HomeEntertainmentFilmCancel ခံရလုနီးပါးဖြစ်ခဲ့တဲ့ House of the Dragon ဇာတ်လမ်းတွဲ

Cancel ခံရလုနီးပါးဖြစ်ခဲ့တဲ့ House of the Dragon ဇာတ်လမ်းတွဲ

Game of Thrones ဇာတ်လမ်းတွဲရဲ့ Prequel ဖြစ်တဲ့ House of the Dragon ဇာတ်လမ်းတွဲကိုတော့ ထွက်မလာသေးခင်မှာပဲ HBO က Cancel လိုက်ဖို့ လုပ်ခဲ့ပါတယ်။ HBO ဟာ Game of Thrones ရဲ့ Spinoff ဇာတ်လမ်းတွဲများစွာကို ဖန်တီးနေပြီး ဖန်တီးနေဆဲ အခြေအနေမှာတင် Cancel လိုက်တာမျိူးတွေလည်း ရှိခဲ့ပါတယ်။ ယခုအချိန်မှာတော့ House of the Dragon ဇာတ်လမ်းတွဲဟာ အောင်မြင်မှုတွေ ရရှိခဲ့ပေမယ့်လည်း စာရေးဆရာကြီး George R.R. Martin ကြောင့်သာ မဟုတ်ရင် ဒီဇာတ်လမ်းတွဲကို ကျွန်တော်တို့တွေ ကြည့်ရှုခွင့်တောင် ရလိုက်မှာ မဟုတ်ပါဘူး။

photo credit HBO

HBO ဟာ Long Night အကြောင်းကို ရိုက်ကူးထားတဲ့ GOT Spinoff ဇာတ်လမ်းတွဲတစ်ခုကိုလည်း ဒေါ်လာသန်း(၃၀) အကုန်အကျခံကာ Pilot ရိုက်ကူးပြီးမှ Cancel ပစ်ခဲ့ပါသေးတယ်။ အဲဒီဇာတ်လမ်းတွဲကိုတော့ Bloodmoon လို့ နာမည်ပေးထားပါတယ်။ House of the Dragon ရဲ့ Showrunner ဖြစ်သူ Ryan Condal ကတော့ “HBO က ဒီဇာတ်လမ်းတွဲကို Cancel တော့မှာဗျ။ ဒါပေမယ့် George R.R. Martin ကိုယ်တိုင်က ဝင်တားခဲ့လို့ပေါ့ …” ဆိုပြီး ပြောပြခဲ့ပါတယ်။

George R.R. Martin ကတော့ Game of Thrones ဇာတ်လမ်းတွဲရဲ့ အစပိုင်းတွေမှာ ကိုယ်တိုင်ဇာတ်ညွှန်းရေးသားခဲ့ပေမယ့် House of the Dragon ထဲမှာတော့ ဇာတ်ညွှန်းဝင်မရေးတော့ဘဲ Executive Producer အနေနဲ့သာ ပါဝင်ထားပါတယ်။ ဒါပေမယ့်လည်း ဒီဇာတ်လမ်းတွဲဟာ George R.R. Martin အတွက် အလွန်အရေးပါတဲ့ ပရောဂျက်တစ်ခု ဖြစ်တာကြောင့် HBO က Cancel တော့မယ့်အချိန်မှာ ဝင်ရောက်တားဆီးခဲ့တာ ဖြစ်ပါတယ်။

photo credit HBO

GOT Universe တစ်ခုလုံးဟာ George R.R. Martin ဖန်တီးထားတာဖြစ်လို့ ဒီ Universe အကြောင်းကိုတော့ သူ့ထက်ပိုပြီး သိတဲ့လူမရှိပါဘူး။ George R.R. Martin ရဲ့ဆုံးဖြတ်ချက် မှန်ကန်မှုကြောင့် ယခုအချိန်မှာတော့ ဒီဇာတ်လမ်းတွဲဟာ အောင်မြင်မှုတွေများစွာ ရရှိနေပြီး ပရိသတ်တွေဟာလည်း Season 2 ထွက်လာမယ့်အချိန်ကို စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်းနေကြပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular