HomeCelebs Update NewsInternationalPeaky Blinders ရုပ်ရှင်မှာ သရုပ်ဆောင်ဖို့ Tom Holland ကို စီးရီးဖန်တီးသူမှ ဖိတ်ခေါ်

Peaky Blinders ရုပ်ရှင်မှာ သရုပ်ဆောင်ဖို့ Tom Holland ကို စီးရီးဖန်တီးသူမှ ဖိတ်ခေါ်

နာမည်ကျော်ဇာတ်လမ်းတွဲ ဖြစ်တဲ့ Peaky Blinders ရဲ့ ဖန်တီးသူ Steven Knight ဟာ ဒီစီးရီးရဲ့ အဆုံးသတ်ဖြစ်မယ့် ရုပ်ရှင်ထဲမှာ ပါဝင်သရုပ်ဆောင်ဖို့ Tom Holland ကို ဖိတ်ခေါ်လိုက်တယ်လို့ သိရပါတယ်။

Peaky Blinders ကတော့ BBC ရုပ်သံလိုင်းက ထုတ်လွှင့်နေတဲ့ ဇာတ်လမ်းတွဲတစ်ခု ဖြစ်ပြီး ၂၀၁၃ ခုနှစ်တည်းက စတင်ထုတ်လွှင့်ခဲ့တဲ့ ဇာတ်လမ်းတွဲလည်း ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ၁၉၀၀ ပြည့်နှစ် ဝန်းကျင်ကာလက  အင်္ဂလန်နိုင်ငံမှာ နာမည်ကျော်ကြားခဲ့တဲ့ ဂိုဏ်းစတားမိသားစုအကြောင်းကို ပြန်လည်မှီငြမ်း ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းရဲ့ Season (6)ကိုတော့ ယနေ့ ဖေဖော်ဝါရီလ(၂၇)ရက်နေ့မှာ စတင်ထုတ်လွှင့် ပြသမှာ ဖြစ်ပြီး ဒါဟာ ဒီဇာတ်လမ်းတွဲရဲ့ နောက်ဆုံး ဇာတ်သိမ်းမယ့် season လည်း ဖြစ်ပါတယ်။

Photo Credit: BBC

မကြာသေးခင်ကပဲ MCU သရုပ်ဆောင် Tom Holland ကတော့ Peaky Blinders ဇာတ်လမ်းတွဲအတွက် လူရွေးပွဲဝင်ခဲ့ဖူးတဲ့အကြောင်းနဲ့ သူဝင်ရောက် ယှဉ်ပြိုင်ခဲ့တဲ့ ဇာတ်ကောင်ကို မရရှိခဲ့တဲ့အကြောင်း အင်တာဗျူးတစ်ခုမှာ ပြောပြခဲ့ပါသေးတယ်။ သူကတော့ ဒီထက်ပိုပြီး မပြောပြခဲ့ပေမယ့် ပရိသတ်တွေကတော့ Tom Holland ဟာ Peaky Blinders ထဲက ဘယ်ဇာတ်ရုပ်အတွက် လူရွေးပွဲ ဝင်ပြိုင်ခဲ့တာလည်းဆိုတာကို သိချင်ခဲ့ကြပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး Peaky Blinders ရဲ့ creator Steven Knight ကလည်း မကြာသေးခင်ကပဲ ထုတ်ပြောလာပါတယ်။ အဲဒါကတော့ Steven Knight ဟာ အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂမ်မြို့မှာ ပြုလုပ်ခဲ့တဲ့ Peaky Blinders ရဲ့ အထူးပွဲအတွက် တက်ရောက်လာရင်း သတင်းစာရှင်းလင်းပွဲမှာ Tom Holland နဲ့ ပတ်သက်ပြီး ပြောသွားတာ ဖြစ်ပါတယ်။

Photo Credit: Robert Viglasky/ BBC

“သူ ဝင်ရွေးခံခဲ့တဲ့ ဇာတ်ရုပ်က တော်တော်လေး ဟဲဗီးဖြစ်တဲ့ ဇာတ်ရုပ် ဖြစ်မယ်နဲ့ တူတယ်။ ဒါပေမယ့် ရုပ်ရှင်ထဲမှာ ပါချင်သေးတယ်ဆိုရင်တော့ ကျွန်တော်တို့ သူ့ကို ခေါ်သွားမှာပါ … ” လို့ Peaky Blinders ဇာတ်လမ်းတွဲအပြီး ရိုက်ကူးမယ့် Peaky Blinders ရုပ်ရှင်အတွက် Tom Holland ကို ဖိတ်ခေါ်ကြောင်း Steven Knight က ပြောထားပါတယ်။

Steven Knight အနေနဲ့ Tom Holland အတွက် စဉ်းစားထားတဲ့ သီးသန့်ဇာတ်ရုပ် ရှိနေလား၊ ဒါမှမဟုတ် သူနဲ့ ဒီတိုင်းပဲ အလုပ်တွဲလုပ်ချင်တာလား ဆိုတာကိုတော့ ကွဲကွဲပြားပြား မသိရပါဘူး။ Tom Holland ကတော့ Spider-Man: No Way Home ရဲ့ ကြောက်ခမန်းလိလိ အောင်မြင်မှုကြောင့် ယခုလက်ရှိ ဟောလိဝုဒ် ရုပ်ရှင်လောကမှာ ထုတ်လုပ်သူတွေ၊ စတူဒီယိုတွေက လိုချင်နေကြတဲ့ သရုပ်ဆောင်တစ်ယောက်လည်း ဖြစ်နေပါတယ်။

Photo Credit: Disney Studios/ Marvel Studios

ဒါကြောင့်ပဲ Steven Knight အနေနဲ့ ကြိုကြိုတင်တင် စရန်သတ်ထားတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ လက်ရှိအချိန်ထိ ဒီကိစ္စနဲ့ ပတ်သက်ပြီး Tom Holland ဘက်ကတော့ တစုံတခု ပြန်လည် ပြောကြားခြင်း မရှိသေးပါဘူး။

Glasgow

Source: screenrant

 

RELATED ARTICLES

Most Popular