HomeEntertainmentFilmမင်းသားကြီး Tom Hanks ရဲ့ အသစ်ထွက်ရှိလာမယ့် ရုပ်ရှင်ဇာတ်ကားများ

မင်းသားကြီး Tom Hanks ရဲ့ အသစ်ထွက်ရှိလာမယ့် ရုပ်ရှင်ဇာတ်ကားများ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Tom Hanks ဟာ ဟောလိဝုဒ်ရုပ်ရှင်လောကရဲ့ နာမည်ကြီး ထိပ်တန်းမင်းသားတစ်ယောက် ဖြစ်ပြီး အော်စကာဆု နှစ်ဆု ဆွတ်ခူးထားသူလည်း ဖြစ်ပါတယ်။ အဲ့ဒီအော်စကာ နှစ်ဆုကတော့ ၁၉၉၄ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Forrest Gump နဲ့ ၁၉၉၃ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Philadelphia ရုပ်ရှင်နှစ်ကားမှာ အကောင်းဆုံး ဇာတ်ဆောင်ဆုအနေနဲ့ ရရှိခဲ့တာ ဖြစ်ပါတယ်။

Tom Hanks ဟာ ယနေ့ ဇူလိုင်လ(၉)ရက်နေ့မှာ (၆၅)နှစ် ပြည့်သွားပြီ ဖြစ်ကာ လွန်ခဲ့တဲ့ နှစ်လေးဆယ်လောက်အတွင်းမှာ ဇာတ်လမ်း အမျိူးအစားပေါင်းစုံမှာ ပါဝင်သရုပ်ဆောင်ခဲ့ဖူးပါတယ်။ ဒါကြောင့်လည်း မင်းသားကြီး Tom Hanks ရဲ့ ရုပ်ရှင်အသစ်တွေကို စောင့်မျှော်နေကြတဲ့ သူ့ပရိသတ်တွေအတွက် အောက်ပါ ဇာတ်ကားအသစ်တွေကို ဖော်ပြပေးလိုက်ပါတယ်။

(1) Finch
photo via screenrant

ဒီရုပ်ရှင်ဟာ မူလတုန်းကတော့ Universal Pictures ကနေ ထုတ်လုပ်သွားမှာ ဖြစ်ပြီး BIOS လို့ ခေါင်းစဉ်ပေးထားခဲ့တာပါ။ ဒါ့အပြင် ၂၀၂၀ခုနှစ် အောက်တိုဘာလမှာ ရုံတင်ပြသသွားဖို့ စီစဉ်ခဲ့ပေမယ့်လည်း ကိုဗစ်ကြောင့် ရုံတင်ရက် ရွှေ့ဆိုင်းခဲ့ရပါတယ်။ ၂၀၂၁ ခုနှစ် မေလ ရောက်တဲ့အချိန်မှာတော့ Apple Original Films က မူပိုင်ခွင့်ဝယ်ယူခဲ့ပြီး ရုပ်ရှင်နာမည်ကို Finch လို့ ပြောင်းလဲလိုက်ပါတယ်။

ဒီရုပ်ရှင်ကတော့ အကြောင်းတစ်ခုကြောင့် ကမ္ဘာပေါ်မှာ လူသားတွေ မျိူးတုံးလုနီးပါး ဖြစ်နေတဲ့အချိန်မှာ ဇာတ်အိမ်တည်ထားပါတယ်။ အဲ့ဒီအချိန်မှာတော့ Finch ဆိုသူဟာ ကမ္ဘာပေါ်က နောက်ဆုံးလက်ကျန် လူသားတွေထဲက တစ်ယောက်ဖြစ်ပြီး ခက်ခဲလှတဲ့ အခြေအနေတွေကြားမှာ ဆက်လက် အသက်ရှင်နိုင်ဖို့ ကြိုးပမ်းတာကို တွေ့ရမှာပါ။ ဒါ့အပြင် Finch ဟာ နေမကောင်းတဲ့ကြားထဲက သူနဲ့ သူ့ရဲ့ခွေးလေးကို အဖော်ပြုဖို့အတွက်နဲ့ သူသေသွားခဲ့ရင် ခွေးလေးကို ကာကွယ်ပေးဖို့အတွက် Jeff လို့ခေါ်တဲ့ Android ကို တီထွင်ခဲ့ပါသေးတယ်။ ဒီရုပ်ရှင်ကိုတော့ ယခုနှစ်အတွင်းမှာပဲ Apple TV+ ကနေ ပြသသွားမှာ ဖြစ်ပါတယ်။

