HomeEntertainmentFilm၂၀၁၀ ခုနှစ်ကတည်းက ဇာတ်ညွှန်းရေးပြီးသားဆိုတဲ့ Tobey Maguire ရဲ့ Spider-Man 4

၂၀၁၀ ခုနှစ်ကတည်းက ဇာတ်ညွှန်းရေးပြီးသားဆိုတဲ့ Tobey Maguire ရဲ့ Spider-Man 4

ဇာတ်ညွှန်းရေးသူ James Vanderbilt ရဲ့ ပြောပြချက်အရ Tobey Maguire ရဲ့ Spider-Man 4 အတွက် ဇာတ်ညွှန်းဟာ ၂၀၁၀ ခုနှစ်ကတည်းက ရေးသားပြီး ဖြစ်တယ်လို့ သိရပါတယ်။

Tobey Maguire ပါဝင်သရုပ်ဆောင်ထားပြီး ဒါရိုက်တာ Sam Raimi က ရိုက်ကူးထားတဲ့ Spider-Man Trilogy ကတော့ ၂၀၀၂ ခုနှစ်မှာ စတင်ထွက်ရှိခဲ့ပြီး ၂၀၀၇ ခုနှစ်မှာ အဆုံးသတ်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ Sony ဟာ ဒီဇာတ်ကောင်ကို Andrew Garfield နဲ့ Reboot အသစ် ပြန်လည်ရိုက်ကူးခဲ့ပါတယ်။

photo via screenrant

မူလတုန်းကတော့ ဒါရိုက်တာ Sam Raimi ဟာ Spider-Man 3 အပြီးမှာ 4 ကို ဆက်လက်ရိုက်ကူးဖို့ အစီအစဉ်ရှိခဲ့တယ်လို့ ဆိုပါတယ်။ Spider-Man 4 ထဲမှာတော့ Tobey Maguire ၊ Kirsten Dunst တို့ အပါအဝင် သရုပ်ဆောင်အဟောင်းတွေလည်း ပြန်လည်ပါဝင်လာဖို့ စီစဉ်ထားခဲ့တာ ဖြစ်ပါတယ်။

သို့ပေမယ့်လည်း အကြောင်းကြောင်းကြောင့် ဒီရုပ်ရှင်ရဲ့ ဇာတ်ညွှန်းကို အကြိမ်ပေါင်းများစွာ ပြန်လည်ပြုပြင်နေရင်း နောက်ဆုံးမှာတော့ Sony ဟာ ဒီရုပ်ရှင်ကို Cancel ပြုလုပ်လိုက်ပြီး Reboot အဖြစ် အသစ်ပြန်လည်ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဇာတ်ညွှန်းရေးသားသူ James Vanderbilt က Screen Rant နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးထဲမှာ အခုလို ပြောပြထားပါတယ်။

Photo Credit: Sony Pictures

“Spider-Man 4 အတွက် ဇာတ်ညွှန်းက လုံးဝအချောသတ် ပြီးသွားပြီး ရိုက်ဖို့အဆင်သင့် ဖြစ်နေပြီဗျ။ Sony က တခြားဇာတ်ညွှန်းရေးဆရာတွေကိုလည်း ထည့်သွင်းလိုက်ပြီး သူတို့ကလည်း တချို့နေရာတွေကို အပြောင်းအလဲ ပြုလုပ်ခဲ့တယ်လေ။ ဘာလို့လည်းတော့ မသိပေမယ့် နောက်ဆုံးမှာ သူတို့(Sony)က ဒီရုပ်ရှင်ကို ဆက်ပြီး မဖန်တီးတော့ဘူးလို့ ဆုံးဖြတ်ခဲ့ကြတာပဲဗျ … “

photo via screenrant

စောင့်မျှော်နေကြတဲ့ Spider-Man: No Way Home ထွက်ရှိလာပြီးတဲ့ နောက်မှာတော့ ပရိသတ်တွေဟာ Sony က ဖျက်သိမ်းခဲ့တဲ့ Spider-Man 4 ကို ပြန်လည် အသက်သွင်းဖို့ တောင်းဆိုနေကြပါတယ်။

Spider-Man 4 အတွက် ဇာတ်ညွှန်းထဲမှာတော့ အဓိကဗီလိန်အနေနဲ့ Lizard ပါဝင်လာမယ်လို့ သိရပြီး တခြား Classic ဇာတ်ကောင်တွေ ဖြစ်တဲ့ Shocker ၊ Rhino ၊ Mysterio ၊ Vulture နဲ့ Black Cat တို့လည်း ပါဝင်လာဖို့ အစီအစဉ်ရှိတယ်လို့ ကောလာဟလတွေအရ သိရပါတယ်။ ပရိသတ်တွေ တောင်းဆိုနေကြတဲ့ Spider-Man 4 ကို တကယ် မြင်တွေ့ရမလား ဆိုတာကိုတော့ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular