HomeCharacterကောမစ်ထဲမှာ Tony Stark တွဲခဲ့ဖူးတဲ့ Marvel ဇာတ်ကောင်များ

ကောမစ်ထဲမှာ Tony Stark တွဲခဲ့ဖူးတဲ့ Marvel ဇာတ်ကောင်များ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Tony Stark ဟာ MCU ထဲမှာတင် လူရှုပ်လူပွေ ဖြစ်ခဲ့တာ မဟုတ်ဘဲ ကောမစ်ထဲမှာလည်း အလားတူပဲ ဖြစ်ပါတယ်။ Tony ဟာ Pepper Potts နဲ့ မတွေ့ခင်အထိ ရုပ်ရည်ချောမောတဲ့ မိန်းကလေးအများစုနဲ့ တွဲခဲ့ဖူးပါတယ်။ ဒါ့အပြင် ဘယ်သူနဲ့ပဲ တွဲတွဲ သူ့စိတ်ထဲမှာတော့ အပျော်သက်သက်လို့ပဲ သတ်မှတ်ထားသူ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ ကောမစ်ထဲမှာ Tony Stark တွဲခဲ့ဖူးတဲ့ Marvel ဇာတ်ကောင်တွေကို ဖော်ပြပေးချင်ပါတယ်။

(1) Sunset Bain
photo via cbr

Tony ဟာ ကျောင်းသားဘဝကတည်းက လူရှုပ်လူပွေ ဖြစ်ခဲ့ပါတယ်။ Tony ဟာ ကျောင်းသားအရွယ်လောက်မှာတော့ Sunset Bain လို့ခေါ်တဲ့ သူ့ထက် အသက်ကြီးတဲ့ မိန်းကလေးတစ်ယောက်နဲ့ တွဲခဲ့ပါတယ်။ အဲ့ဒီကောမစ်ထဲမှာတော့ သူမဟာ Tony ကို ကြိုးကိုင်ခြယ်လှယ်ဖို့ ကြိုးစားခဲ့ပါတယ်။

Tony ဟာ ငယ်ရွယ်သေးသလို သူ့ရဲ့ရည်းစားကိုလည်း အထင်ကြီးအောင် လုပ်ပြချင်တာကြောင့် နောက်ဆုံးမှာတော့ Stark Industries ရဲ့ လျှို့ဝှက်ကုတ်ကို ပေးလိုက်မိပါတယ်။ သိပ်မကြာခင်မှာပဲ တီထွင်မှုအသစ်တွေရဲ့ ရှေ့ပြေးပုံစံများစွာ အခိုးခံလိုက်ရပြီး Tony ကိုလည်း ဖြတ်သွားပါတော့တယ်။

(2) Veronica Benning
photo via cbr

Tony ဟာ သူ့ရဲ့ ဘဝတလျှောက်မှာ မကောင်းတဲ့ အတွေ့အကြုံတွေနဲ့လည်း ကြုံတွေ့ခဲ့ရပါတယ်။ တခါတုန်းက ကောမစ်ထဲမှာတော့ Tony ဟာ ခါးရိုးကျိူးခဲ့ဖူးပါတယ်။ ဒါကြောင့်ပဲ Tony ဟာ သူ့ရဲ့ရူပကုထုံးပညာရှင်အဖြစ် Veronica Benning ကို ငှားရမ်းခဲ့ပါတယ်။ ပုံမှန်လူတစ်ယောက်လို လမ်းပြန်လျှောက်နိုင်ဖို့ ကြိုးစားနေရင်းနဲ့ Tony ဟာ Veronica နဲ့ တဖြည်းဖြည်း နီးစပ်သွားပါတယ်။ ဒါပေမယ့်လည်း အဲ့ဒီနေ့ရက်တွေကတော့ ကြာကြာမခံခဲ့ပါဘူး။ အဓိကကတော့ Tony ဟာ အကြောင်းကြောင်းနဲ့ အရက်စွဲသွားလို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ Veronica ဟာ စိတ်ပျက်သွားပြီး Tony ကို ထားရစ်ခဲ့ပါတယ်။

(3) Emma Frost
photo via cbr

The Civil War ဇာတ်လမ်းဟာ Marvel ရဲ့ အကောင်းဆုံး ကောမစ်တွေထဲကတစ်ခုလို့ ပြောလို့ရပါတယ်။ ဒီကောမစ်ထဲမှာဆိုရင် ပရိသတ်တွေဟာ Tony Stark ရဲ့ မကောင်းတဲ့ပုံစံကို ပထမဆုံးအကြိမ် မြင်တွေ့ခဲ့ရပါတယ်။ Tony ဟာ စူပါဟီးရိုးတွေကို သူ့ဘက်မှာ ပါဝင်လာဖို့ စုစည်းနေရင်း Emma Frost နဲ့ တွေ့ဆုံခဲ့ပါတယ်။

အဲ့ဒီအချိန်မှာတော့ Tony ဟာ အရင်က သူနဲ့ Emma တို့ တွဲခဲ့ဖူးတဲ့အကြောင်းကို အရိပ်အမြွက် ပြောသွားခဲ့ပါတယ်။ Emma Frost ကလည်း Tony ရဲ့ စကားကို ငြင်းဆန်ခဲ့ခြင်း မရှိပါဘူး။ Tony နဲ့ Emma တို့ တွဲခဲ့ကြတယ်ဆိုတာကိုတော့ Tony ရဲ့ ပြောစကားကြောင့်သာ သိခဲ့ရတာဖြစ်ပြီး ပရိသတ်တွေရဲ့ ရှေ့မှောက်မှာ ပုံဖော်ပြခဲ့ခြင်းတော့ မရှိခဲ့ပါဘူး။

 (4) Anna Wei
photo via cbr

Tony ဟာ သူ့ရဲ့ဝတ်စုံနဲ့အတူ ကမ္ဘာတဝှမ်းကို ခရီးသွားခဲ့ဖူးပြီး တစ်ကြိမ်မှာတော့ သူဟာ မလေးရှားနိုင်ငံရဲ့ Sarawak ပြည်နယ်မှာ ပိတ်မိသွားခဲ့ပါတယ်။ အကြောင်းကတော့ Tony တစ်ယောက် မလေးရှားမှာ စူပါဟီးရိုးလုပ်နေရင်းနဲ့ သူ့ရဲ့ဝတ်စုံ ပျက်စီးသွားလို့ပဲ ဖြစ်ပါတယ်။ အဲ့ဒီအချိန်မှာတော့ နယ်ခံဖြစ်သူ Anna Wei ဟာ သူမရဲ့သားလေးကို ကယ်တင်ခဲ့တာကြောင့် ကျေးဇူးတင်တဲ့အနေနဲ့ Tony ကို သူမရဲ့အိမ်မှာ ခိုလှုံစေခဲ့ပါတယ်။

Tony ကလည်း သူ့ရဲ့ဝတ်စုံကို ပြုပြင်ဖို့ အချိန်လိုအပ်တာကြောင့် တဖြည်းဖြည်းနဲ့ Tony နဲ့ Anna တို့ ချစ်ကြိုက်သွားကြပါတယ်။ နောက်ဆုံးမှာတော့ Tony ဟာ သူ့ရဲ့ဝတ်စုံလည်း ပြုပြင်ပြီးသွားပြီး ထွက်သွားရတော့မယ့် အချိန်ရောက်လာတာကြောင့် သူတို့နှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းဟာ ပြီးဆုံးသွားခဲ့ပါတယ်။

(5) Justine Hammer
photo via cbr

တစ်ရက်မှာတော့ Tony ဟာ သူ့ရဲ့ပျောက်ဆုံးသွားတဲ့ နည်းပညာတွေကို ခြေရာခံပြီး လိုက်လံရှာဖွေရပါတယ်။ တကယ်တော့ ဒီကိစ္စတွေကို ကြိုးကိုင်နေသူဟာ Tony ရဲ့ အဘိုးဖြစ်သူ Howard Stark Sr. ဖြစ်ပါတယ်။ Howard ဟာ Tony ကို စောင့်ကြည့်ဖို့အတွက် Justine Hammer ကို ငှားရမ်းခဲ့ပါတယ်။

