HomeCelebs Update NewsKoreaSM အတွက် စံချိန်တင်အမြတ်ငွေကို ရယူပေးနိုင်ခဲ့တဲ့ EXO

SM အတွက် စံချိန်တင်အမြတ်ငွေကို ရယူပေးနိုင်ခဲ့တဲ့ EXO

အောက်တွင် Unicode ဖြင့်ဖတ်ရှုပါ။


Photo: pinterest





Photo: pinterest


Source: koreaboo

နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ EXO ကိုရီးယား boy band ဟာ ကိုရီးယားဂီတလောကရဲ့ နာမည်ကြီးကုမ္ပဏီတစ်ခုဖြစ်တဲ့ SM Entertainment အတွက် အမြောက်များဆုံးသော အမြတ်ငွေတွေကို ရယူပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။

Photo: pinterest

SM Entertainment ရဲ့ ထုတ်ပြန်ချက်အရ ၂၀၁၈ခုနှစ်ရဲ့ နောက်ဆုံးပိတ်သုံးလအတွင်းမှာ ကိုရီးယားဝမ် (၂၀၈)ဘီလျံခန့် (အမေရိကန်ဒေါ်လာ ၁၈၈သန်းခန့်) အမြတ်ငွေရရှိခဲ့တယ်လို့ သိရပါတယ်။ ဒီပမာဏဟာ ကိုရီးယားဖျော်ဖြေရေးလောကမှာ ဘယ်ကုမ္ပဏီကမှ သုံးလအတွင်း မရရှိနိုင်ခဲ့တဲ့ အမြတ်ငွေပမာဏလည်း ဖြစ်ပါတယ်။

၂၀၁၈ခုနှစ် နောက်ဆုံးပိတ်သုံးလအတွင်း အမြတ်ငွေအများဆုံး ရယူပေးနိုင်ခဲ့တဲ့ ဂီတအဖွဲ့တွေကို SM Entertainment က အခုလိုပဲ ထုတ်ပြန်ကြေငြာခဲ့ပါတယ်။

No.(1) EXO – 31%, No.(2) TVXQ – 21%,  No.(3)SHINee  – 14%,  No.(4)Red Velvet – 12% , No.(5)Super Juinor – 8%, No.(6)NCT – 6%,  No.(7)Others – 4%, No.(8)Girl’s Generation – 2%

၂၀၁၈ခုနှစ် နှစ်ကုန်ပိုင်းမှ ထွက်ရှိခဲ့တဲ့ EXO ရဲ့ “Don’t Mess Up My Tempo” အယ်လ်ဘမ်ဟာ SM ရဲ့ နှစ်ကုန်ပိုင်းသုံးလအတွက် အများဆုံးသော အမြတ်ငွေ ရာခိုင်နှုန်းကို ရယူပေးနိုင်ခဲ့တာပါ။ EXO လိုပဲ TVXQ နဲ့ SHINee တို့ဟာလည်း ငွေကြေးအရ အောင်မြင်တဲ့ တေးဂီတအဖွဲ့တွေအဖြစ် ရပ်တည်နေတာကိုလည်း တွေ့ရမှာပါ။

Photo: pinterest

SM ကတော့ ကိုရီးယားဂီတဈေးကွက်မှာ ကြီးထွားလာနေတဲ့ ပြိုင်ဘက်ကုမ္ပဏီတွေကို ဆက်လက်လွှမ်းမိုးပြီး အောင်မြင်မှု ရယူထားနိုင်ဆဲပဲ ဖြစ်ပါတယ်။
Source: koreaboo

 

RELATED ARTICLES

Most Popular