HomeCelebs Update NewsInternationalLOTR ပရိသတ်တစ်ယောက်အတွက် Elijah Wood အနေနဲ့ လက်မှတ်ထိုးပေးခဲ့ဖူးတဲ့ Tobey Maguire

LOTR ပရိသတ်တစ်ယောက်အတွက် Elijah Wood အနေနဲ့ လက်မှတ်ထိုးပေးခဲ့ဖူးတဲ့ Tobey Maguire

သရုပ်ဆောင် Tobey Maguire ဟာ Lord of the Rings ပရိသတ်တစ်ယောက်ကို စိတ်ကျေနပ်စေဖို့အတွက် Elijah Wood အနေနဲ့ လက်မှတ်ထိုးပေးခဲ့ဖူးတယ်လို့ ဆိုပါတယ်။ Tobey Maguire ကတော့ ဒါရိုက်တာ Sam Raimi ရဲ့ Spider-Man Trilogy ထဲမှာ Peter Parker အနေနဲ့ သရုပ်ဆောင်ခဲ့ပါတယ်။ တိုက်ဆိုင်တာကတော့ Tobey ဟာ Spider-Man အနေနဲ့ စတင်သရုပ်ဆောင်တဲ့ အချိန်မှာပဲ Elijah Wood ကလည်း Lord of the Rings ထဲမှာ Frodo Baggins အနေနဲ့ စတင်သရုပ်ဆောင်ခဲ့ပါတယ်။

photo via screenrant

တခါတရံကျရင်တော့ သူတို့နှစ်ယောက်ဟာ ဆင်တူသလို ဖြစ်နေတတ်တာကြောင့် ပရိသတ်တွေဟာ မကြာခဏ လူမှားခဲ့ဖူးကြပါတယ်။ Tobey ကတော့ မကြာခင်ကပဲ Babylon ရုပ်ရှင်ကို ပရိုမိုးရှင်းဆင်းတဲ့ အနေနဲ့ Reddit မှာ သူ့ကို Elijah Wood နဲ့ မှားယွင်းခဲ့တဲ့ ပရိသတ်တစ်ယောက်အကြောင်းကို ပြောပြခဲ့ပါတယ်။

“တခါတုန်းကဆို Elijah wood အနေနဲ့ ကျွန်တော် လက်မှတ်ထိုးပေးခဲ့ဖူးတယ်ဗျ။ အဲဒီကောင်မလေးက elijah wood နဲ့ တွေ့တယ်ဆိုပြီး အရမ်းစိတ်လှုပ်ရှားနေတာလေ။ အဲ့တော့ ကျွန်တော်က elijah မဟုတ်ပါဘူးလို့ ပြောလိုက်ရင် စိတ်ပျက်သွားမှာဆိုးတာနဲ့ လက်မှတ်ထိုးပေးလိုက်တာပေါ့ဗျာ။”

photo via screenrant

ဒါဟာ ပရိသတ်တွေက Elijah Wood ကို အခြားသရုပ်ဆောင်တွေနဲ့ မှားယွင်းတာ ပထမဆုံးအကြိမ်လည်း မဟုတ်ပါဘူး။ Daniel Radcliffe ကလည်း သူ့ရဲ့ Biopic မှာ Elijah ကို သရုပ်ဆောင်စေချင်ပါတယ်လို့ စစနောက်နောက် ပြောခဲ့ဖူးပါတယ်။ သူတို့နှစ်ယောက်ဟာလည်း ရုပ်အနည်းငယ် ဆင်တူကြပြီး ပိုမိုတိုက်ဆိုင်တဲ့ အချက်ကတော့ Daniel Radcliffe က Harry Potter အဖြစ် နာမည်ကြီးလာတဲ့ အချိန်နဲ့ Elijah Wood ရဲ့ Frodo Baggins အဖြစ် နာမည်ကြီးလာတဲ့ အချိန်ကလည်း တူနေပါသေးတယ်။ Elijah Wood ကလည်း LOTR အပြီးမှာ သိပ်ပြီးမမြင်တွေ့ရတော့တာကြောင့်လည်း ပရိသတ်တွေဟာ သူ့ကို အခြားသရုပ်ဆောင်တွေနဲ့ မှားယွင်းကြတာ ဖြစ်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular