HomeCelebs Update NewsInternationalTom Cruise စတန့်တွေလုပ်တိုင်း အသက်မှရှင်ပါ့မလားလို့ စိုးရိမ်မိတယ်ဆိုတဲ့ Simon Pegg

Tom Cruise စတန့်တွေလုပ်တိုင်း အသက်မှရှင်ပါ့မလားလို့ စိုးရိမ်မိတယ်ဆိုတဲ့ Simon Pegg

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Mission Impossible ရုပ်ရှင်တွေထဲမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ Simon Pegg ဟာ Tom Cruise ကိုယ်တိုင် ပြုလုပ်ခဲ့တဲ့စတန့်တွေက ကြောက်စရာကောင်းလွန်းတဲ့အကြောင်းကို ပြောပြထားပါတယ်။

Mission Impossible ရုပ်ရှင်တွေထဲမှာ မင်းသား Tom Cruise ကိုယ်တိုင် ပြုလုပ်ခဲ့တဲ့ စတန့်ပြကွက်တွေဟာ သိပ်ကိုအန္တရာယ်များလွန်းတာကြောင့် တစ်ခါလုပ်မယ်ဆိုတိုင်း အောင်မြင်ပါ့မလား၊ အထိအခိုက်မရှိဘဲ ဖြစ်ပါ့မလားဆိုပြီး ရင်တမမ ဖြစ်ကြရပါတယ်။ ဒါဟာ Mission Impossible ရုပ်ရှင်တွေကို အောင်မြင်စေတဲ့ အကြောင်းရင်းတစ်ခုလို့လည်း ပြောရမှာ ဖြစ်ပါတယ်။ Mission Impossible တစ်ကား အသစ်ထွက်တိုင်းမှာ Tom Cruise ဟာ အနည်းဆုံးတော့ ပရိသတ်တွေ လုံးဝအံ့ဩသွားစေမယ့် စတန့်တစ်ခုလောက်ကို ပြုလုပ်လေ့ ရှိပါတယ်။

Photo via IMDb

ဥပမာပြောရရင် ဒူဘိုင်းမှာရှိတဲ့ ကမ္ဘာ့အမြင့်ဆုံး မိုးမျှော်တိုက်ကြီးကို တွယ်တက်ခဲ့တာမျိူးနဲ့ သာမန်ထက် အချိန်တွေ အကြာကြီး အသက်ရှူအောင့်ထားတာမျိူးတို့ပဲ ဖြစ်ပါတယ်။ သူ လုပ်ခဲ့သမျှ စတန့်တွေတိုင်းဟာ အနည်းနဲ့အများတော့ အန္တရာယ်ရှိတာ မှန်ပေမယ့်လည်း တစ်ချို့ဟာတွေကတော့ တော်ရုံလူတစ်ယောက် ဘယ်လိုမှလုပ်နိုင်မယ့် စတန့်တွေ မဟုတ်ပါဘူး။ ဒီစတန့်တွေကို ပြုလုပ်ရင်းနဲ့ သူကိုယ်တိုင်လည်း ဒဏ်ရာတွေ အကြိမ်ကြိမ် ရခဲ့ဖူးပါတယ်။ ဒါကြောင့်ပဲ Tom Cruise ပြုလုပ်တဲ့ စတန့်တွေနဲ့ ပတ်သက်ပြီး Simon Pegg ဟာ အင်တာဗျူးတစ်ခုမှာ သူ့ရဲ့အမြင်ကို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

Tom Cruise ဟာ အသက်(၅၈)နှစ်ရှိနေပြီ ဖြစ်ပြီး သူ့ထက် အသက်ထက်ဝက်လောက် ငယ်တဲ့သူတွေအတွက်တောင် စိန်ခေါ်မှုကြီးတွေ ဖြစ်နေတဲ့ စတန့်တွေကို ကိုယ်တိုင်ပြုလုပ်နေပါတယ်။ ဒါ့အပြင် Tom Cruise ဟာ ဒီလို အန္တရာယ်အလွန်များတဲ့ စတန့်တွေကို ပြုလုပ်နေတဲ့အချိန်မှာ အသက်ရှင်လျက် ပြန်လာနိုင်ပါ့မလား ဆိုတာကိုတောင် မသေချာခဲ့ကြပါဘူး။ အဲ့ဒီအကြောင်းတွေနဲ့ ပတ်သက်ပြီး Simon Pegg က Conan O’Brien နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောပြထားပါတယ်။

Photo via IMDb

Simon ပြောသွားတာတွေကတော့ “ရုပ်ရှင်ကို ကြည့်နေရင်းနဲ့ သူစတန့်တွေ လုပ်နေတာကို မြင်ရရင် လူတိုင်းနီးပါးက ရင်တထိတ်ထိတ်နဲ့ ကြည့်နေရပါတယ်။ ဒါ့အပြင် အဲ့ဒီစတန့်တွေက သူကိုယ်တိုင် ပြုလုပ်ထားတဲ့ စတန့်တွေလို့ သိထားတော့ ပရိသတ်တွေက ပိုပြီးတော့ ရင်တထိတ်ထိတ် ဖြစ်ကြပါတယ်။ သူ စတန့်လုပ်နေတာကို ကြည့်ရတာ သေမလား၊ရှင်မလား ဆိုတာကိုတောင် မသိရလောက်တဲ့အထိ အန္တရာယ်များပါတယ်။ အရမ်းလည်း ကြောက်ဖို့ကောင်းပါတယ် …” လို့ ပြောထားတာ ဖြစ်ပါတယ်။

Legos

Source: screenrant

(Zawgyi Version)

Mission Impossible ႐ုပ္ရွင္ေတြထဲမွာ ပါဝင္သ႐ုပ္ေဆာင္ခဲ့တဲ့ Simon Pegg ဟာ Tom Cruise ကိုယ္တိုင္ ျပဳလုပ္ခဲ့တဲ့စတန႔္ေတြက ေၾကာက္စရာေကာင္းလြန္းတဲ့အေၾကာင္းကို ေျပာျပထားပါတယ္။

Mission Impossible ႐ုပ္ရွင္ေတြထဲမွာ မင္းသား Tom Cruise ကိုယ္တိုင္ ျပဳလုပ္ခဲ့တဲ့ စတန႔္ျပကြက္ေတြဟာ သိပ္ကိုအႏၲရာယ္မ်ားလြန္းတာေၾကာင့္ တစ္ခါလုပ္မယ္ဆိုတိုင္း ေအာင္ျမင္ပါ့မလား၊ အထိအခိုက္မရွိဘဲ ျဖစ္ပါ့မလားဆိုၿပီး ရင္တမမ ျဖစ္ၾကရပါတယ္။ ဒါဟာ Mission Impossible ႐ုပ္ရွင္ေတြကို ေအာင္ျမင္ေစတဲ့ အေၾကာင္းရင္းတစ္ခုလို႔လည္း ေျပာရမွာ ျဖစ္ပါတယ္။ Mission Impossible တစ္ကား အသစ္ထြက္တိုင္းမွာ Tom Cruise ဟာ အနည္းဆုံးေတာ့ ပရိသတ္ေတြ လုံးဝအံ့ဩသြားေစမယ့္ စတန႔္တစ္ခုေလာက္ကို ျပဳလုပ္ေလ့ ရွိပါတယ္။

Photo via IMDb

ဥပမာေျပာရရင္ ဒူဘိုင္းမွာရွိတဲ့ ကမာၻ႔အျမင့္ဆုံး မိုးေမွ်ာ္တိုက္ႀကီးကို တြယ္တက္ခဲ့တာမ်ိဴးနဲ႔ သာမန္ထက္ အခ်ိန္ေတြ အၾကာႀကီး အသက္ရႉေအာင့္ထားတာမ်ိဴးတို႔ပဲ ျဖစ္ပါတယ္။ သူ လုပ္ခဲ့သမွ် စတန႔္ေတြတိုင္းဟာ အနည္းနဲ႔အမ်ားေတာ့ အႏၲရာယ္ရွိတာ မွန္ေပမယ့္လည္း တစ္ခ်ိဳ႕ဟာေတြကေတာ့ ေတာ္႐ုံလူတစ္ေယာက္ ဘယ္လိုမွလုပ္ႏိုင္မယ့္ စတန႔္ေတြ မဟုတ္ပါဘူး။ ဒီစတန႔္ေတြကို ျပဳလုပ္ရင္းနဲ႔ သူကိုယ္တိုင္လည္း ဒဏ္ရာေတြ အႀကိမ္ႀကိမ္ ရခဲ့ဖူးပါတယ္။ ဒါေၾကာင့္ပဲ Tom Cruise ျပဳလုပ္တဲ့ စတန႔္ေတြနဲ႔ ပတ္သက္ၿပီး Simon Pegg ဟာ အင္တာဗ်ဴးတစ္ခုမွာ သူ႔ရဲ႕အျမင္ကို ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

Tom Cruise ဟာ အသက္(၅၈)ႏွစ္ရွိေနၿပီ ျဖစ္ၿပီး သူ႔ထက္ အသက္ထက္ဝက္ေလာက္ ငယ္တဲ့သူေတြအတြက္ေတာင္ စိန္ေခၚမႈႀကီးေတြ ျဖစ္ေနတဲ့ စတန႔္ေတြကို ကိုယ္တိုင္ျပဳလုပ္ေနပါတယ္။ ဒါ့အျပင္ Tom Cruise ဟာ ဒီလို အႏၲရာယ္အလြန္မ်ားတဲ့ စတန႔္ေတြကို ျပဳလုပ္ေနတဲ့အခ်ိန္မွာ အသက္ရွင္လ်က္ ျပန္လာႏိုင္ပါ့မလား ဆိုတာကိုေတာင္ မေသခ်ာခဲ့ၾကပါဘူး။ အဲ့ဒီအေၾကာင္းေတြနဲ႔ ပတ္သက္ၿပီး Simon Pegg က Conan O’Brien နဲ႔ ျပဳလုပ္ခဲ့တဲ့ အင္တာဗ်ဴးမွာ ေျပာျပထားပါတယ္။

Photo via IMDb

Simon ေျပာသြားတာေတြကေတာ့ “႐ုပ္ရွင္ကို ၾကည့္ေနရင္းနဲ႔ သူစတန႔္ေတြ လုပ္ေနတာကို ျမင္ရရင္ လူတိုင္းနီးပါးက ရင္တထိတ္ထိတ္နဲ႔ ၾကည့္ေနရပါတယ္။ ဒါ့အျပင္ အဲ့ဒီစတန႔္ေတြက သူကိုယ္တိုင္ ျပဳလုပ္ထားတဲ့ စတန႔္ေတြလို႔ သိထားေတာ့ ပရိသတ္ေတြက ပိုၿပီးေတာ့ ရင္တထိတ္ထိတ္ ျဖစ္ၾကပါတယ္။ သူ စတန႔္လုပ္ေနတာကို ၾကည့္ရတာ ေသမလား၊ရွင္မလား ဆိုတာကိုေတာင္ မသိရေလာက္တဲ့အထိ အႏၲရာယ္မ်ားပါတယ္။ အရမ္းလည္း ေၾကာက္ဖို႔ေကာင္းပါတယ္ …” လို႔ ေျပာထားတာ ျဖစ္ပါတယ္။

Legos

Source: screenrant

RELATED ARTICLES

Most Popular