HomeEntertainmentFilmHulk Smash ဇာတ်ဝင်ခန်း ရိုက်ကူးခဲ့ပုံနဲ့ အမှတ်တရတွေကို ပြောပြလာတဲ့ Tom Hiddleston

Hulk Smash ဇာတ်ဝင်ခန်း ရိုက်ကူးခဲ့ပုံနဲ့ အမှတ်တရတွေကို ပြောပြလာတဲ့ Tom Hiddleston

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Marvel ပရိသတ်တွေဆိုရင် ၂၀၁၂ ခုနှစ်က ထွက်ရှိခဲ့တဲ့ Avengers ရုပ်ရှင်ထဲမှာ Hulk က Loki ကို ကိုင်ပေါက်ခဲ့တဲ့ ဇာတ်ဝင်ခန်းကို မှတ်မိကြဦးမယ် ထင်ပါတယ်။ ဒီဇာတ်ဝင်ခန်းနဲ့ ပတ်သက်ပြီး Loki နေရာမှာ သရုပ်ဆောင်ထားတဲ့ Tom Hiddleston က အဲ့ဒီဇာတ်ဝင်ခန်း ရိုက်ကူးခဲ့ရပုံကို ပြန်ပြောင်း ပြောပြခဲ့ပါတယ်။

Loki ဟာ အဲ့ဒီအချိန်ကနေစပြီး အခုထိ ပရိသတ်တွေအားလုံး ကြိုက်နှစ်သက်ကြတဲ့ ဗီလိန်တစ်ယောက် ဖြစ်လာခဲ့ပါတယ်။ အခုလက်ရှိမှာတော့ ကျွန်တော်တို့တွေ ကြိုက်နှစ်သက်တဲ့ Loki ဟာ သူ့ရဲ့ကိုယ်ပိုင်ဇာတ်လမ်းတွဲတစ်ခု ထွက်ရှိလာမှာ ဖြစ်ပြီး Disney+ ကနေ ပြသသွားမှာ ဖြစ်ပါတယ်။

photo via screenrant

အဆိုပါ ဇာတ်ဝင်ခန်းကို ပြန်လည်ဖော်ပြရမယ်ဆိုရင် Avengers ရုပ်ရှင်ရဲ့ နောက်ဆုံးနားမှာတော့ Loki ဟာ Hawkeye ရဲ့ မြားကြောင့် Avengers တာဝါထဲကို ပြုတ်ကျသွားပါတယ်။ တချိန်တည်းမှာပဲ Hulk ရောက်လာပြီး Loki ကို ဖြတ်တိုက်သွားပါတယ်။ အဲ့ဒီနောက်မှာတော့ Loki ဟာ သူက နတ်ဘုရားတစ်ပါး ဖြစ်ကြောင်းနဲ့ Hulk ထက် သာလွန်ကြောင်းကို ပြောနေချိန်မှာပဲ Hulk ဟာ Loki ကို ခြေထောက်ကနေ ဆွဲပြီး ကိုင်ပေါက်လိုက်ပါတယ်။ အဲ့ဒီဇာတ်ဝင်ခန်းကတော့ ပရိသတ်အများစုရဲ့ အကြိုက်ဆုံး ဇာတ်ဝင်ခန်း ဖြစ်ခဲ့ကြပြီး အခုချိန်ထိ နာမည်ကြီးနေဆဲ ဖြစ်ပါတယ်။

ဒီလို ပရိသတ်တွေကြားမှာ ရေပန်းစားခဲ့တဲ့ ဇာတ်ဝင်ခန်းကို ဘယ်လို ရိုက်ကူးခဲ့ရလည်းဆိုတာကိုတော့ Tom က Entertainment Weekly သတင်းဌာနနဲ့ အင်တာဗျူးမှာ ပြောပြခဲ့ပါတယ်။ ဒါ့အပြင် ဒီဇာတ်ဝင်ခန်း ရိုက်ကူးခဲ့ပုံကိုသိလိုက်ရရင် ပိုပြီးတော့တောင် ရယ်စရာကောင်းပါလိမ့်မယ်လို့လည်း သူက ပြောခဲ့ပါသေးတယ်။

“ကျွန်တော့်ရဲ့ ခြေကျင်းဝတ်ကို ကြိုးတစ်ချောင်းနဲ့ ချည်ထားပြီး ကင်မရာနဲ့ လွတ်တဲ့ ကြမ်းပြင်မှာတော့ ရေမြှုပ်ဖျာတစ်ခု ခင်းထားပါတယ်။ ပြီးတော့ စတန့်သမားတွေထဲက အသန်မာဆုံး သုံးယောက်လောက်က ကင်မရာနောက်ကနေ ကြိုးကို ဆွဲထားရပါတယ်။ ဒီဇာတ်ဝင်ခန်းကို ရိုက်ခဲ့ရတဲ့ အတွေ့အကြုံကတော့ အခုထိ မမေ့နိုင်သေးပါဘူး။ အဲ့ဒီရုပ်ရှင်ထွက်ပြီး နောက်ထပ် (၂)နှစ်လောက်အထိတောင် ကမ္ဘာကြီးရဲ့ ဘယ်နေရာရောက်ရောက် ‘ Mr. Loki ရေ … Hulk က ခင်ဗျားကို ကိုင်ပေါက်တဲ့ အခန်းကို တကယ်ကြိုက်တယ်ဗျာ … ‘ လို့ လူတွေက လာလာပြောကြတယ် …. ” လို့ Tom က ဒီနာမည်ကြီး ဇာတ်ဝင်ခန်းရဲ့ အမှတ်တရကို ပြောပြခဲ့ပါတယ်။

Legos

Source : Screenrant

(Zawgyi Version)

Marvel ပရိသတ္ေတြဆိုရင္ ၂၀၁၂ ခုႏွစ္က ထြက္ရွိခဲ့တဲ့ Avengers ႐ုပ္ရွင္ထဲမွာ Hulk က Loki ကို ကိုင္ေပါက္ခဲ့တဲ့ ဇာတ္ဝင္ခန္းကို မွတ္မိၾကဦးမယ္ ထင္ပါတယ္။ ဒီဇာတ္ဝင္ခန္းနဲ႔ ပတ္သက္ၿပီး Loki ေနရာမွာ သ႐ုပ္ေဆာင္ထားတဲ့ Tom Hiddleston က အဲ့ဒီဇာတ္ဝင္ခန္း ႐ိုက္ကူးခဲ့ရပုံကို ျပန္ေျပာင္း ေျပာျပခဲ့ပါတယ္။

Loki ဟာ အဲ့ဒီအခ်ိန္ကေနစၿပီး အခုထိ ပရိသတ္ေတြအားလုံး ႀကိဳက္ႏွစ္သက္ၾကတဲ့ ဗီလိန္တစ္ေယာက္ ျဖစ္လာခဲ့ပါတယ္။ အခုလက္ရွိမွာေတာ့ ကြၽန္ေတာ္တို႔ေတြ ႀကိဳက္ႏွစ္သက္တဲ့ Loki ဟာ သူ႔ရဲ႕ကိုယ္ပိုင္ဇာတ္လမ္းတြဲတစ္ခု ထြက္ရွိလာမွာ ျဖစ္ၿပီး Disney+ ကေန ျပသသြားမွာ ျဖစ္ပါတယ္။

photo via screenrant

အဆိုပါ ဇာတ္ဝင္ခန္းကို ျပန္လည္ေဖာ္ျပရမယ္ဆိုရင္ Avengers ႐ုပ္ရွင္ရဲ႕ ေနာက္ဆုံးနားမွာေတာ့ Loki ဟာ Hawkeye ရဲ႕ ျမားေၾကာင့္ Avengers တာဝါထဲကို ျပဳတ္က်သြားပါတယ္။ တခ်ိန္တည္းမွာပဲ Hulk ေရာက္လာၿပီး Loki ကို ျဖတ္တိုက္သြားပါတယ္။ အဲ့ဒီေနာက္မွာေတာ့ Loki ဟာ သူက နတ္ဘုရားတစ္ပါး ျဖစ္ေၾကာင္းနဲ႔ Hulk ထက္ သာလြန္ေၾကာင္းကို ေျပာေနခ်ိန္မွာပဲ Hulk ဟာ Loki ကို ေျခေထာက္ကေန ဆြဲၿပီး ကိုင္ေပါက္လိုက္ပါတယ္။ အဲ့ဒီဇာတ္ဝင္ခန္းကေတာ့ ပရိသတ္အမ်ားစုရဲ႕ အႀကိဳက္ဆုံး ဇာတ္ဝင္ခန္း ျဖစ္ခဲ့ၾကၿပီး အခုခ်ိန္ထိ နာမည္ႀကီးေနဆဲ ျဖစ္ပါတယ္။

ဒီလို ပရိသတ္ေတြၾကားမွာ ေရပန္းစားခဲ့တဲ့ ဇာတ္ဝင္ခန္းကို ဘယ္လို ႐ိုက္ကူးခဲ့ရလည္းဆိုတာကိုေတာ့ Tom က Entertainment Weekly သတင္းဌာနနဲ႔ အင္တာဗ်ဴးမွာ ေျပာျပခဲ့ပါတယ္။ ဒါ့အျပင္ ဒီဇာတ္ဝင္ခန္း ႐ိုက္ကူးခဲ့ပုံကိုသိလိုက္ရရင္ ပိုၿပီးေတာ့ေတာင္ ရယ္စရာေကာင္းပါလိမ့္မယ္လို႔လည္း သူက ေျပာခဲ့ပါေသးတယ္။

“ကြၽန္ေတာ့္ရဲ႕ ေျခက်င္းဝတ္ကို ႀကိဳးတစ္ေခ်ာင္းနဲ႔ ခ်ည္ထားၿပီး ကင္မရာနဲ႔ လြတ္တဲ့ ၾကမ္းျပင္မွာေတာ့ ေရျမႇဳပ္ဖ်ာတစ္ခု ခင္းထားပါတယ္။ ၿပီးေတာ့ စတန႔္သမားေတြထဲက အသန္မာဆုံး သုံးေယာက္ေလာက္က ကင္မရာေနာက္ကေန ႀကိဳးကို ဆြဲထားရပါတယ္။ ဒီဇာတ္ဝင္ခန္းကို ႐ိုက္ခဲ့ရတဲ့ အေတြ႕အႀကဳံကေတာ့ အခုထိ မေမ့ႏိုင္ေသးပါဘူး။ အဲ့ဒီ႐ုပ္ရွင္ထြက္ၿပီး ေနာက္ထပ္ (၂)ႏွစ္ေလာက္အထိေတာင္ ကမာၻႀကီးရဲ႕ ဘယ္ေနရာေရာက္ေရာက္ ‘ Mr. Loki ေရ … Hulk က ခင္ဗ်ားကို ကိုင္ေပါက္တဲ့ အခန္းကို တကယ္ႀကိဳက္တယ္ဗ်ာ … ‘ လို႔ လူေတြက လာလာေျပာၾကတယ္ …. ” လို႔ Tom က ဒီနာမည္ႀကီး ဇာတ္ဝင္ခန္းရဲ႕ အမွတ္တရကို ေျပာျပခဲ့ပါတယ္။

Legos

Source : Screenrant

RELATED ARTICLES

Most Popular