HomeEntertainmentFilmForrest Gump ရုပ်ရှင်အတွက် အိတ်စိုက်ပြီးရိုက်ကူးခဲ့တဲ့ မင်းသားကြီး Tom Hanks

Forrest Gump ရုပ်ရှင်အတွက် အိတ်စိုက်ပြီးရိုက်ကူးခဲ့တဲ့ မင်းသားကြီး Tom Hanks

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Forrest Gump ရုပ်ရှင်ထဲက အထင်ကရ ဇာတ်ဝင်ခန်းတစ်ခုဖြစ်တဲ့ နိုင်ငံအနှံ့ ပတ်ပြေးတဲ့အခန်းအတွက် Tom Hanks ဟာ သူ့ရဲ့အနုပညာကြေးထဲက စိုက်ထုတ်ပြီး ရိုက်ကူးခဲ့ရတယ်လို့ မင်းသားကြီးက ပြောပြလာပါတယ်။

မင်းသားကြီး Tom Hanks ဟာ ၁၉၉၄ခုနှစ်က ထွက်ရှိခဲ့တဲ့ Forrest Gump ရုပ်ရှင်ဇာတ်ကားမှာ အဓိကနေရာကနေ ပါဝင်သရုပ်ဆောင်ခဲ့ပြီး IMDb 8.8 ရရှိထားပါတယ်။ အဆိုပါဇာတ်ကားကိုတော့ မင်းသားကြီးနဲ့ လက်တွဲနေကျ ဒါရိုက်တာဖြစ်တဲ့ Robert Zemeckis က ရိုက်ကူးပေးခဲ့တာ ဖြစ်ပါတယ်။ Elvis Presley ခေတ်ကနေ Apple ခေတ်အထိ နှစ်ဆယ်ရာစု အလယ်ပိုင်းမှာ ဖြစ်ပျက်ခဲ့တဲ့ အထင်ကရ အဖြစ်အပျက်တိုင်းမှာ တစ်နည်းတစ်ဖုံနဲ့ပါဝင်ခဲ့တဲ့ လူတစ်ယောက်အကြောင်းကို ရိုက်ကူးထားတဲ့ Forrest Gump ရုပ်ရှင်ဇာတ်ကားဟာ ယနေ့အချိန်အထိ ပရိသတ်အားပေးမှု ရရှိနေဆဲ ဂန္ထဝင်ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။

Photo via IMDb

အကောင်းဆုံးဇာတ်ကားဆု၊ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆု၊ အကောင်းဆုံး ဒါရိုက်တာဆုတွေ အပါအဝင် အော်စကာခြောက်ဆု ဆွတ်ခူးခဲ့တဲ့ ဒီဇာတ်ကားကြီးဟာ ယနေ့အချိန်အထိလည်း ပရိသတ်တွေ အကြိုက်တွေ့နေကြဆဲဖြစ်ပြီး ဘောလိဝုဒ်ကတောင် remake ပြန်ရိုက်ထားရတဲ့အထိပါပဲ။

ဒီဇာတ်ကားမှာ အထင်ကရဖြစ်စေတဲ့ ဇာတ်ဝင်ခန်းများစွာ ပါဝင်ခဲ့ပြီး အဲ့ဒီ့ထဲက လူကြိုက်အများဆုံး ဇာတ်ဝင်ခန်းတစ်ခုကတော့ ချစ်သူ Jenny ရဲ့ စွန့်ခွာမှုကို မခံစားနိုင်တဲ့အဆုံး နိုင်ငံအနှံ့ကို သုံးနှစ်ကြာ ပတ်ပြေးခဲ့တဲ့ Forrest Gump ရဲ့ ဇာတ်ဝင်ခန်းပဲ ဖြစ်ပါတယ်။ ဒီဇာတ်ဝင်ခန်းဟာ အထင်ကရ ဖြစ်ခဲ့လွန်းတာကြောင့် အခြားရုပ်ရှင်ပေါင်းများစွာက ပြန်လည်ကိုးကား ရိုက်ကူးခဲ့ရတဲ့အပြင် တကယ့်လက်တွေ့ဘဝမှာပါ Forrest Gump လို နိုင်ငံပတ်ပြေးတဲ့လူတွေ ပေါ်ပေါက်လာတဲ့အထိပါပဲ။ သို့ပေမယ့် အဲ့ဒီ့ဇာတ်ဝင်ခန်းဟာ မင်းသားကြီး Forrest Gump နဲ့ ဒါရိုက်တာ Robert Zemeckis တို့ကသာ ဝင်မပါခဲ့ရင် ဖြစ်မြောက်ခဲ့မှာ မဟုတ်ပါဘူး။

Photo via IMDb

ဒီအကြောင်းကိုတော့ မင်းသားကြီး Tom Hanks ဟာ In Depth with Graham Bensinger ရှိုးကို ဧည့်သည်အဖြစ် လာရောက်တုန်းက ပြောပြသွားတာ ဖြစ်ပါတယ်။ Forrest Gump ကို ထုတ်လုပ်ခဲ့တဲ့ စတူဒီယိုဟာ ဘတ်ဂျက်ခြွေတာဖို့အတွက် အဆိုပါ နိုင်ငံပတ်ပြေးရတဲ့ ဇာတ်ဝင်ခန်းကို ဖြတ်ပစ်ချင်ခဲ့တာလို့ ဆိုပါတယ်။ သို့ပေမယ့် ဒါရိုက်တာ Robert Zemeckis ဟာ အဆိုပါဇာတ်ဝင်ခန်းကို မဆုံးရှုံးချင်တဲ့အတွက် Tom Hanks နဲ့ ညှိနှိုင်းပြီး အပေးအယူတစ်ခု ပြုလုပ်ခဲ့ပါတယ်။

အဲ့ဒါကတော့ နိုင်ငံပတ်ပြေးတဲ့အခန်းအတွက် ကုန်ကျမယ့်စရိတ်တွေကို Tom Hanks နဲ့ ဒါရိုက်တာ Robert တို့က အချိုးကျ ထည့်ဝင်ပြီး အိတ်စိုက်ကာ ရိုက်ကူးဖို့ ဖြစ်ပါတယ်။ ရုပ်ရှင်ကား ရုံတင်ရတော့မှ စိုက်ထားတဲ့ ပမာဏနဲ့ အဲ့ဒီ့အတွက် အမြတ်ငွေကို ပြန်ပေးဖို့ စတူဒီယိုဘက်ကို ညှိနှိုင်းခဲ့ကြတာ ဖြစ်ပါတယ်။ မင်းသားကြီးရဲ့ ပြောပြချက်အရ အိတ်စိုက်ရိုက်ခဲ့ရတာဟာ အဲ့ဒီ့ဇာတ်ဝင်ခန်းတစ်ခုတည်း မဟုတ်ဘဲ ရာသီဥတု မကောင်းလို့ စတူဒီယိုဘက်က အာမခံကြေး ထုတ်ပေးဖို့ ငြင်းဆန်ခဲ့တဲ့ နောက်တစ်ခန်းကိုလည်း စိုက်ထုတ်ပြီး ရိုက်ခဲ့ရသေးတယ်လို့ ဆိုပါတယ်။

Photo via IMDb

“စတူဒီယိုဘက်က နိုင်ငံပတ်ပြေးတဲ့အခန်းကို မတတ်နိုင်လို့ မလုပ်နဲ့လို့ ပြောတယ်။ အဲ့တော့ Bob(Robert Zemeckis) က ဒီအခန်းက ရုပ်ရှင်အတွက် အရမ်းအရေးကြီးတဲ့အခန်းမို့ ဖြတ်ပစ်လိုက်လို့ မရဘူးလို့ ပြောတယ်။ ငွေရေးကြေးအရ ဖြစ်အောင် ကျုပ်တို့ဘက်က လုပ်လို့ရပါတယ်လို့ Bob က ပြောတယ်။ စတူဒီယိုဘက်ကလည်း မရဘူးလို့ပဲ ပြောတယ်…”

“အဲ့ဒါနဲ့ အဲ့ဒီ့ကိစ္စက ကျွန်တော့်ဘက်ကို ရောက်လာတယ်။ ကျွန်တော့်အေးဂျင့်က လာပြောတယ်။ Bob က မင်းနဲ့ စကားလာပြောလိမ့်မယ်တဲ့။ အဲ့တော့ ကျွန်တော်ကလည်း ပြောလိုက်တယ်။ သူက ဘာလို့ ငါနဲ့ စကားလာပြောမှာလဲ။ သူက အဓိကပဲလေ။ သူပြောတာအကုန် ငါ လုပ်မှာပဲ။ ဒါက ငါရတဲ့ ကြေးထက်လည်း များတယ်လို့ ကျွန်တော်က ကျွန်တော့်အေးဂျင့်ကို ပြောလိုက်တယ်.. ”

Photo via IMDb

“ဒီလိုနဲ့ Bob က တစ်ညသား ကျွန်တော့်ဆီ ရောက်ချလာပြီး စကားပြောကြပါလေရော။ မင်းက Forrest Gump ပဲ။ မင်း မရှိဘဲနဲ့ ဒီကားကို သရုပ်ဆောင်မယ့်လူ မရှိဘူး။ မင်းကို အလုပ်သမားစိတ် မမွေးစေချင်ဘူး။ မင်းအနေနဲ့ ငါ့ရဲ့ဝန်ထမ်းတစ်ယောက်ဆိုတဲ့ စိတ်မျိုး မထားဘဲ ငါနဲ့အတူ ပူးပေါင်းလုပ်ကိုင်မယ့်စိတ် မွေးစေချင်တယ်။ မင်း လျှော့ယူမယ့် ပမာဏကို ငါ အဆင်ပြေအောင် ညှိပေးမယ်။ ရိုက်ကွင်းပြီးတဲ့အခါလည်း post-production ကိစ္စတွေကို မင်းနဲ့အတူ ငါတိုင်ပင်မယ်ဆိုပြီး ကျွန်တော့်ကို ပြောလာတယ်… ”

“ဒါနဲ့ ကျွန်တော်လည်း အိုကေ … ဟုတ်ပြီ။ ချဗျာ။ အခု ဘာလုပ်ကြမှာလဲဆိုတော့ သူက ကုန်ကျမယ့် အမောင့်တစ်ခုကို ပြောတယ်။ အဲ့ဒါကလည်း မနည်းဘူးဗျ။ အဲ့ဒီ့ပမာဏကို မင်းနဲ့ငါ ခွဲပြီး စိုက်ထားကြမယ်။ ပြီးရင် ပြန်ပေးမယ်။ ငါတို့ဘက်က ဒါကို စိုက်ထားမယ်။ ရုပ်ရှင်ထွက်ရင် စိုက်ထားတာရော၊ အဲ့ဒါအတွက် အမြတ်ကိုပါ ယူကြမယ်လို့ Bob က ပြောတယ်။ စတူဒီယိုဘက်ကလည်း ဒီလိုဆို အဆင်ပြေတယ်လို့ ဆိုတယ်။ အဲ့ဒီ့အကြံက ကျွန်တော်တို့အတွက်လည်း ကောင်းသွားပါတယ်…”

