HomeCelebs Update NewsInternationalMission: Impossible ရုပ်ရှင်သစ်အတွက် သက်စွန့်ဆံဖြား စတန့်လုပ်ခဲ့တဲ့ Tom Cruise

Mission: Impossible ရုပ်ရှင်သစ်အတွက် သက်စွန့်ဆံဖြား စတန့်လုပ်ခဲ့တဲ့ Tom Cruise

မင်းသားကြီး Tom Cruise ကတော့ ဟောလိဝုဒ်ရဲ့ နာမည်ကြီး ရုပ်ရှင်ဇာတ်ကားတွေအတွက် အန္တရာယ်များတဲ့ စတန့်တွေကို ကိုယ်တိုင်လုပ်ဆောင်တတ်တယ်လို့ ဂုဏ်သတင်းကြီးသူ ဖြစ်ပါတယ်။ အခုလည်း သူ့ရဲ့ Mission: Impossible ရုပ်ရှင်သစ်အတွက် ရိုက်ကူးရေး ပြုလုပ်နေပြီဖြစ်ကြောင်း အန္တရာယ်များတဲ့ စတန့်တစ်ခုကို လုပ်ပြရင်း ပရိသတ်တွေကို အသိပေးထားပါတယ်။

အသက်(၆၀)နှစ်အရွယ် ရှိပြီဖြစ်ပေမယ့် မင်းသားကြီး Tom Cruise ဟာ ယခုအချိန်ထိ အန္တရာယ်များပြီး သက်စွန့်ဆံဖြား လုပ်ဆောင်ရမယ့် စတန့်တွေကို ကိုယ်တိုင်ပြုလုပ်နေဆဲ ဖြစ်ပါတယ်။ အဲဒါကတော့ တောင်အာဖရိကက Blyde River Canyon တွေပေါ်မှာ ပျံသန်းနေတဲ့ ဒုတိယကမ္ဘာစစ်လက်ထက် လေယာဉ်ပျံအဟောင်းတစ်ခုရဲ့ အပြင်ဘက်မှာ ငုတ်တုပ်ထိုင်ပြီး အသည်းယားစရာ စတန့်ကို လုပ်ထားပြန်ပါတယ်။

Photo: tomcruiseuniverse/ Instagram

ဒါကတော့ လာမယ့် ၂၀၂၃ ခုနှစ် ဇူလိုင်လမှာ ထွက်ရှိလာမယ့် Mission: Impossible ရုပ်ရှင်သစ်ထဲမှာ မြင်တွေ့ရမယ့် ဇာတ်ဝင်ခန်းတစ်ခု ဖြစ်ပြီး မင်းသားကြီးဟာ ဒီလိုဇာတ်ဝင်ခန်းကို ရိုက်ကူးနိုင်ဖို့အတွက် ပြင်ဆင်မှုများစွာနဲ့ လေယာဉ်ပျံသန်းပုံ လေ့ကျင့်ခန်းတွေကိုပါ လေ့ကျင့်ခဲ့ရတာ ဖြစ်ပါတယ်။

အခုလို ပျံသန်းနေတဲ့ လေယာဉ်ငယ်လေးရဲ့အပေါ်မှာ ငုတ်တုပ်ထိုင်နေပေမယ့် Tom Cruise ဟာ helmet ခေါင်းဆောင်းတောင် မဝတ်ထားတာကိုလည်း တွေ့ရပါတယ်။ တစ်ချိန်တည်းမှာပဲ ပရိသတ်တွေကိုလည်း လှမ်းပြီး နှုတ်ဆက် အသိပေးလိုက်ပါသေးတယ်။

“အားလုံးပဲ မင်္ဂလာပါ။ ကျွန်တော် ခင်ဗျားတို့နဲ့အတူ ရှိနေချင်လိုက်တာ။ အနောက်က ဆူညံသံတွေ ပါနေတာတော့ စိတ်မရှိကြပါနဲ့။ ခင်ဗျားတို့ မြင်တဲ့အတိုင်းပဲ ကျွန်တော်ကတော့ Mission: Impossible ရဲ့ ရုပ်ရှင်အသစ်ကို ရိုက်ကူးနေပါတယ်။ အခုကတော့ ကျွန်တော်တို့ဟာ ရင်သပ်ရှုမောဖွယ်ရာ လှပတဲ့ တောင်အာဖရိကရဲ့ Blyde River Canyon ပေါ်ကို ရောက်ရှိနေတာ ဖြစ်ပါတယ်။ ပြီးတော့ ကျွန်တော်တို့အနေနဲ့ အခုဒီရုပ်ရှင်ကို ပရိသတ်တွေရဲ့ ဒေသတွင်း ရုပ်ရှင်ရုံတွေမှာ ကြည့်ရှုနိုင်ဖို့ ရိုက်ကူးနေပြီ ဖြစ်ပါတယ် …”လို့ Tom Cruise က ဒီဗွီဒီယိုထဲမှာ ပြောသွားပါတယ်။

Mission: Impossible – Dead Reckoning Part One ကိုတော့ လာမယ့် ၂၀၂၃ ခုနှစ် ဇူလိုင်လ(၁၄)ရက်နေ့မှာ ရုံတင်ပြသမှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကတော့ Mission: Impossible franchise ရဲ့ ခုနှစ်ကားမြောက် ရုပ်ရှင်ဖြစ်ပြီး Tom Cruise နဲ့အတူ Hayley Atwell ၊ Simon Pegg ၊ Rebecca Ferguson နဲ့ Cary Elwes တို့က အဓိက ပါဝင်သွားမှာ ဖြစ်ပါတယ်။

Vancouver

Source: dailymail

RELATED ARTICLES

Most Popular