ဒါကြောင့်ပဲ Justine ဟာ Tony နဲ့ နီးစပ်အောင် ကြိုးစားခဲ့ပြီး နောက်ပိုင်းမှာတော့ တွဲတဲ့အဆင့်ထိ ဖြစ်သွားပါတယ်။ ဒါပေမယ့်လည်း Tony က အမှန်တရားကို သိသွားတဲ့အချိန်မှာတော့ သူတို့နှစ်ယောက်ရဲ့ ဇာတ်လမ်းဟာ အဆုံးသတ်သွားပါတယ်။ နောက်ဆုံးမှာတော့ Tony ဟာ Howard နဲ့ Justine တို့ နှစ်ယောက်လုံးကို မရည်ရွယ်ဘဲ သတ်မိသွားပါတယ်။ ဒီအဖြစ်အပျက်ကတော့ Ultimate Comics ထဲမှာ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။

(6) Natasha Romanoff
photo via cbr

Tony နဲ့ Natasha တို့ဟာ ကောမစ်ထဲမှာတော့ မကြာခဏ တွဲခဲ့ကြဖူးပါတယ်။ သူတို့နှစ်ယောက် ပထမဆုံးအကြိမ် တွဲခဲ့တုန်းကတော့ Natasha ဟာ ရုရှားရဲ့ စပိုင်အဖြစ် တာဝန်ထမ်းဆောင်နေတာ ဖြစ်ပြီး တာဝန်အရ Tony ကို လှည့်စားခဲ့တာ ဖြစ်ပါတယ်။ Tony ဟာ အမှန်တရားကို သိရှိသွားတဲ့အချိန်မှာတော့ သူမနဲ့ ဖြတ်ဖို့ကလွဲပြီး တခြားရွေးချယ်စရာ မရှိခဲ့ပါဘူး။

Ultimate Comics ထဲမှာတော့ ဖန်တီးသူတွေဟာ သူတို့နှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းကို ပိုအသားပေး ပုံဖော်ခဲ့တာကြောင့် သူတို့နှစ်ယောက်ဟာ အားကျဖို့ကောင်းတဲ့ အတွဲတစ်တွဲ ဖြစ်လာခဲ့ပါတယ်။ ဒီအချက်တွေကြောင့်ပဲ တချို့ပရိသတ်တွေကဆိုရင် Natasha ဟာ Tony ကို Captain America ထက်တောင် ပိုပြီးနှစ်သက်တယ်လို့ မှတ်ချက်ပေးကြပါတယ်။

(7) Bethany Cabe
photo via cbr

Tony ဟာ Stark လုံခြုံရေးအဖွဲ့ထဲကို Bethany Cabe ဝင်ရောက်လာတဲ့အချိန်က စတင်ပြီး မျက်စိကျနေတာ ဖြစ်ပါတယ်။ Bethany ဟာ ဉာဏ်ကောင်းသလို လှပပြီး ဆွဲဆောင်မှုရှိတဲ့ မိန်းကလေးတစ်ယောက် ဖြစ်တာကြောင့် Tony ကလည်း ထုံးစံအတိုင်း လက်လွတ်မခံခဲ့ပါဘူး။

သူတို့နှစ်ယောက်ဟာ အစပိုင်းမှာတော့ အဆင်ပြေခဲ့ကြပေမယ့်လည်း Tony ရဲ့ အရက်စွဲလမ်းတဲ့ ပြဿနာတွေကြောင့် ဇာတ်သိမ်းသွားခဲ့ပါတယ်။ ဒါ့အပြင် Bethany ဟာ သေသွားပြီလို့ ထင်ထားတဲ့ သူမရဲ့ ခင်ပွန်းဖြစ်သူက အသက်ရှင်နေတာကို သိလိုက်ရတဲ့အချိန်မှာတော့ Tony နဲ့ Bethany တို့ ဇာတ်လမ်းဟာ ဘယ်လိုမှ ရှေ့ဆက်လို့ မရတော့ပါဘူး။

(8) Maria Hill
photo via cbr

Tony နဲ့ Maria Hill တို့ဟာ မကြာခဏ အလုပ်တွဲလုပ်ခဲ့ဖူးပေမယ့်လည်း သူတို့နှစ်ယောက်လုံးဟာ ပညာရှင်ဆန်ဆန်ပဲ ဆက်ဆံခဲ့ကြပါတယ်။ ဒါပေမယ့်လည်း ကမ္ဘာကြီးဟာ အဆုံးသတ်တော့မယ်လို့ ထင်ရတဲ့ ဇာတ်လမ်းတစ်ခုမှာတော့ သူတို့နှစ်ယောက်လုံးဟာ သူတို့ရဲ့ စိတ်ဆန္ဒတွေကို အရှုံးပေးလိုက်ကြပါတယ်။ ဒါပေမယ့်လည်း သူတို့ဟာ အချိန်ခဏလေးပဲ ဒီလိုဖြစ်ခဲ့ကြပြီး နောက်ပိုင်းမှာတော့ ကမ္ဘာကြီးကို ကာကွယ်ဖို့ ပြန်လည်တိုက်ခိုက်ရပါတော့တယ်။

(9) She-Hulk
photo via cbr

Jennifer Walters ဟာလည်း Marvel ဇာတ်ကောင်တွေ အတော်များများနဲ့ တွဲခဲ့ဖူးပါတယ်။ ဒါကြောင့်ပဲ Jennifer ဟာ Tony နဲ့လည်း တွဲခဲ့ဖူးတယ် ဆိုတာဟာ အံ့ဩစရာတော့ မဟုတ်ပါဘူး။ ထူးခြားတဲ့ အချက်ကတော့ သူတို့နှစ်ယောက်လုံးဟာ တစ်ယောက်နဲ့ တစ်ယောက် အပျော်သက်သက်ပဲ သဘောထားပြီး တွဲခဲ့ကြတာပါပဲ။ ဒါပေမယ့်လည်း တစ်ချိန်မှာတော့ သူတို့ဟာ တစ်ယောက်နဲ့ တစ်ယောက် ဘဝလက်တွဲဖော်အဖြစ် ရွေးချယ်ဖို့တော့ စဉ်းစားခဲ့ကြဖူးပါသေးတယ်။

(10) Wasp
photo via cbr

Janet Van Dyne တဖြစ်လည်း Wasp နဲ့ Tony တို့ တွဲခဲ့ကြဖူးတယ်ဆိုတဲ့ အချက်ကတော့ ပရိသတ်တွေ မမျှော်လင့်ထားတဲ့ အချက်တစ်ခုပဲ ဖြစ်ပါတယ်။ Tony နဲ့ Janet တို့ဟာ Avengers အဖွဲ့ဝင်တွေအနေနဲ့ အတူတူ တိုက်ခိုက်ခဲ့ကြဖူးပါတယ်။ Janet ဟာ သူမရဲ့ ခင်ပွန်းဖြစ်သူနဲ့ ကွာရှင်းလိုက်တဲ့ အချိန်မှာတော့ သူမဟာ Tony နဲ့ နီးစပ်လာခဲ့ပါတယ်။

Janet ရဲ့ ခင်ပွန်းဟောင်းဟာလည်း Tony ရဲ့ သူငယ်ချင်းဖြစ်နေပြီး အဲ့ဒီအကြောင်းကို Tony ဟာ Janet ကို မပြောပြခဲ့ပါဘူး။ Captain America ဟာလည်း Tony က အခုလိုမျိူး ထိန်ချန်ထားတာကို သဘောမကျပါဘူး။ နောက်ဆုံးမှာတော့ Janet ဟာ Tony နဲ့ သူမရဲ့ခင်ပွန်းဟောင်းတို့ အကြောင်းကို သိရှိသွားပြီး သူတို့နှစ်ယောက်ရဲ့ ဇာတ်လမ်းဟာ အဆုံးသတ်သွားပါတော့တယ်။

ဒါကတော့ ကောမစ်ထဲမှာ Tony Stark တွဲခုတ်ခဲ့ဖူးတဲ့ Marvel ဇာတ်ကောင်တွေပဲ ဖြစ်ပါတယ်။ ဒီလိုဆောင်းပါးတွေ ဖတ်ရတာ နှစ်သက်တယ်ဆိုရင် ဆံရစ်ဝိုင်းပေ့ချ်ကို Like & Follow လုပ်ထားပေးပါဦး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Tony Stark ဟာ MCU ထဲမွာတင္ လူရႈပ္လူေပြ ျဖစ္ခဲ့တာ မဟုတ္ဘဲ ေကာမစ္ထဲမွာလည္း အလားတူပဲ ျဖစ္ပါတယ္။ Tony ဟာ Pepper Potts နဲ႔ မေတြ႕ခင္အထိ ႐ုပ္ရည္ေခ်ာေမာတဲ့ မိန္းကေလးအမ်ားစုနဲ႔ တြဲခဲ့ဖူးပါတယ္။ ဒါ့အျပင္ ဘယ္သူနဲ႔ပဲ တြဲတြဲ သူ႔စိတ္ထဲမွာေတာ့ အေပ်ာ္သက္သက္လို႔ပဲ သတ္မွတ္ထားသူ ျဖစ္ပါတယ္။ ဒါေၾကာင့္ပဲ ဒီတစ္ခါမွာေတာ့ ေကာမစ္ထဲမွာ Tony Stark တြဲခဲ့ဖူးတဲ့ Marvel ဇာတ္ေကာင္ေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

(1) Sunset Bain
photo via cbr

Tony ဟာ ေက်ာင္းသားဘဝကတည္းက လူရႈပ္လူေပြ ျဖစ္ခဲ့ပါတယ္။ Tony ဟာ ေက်ာင္းသားအ႐ြယ္ေလာက္မွာေတာ့ Sunset Bain လို႔ေခၚတဲ့ သူ႔ထက္ အသက္ႀကီးတဲ့ မိန္းကေလးတစ္ေယာက္နဲ႔ တြဲခဲ့ပါတယ္။ အဲ့ဒီေကာမစ္ထဲမွာေတာ့ သူမဟာ Tony ကို ႀကိဳးကိုင္ျခယ္လွယ္ဖို႔ ႀကိဳးစားခဲ့ပါတယ္။

Tony ဟာ ငယ္႐ြယ္ေသးသလို သူ႔ရဲ႕ရည္းစားကိုလည္း အထင္ႀကီးေအာင္ လုပ္ျပခ်င္တာေၾကာင့္ ေနာက္ဆုံးမွာေတာ့ Stark Industries ရဲ႕ လွ်ိဳ႕ဝွက္ကုတ္ကို ေပးလိုက္မိပါတယ္။ သိပ္မၾကာခင္မွာပဲ တီထြင္မႈအသစ္ေတြရဲ႕ ေရွ႕ေျပးပုံစံမ်ားစြာ အခိုးခံလိုက္ရၿပီး Tony ကိုလည္း ျဖတ္သြားပါေတာ့တယ္။

(2) Veronica Benning
photo via cbr

Tony ဟာ သူ႔ရဲ႕ ဘဝတေလွ်ာက္မွာ မေကာင္းတဲ့ အေတြ႕အႀကဳံေတြနဲ႔လည္း ႀကဳံေတြ႕ခဲ့ရပါတယ္။ တခါတုန္းက ေကာမစ္ထဲမွာေတာ့ Tony ဟာ ခါး႐ိုးက်ိဴးခဲ့ဖူးပါတယ္။ ဒါေၾကာင့္ပဲ Tony ဟာ သူ႔ရဲ႕႐ူပကုထုံးပညာရွင္အျဖစ္ Veronica Benning ကို ငွားရမ္းခဲ့ပါတယ္။ ပုံမွန္လူတစ္ေယာက္လို လမ္းျပန္ေလွ်ာက္ႏိုင္ဖို႔ ႀကိဳးစားေနရင္းနဲ႔ Tony ဟာ Veronica နဲ႔ တျဖည္းျဖည္း နီးစပ္သြားပါတယ္။ ဒါေပမယ့္လည္း အဲ့ဒီေန႔ရက္ေတြကေတာ့ ၾကာၾကာမခံခဲ့ပါဘူး။ အဓိကကေတာ့ Tony ဟာ အေၾကာင္းေၾကာင္းနဲ႔ အရက္စြဲသြားလို႔ပဲ ျဖစ္ပါတယ္။ ဒါေၾကာင့္ပဲ Veronica ဟာ စိတ္ပ်က္သြားၿပီး Tony ကို ထားရစ္ခဲ့ပါတယ္။

(3) Emma Frost
photo via cbr

The Civil War ဇာတ္လမ္းဟာ Marvel ရဲ႕ အေကာင္းဆုံး ေကာမစ္ေတြထဲကတစ္ခုလို႔ ေျပာလို႔ရပါတယ္။ ဒီေကာမစ္ထဲမွာဆိုရင္ ပရိသတ္ေတြဟာ Tony Stark ရဲ႕ မေကာင္းတဲ့ပုံစံကို ပထမဆုံးအႀကိမ္ ျမင္ေတြ႕ခဲ့ရပါတယ္။ Tony ဟာ စူပါဟီး႐ိုးေတြကို သူ႔ဘက္မွာ ပါဝင္လာဖို႔ စုစည္းေနရင္း Emma Frost နဲ႔ ေတြ႕ဆုံခဲ့ပါတယ္။

အဲ့ဒီအခ်ိန္မွာေတာ့ Tony ဟာ အရင္က သူနဲ႔ Emma တို႔ တြဲခဲ့ဖူးတဲ့အေၾကာင္းကို အရိပ္အႁမြက္ ေျပာသြားခဲ့ပါတယ္။ Emma Frost ကလည္း Tony ရဲ႕ စကားကို ျငင္းဆန္ခဲ့ျခင္း မရွိပါဘူး။ Tony နဲ႔ Emma တို႔ တြဲခဲ့ၾကတယ္ဆိုတာကိုေတာ့ Tony ရဲ႕ ေျပာစကားေၾကာင့္သာ သိခဲ့ရတာျဖစ္ၿပီး ပရိသတ္ေတြရဲ႕ ေရွ႕ေမွာက္မွာ ပုံေဖာ္ျပခဲ့ျခင္းေတာ့ မရွိခဲ့ပါဘူး။

(4) Anna Wei
photo via cbr

Tony ဟာ သူ႔ရဲ႕ဝတ္စုံနဲ႔အတူ ကမာၻတဝွမ္းကို ခရီးသြားခဲ့ဖူးၿပီး တစ္ႀကိမ္မွာေတာ့ သူဟာ မေလးရွားႏိုင္ငံရဲ႕ Sarawak ျပည္နယ္မွာ ပိတ္မိသြားခဲ့ပါတယ္။ အေၾကာင္းကေတာ့ Tony တစ္ေယာက္ မေလးရွားမွာ စူပါဟီး႐ိုးလုပ္ေနရင္းနဲ႔ သူ႔ရဲ႕ဝတ္စုံ ပ်က္စီးသြားလို႔ပဲ ျဖစ္ပါတယ္။ အဲ့ဒီအခ်ိန္မွာေတာ့ နယ္ခံျဖစ္သူ Anna Wei ဟာ သူမရဲ႕သားေလးကို ကယ္တင္ခဲ့တာေၾကာင့္ ေက်းဇူးတင္တဲ့အေနနဲ႔ Tony ကို သူမရဲ႕အိမ္မွာ ခိုလႈံေစခဲ့ပါတယ္။

