HomeCelebs Update NewsSpider-Man အဖြစ် သရုပ်ဆောင်ရမယ်လို့ သိရချိန်မှာ ကွန်ပြူတာကို ဖျက်ဆီးမိခဲ့တဲ့ Tom Holland

Spider-Man အဖြစ် သရုပ်ဆောင်ရမယ်လို့ သိရချိန်မှာ ကွန်ပြူတာကို ဖျက်ဆီးမိခဲ့တဲ့ Tom Holland

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

MCU ထဲမှာ Spider-Man အဖြစ် သရုပ်ဆောင်ရတော့မယ်လို့ သိလိုက်ရတဲ့အချိန်မှာ သူ့ရဲ့ကွန်ပြူတာကို အပျော်လွန်ပြီး ဖျက်ဆီးခဲ့ပါတယ်လို့ Tom Holland က ပြောခဲ့ပါတယ်။ Tom Holland ဟာ လည်း Spider-Man တွေထဲမှာ အကောင်းဆုံး သရုပ်ဆောင် မဟုတ်ရင်တောင် အဆိုးဆုံးတော့ မဟုတ်ပါဘူး။ Tom Holland ဟာ တစ်ခြားအလားအလာရှိတဲ့ သရုပ်ဆောင်တွေများစွာနဲ့အတူ လူရွေးပွဲကို ယှဉ်ပြိုင်ခဲ့ရတာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ သူဟာ ဒီဇာတ်ကောင်နေရာမှာ သရုပ်ဆောင်ခွင့်ရမယ်လို့ မထင်ခဲ့ပါဘူး။

photo via screenrant

Holland ကတော့ ဒီအဖြစ်အပျက်တွေကို Variety သတင်းဌာနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောပြသွားခဲ့ပါတယ်။ အစတုန်းကတော့ သူဟာ လူရွေးပွဲမှာ အခြေအနေကောင်းနေပြီး Robert Downey Jr. နဲ့အတူ အစမ်းရိုက်ကူးမှုတွေ ပြုလုပ်ခဲ့ရပါတယ်။ ဒါပေမယ့်လည်း Marvel က Spider-Man နေရာမှာ သရုပ်ဆောင်မယ့် လူကို ကြေညာတဲ့အချိန်မှာတော့ Holland ကို ဘယ်သူကမှ ဖုန်းမဆက်ခဲ့ပါဘူး။ ဒါကြောင့်ပဲ Holland ဟာ သူ့ကိုယ်သူ ဒီဇာတ်ကောင်နေရာမှာ သရုပ်ဆောင်ခွင့် မရတော့ဘူးလို့ ထင်သွားခဲ့ပါတယ်။

Holland ပြောသွားတဲ့ စကားအပြည့်အစုံကတော့ ” အဲ့ဒီအချိန်တုန်းက ကျွန်တော် အင်စတာဂရမ် သုံးနေတာကို မှတ်မိပါသေးတယ်။ Marvel က Spider-Man ကာတွန်းပုံကို တင်ထားပြီး Spider-Man အသစ်က ဘယ်သူလည်း ဆိုတာသိဖို့ သူတို့ website ကို သွားလိုက်ပါလို့ ရေးထားခဲ့ပါတယ်။ အဲ့ဒီအချိန်မှာတော့ ကျွန်တော့်ကို ဘယ်သူကမှ ဖုန်းမဆက်ခဲ့တာကြောင့် ဒီဇာတ်ကောင်ကို မရတော့ဘူးလို့ ယူဆခဲ့ပါတယ်။ အဲ့ဒါနဲ့ ဘာပဲဖြစ်ဖြစ် ဘယ်သူဖြစ်မလည်း ကြည့်လိုက်ဦးမယ်လို့ ဆုံးဖြတ်ခဲ့ပါတယ် ” လို့ ပြောခဲ့ပါတယ်။

photo via screenrant

ဒါ့အပြင် ” ကျွန်တော် ကွန်ပြူတာကို သွားယူလာခဲ့ပြီး ကျွန်တော့်ရဲ့ခွေးကလည်း ဘေးနားမှာ ထိုင်နေခဲ့ပါတယ်။ ကျွန်တော်လည်း Marvel လို့ ရိုက်ပြီး website ထဲကို ဝင်ကြည့်ခဲ့ပါတယ်။ အဲ့ဒီသတင်းကို အခုချိန်ထိ ကျွန်တော့်ကွန်ပြူတာထဲမှာ သိမ်းထားပါသေးတယ်။ Website ထဲ ရောက်သွားတဲ့အချိန်မှာတော့ ကျွန်တော်တို့ရဲ့ Spider-Man အသစ် Tom Holland နဲ့ မိတ်ဆက်ပေးချင်ပါတယ် ဆိုပြီးတော့ တွေ့ခဲ့ရပါတယ်။ အဲ့ဒီအချိန်မှာ ကျွန်တော့်ရဲ့ ကွန်ပြူတာကို လေထဲလွှင့်ပစ်လိုက်သလို ဖြစ်သွားပြီး အိပ်ရာပေါ်က ကျပြီး ပျက်စီးသွားခဲ့ပါတယ်။ ကျွန်တော့်ခွေးကလည်း လန့်သွားပါတယ်။ အဲ့ဒါနဲ့ ကျွန်တော်လည်း အောက်ထပ်ကို ပြေးဆင်းသွားပြီး ကျွန်တော်ရဲ့ မိသားစုကို ကျွန်တော် လုပ်လိုက်နိုင်ပြီ ဆိုတဲ့အကြောင်းကို ပြောပြခဲ့ပါတယ် ” လို့လည်း ထပ်မံပြောခဲ့ပါတယ်။

photo via screenrant

Marvel ဟာ သူတို့ရွေးချယ်ခဲ့တဲ့ သရုပ်ဆောင်ကိုတောင် အရွေးချယ်ခံခဲ့ရတဲ့အကြောင်းကို လုံးဝမပြောပြခဲ့ဘဲ ပရိသတ်တွေရော သရုပ်ဆောင်တွေကိုပါ အံ့ဩသွားစေခဲ့ပါတယ်။ သေချာတာတစ်ခုကတော့ ဒီအဖြစ်အပျက်ဟာ Tom Holland ရဲ့ဘဝမှာ မေ့မရတဲ့ အဖြစ်အပျက်တွေထဲက တစ်ခု ဖြစ်သွားစေမှာပါ။ Tom Holland ဟာ Spider-Man နေရာမှာ သရုပ်ဆောင်ခွင့် ရခဲ့တာကြောင့် အခုချိန်မှာဆိုရင် အတော်လေးကို အောင်မြင်နေပြီ ဖြစ်ပါတယ်။

Legos

Source : Screenrant

(Zawgyi Version)

MCU ထဲမွာ Spider-Man အျဖစ္ သ႐ုပ္ေဆာင္ရေတာ့မယ္လို႔ သိလိုက္ရတဲ့အခ်ိန္မွာ သူ႔ရဲ႕ကြန္ျပဴတာကို အေပ်ာ္လြန္ၿပီး ဖ်က္ဆီးခဲ့ပါတယ္လို႔ Tom Holland က ေျပာခဲ့ပါတယ္။ Tom Holland ဟာ လည္း Spider-Man ေတြထဲမွာ အေကာင္းဆုံး သ႐ုပ္ေဆာင္ မဟုတ္ရင္ေတာင္ အဆိုးဆုံးေတာ့ မဟုတ္ပါဘူး။ Tom Holland ဟာ တစ္ျခားအလားအလာရွိတဲ့ သ႐ုပ္ေဆာင္ေတြမ်ားစြာနဲ႔အတူ လူေ႐ြးပြဲကို ယွဥ္ၿပိဳင္ခဲ့ရတာ ျဖစ္ပါတယ္။ ဒါေၾကာင့္ပဲ သူဟာ ဒီဇာတ္ေကာင္ေနရာမွာ သ႐ုပ္ေဆာင္ခြင့္ရမယ္လို႔ မထင္ခဲ့ပါဘူး။

photo via screenrant

Holland ကေတာ့ ဒီအျဖစ္အပ်က္ေတြကို Variety သတင္းဌာနဲ႔ ျပဳလုပ္ခဲ့တဲ့ အင္တာဗ်ဴးမွာ ေျပာျပသြားခဲ့ပါတယ္။ အစတုန္းကေတာ့ သူဟာ လူေ႐ြးပြဲမွာ အေျခအေနေကာင္းေနၿပီး Robert Downey Jr. နဲ႔အတူ အစမ္း႐ိုက္ကူးမႈေတြ ျပဳလုပ္ခဲ့ရပါတယ္။ ဒါေပမယ့္လည္း Marvel က Spider-Man ေနရာမွာ သ႐ုပ္ေဆာင္မယ့္ လူကို ေၾကညာတဲ့အခ်ိန္မွာေတာ့ Holland ကို ဘယ္သူကမွ ဖုန္းမဆက္ခဲ့ပါဘူး။ ဒါေၾကာင့္ပဲ Holland ဟာ သူ႔ကိုယ္သူ ဒီဇာတ္ေကာင္ေနရာမွာ သ႐ုပ္ေဆာင္ခြင့္ မရေတာ့ဘူးလို႔ ထင္သြားခဲ့ပါတယ္။

Holland ေျပာသြားတဲ့ စကားအျပည့္အစုံကေတာ့ ” အဲ့ဒီအခ်ိန္တုန္းက ကြၽန္ေတာ္ အင္စတာဂရမ္ သုံးေနတာကို မွတ္မိပါေသးတယ္။ Marvel က Spider-Man ကာတြန္းပုံကို တင္ထားၿပီး Spider-Man အသစ္က ဘယ္သူလည္း ဆိုတာသိဖို႔ သူတို႔ website ကို သြားလိုက္ပါလို႔ ေရးထားခဲ့ပါတယ္။ အဲ့ဒီအခ်ိန္မွာေတာ့ ကြၽန္ေတာ့္ကို ဘယ္သူကမွ ဖုန္းမဆက္ခဲ့တာေၾကာင့္ ဒီဇာတ္ေကာင္ကို မရေတာ့ဘူးလို႔ ယူဆခဲ့ပါတယ္။ အဲ့ဒါနဲ႔ ဘာပဲျဖစ္ျဖစ္ ဘယ္သူျဖစ္မလည္း ၾကည့္လိုက္ဦးမယ္လို႔ ဆုံးျဖတ္ခဲ့ပါတယ္ ” လို႔ ေျပာခဲ့ပါတယ္။

photo via screenrant

ဒါ့အျပင္ ” ကြၽန္ေတာ္ ကြန္ျပဴတာကို သြားယူလာခဲ့ၿပီး ကြၽန္ေတာ့္ရဲ႕ေခြးကလည္း ေဘးနားမွာ ထိုင္ေနခဲ့ပါတယ္။ ကြၽန္ေတာ္လည္း Marvel လို႔ ႐ိုက္ၿပီး website ထဲကို ဝင္ၾကည့္ခဲ့ပါတယ္။ အဲ့ဒီသတင္းကို အခုခ်ိန္ထိ ကြၽန္ေတာ့္ကြန္ျပဴတာထဲမွာ သိမ္းထားပါေသးတယ္။ Website ထဲ ေရာက္သြားတဲ့အခ်ိန္မွာေတာ့ ကြၽန္ေတာ္တို႔ရဲ႕ Spider-Man အသစ္ Tom Holland နဲ႔ မိတ္ဆက္ေပးခ်င္ပါတယ္ ဆိုၿပီးေတာ့ ေတြ႕ခဲ့ရပါတယ္။ အဲ့ဒီအခ်ိန္မွာ ကြၽန္ေတာ့္ရဲ႕ ကြန္ျပဴတာကို ေလထဲလႊင့္ပစ္လိုက္သလို ျဖစ္သြားၿပီး အိပ္ရာေပၚက က်ၿပီး ပ်က္စီးသြားခဲ့ပါတယ္။ ကြၽန္ေတာ့္ေခြးကလည္း လန႔္သြားပါတယ္။ အဲ့ဒါနဲ႔ ကြၽန္ေတာ္လည္း ေအာက္ထပ္ကို ေျပးဆင္းသြားၿပီး ကြၽန္ေတာ္ရဲ႕ မိသားစုကို ကြၽန္ေတာ္ လုပ္လိုက္ႏိုင္ၿပီ ဆိုတဲ့အေၾကာင္းကို ေျပာျပခဲ့ပါတယ္ ” လို႔လည္း ထပ္မံေျပာခဲ့ပါတယ္။

photo via screenrant

Marvel ဟာ သူတို႔ေ႐ြးခ်ယ္ခဲ့တဲ့ သ႐ုပ္ေဆာင္ကိုေတာင္ အေ႐ြးခ်ယ္ခံခဲ့ရတဲ့အေၾကာင္းကို လုံးဝမေျပာျပခဲ့ဘဲ ပရိသတ္ေတြေရာ သ႐ုပ္ေဆာင္ေတြကိုပါ အံ့ဩသြားေစခဲ့ပါတယ္။ ေသခ်ာတာတစ္ခုကေတာ့ ဒီအျဖစ္အပ်က္ဟာ Tom Holland ရဲ႕ဘဝမွာ ေမ့မရတဲ့ အျဖစ္အပ်က္ေတြထဲက တစ္ခု ျဖစ္သြားေစမွာပါ။ Tom Holland ဟာ Spider-Man ေနရာမွာ သ႐ုပ္ေဆာင္ခြင့္ ရခဲ့တာေၾကာင့္ အခုခ်ိန္မွာဆိုရင္ အေတာ္ေလးကို ေအာင္ျမင္ေနၿပီ ျဖစ္ပါတယ္။

Legos

Source : Screenrant

RELATED ARTICLES

Most Popular