Photo via IMDb

“ဒါနဲ့တင် ပြီးသွားလားဆိုတော့ မပြီးသေးဘူးဗျ။ ရုပ်ရှင်ရိုက်လို့ ပြီးကာနီးမှာလည်း တစ်ခေါက်ထပ်ဖြစ်သေးတယ်။ စတူဒီယိုက ပြောလာတာ။ ရာသီဥတုက မကောင်းတော့ ငါတို့ရဲ့ အာမခံငွေက အဲ့ဒါနဲ့မကာမိဘူး။ မင်းတို့ မရိုက်နဲ့ဦးလို့ ပြောလာပြန်ရော။ အဲ့တော့လည်း Bob နဲ့ ကျွန်တော်နဲ့ နှစ်ယောက်ကပဲ အာမခံငွေကို ကာမိအောင် လုပ်ပေးလိုက်ရပြန်တာပေါ့ဗျာ။ အဲ့ဒီ့နောက်ပိုင်းတော့ ဘာမှမရှိတော့ပါဘူး။ အကုန်ချောချောမွေ့မွေ့ပါပဲ…” လို့ မင်းသားကြီးက ပြောပြထားတာ ဖြစ်ပါတယ်။

ပြန်တွေးကြည့်ရင်တော့ ယနေ့ခေတ်အထိ (၂၆)နှစ်ကြာ အထင်ကရဖြစ်နေဆဲ Forrest Gump ရုပ်ရှင်ဖြစ်လာဖို့ အရေးကြီးတဲ့ ဇာတ်ဝင်ခန်းအတွက် ကုန်ကျစရိတ်ကို ငြင်းဆိုခဲ့တဲ့ စတူဒီယိုရဲ့ဆုံးဖြတ်ချက်ဟာ အံ့ဩဖို့ကောင်းပါတယ်။ ဒီလိုအဖြစ်အပျက်ကို ကြုံတွေ့ခဲ့ရပြီး အိတ်စိုက် ရိုက်ကူးခဲ့ကြတဲ့ ဒါရိုက်တာနဲ့ မင်းသားရဲ့ စိတ်ဓာတ်ဟာလည်း အတော်လေး ချီးကျူးစရာပါ။ စေတနာ အကျိုးပေးတယ်ဆိုသလိုပဲ အဲ့ဒီ့စိုက်ထားတဲ့ ပမာဏအတွက် Tom Hanks နဲ့ ဒါရိုက်တာ Robert တို့ဟာ တစ်ယောက်ကို ဒေါ်လာသန်း(၄၀)လောက်စီ ပြန်ရခဲ့ကြတယ်လို့လည်း သတင်းစကားတွေအရ ကြားသိရပါတယ်။

Photo via IMDb

Tom Hanks နဲ့ ဒါရိုက်တာ Robert တို့သာ ဒီဆုံးဖြတ်ချက်ကို မချခဲ့ဘူးဆိုရင် Forrest Gump ဇာတ်ကားဟာ အခုလောက်ထိ အောင်မြင်ချင်မှ အောင်မြင်မှာပါ။ ဇာတ်ကားမှာ အရသာပေါ့ပျက်သွားမှာဖြစ်ပြီး Tom Hanks ရဲ့ သာမန်ဇာတ်ကားတစ်ခုအနေနဲ့ပဲ သမိုင်းမှာ ကျန်ရစ်ချင် ကျန်ရစ်နေခဲ့မှာပါ။ ဆုံးဖြတ်ချက်မှန်ကန်ခဲ့တဲ့အတွက် ဂန္ထဝင်စာရင်းဝင်တဲ့ ဇာတ်ကားတစ်ခုကို အတူဖန်တီးနိုင်ခဲ့ကြတာပါလို့ တင်ပြရင်း … ။

C 21

Source: screenrant

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Forrest Gump ႐ုပ္ရွင္ထဲက အထင္ကရ ဇာတ္ဝင္ခန္းတစ္ခုျဖစ္တဲ့ ႏိုင္ငံအႏွံ႔ ပတ္ေျပးတဲ့အခန္းအတြက္ Tom Hanks ဟာ သူ႔ရဲ႕အႏုပညာေၾကးထဲက စိုက္ထုတ္ၿပီး ႐ိုက္ကူးခဲ့ရတယ္လို႔ မင္းသားႀကီးက ေျပာျပလာပါတယ္။

မင္းသားႀကီး Tom Hanks ဟာ ၁၉၉၄ခုႏွစ္က ထြက္ရွိခဲ့တဲ့ Forrest Gump ႐ုပ္ရွင္ဇာတ္ကားမွာ အဓိကေနရာကေန ပါဝင္သ႐ုပ္ေဆာင္ခဲ့ၿပီး IMDb 8.8 ရရွိထားပါတယ္။ အဆိုပါဇာတ္ကားကိုေတာ့ မင္းသားႀကီးနဲ႔ လက္တြဲေနက် ဒါ႐ိုက္တာျဖစ္တဲ့ Robert Zemeckis က ႐ိုက္ကူးေပးခဲ့တာ ျဖစ္ပါတယ္။ Elvis Presley ေခတ္ကေန Apple ေခတ္အထိ ႏွစ္ဆယ္ရာစု အလယ္ပိုင္းမွာ ျဖစ္ပ်က္ခဲ့တဲ့ အထင္ကရ အျဖစ္အပ်က္တိုင္းမွာ တစ္နည္းတစ္ဖုံနဲ႔ပါဝင္ခဲ့တဲ့ လူတစ္ေယာက္အေၾကာင္းကို ႐ိုက္ကူးထားတဲ့ Forrest Gump ႐ုပ္ရွင္ဇာတ္ကားဟာ ယေန႔အခ်ိန္အထိ ပရိသတ္အားေပးမႈ ရရွိေနဆဲ ဂႏၴဝင္ဇာတ္ကားတစ္ကား ျဖစ္ပါတယ္။

Photo via IMDb

အေကာင္းဆုံးဇာတ္ကားဆု၊ အေကာင္းဆုံး အမ်ိဳးသားဇာတ္ေဆာင္ဆု၊ အေကာင္းဆုံး ဒါ႐ိုက္တာဆုေတြ အပါအဝင္ ေအာ္စကာေျခာက္ဆု ဆြတ္ခူးခဲ့တဲ့ ဒီဇာတ္ကားႀကီးဟာ ယေန႔အခ်ိန္အထိလည္း ပရိသတ္ေတြ အႀကိဳက္ေတြ႕ေနၾကဆဲျဖစ္ၿပီး ေဘာလိဝုဒ္ကေတာင္ remake ျပန္႐ိုက္ထားရတဲ့အထိပါပဲ။

ဒီဇာတ္ကားမွာ အထင္ကရျဖစ္ေစတဲ့ ဇာတ္ဝင္ခန္းမ်ားစြာ ပါဝင္ခဲ့ၿပီး အဲ့ဒီ့ထဲက လူႀကိဳက္အမ်ားဆုံး ဇာတ္ဝင္ခန္းတစ္ခုကေတာ့ ခ်စ္သူ Jenny ရဲ႕ စြန႔္ခြာမႈကို မခံစားႏိုင္တဲ့အဆုံး ႏိုင္ငံအႏွံ႔ကို သုံးႏွစ္ၾကာ ပတ္ေျပးခဲ့တဲ့ Forrest Gump ရဲ႕ ဇာတ္ဝင္ခန္းပဲ ျဖစ္ပါတယ္။ ဒီဇာတ္ဝင္ခန္းဟာ အထင္ကရ ျဖစ္ခဲ့လြန္းတာေၾကာင့္ အျခား႐ုပ္ရွင္ေပါင္းမ်ားစြာက ျပန္လည္ကိုးကား ႐ိုက္ကူးခဲ့ရတဲ့အျပင္ တကယ့္လက္ေတြ႕ဘဝမွာပါ Forrest Gump လို ႏိုင္ငံပတ္ေျပးတဲ့လူေတြ ေပၚေပါက္လာတဲ့အထိပါပဲ။ သို႔ေပမယ့္ အဲ့ဒီ့ဇာတ္ဝင္ခန္းဟာ မင္းသားႀကီး Forrest Gump နဲ႔ ဒါ႐ိုက္တာ Robert Zemeckis တို႔ကသာ ဝင္မပါခဲ့ရင္ ျဖစ္ေျမာက္ခဲ့မွာ မဟုတ္ပါဘူး။

Photo via IMDb

ဒီအေၾကာင္းကိုေတာ့ မင္းသားႀကီး Tom Hanks ဟာ In Depth with Graham Bensinger ရႈိးကို ဧည့္သည္အျဖစ္ လာေရာက္တုန္းက ေျပာျပသြားတာ ျဖစ္ပါတယ္။ Forrest Gump ကို ထုတ္လုပ္ခဲ့တဲ့ စတူဒီယိုဟာ ဘတ္ဂ်က္ေႁခြတာဖို႔အတြက္ အဆိုပါ ႏိုင္ငံပတ္ေျပးရတဲ့ ဇာတ္ဝင္ခန္းကို ျဖတ္ပစ္ခ်င္ခဲ့တာလို႔ ဆိုပါတယ္။ သို႔ေပမယ့္ ဒါ႐ိုက္တာ Robert Zemeckis ဟာ အဆိုပါဇာတ္ဝင္ခန္းကို မဆုံးရႈံးခ်င္တဲ့အတြက္ Tom Hanks နဲ႔ ညႇိႏႈိင္းၿပီး အေပးအယူတစ္ခု ျပဳလုပ္ခဲ့ပါတယ္။

အဲ့ဒါကေတာ့ ႏိုင္ငံပတ္ေျပးတဲ့အခန္းအတြက္ ကုန္က်မယ့္စရိတ္ေတြကို Tom Hanks နဲ႔ ဒါ႐ိုက္တာ Robert တို႔က အခ်ိဳးက် ထည့္ဝင္ၿပီး အိတ္စိုက္ကာ ႐ိုက္ကူးဖို႔ ျဖစ္ပါတယ္။ ႐ုပ္ရွင္ကား ႐ုံတင္ရေတာ့မွ စိုက္ထားတဲ့ ပမာဏနဲ႔ အဲ့ဒီ့အတြက္ အျမတ္ေငြကို ျပန္ေပးဖို႔ စတူဒီယိုဘက္ကို ညႇိႏႈိင္းခဲ့ၾကတာ ျဖစ္ပါတယ္။ မင္းသားႀကီးရဲ႕ ေျပာျပခ်က္အရ အိတ္စိုက္႐ိုက္ခဲ့ရတာဟာ အဲ့ဒီ့ဇာတ္ဝင္ခန္းတစ္ခုတည္း မဟုတ္ဘဲ ရာသီဥတု မေကာင္းလို႔ စတူဒီယိုဘက္က အာမခံေၾကး ထုတ္ေပးဖို႔ ျငင္းဆန္ခဲ့တဲ့ ေနာက္တစ္ခန္းကိုလည္း စိုက္ထုတ္ၿပီး ႐ိုက္ခဲ့ရေသးတယ္လို႔ ဆိုပါတယ္။

Photo via IMDb

“စတူဒီယိုဘက္က ႏိုင္ငံပတ္ေျပးတဲ့အခန္းကို မတတ္ႏိုင္လို႔ မလုပ္နဲ႔လို႔ ေျပာတယ္။ အဲ့ေတာ့ Bob(Robert Zemeckis) က ဒီအခန္းက ႐ုပ္ရွင္အတြက္ အရမ္းအေရးႀကီးတဲ့အခန္းမို႔ ျဖတ္ပစ္လိုက္လို႔ မရဘူးလို႔ ေျပာတယ္။ ေငြေရးေၾကးအရ ျဖစ္ေအာင္ က်ဳပ္တို႔ဘက္က လုပ္လို႔ရပါတယ္လို႔ Bob က ေျပာတယ္။ စတူဒီယိုဘက္ကလည္း မရဘူးလို႔ပဲ ေျပာတယ္…”

“အဲ့ဒါနဲ႔ အဲ့ဒီ့ကိစၥက ကြၽန္ေတာ့္ဘက္ကို ေရာက္လာတယ္။ ကြၽန္ေတာ့္ေအးဂ်င့္က လာေျပာတယ္။ Bob က မင္းနဲ႔ စကားလာေျပာလိမ့္မယ္တဲ့။ အဲ့ေတာ့ ကြၽန္ေတာ္ကလည္း ေျပာလိုက္တယ္။ သူက ဘာလို႔ ငါနဲ႔ စကားလာေျပာမွာလဲ။ သူက အဓိကပဲေလ။ သူေျပာတာအကုန္ ငါ လုပ္မွာပဲ။ ဒါက ငါရတဲ့ ေၾကးထက္လည္း မ်ားတယ္လို႔ ကြၽန္ေတာ္က ကြၽန္ေတာ့္ေအးဂ်င့္ကို ေျပာလိုက္တယ္.. ”

Photo via IMDb

“ဒီလိုနဲ႔ Bob က တစ္ညသား ကြၽန္ေတာ့္ဆီ ေရာက္ခ်လာၿပီး စကားေျပာၾကပါေလေရာ။ မင္းက Forrest Gump ပဲ။ မင္း မရွိဘဲနဲ႔ ဒီကားကို သ႐ုပ္ေဆာင္မယ့္လူ မရွိဘူး။ မင္းကို အလုပ္သမားစိတ္ မေမြးေစခ်င္ဘူး။ မင္းအေနနဲ႔ ငါ့ရဲ႕ဝန္ထမ္းတစ္ေယာက္ဆိုတဲ့ စိတ္မ်ိဳး မထားဘဲ ငါနဲ႔အတူ ပူးေပါင္းလုပ္ကိုင္မယ့္စိတ္ ေမြးေစခ်င္တယ္။ မင္း ေလွ်ာ့ယူမယ့္ ပမာဏကို ငါ အဆင္ေျပေအာင္ ညႇိေပးမယ္။ ႐ိုက္ကြင္းၿပီးတဲ့အခါလည္း post-production ကိစၥေတြကို မင္းနဲ႔အတူ ငါတိုင္ပင္မယ္ဆိုၿပီး ကြၽန္ေတာ့္ကို ေျပာလာတယ္… ”

“ဒါနဲ႔ ကြၽန္ေတာ္လည္း အိုေက … ဟုတ္ၿပီ။ ခ်ဗ်ာ။ အခု ဘာလုပ္ၾကမွာလဲဆိုေတာ့ သူက ကုန္က်မယ့္ အေမာင့္တစ္ခုကို ေျပာတယ္။ အဲ့ဒါကလည္း မနည္းဘူးဗ်။ အဲ့ဒီ့ပမာဏကို မင္းနဲ႔ငါ ခြဲၿပီး စိုက္ထားၾကမယ္။ ၿပီးရင္ ျပန္ေပးမယ္။ ငါတို႔ဘက္က ဒါကို စိုက္ထားမယ္။ ႐ုပ္ရွင္ထြက္ရင္ စိုက္ထားတာေရာ၊ အဲ့ဒါအတြက္ အျမတ္ကိုပါ ယူၾကမယ္လို႔ Bob က ေျပာတယ္။ စတူဒီယိုဘက္ကလည္း ဒီလိုဆို အဆင္ေျပတယ္လို႔ ဆိုတယ္။ အဲ့ဒီ့အႀကံက ကြၽန္ေတာ္တို႔အတြက္လည္း ေကာင္းသြားပါတယ္…”

Photo via IMDb

“ဒါနဲ႔တင္ ၿပီးသြားလားဆိုေတာ့ မၿပီးေသးဘူးဗ်။ ႐ုပ္ရွင္႐ိုက္လို႔ ၿပီးကာနီးမွာလည္း တစ္ေခါက္ထပ္ျဖစ္ေသးတယ္။ စတူဒီယိုက ေျပာလာတာ။ ရာသီဥတုက မေကာင္းေတာ့ ငါတို႔ရဲ႕ အာမခံေငြက အဲ့ဒါနဲ႔မကာမိဘူး။ မင္းတို႔ မ႐ိုက္နဲ႔ဦးလို႔ ေျပာလာျပန္ေရာ။ အဲ့ေတာ့လည္း Bob နဲ႔ ကြၽန္ေတာ္နဲ႔ ႏွစ္ေယာက္ကပဲ အာမခံေငြကို ကာမိေအာင္ လုပ္ေပးလိုက္ရျပန္တာေပါ့ဗ်ာ။ အဲ့ဒီ့ေနာက္ပိုင္းေတာ့ ဘာမွမရွိေတာ့ပါဘူး။ အကုန္ေခ်ာေခ်ာေမြ႕ေမြ႕ပါပဲ…” လို႔ မင္းသားႀကီးက ေျပာျပထားတာ ျဖစ္ပါတယ္။

ျပန္ေတြးၾကည့္ရင္ေတာ့ ယေန႔ေခတ္အထိ (၂၆)ႏွစ္ၾကာ အထင္ကရျဖစ္ေနဆဲ Forrest Gump ႐ုပ္ရွင္ျဖစ္လာဖို႔ အေရးႀကီးတဲ့ ဇာတ္ဝင္ခန္းအတြက္ ကုန္က်စရိတ္ကို ျငင္းဆိုခဲ့တဲ့ စတူဒီယိုရဲ႕ဆုံးျဖတ္ခ်က္ဟာ အံ့ဩဖို႔ေကာင္းပါတယ္။ ဒီလိုအျဖစ္အပ်က္ကို ႀကဳံေတြ႕ခဲ့ရၿပီး အိတ္စိုက္ ႐ိုက္ကူးခဲ့ၾကတဲ့ ဒါ႐ိုက္တာနဲ႔ မင္းသားရဲ႕ စိတ္ဓာတ္ဟာလည္း အေတာ္ေလး ခ်ီးက်ဴးစရာပါ။ ေစတနာ အက်ိဳးေပးတယ္ဆိုသလိုပဲ အဲ့ဒီ့စိုက္ထားတဲ့ ပမာဏအတြက္ Tom Hanks နဲ႔ ဒါ႐ိုက္တာ Robert တို႔ဟာ တစ္ေယာက္ကို ေဒၚလာသန္း(၄၀)ေလာက္စီ ျပန္ရခဲ့ၾကတယ္လို႔လည္း သတင္းစကားေတြအရ ၾကားသိရပါတယ္။

Photo via IMDb

Tom Hanks နဲ႔ ဒါ႐ိုက္တာ Robert တို႔သာ ဒီဆုံးျဖတ္ခ်က္ကို မခ်ခဲ့ဘူးဆိုရင္ Forrest Gump ဇာတ္ကားဟာ အခုေလာက္ထိ ေအာင္ျမင္ခ်င္မွ ေအာင္ျမင္မွာပါ။ ဇာတ္ကားမွာ အရသာေပါ့ပ်က္သြားမွာျဖစ္ၿပီး Tom Hanks ရဲ႕ သာမန္ဇာတ္ကားတစ္ခုအေနနဲ႔ပဲ သမိုင္းမွာ က်န္ရစ္ခ်င္ က်န္ရစ္ေနခဲ့မွာပါ။ ဆုံးျဖတ္ခ်က္မွန္ကန္ခဲ့တဲ့အတြက္ ဂႏၴဝင္စာရင္းဝင္တဲ့ ဇာတ္ကားတစ္ခုကို အတူဖန္တီးႏိုင္ခဲ့ၾကတာပါလို႔ တင္ျပရင္း … ။

C 21

Source: screenrant

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular