HomeEntertainmentFilmTom Holland နဲ့ Amanda Seyfried တို့ကို အတူမြင်တွေ့ရမယ့် The Crowded Room

Tom Holland နဲ့ Amanda Seyfried တို့ကို အတူမြင်တွေ့ရမယ့် The Crowded Room

Apple TV+ ကနေ ပြသသွားမယ့် The Crowded Room Miniseries ထဲမှာတော့ Tom Holland နဲ့ Amanda Seyfried တို့ အတူပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအမျိူးအစားကတော့ Psychological Thriller Drama ဖြစ်ပြီး တကယ့်အဖြစ်အပျက်ကို ပြန်လည်ရေးသားထားတဲ့ The Minds of Billy Miligan ဝတ္ထုကို အခြေခံပြီး ပြန်လည်ဖန်တီးထားတာလည်း ဖြစ်ပါတယ်။

photo credit Apple TV+

၁၉၇၉ ခုနှစ်မှာ ဇာတ်အိမ်တည်ထားပြီး Danny ဆိုတဲ့ ဆယ်ကျော်သက်ကောင်လေးတစ်ယောက်ဟာ Rockfeller Center မှာ သေနတ်ပစ်ခတ်မှုနဲ့ အဖမ်းခံခဲ့ရပါတယ်။ ဒါကြောင့်ပဲ စုံထောက် Rya Goodwin ဟာ အဲဒီကောင်လေးကို စစ်ဆေးမေးမြန်းနေတာကို တွေ့ရပါတယ်။ Danny ဟာ ဒီကိစ္စတွေကို သူမလုပ်ဘူးလို့ ငြင်းနေပေမယ့် နောက်ပိုင်းမှာတော့ တဖြည်းဖြည်းနဲ့ သူ့ရဲ့စိတ်ပိုင်းအခြေအနေတွေကို သဘောပေါက်သွားတဲ့ပုံစံမျိူး မြင်တွေ့ရမှာ ဖြစ်ပါတယ်။

Danny နေရာမှာတော့ Tom Holland က ပါဝင်သရုပ်ဆောင်ထားပြီး Rya Goodwin နေရာမှာတော့ Amada Seyfried က ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒါ့အပြင် အခြားနာမည်ကြီးသရုပ်ဆောင်တွေ ဖြစ်တဲ့ Emmy Rossum ၊ Sasha Lane ၊ Will Chase နဲ့ Lior Raz တို့လည်း ပါဝင်ထားပါတယ်။ ဒီဇာတ်လမ်းတွဲကိုတော့ A Beautiful Mind ရုပ်ရှင်နဲ့ အော်စကာရထားတဲ့ Akiva Goldsman က ဖန်တီးထားပါတယ်။

ဒီဇာတ်လမ်းတွဲဟာ Miniseries ဖြစ်ပြီး အပိုင်း (၁၀)ပိုင်းသာ ပါဝင်မှာ ဖြစ်ပါတယ်။ လာမယ့် ဇွန်လ (၉)ရက်နေ့မှာ Apple TV+ ကနေ စတင်ပြသသွားမှာဖြစ်ပြီး အပိုင်းသုံးပိုင်း တစ်ခါတည်း ထွက်ရှိလာမှာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲဟာ Tom Holland ရဲ့ ပထမဆုံးဇာတ်လမ်းတွဲ ဖြစ်ပါတယ်။ ထွေလာထဲမှာ မြင်တွေ့ရသလောက် ဆိုရင်တော့ ဒီဇာတ်လမ်းတွဲဟာ ပရိသတ်တွေကို ထိုင်ရာမထဘဲ ဆက်တိုက်ကြည့်ချင်နေအောင် ဆွဲဆောင်နိုင်မယ့် ဇာတ်လမ်းတစ်ခုလို့ ယူဆရပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular