HomeCelebs Update NewsInternationalUncharted ရုပ်ရှင်အတွက် လန်ဒန်က ဘားတစ်ခုမှာ အလုပ်လုပ်ခဲ့တယ်ဆိုတဲ့ Tom Holland 

Uncharted ရုပ်ရှင်အတွက် လန်ဒန်က ဘားတစ်ခုမှာ အလုပ်လုပ်ခဲ့တယ်ဆိုတဲ့ Tom Holland 

မင်းသား Tom Holland ကတော့ Uncharted ထဲက Nathan Drake ဇာတ်ကောင်အတွက် ပြင်ဆင်တဲ့အနေနဲ့ လန်ဒန်က ဘားတစ်ခုမှာ အသွင်ယူပြီး အလုပ်ဝင်လုပ်ခဲ့တယ်လို့ ဆိုပါတယ်။

အသက်(၂၅)နှစ်ရှိပြီ ဖြစ်တဲ့ Tom Holland ဟာ တွဲဖက်သရုပ်ဆောင် ဖြစ်တဲ့ မင်းသားကြီး Mark Wahlberg နဲ့အတူ Uncharted ရုပ်ရှင်ထဲမှာ သရုပ်ဆောင်ထားတာ ဖြစ်ပြီး မကြာသေးခင်ကပဲ SiriusXM ရုပ်သံလိုင်းရဲ့ Pop Culture Spotlight with Jessica Shaw အစီအစဉ်မှာ Uncharted ရုပ်ရှင်အတွက် ပရိုမိုးရှင်းဆင်းတဲ့အနေနဲ့ အင်တာဗျူး ဖြေဆိုခဲ့တာ ဖြစ်ပါတယ်။

Photo: tomholland/ Instagram

အဆိုပါ အင်တာဗျူးမှာတော့ Tom Holland ဟာ Nathan Drake ဇာတ်ကောင်အတွက် bartending သင်တန်းတစ်ခုကိုပါ တက်ရောက်ခဲ့ပြီး နောက်ဆုံးမှာတော့ လန်ဒန်က ဘားတစ်ခုမှာပါ လက်တွေ့ ဝင်အလုပ်လုပ်ခဲ့တယ်လို့ ပြောပြသွားပါတယ်။

“ကျွန်တော့်အတွက်ကတော့ ဒီရုပ်ရှင်လောကထဲမှာ သရုပ်ဆောင်အလုပ် လုပ်နေရတာကို အနှစ်သက်ဆုံးအချက်တစ်ခု ရှိတယ်။ အဲဒါက စကေးလ်အသစ်တစ်ခုကို သင်ယူဖို့ အခွင့်အရေး ကြုံလာရင် ဒီတိုင်း အလိုက်သင့်လေး လုပ်လိုက်တာထက် တကယ် သင်ယူရတာကို နှစ်သက်တာပါပဲ … ” လို့ Tom က ဆိုပါတယ်။

Photo: tomholland/ Instagram

“အဲဒါကြောင့်မို့လို့ ကျွန်တော် bartending သင်တန်းတစ်ခုကို သွားတက်ခဲ့တယ်လေ။ နောက်ကျတော့ လန်ဒန်မှာရှိတဲ့ အဲဒီဘားမှာပဲ အဆိုင်းတချို့ ဝင်လုပ်မိလျက်သားပါ ဖြစ်သွားတယ်။ အဲလိုဝင်လုပ်ရတာလည်း တကယ် ပျော်စရာကောင်းတယ်ဗျ။ ကျွန်တော် တကယ် နှစ်သက်မိတယ်။ ပြီးတော့ အဲဒီဆိုင်လေးက ရုပ်ရှင်ထဲက ဇာတ်ဝင်ခန်းအတွက်လည်း တကယ်ကောင်းတဲ့ ဆက်တင်လေးတစ်ခု ဖြစ်ခဲ့သေးတယ် … ”

“အဲဒါနဲ့ သတင်းက မြို့ထဲမှာ ပျံ့သွားတော့ ဒီဆိုင်မှာ Tom Holland bartender လုပ်နေတယ်ဆိုတာမျိုး လူတွေကြားမှာ ပြောလာကြပြီး လူတွေကလည်း လာစပ်စုကြတော့တာပေါ့ဗျာ။ အဲ့လိုလည်း ဖြစ်လာရော အထွေထွေမန်နေဂျာကလည်း စပြီးတော့ စဉ်းစားလာတာပေါ့။ အဲ့ဒါနဲ့ပဲ နောက်ကျတော့ ကျွန်တော်လည်း နှင်ထုတ်ခံရတဲ့ပုံစံမျိုး ဖြစ်သွားရော … ”

Photo: tomholland/ Instagram

“ကျွန်တော် အဲဒီဘားကို ပြန်သွားလိုက်သေးတယ်။ စစချင်းတော့ဗျာ … ကျွန်တော်နဲ့ သူတို့ရဲ့ ဆက်ဆံရေးက နည်းနည်း အဆင်မပြေ ဖြစ်နေတာပေါ့။ ဒါပေမယ့် သူတို့အတွက် ကျွန်တော်က မီဒီယာတွေမှာ အများကြီး ပြောပေးနေတာလေဗျာ။ အဲဒါနဲ့ သူတို့လည်း ပါးစပ်ပိတ်ပြီး ကျွန်တော့်ကို ပြန်လက်ခံလိုက်ကြတယ် … ”

“ကျွန်တော် ဘားထဲကို ဝင်သွားမယ်။ ပြီးရင် bartender ရဲ့ဝတ်စုံကို ဝတ်လိုက်ပြီး အဲဒီမှာ အသွင်ယူပြီး နေနေတာပေါ့ဗျာ။ ပျော်စရာကောင်းတယ်ဗျ။ ကျွန်တော်ကတော့ အဲဒီမှာ တော်တော်လေး ပျော်ခဲ့တယ်။ ပြီးတော့ ကျွန်တော် expresso martini ဖျော်ရတာကို သဘောကျတယ်။ တော်တော် ပျော်ဖို့ကောင်းတယ်ဗျ … ” လို့ သူ့ရဲ့ bartending အတွေ့အကြုံတွေကို Tom Holland က ဝေမျှထားပါတယ်။

Glasgow

Source: people

 

RELATED ARTICLES

Most Popular