HomeCelebs Update NewsInternationalVenom ရုပ်ရှင် ရိုက်ကူးအပြီးမှာ ခွဲစိတ်မှု နှစ်ခါတောင် ပြုလုပ်ခဲ့ရတဲ့ Tom Hardy

Venom ရုပ်ရှင် ရိုက်ကူးအပြီးမှာ ခွဲစိတ်မှု နှစ်ခါတောင် ပြုလုပ်ခဲ့ရတဲ့ Tom Hardy

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Venom နေရာမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ Tom Hardy ဟာ ပထမရုပ်ရှင် ရိုက်ကူးအပြီးမှာ ဒူးဒဏ်ရာရရှိခဲ့ပြီး ခွဲစိတ်မှု နှစ်ခါတောင် ပြုလုပ်ခဲ့ရတယ်လို့ သိရပါတယ်။

ဒါ့အပြင် Tom Hardy ဟာ Venom: Let There Be Carnage ရိုက်ကူးနေတဲ့အချိန်ထိ အဲ့ဒီဒဏ်ရာဟာ အရှင်းမပျောက်သေးဘူးလို့လည်း ဆိုပါတယ်။ ပထမထွက်ရှိခဲ့တဲ့ Venom ရုပ်ရှင်ကတော့ ၂၀၁၈ ခုနှစ်မှာ ထွက်ရှိခဲ့တာ ဖြစ်ပြီး Venom: Let There Be Carnage ကတော့ ယခုနှစ် အောက်တိုဘာလမှာ ထွက်ရှိလာမှာ ဖြစ်ပါတယ်။

photo via screenrant

Venom: Let There Be Carnage ထဲမှာတော့ ကွင်းဆက်လူသတ်သမား Cletus Kasady ဟာ အဓိကဗီလိန်အနေနဲ့ ပါဝင်လာမှာ ဖြစ်ပါတယ်။ အကြောင်းတစ်ခုကြောင့် Carnage ဆိုတဲ့ Symbiote ဟာ Cletus နဲ့ ပေါင်းစပ်သွားပြီး ဗီလိန် Carnage ဖြစ်လာမှာပါ။ Carnage ဟာ Venom ထက် အဆများစွာ ဆိုးရွားပြီး စွမ်းအားကြီးတဲ့ Symbiote လည်း ဖြစ်ပါတယ်။ ဒီဇာတ်ကောင်နေရာမှာတော့ နာမည်ကျော်မင်းသား Wood Harrelson က ပါဝင်လာမှာပါ။

Esquire သတင်းဌာနနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးထဲမှာတော့ Tom Hardy ဟာ Venom ရုပ်ရှင်နဲ့ ပတ်သက်တဲ့အမှတ်တရတွေနဲ့ အသစ်ထွက်ရှိလာမယ့် Havoc ဆိုတဲ့ ရုပ်ရှင်အကြောင်းကို ပြောပြခဲ့ပါတယ်။ မင်းသားရဲ့ ပြောပြချက်အရ ပထမ Venom ရုပ်ရှင် ရိုက်ကူးအပြီးမှာ ဒူးဒဏ်ရာ ရရှိခဲ့ပြီး ခွဲစိတ်မှု နှစ်ကြိမ်တောင် ပြုလုပ်ခဲ့ရတယ်လို့ သိရပါတယ်။ ဒါတင်မကသေးဘဲ သူ့ရဲ့ဒဏ်ရာသက်သာပြီး နှစ်လအကြာမှာပဲ ဒုတိယ Venom ရုပ်ရှင်ကို ရိုက်ကူးခဲ့ရတယ်လို့ ဆိုပါတယ်။ ဒါပေမယ့်လည်း Tom Hardy ဟာ သူ လုပ်နိုင်တယ်လို့ ယူဆပြီး ထပ်မံ အနားမယူတော့ဘဲ ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။

photo via screenrant

Tom Hardy ဟာ ယခင်တုန်းကလည်း အက်ရှင်ဇာတ်ဝင်ခန်းများစွာကို ရိုက်ကူးခဲ့ဖူးပါတယ်။ အက်ရှင်ဇာတ်ဝင်ခန်းတွေ ရိုက်ကူးတဲ့အချိန်မှာတော့ အခန့်မသင့်ရင် စတန့်တွေပြုလုပ်နေရင်း ဒဏ်ရာတွေ ရရှိနိုင်ပါတယ်။ စူပါဟီးရိုးရုပ်ရှင်တွေကလည်း ဒီလိုအက်ရှင်ဇာတ်ဝင်ခန်းတွေများစွာ ပါဝင်တာကြောင့် သရုပ်ဆောင်တွေအနေနဲ့ အတော်လေး သတိထားရပါတယ်။ Tom Hardy ကတော့ ဒီရုပ်ရှင်ကို ရိုက်ကူးနေရင်း ဘယ်လိုကြောင့် အခုလို ဒဏ်ရာရသွားတာလည်း ဆိုတာကိုတော့ အသေးစိတ် ပြောမသွားပါဘူး။

Legos

Source: Screenrant

(Zawgyi Version)

Venom ေနရာမွာ ပါဝင္သ႐ုပ္ေဆာင္ခဲ့တဲ့ Tom Hardy ဟာ ပထမ႐ုပ္ရွင္ ႐ိုက္ကူးအၿပီးမွာ ဒူးဒဏ္ရာရရွိခဲ့ၿပီး ခြဲစိတ္မႈ ႏွစ္ခါေတာင္ ျပဳလုပ္ခဲ့ရတယ္လို႔ သိရပါတယ္။

ဒါ့အျပင္ Tom Hardy ဟာ Venom: Let There Be Carnage ႐ိုက္ကူးေနတဲ့အခ်ိန္ထိ အဲ့ဒီဒဏ္ရာဟာ အရွင္းမေပ်ာက္ေသးဘူးလို႔လည္း ဆိုပါတယ္။ ပထမထြက္ရွိခဲ့တဲ့ Venom ႐ုပ္ရွင္ကေတာ့ ၂၀၁၈ ခုႏွစ္မွာ ထြက္ရွိခဲ့တာ ျဖစ္ၿပီး Venom: Let There Be Carnage ကေတာ့ ယခုႏွစ္ ေအာက္တိုဘာလမွာ ထြက္ရွိလာမွာ ျဖစ္ပါတယ္။

photo via screenrant

Venom: Let There Be Carnage ထဲမွာေတာ့ ကြင္းဆက္လူသတ္သမား Cletus Kasady ဟာ အဓိကဗီလိန္အေနနဲ႔ ပါဝင္လာမွာ ျဖစ္ပါတယ္။ အေၾကာင္းတစ္ခုေၾကာင့္ Carnage ဆိုတဲ့ Symbiote ဟာ Cletus နဲ႔ ေပါင္းစပ္သြားၿပီး ဗီလိန္ Carnage ျဖစ္လာမွာပါ။ Carnage ဟာ Venom ထက္ အဆမ်ားစြာ ဆိုး႐ြားၿပီး စြမ္းအားႀကီးတဲ့ Symbiote လည္း ျဖစ္ပါတယ္။ ဒီဇာတ္ေကာင္ေနရာမွာေတာ့ နာမည္ေက်ာ္မင္းသား Wood Harrelson က ပါဝင္လာမွာပါ။

Esquire သတင္းဌာနနဲ႔ ျပဳလုပ္ခဲ့တဲ့ အင္တာဗ်ဴးထဲမွာေတာ့ Tom Hardy ဟာ Venom ႐ုပ္ရွင္နဲ႔ ပတ္သက္တဲ့အမွတ္တရေတြနဲ႔ အသစ္ထြက္ရွိလာမယ့္ Havoc ဆိုတဲ့ ႐ုပ္ရွင္အေၾကာင္းကို ေျပာျပခဲ့ပါတယ္။ မင္းသားရဲ႕ ေျပာျပခ်က္အရ ပထမ Venom ႐ုပ္ရွင္ ႐ိုက္ကူးအၿပီးမွာ ဒူးဒဏ္ရာ ရရွိခဲ့ၿပီး ခြဲစိတ္မႈ ႏွစ္ႀကိမ္ေတာင္ ျပဳလုပ္ခဲ့ရတယ္လို႔ သိရပါတယ္။ ဒါတင္မကေသးဘဲ သူ႔ရဲ႕ဒဏ္ရာသက္သာၿပီး ႏွစ္လအၾကာမွာပဲ ဒုတိယ Venom ႐ုပ္ရွင္ကို ႐ိုက္ကူးခဲ့ရတယ္လို႔ ဆိုပါတယ္။ ဒါေပမယ့္လည္း Tom Hardy ဟာ သူ လုပ္ႏိုင္တယ္လို႔ ယူဆၿပီး ထပ္မံ အနားမယူေတာ့ဘဲ ႐ိုက္ကူးခဲ့တာ ျဖစ္ပါတယ္။

photo via screenrant

Tom Hardy ဟာ ယခင္တုန္းကလည္း အက္ရွင္ဇာတ္ဝင္ခန္းမ်ားစြာကို ႐ိုက္ကူးခဲ့ဖူးပါတယ္။ အက္ရွင္ဇာတ္ဝင္ခန္းေတြ ႐ိုက္ကူးတဲ့အခ်ိန္မွာေတာ့ အခန႔္မသင့္ရင္ စတန႔္ေတြျပဳလုပ္ေနရင္း ဒဏ္ရာေတြ ရရွိႏိုင္ပါတယ္။ စူပါဟီး႐ိုး႐ုပ္ရွင္ေတြကလည္း ဒီလိုအက္ရွင္ဇာတ္ဝင္ခန္းေတြမ်ားစြာ ပါဝင္တာေၾကာင့္ သ႐ုပ္ေဆာင္ေတြအေနနဲ႔ အေတာ္ေလး သတိထားရပါတယ္။ Tom Hardy ကေတာ့ ဒီ႐ုပ္ရွင္ကို ႐ိုက္ကူးေနရင္း ဘယ္လိုေၾကာင့္ အခုလို ဒဏ္ရာရသြားတာလည္း ဆိုတာကိုေတာ့ အေသးစိတ္ ေျပာမသြားပါဘူး။

Legos

Source: Screenrant

RELATED ARTICLES

Most Popular