(2) Elvis
photo via screenrant

ဒီရုပ်ရှင်ကို ရိုက်ကူးမယ်လို့ ကြေညာခဲ့တာကတော့ ၂၀၁၄ ခုနှစ်ကတည်းက ဖြစ်ပါတယ်။ ၂၀၂၀ ခုနှစ် ဇန်နဝါရီလမှာတော့ ရိုက်ကူးရေး စတင်ခဲ့ပြီး ၂၀၂၀ မတ်လမှာတော့ Tom Hanks နဲ့ သူ့ဇနီးသည်တို့ ကိုဗစ်ဖြစ်ခဲ့တာကြောင့် ရိုက်ကူးရေး ရပ်နားခဲ့ရပါတယ်။ ဒါကြောင့်ပဲ ဒီရုပ်ရှင်ဟာ ၂၀၂၁ ခုနှစ်မှာ မထွက်လာတော့ဘဲ ၂၀၂၂ ဇွန်လ (၃)ရက်နေ့မှာမှ ရုံတင်သွားမယ်လို့ သိရပါတယ်။ ဒီရုပ်ရှင်ရဲ့ ဇာတ်လမ်းနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကိုတော့ မကြေညာသေးပါဘူး။

(3) Pinocchio
photo via screenrant

ဒီရုပ်ရှင်ကတော့ ၁၉၄၀ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Disney ရဲ့ animation ကို CGI တွေ အသုံးပြုကာ Live Action အဖြစ် ပြန်လည်ရိုက်ကူးသွားမှာ ဖြစ်ပါတယ်။ Tom Hanks ကတော့ ဒီရုပ်ရှင်ထဲမှာ Pinocchio အရုပ်လေးကို ဖန်တီးခဲ့တဲ့ တကိုယ်တည်းသမား ပန်းပုဆရာ Geppetto နေရာမှာ ပါဝင်လာမှာ ဖြစ်ပါတယ်။ ရုပ်သေးရုပ်လေး Pinocchio ကတော့  Blue Fairy ကြောင့် အသက်ဝင်လာတဲ့အချိန်မှာ ရုပ်သေးရုပ်အဖြစ်ကနေ တကယ့် ကောင်လေးတစ်ယောက် ဖြစ်အောင် စွန့်စားခန်း ထွက်လာတာကို မြင်တွေ့ရမှာပါ။ ဒီရုပ်ရှင်ကတော့ ပြင်ဆင်နေဆဲ ဖြစ်တာကြောင့် ဘယ်အချိန် ထွက်ရှိလာမလည်းဆိုတာတော့ မသိရသေးပါဘူး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Tom Hanks ဟာ ေဟာလိဝုဒ္႐ုပ္ရွင္ေလာကရဲ႕ နာမည္ႀကီး ထိပ္တန္းမင္းသားတစ္ေယာက္ ျဖစ္ၿပီး ေအာ္စကာဆု ႏွစ္ဆု ဆြတ္ခူးထားသူလည္း ျဖစ္ပါတယ္။ အဲ့ဒီေအာ္စကာ ႏွစ္ဆုကေတာ့ ၁၉၉၄ ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ Forrest Gump နဲ႔ ၁၉၉၃ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ Philadelphia ႐ုပ္ရွင္ႏွစ္ကားမွာ အေကာင္းဆုံး ဇာတ္ေဆာင္ဆုအေနနဲ႔ ရရွိခဲ့တာ ျဖစ္ပါတယ္။

Tom Hanks ဟာ ယေန႔ ဇူလိုင္လ(၉)ရက္ေန႔မွာ (၆၅)ႏွစ္ ျပည့္သြားၿပီ ျဖစ္ကာ လြန္ခဲ့တဲ့ ႏွစ္ေလးဆယ္ေလာက္အတြင္းမွာ ဇာတ္လမ္း အမ်ိဴးအစားေပါင္းစုံမွာ ပါဝင္သ႐ုပ္ေဆာင္ခဲ့ဖူးပါတယ္။ ဒါေၾကာင့္လည္း မင္းသားႀကီး Tom Hanks ရဲ႕ ႐ုပ္ရွင္အသစ္ေတြကို ေစာင့္ေမွ်ာ္ေနၾကတဲ့ သူ႔ပရိသတ္ေတြအတြက္ ေအာက္ပါ ဇာတ္ကားအသစ္ေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

(1) Finch
photo via screenrant

ဒီ႐ုပ္ရွင္ဟာ မူလတုန္းကေတာ့ Universal Pictures ကေန ထုတ္လုပ္သြားမွာ ျဖစ္ၿပီး BIOS လို႔ ေခါင္းစဥ္ေပးထားခဲ့တာပါ။ ဒါ့အျပင္ ၂၀၂၀ခုႏွစ္ ေအာက္တိုဘာလမွာ ႐ုံတင္ျပသသြားဖို႔ စီစဥ္ခဲ့ေပမယ့္လည္း ကိုဗစ္ေၾကာင့္ ႐ုံတင္ရက္ ေ႐ႊ႕ဆိုင္းခဲ့ရပါတယ္။ ၂၀၂၁ ခုႏွစ္ ေမလ ေရာက္တဲ့အခ်ိန္မွာေတာ့ Apple Original Films က မူပိုင္ခြင့္ဝယ္ယူခဲ့ၿပီး ႐ုပ္ရွင္နာမည္ကို Finch လို႔ ေျပာင္းလဲလိုက္ပါတယ္။

ဒီ႐ုပ္ရွင္ကေတာ့ အေၾကာင္းတစ္ခုေၾကာင့္ ကမာၻေပၚမွာ လူသားေတြ မ်ိဴးတုံးလုနီးပါး ျဖစ္ေနတဲ့အခ်ိန္မွာ ဇာတ္အိမ္တည္ထားပါတယ္။ အဲ့ဒီအခ်ိန္မွာေတာ့ Finch ဆိုသူဟာ ကမာၻေပၚက ေနာက္ဆုံးလက္က်န္ လူသားေတြထဲက တစ္ေယာက္ျဖစ္ၿပီး ခက္ခဲလွတဲ့ အေျခအေနေတြၾကားမွာ ဆက္လက္ အသက္ရွင္ႏိုင္ဖို႔ ႀကိဳးပမ္းတာကို ေတြ႕ရမွာပါ။ ဒါ့အျပင္ Finch ဟာ ေနမေကာင္းတဲ့ၾကားထဲက သူနဲ႔ သူ႔ရဲ႕ေခြးေလးကို အေဖာ္ျပဳဖို႔အတြက္နဲ႔ သူေသသြားခဲ့ရင္ ေခြးေလးကို ကာကြယ္ေပးဖို႔အတြက္ Jeff လို႔ေခၚတဲ့ Android ကို တီထြင္ခဲ့ပါေသးတယ္။ ဒီ႐ုပ္ရွင္ကိုေတာ့ ယခုႏွစ္အတြင္းမွာပဲ Apple TV+ ကေန ျပသသြားမွာ ျဖစ္ပါတယ္။

(2) Elvis
photo via screenrant

ဒီ႐ုပ္ရွင္ကို ႐ိုက္ကူးမယ္လို႔ ေၾကညာခဲ့တာကေတာ့ ၂၀၁၄ ခုႏွစ္ကတည္းက ျဖစ္ပါတယ္။ ၂၀၂၀ ခုႏွစ္ ဇန္နဝါရီလမွာေတာ့ ႐ိုက္ကူးေရး စတင္ခဲ့ၿပီး ၂၀၂၀ မတ္လမွာေတာ့ Tom Hanks နဲ႔ သူ႔ဇနီးသည္တို႔ ကိုဗစ္ျဖစ္ခဲ့တာေၾကာင့္ ႐ိုက္ကူးေရး ရပ္နားခဲ့ရပါတယ္။ ဒါေၾကာင့္ပဲ ဒီ႐ုပ္ရွင္ဟာ ၂၀၂၁ ခုႏွစ္မွာ မထြက္လာေတာ့ဘဲ ၂၀၂၂ ဇြန္လ (၃)ရက္ေန႔မွာမွ ႐ုံတင္သြားမယ္လို႔ သိရပါတယ္။ ဒီ႐ုပ္ရွင္ရဲ႕ ဇာတ္လမ္းနဲ႔ ပတ္သက္တဲ့ အခ်က္အလက္ေတြကိုေတာ့ မေၾကညာေသးပါဘူး။

(3) Pinocchio
photo via screenrant

ဒီ႐ုပ္ရွင္ကေတာ့ ၁၉၄၀ ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ Disney ရဲ႕ animation ကို CGI ေတြ အသုံးျပဳကာ Live Action အျဖစ္ ျပန္လည္႐ိုက္ကူးသြားမွာ ျဖစ္ပါတယ္။ Tom Hanks ကေတာ့ ဒီ႐ုပ္ရွင္ထဲမွာ Pinocchio အ႐ုပ္ေလးကို ဖန္တီးခဲ့တဲ့ တကိုယ္တည္းသမား ပန္းပုဆရာ Geppetto ေနရာမွာ ပါဝင္လာမွာ ျဖစ္ပါတယ္။ ႐ုပ္ေသး႐ုပ္ေလး Pinocchio ကေတာ့  Blue Fairy ေၾကာင့္ အသက္ဝင္လာတဲ့အခ်ိန္မွာ ႐ုပ္ေသး႐ုပ္အျဖစ္ကေန တကယ့္ ေကာင္ေလးတစ္ေယာက္ ျဖစ္ေအာင္ စြန႔္စားခန္း ထြက္လာတာကို ျမင္ေတြ႕ရမွာပါ။ ဒီ႐ုပ္ရွင္ကေတာ့ ျပင္ဆင္ေနဆဲ ျဖစ္တာေၾကာင့္ ဘယ္အခ်ိန္ ထြက္ရွိလာမလည္းဆိုတာေတာ့ မသိရေသးပါဘူး။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular