HomeCelebs Update NewsInternationalSpider-Man 3 အတွက် ဇာတ်ညွှန်းရပြီဆိုတဲ့ Tom Holland

Spider-Man 3 အတွက် ဇာတ်ညွှန်းရပြီဆိုတဲ့ Tom Holland

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Tom Holland ဟာ Spider-Man 3 အတွက် ဇာတ်ညွှန်းရပြီ ဖြစ်ပြီး အဲ့ဒီဇာတ်ညွှန်းထဲက အချက်အလက်တွေကို လုံးဝမပေါက်ကြားစေရဘူးလို့လည်း ပြောလိုက်ပါတယ်။

Tom ဟာ သိပ်မကြာသေးခင်ကပဲ ရုပ်ရှင်ရိုက်ကူးဖို့အတွက် Atlanta မြို့ကို ရောက်နေပြီ ဖြစ်ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့နှစ်တုန်းက Marvel နဲ့ Sony တို့ အငြင်းပွားကြတုန်းကလည်း Tom Holland ဟာ MCU က ထွက်ခွာရမလို ဖြစ်ခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း အဲ့ဒီနောက်မှာတော့ Marvel နဲ့ Sony တို့ နှစ်ဦးနှစ်ဘက် သဘောတူညီမှု ရသွားတာကြောင့် Tom ဟာလည်း Spider-Man အဖြစ် ဆက်လက် သရုပ်ဆောင်ခွင့် ရရှိခဲ့ပါတယ်။

Photo: tomholland2013/ Instagram

ဒါ့အပြင် အသစ်ထွက်လာမယ့် Spider-Man 3 ဟာ ကောလာဟလတွေ အများကြီးထွက်နေပြီး Spider-Verse ရဲ့ Live Action ဖြစ်လာမယ်လို့လည်း ပြောနေကြပါတယ်။ လောလောဆယ် သိထားရသလောက်ကတော့ Amazing Spider-Man 2 ထဲမှာ Electro အဖြစ် သရုပ်ဆောင်ထားတဲ့ Jamie Foxx ဟာ Spider-Man 3 ထဲမှာလည်း Electro အဖြစ် ပြန်လည်ပါဝင်သွားမယ်လို့ သိရပြီး Benedict Cumberbatch ကလည်း Doctor Strange အဖြစ် ပါဝင်သွားဦးမှာ ဖြစ်ပါတယ်။

ဒီအချက်တွေကြောင့်ပဲ ပရိသတ်အများစုဟာ Spider-Man 3 ထဲမှာ Tobey Maguire နဲ့ Andrew Garfield တို့ကို မြင်တွေ့နေချင်ကြပြီး ရင်ခုန်စွာနဲ့ စောင့်စားနေကြပါတယ်။ အခုချိန်မှာတော့ Tom Holland ဟာ Spider-Man 3 အတွက် ဇာတ်ညွှန်း ရရှိသွားပြီဆိုတဲ့ အကြောင်းကို ပရိသတ်တွေဆီ အသိပေးလိုက်တာပဲ ဖြစ်ပါတယ်။

Photo: tomholland2013/ Instagram

Tom Holland ဟာ ရုပ်ရှင်ဇာတ်ညွှန်းနဲ့ ပတ်သက်လာရင် အမြဲတမ်းလိုလို အချက်အလက်တွေ ပေါက်ကြားလေ့ရှိပြီး အဲ့ဒီအချက်ကလည်း သူ့ရဲ့အောင်မြင်မှုတွေထဲက တစ်ခုလို့တောင် ပြောလို့ရပါတယ်။ ဒါပေမယ့်လည်း အခုချိန်မှာတော့ သူဟာ Spider-Man 3 နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို လုံးဝမပေါက်ကြားစေရပါဘူးလို့ ဆိုထားပါတယ်။ အဲ့ဒါကြောင့် သူပြောသလို တကယ်ထိန်းသိမ်းနိုင်မှာလား၊ ဒါမှမဟုတ် အရင်လိုပဲ မတော်တဆအနေနဲ့ သိလိုက်ရတာတွေ ရှိမလား ဆိုတာကတော့ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

Legos

Source: screenrant

(Zawgyi Version)

Tom Holland ဟာ Spider-Man 3 အတြက္ ဇာတ္ၫႊန္းရၿပီ ျဖစ္ၿပီး အဲ့ဒီဇာတ္ၫႊန္းထဲက အခ်က္အလက္ေတြကို လုံးဝမေပါက္ၾကားေစရဘူးလို႔လည္း ေျပာလိုက္ပါတယ္။

Tom ဟာ သိပ္မၾကာေသးခင္ကပဲ ႐ုပ္ရွင္႐ိုက္ကူးဖို႔အတြက္ Atlanta ၿမိဳ႕ကို ေရာက္ေနၿပီ ျဖစ္ပါတယ္။ ဒါ့အျပင္ ၿပီးခဲ့တဲ့ႏွစ္တုန္းက Marvel နဲ႔ Sony တို႔ အျငင္းပြားၾကတုန္းကလည္း Tom Holland ဟာ MCU က ထြက္ခြာရမလို ျဖစ္ခဲ့ပါေသးတယ္။ ဒါေပမယ့္လည္း အဲ့ဒီေနာက္မွာေတာ့ Marvel နဲ႔ Sony တို႔ ႏွစ္ဦးႏွစ္ဘက္ သေဘာတူညီမႈ ရသြားတာေၾကာင့္ Tom ဟာလည္း Spider-Man အျဖစ္ ဆက္လက္ သ႐ုပ္ေဆာင္ခြင့္ ရရွိခဲ့ပါတယ္။

Photo: tomholland2013/ Instagram

ဒါ့အျပင္ အသစ္ထြက္လာမယ့္ Spider-Man 3 ဟာ ေကာလာဟလေတြ အမ်ားႀကီးထြက္ေနၿပီး Spider-Verse ရဲ႕ Live Action ျဖစ္လာမယ္လို႔လည္း ေျပာေနၾကပါတယ္။ ေလာေလာဆယ္ သိထားရသေလာက္ကေတာ့ Amazing Spider-Man 2 ထဲမွာ Electro အျဖစ္ သ႐ုပ္ေဆာင္ထားတဲ့ Jamie Foxx ဟာ Spider-Man 3 ထဲမွာလည္း Electro အျဖစ္ ျပန္လည္ပါဝင္သြားမယ္လို႔ သိရၿပီး Benedict Cumberbatch ကလည္း Doctor Strange အျဖစ္ ပါဝင္သြားဦးမွာ ျဖစ္ပါတယ္။

ဒီအခ်က္ေတြေၾကာင့္ပဲ ပရိသတ္အမ်ားစုဟာ Spider-Man 3 ထဲမွာ Tobey Maguire နဲ႔ Andrew Garfield တို႔ကို ျမင္ေတြ႕ေနခ်င္ၾကၿပီး ရင္ခုန္စြာနဲ႔ ေစာင့္စားေနၾကပါတယ္။ အခုခ်ိန္မွာေတာ့ Tom Holland ဟာ Spider-Man 3 အတြက္ ဇာတ္ၫႊန္း ရရွိသြားၿပီဆိုတဲ့ အေၾကာင္းကို ပရိသတ္ေတြဆီ အသိေပးလိုက္တာပဲ ျဖစ္ပါတယ္။

Photo: tomholland2013/ Instagram

Tom Holland ဟာ ႐ုပ္ရွင္ဇာတ္ၫႊန္းနဲ႔ ပတ္သက္လာရင္ အၿမဲတမ္းလိုလို အခ်က္အလက္ေတြ ေပါက္ၾကားေလ့ရွိၿပီး အဲ့ဒီအခ်က္ကလည္း သူ႔ရဲ႕ေအာင္ျမင္မႈေတြထဲက တစ္ခုလို႔ေတာင္ ေျပာလို႔ရပါတယ္။ ဒါေပမယ့္လည္း အခုခ်ိန္မွာေတာ့ သူဟာ Spider-Man 3 နဲ႔ ပတ္သက္တဲ့ အခ်က္အလက္ေတြကို လုံးဝမေပါက္ၾကားေစရပါဘူးလို႔ ဆိုထားပါတယ္။ အဲ့ဒါေၾကာင့္ သူေျပာသလို တကယ္ထိန္းသိမ္းႏိုင္မွာလား၊ ဒါမွမဟုတ္ အရင္လိုပဲ မေတာ္တဆအေနနဲ႔ သိလိုက္ရတာေတြ ရွိမလား ဆိုတာကေတာ့ ေစာင့္ၾကည့္ရမွာပဲ ျဖစ္ပါတယ္။

Legos

Source: screenrant

RELATED ARTICLES

Most Popular