HomeCelebs Update NewsInternationalဆိုရှယ်မီဒီယာက အနားယူဦးမယ်ဆိုတဲ့ Tom Holland

ဆိုရှယ်မီဒီယာက အနားယူဦးမယ်ဆိုတဲ့ Tom Holland

သရုပ်ဆောင် Tom Holland ကတော့ အောင်မြင်တဲ့ Spider-Man trilogy ကို ထွက်ရှိထားပြီး ပရိသတ်တွေကြားမှာလည်း ရေပန်းစားနေပေမယ့် ဆိုရှယ်မီဒီယာကနေ အနားယူဦးမယ်လို့ ဆိုလာပါတယ်။

တကယ်တော့ Tom Holland ဟာ MCU ထဲမှာ Spider-Man အဖြစ် စတင်ပွဲထွက်ပြီးတည်းက Avengers ရုပ်ရှင်တိုင်းမှာလည်း ပါဝင်ခဲ့ရသလို ဆိုလိုရုပ်ရှင်တွေလည်း ရရှိခဲ့ပါတယ်။ ဒါ့အပြင် MCU နဲ့ မသက်ဆိုင်တဲ့ တခြားပရောဂျက်တွေကိုလည်း ဆက်တိုက် ရရှိနေပြီး မင်းသမီး Zendaya နဲ့ ချစ်သူတွေ ဖြစ်နေတဲ့အချက်ကလည်း Tom ကို မီဒီယာတွေရဲ့ အာရုံစိုက်မှု အကြီးအကျယ် ရရှိစေပါတယ်။

Photo: tomholland2013/ Instagram

သို့သော်လည်း Tom ဟာ ဆိုရှယ်မီဒီယာမှာ အချိန်ကုန်ဆုံးရတာကို မနှစ်သက်ဘဲ စိတ်ကျန်းမာရေးအတွက် ဆိုရှယ်မီဒီယာကနေ အနားယူဖို့လည်း လိုအပ်တယ်လို့ ခံယူထားသူ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ဆိုရှယ်မီဒီယာ ပလက်ဖောင်းတွေကနေ အချိန်တစ်ခုအထိ အနားယူမယ့်အကြောင်းကို အင်စတာဂရမ်မှာ ဗွီဒီယိုတစ်ခုနဲ့ ပရိသတ်တွေကို အသိပေးထားပါတယ်။

အဆိုပါဗွီဒီယိုထဲမှာတော့ Twitter နဲ့ Instagram ကနေ အချိန်တစ်ခုလောက် ပျောက်မယ့်အကြောင်း ခဏလာပြီး အကြောင်းကြားတာပါလို့ Tom က ဆိုထားပါတယ်။ Twitter နဲ့ Instagram မှာ အချိန်တွေကုန်ရတာဟာ စိတ်အလွန်ပင်ပန်းရကြောင်းနဲ့ စိတ်ကို လိုတာထက်ပိုပြီး ခံစားမှု၊ စိတ်လှုပ်ရှားမှုတွေ ဖြစ်စေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် မိမိရဲ့စိတ်ကျန်းမာရေးကို အလေးထား ဂရုစိုက်သင့်ကြောင်းနဲ့ လူငယ်တွေရဲ့ စိတ်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ကူညီပေးနေတဲ့ လန်ဒန်အခြေစိုက် အဖွဲ့အစည်းတစ်ခုနဲ့လည်း မိတ်ဆက်ပေးထားပါသေးတယ်။

 

View this post on Instagram

 

A post shared by Tom Holland (@tomholland2013)

ဆိုရှယ်မီဒီယာက အနားယူချင်တာကတော့ Tom Holland တစ်ယောက်တည်း မဟုတ်ပါဘူး။ Selena Gomez ၊ Kristen Stewart ၊ Harry Styles ၊ Millie Bobby Brown နဲ့ အခြားနာမည်ကျော်များစွာဟာ မလိုအပ်ဘဲ ဆိုရှယ်မီဒီယာ မသုံးတာ အကောင်းဆုံးပဲလို့ ဆိုထားကြပါတယ်။ ဆိုရှယ်မီဒီယာမှာ အချိန်များများ ကုန်ဆုံးလာလေ မလိုအပ်တဲ့ အမုန်းတရားတွေ ပွားများပြီး တစ်ယောက်နဲ့တစ်ယောက်ကြားမှာ ယှဉ်ပြိုင်မှုတွေလည်း ဖြစ်ပေါ်စေတယ်လို့ ဆိုထားပါတယ်။

Vancouver

Source: screenrant

RELATED ARTICLES

Most Popular