HomeAnimeကြည့်ရှုနေရင်း ပြုံးပျော်နေရမယ့် Slice of Life Anime ဇာတ်လမ်းတွဲကောင်းများ

ကြည့်ရှုနေရင်း ပြုံးပျော်နေရမယ့် Slice of Life Anime ဇာတ်လမ်းတွဲကောင်းများ

ရုပ်ရှင်တွေ၊ ဇာတ်လမ်းတွဲတွေကို လူတွေကြည့်ရှုရတဲ့ အဓိကအကြောင်းရင်းကတော့ စိတ်အပန်းပြေပြီး Entertain ဖြစ်သွားစေဖို့ပဲ ဖြစ်ပါတယ်။ သို့ပေမယ့်လည်း လူတွေဟာ တစ်ယောက်နဲ့တစ်ယောက် အကြိုက်မတူကြတာကြောင့် ဇာတ်လမ်းအမျိူးအစားတွေကတော့ များစွာကွဲထွက်နေပါတယ်။ ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ ကြည့်ရှုနေရင်း ပြုံးပျော်နေစေမယ့် Slice of Life Anime ဇာတ်လမ်းတွဲကောင်းအချို့ကို ဖော်ပြပေးချင်ပါတယ်။

(7) Life Lessons With Uramichi Oniisan

photo via screenrant

ဒီ Anime ဇာတ်လမ်းတွဲကတော့ ၂၀၂၁ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (7.2) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ရုပ်မြင်သံကြားမှာ ကလေးအစီအစဉ်တွေကို ကြေညာတင်ဆက်ပေးသူတွေဟာ ဖန်သားပြင်ပေါ်မှာ ပျော်ရွှင်နေတဲ့ပုံစံနဲ့ မြင်တွေ့ရပေမယ့်လည်း အဲဒါတွေရဲ့ နောက်ကွယ်မှာတော့ သူတို့ဘယ်လိုမျိူး ကြိုးစားရုန်းကန်နေရတယ်ဆိုတာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။

(6) New Game!

photo via screenrant

ဒီ Anime ဇာတ်လမ်းတွဲကတော့ ၂၀၁၆ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (7.2) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ Eagle Jump ဆိုတဲ့ ဂိမ်းစတူဒီယိုမှာ အလုပ်လုပ်ကြတဲ့ Aoba နဲ့ လုပ်ဖော်ကိုင်ဖက်တွေရဲ့ နေ့စဉ်ဘဝကို ပေါ့ပေါ့ပါးပါးနဲ့ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။

(5) Wotakoi: Love is Hard for Otaku

photo via screenrant

ဒီ Anime ဇာတ်လမ်းတွဲကတော့ ၂၀၁၈ ခုနှစ်မှာ ထွက်ရှိခဲ့ပြီးတော့ IMDb (7.5) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ အဆက်အသွယ် ပြတ်သွားတဲ့ ငယ်သူငယ်ချင်းနှစ်ယောက်ဟာ ရုံးတစ်ခုတည်းမှာ အတူတူ အလုပ်လုပ်မိလျက်သား ဖြစ်နေရာက ပြန်လည်ဆုံတွေ့သွားကြပါတယ်။ အဲဒီနောက်မှာတော့ သူတို့နှစ်ယောက်ဟာ ချစ်သူတွေအဖြစ် တွဲကြည့်ဖို့ ဆုံးဖြတ်လိုက်ကြပြီး ကြည်နူးစရာတွေကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

(4) School Babysitters

photo via screenrant

ဒီ Anime ဇာတ်လမ်းတွဲကတော့ ၂၀၁၈ ခုနှစ်မှာ ထွက်ရှိခဲ့ပြီးတော့ IMDb (7.7) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ မိဘနှစ်ယောက်လုံးဟာ လေယာဉ်ပျက်ကျမှုမှာ ဆုံးပါးသွားတာကြောင့် ဆယ်ကျော်သက်အရွယ် Ryuuichi Kashima ဟာ သူ့ရဲ့ညီငယ်လေးကို စောင့်ရှောက်ရပါတော့တယ်။ အဲဒီနောက်မှာတော့ ကျောင်းဉက္ကဌဟာ Ryuuichi တို့ ညီအစ်ကိုနှစ်ယောက်ကို စောင့်ရှောက်ပေးဖို့ ကမ်းလှမ်းခဲ့ပြီး အပြန်အလှန်အနေနဲ့ Ryuuichi ကတော့ ကျောင်းရဲ့ကလေးထိန်းအဖြစ် လုပ်ကိုင်ပေးရမှာပဲ ဖြစ်ပါတယ်။

(3) K-On!

photo via screenrant

ဒီ Anime ဇာတ်လမ်းတွဲကတော့ ၂၀၀၉ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (7.8) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ အထက်တန်းကျောင်းသူ ငါးယောက်ဟာ Light Music Club ကြောင့် ရင်းနှီးသွားကြပါတယ်။ သူတို့တစ်ယောက်ချင်းစီဟာ တူရိယာတစ်ခုစီကိုလည်း ကျွမ်းကျင်စွာ တီးခတ်နိုင်ကြပါတယ်။ အဲဒီနောက်မှာတော့ သူတို့ငါးယောက်ဟာ ကျောင်းတက်နေရင်း ဂီတတွေ ဖန်တီးတာကို မြင်တွေ့ရမှာပါ။

(2) Komi Can’t Communicate

photo via screenrant

ဒီ Anime ဇာတ်လမ်းတွဲကတော့ ၂၀၂၁ ခုနှစ်မှ ထွက်ရှိခဲ့တာ ဖြစ်ပြီး IMDb (7.8) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ ရှက်ကြောက်တတ်တဲ့ Komi ဆိုတဲ့ ကောင်မလေးတစ်ယောက်အကြောင်းကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ သူမဟာ ရှက်ကြောက်တတ်တဲ့ အကျင့်ကြောင့်ပဲ လူမှုဆက်ဆံရေးလည်း မကောင်းတာကြောင့် သူမရဲ့သူငယ်ချင်းတစ်ယောက်ဟာ သူမကို သူငယ်ချင်းတွေ ပိုမိုရရှိစေဖို့ ကူညီပေးပါတော့တယ်။

(1) Horimiya

photo via screenrant

ဒီ Anime ဇာတ်လမ်းတွဲကတော့ ၂၀၂၁ ခုနှစ်မှာ ထွက်ရှိခဲ့ပြီးတော့ IMDb (8.1) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ကျောင်းမှာရေပန်းစားတဲ့ ကျောင်းသူလေးတစ်ယောက်နဲ့ အနေအေးပြီး သူငယ်ချင်းလည်း သိပ်မရှိတဲ့ ကျောင်းသားလေးတစ်ယောက်တို့ဟာ အကြောင်းတစ်ခုကြောင့် တွေ့ဆုံမိခဲ့တဲ့နောက်မှာတော့ တဖြည်းဖြည်းချင်း နီးစပ်သွားကြပါတော့တယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular