဒါ ဘယ်သူလည်းဆိုတာ ပရိသတ်တွေကလည်း သိကြမှာပါ။ ကျွန်တော် မှတ်မိသေးတယ်ဗျ။ ရိုက်ကွင်းပေါ်မှာ မြင်လိုက်ရတော့ “Wow” ဆိုပြီးတောင် ဖြစ်သွားတယ်လေ။ ပြီးမှသာ အဲ့ဒါက တကယ့်အစစ် မဟုတ်မှန်း သတိထားမိတာ … “

photo via screenrant

စူပါဟီးရိုးဝတ်စုံတွေထဲမှာ Pad တွေ ခံထားတယ် ဆိုတာကိုတော့ ပရိသတ်တွေ အများအပြား သိကြပါတယ်။ ကြွက်သားတွေ အပြည့်ရှိနေတဲ့ သရုပ်ဆောင်တွေတောင်မှ ကြွက်သားပုံစံကို ပိုမိုသိသာစေဖို့အတွက် Pad ခံထားတဲ့ ဝတ်စုံတွေကို ဝတ်ဆင်ရပါတယ်။ ဒါပေမယ့်လည်း တင်တု ထည့်ဝတ်တာကတော့ နည်းနည်း ရယ်ချင်စရာ ကောင်းနေပါတယ်။

Tom Holland ကတော့ ဘယ်သူလည်းဆိုတာ မပြောပြသွားတာကြောင့် စာဖတ်သူတွေအနေနဲ့ Tobey နဲ့ Andrew တို့ နှစ်ယောက်ထဲက ကိုယ်ထင်တဲ့သူကို Comment မှာ မန့်ခဲ့ကြပါဦး။

Legos

Source: Screenrant

RELATED ARTICLES

Most Popular