Tony ကလည္း သူ႔ရဲ႕ဝတ္စုံကို ျပဳျပင္ဖို႔ အခ်ိန္လိုအပ္တာေၾကာင့္ တျဖည္းျဖည္းနဲ႔ Tony နဲ႔ Anna တို႔ ခ်စ္ႀကိဳက္သြားၾကပါတယ္။ ေနာက္ဆုံးမွာေတာ့ Tony ဟာ သူ႔ရဲ႕ဝတ္စုံလည္း ျပဳျပင္ၿပီးသြားၿပီး ထြက္သြားရေတာ့မယ့္ အခ်ိန္ေရာက္လာတာေၾကာင့္ သူတို႔ႏွစ္ေယာက္ရဲ႕ အခ်စ္ဇာတ္လမ္းဟာ ၿပီးဆုံးသြားခဲ့ပါတယ္။

(5) Justine Hammer
photo via cbr

တစ္ရက္မွာေတာ့ Tony ဟာ သူ႔ရဲ႕ေပ်ာက္ဆုံးသြားတဲ့ နည္းပညာေတြကို ေျခရာခံၿပီး လိုက္လံရွာေဖြရပါတယ္။ တကယ္ေတာ့ ဒီကိစၥေတြကို ႀကိဳးကိုင္ေနသူဟာ Tony ရဲ႕ အဘိုးျဖစ္သူ Howard Stark Sr. ျဖစ္ပါတယ္။ Howard ဟာ Tony ကို ေစာင့္ၾကည့္ဖို႔အတြက္ Justine Hammer ကို ငွားရမ္းခဲ့ပါတယ္။

ဒါေၾကာင့္ပဲ Justine ဟာ Tony နဲ႔ နီးစပ္ေအာင္ ႀကိဳးစားခဲ့ၿပီး ေနာက္ပိုင္းမွာေတာ့ တြဲတဲ့အဆင့္ထိ ျဖစ္သြားပါတယ္။ ဒါေပမယ့္လည္း Tony က အမွန္တရားကို သိသြားတဲ့အခ်ိန္မွာေတာ့ သူတို႔ႏွစ္ေယာက္ရဲ႕ ဇာတ္လမ္းဟာ အဆုံးသတ္သြားပါတယ္။ ေနာက္ဆုံးမွာေတာ့ Tony ဟာ Howard နဲ႔ Justine တို႔ ႏွစ္ေယာက္လုံးကို မရည္႐ြယ္ဘဲ သတ္မိသြားပါတယ္။ ဒီအျဖစ္အပ်က္ကေတာ့ Ultimate Comics ထဲမွာ ပါဝင္ခဲ့တာ ျဖစ္ပါတယ္။

(6) Natasha Romanoff
photo via cbr

Tony နဲ႔ Natasha တို႔ဟာ ေကာမစ္ထဲမွာေတာ့ မၾကာခဏ တြဲခဲ့ၾကဖူးပါတယ္။ သူတို႔ႏွစ္ေယာက္ ပထမဆုံးအႀကိမ္ တြဲခဲ့တုန္းကေတာ့ Natasha ဟာ ႐ုရွားရဲ႕ စပိုင္အျဖစ္ တာဝန္ထမ္းေဆာင္ေနတာ ျဖစ္ၿပီး တာဝန္အရ Tony ကို လွည့္စားခဲ့တာ ျဖစ္ပါတယ္။ Tony ဟာ အမွန္တရားကို သိရွိသြားတဲ့အခ်ိန္မွာေတာ့ သူမနဲ႔ ျဖတ္ဖို႔ကလြဲၿပီး တျခားေ႐ြးခ်ယ္စရာ မရွိခဲ့ပါဘူး။

Ultimate Comics ထဲမွာေတာ့ ဖန္တီးသူေတြဟာ သူတို႔ႏွစ္ေယာက္ရဲ႕ အခ်စ္ဇာတ္လမ္းကို ပိုအသားေပး ပုံေဖာ္ခဲ့တာေၾကာင့္ သူတို႔ႏွစ္ေယာက္ဟာ အားက်ဖို႔ေကာင္းတဲ့ အတြဲတစ္တြဲ ျဖစ္လာခဲ့ပါတယ္။ ဒီအခ်က္ေတြေၾကာင့္ပဲ တခ်ိဳ႕ပရိသတ္ေတြကဆိုရင္ Natasha ဟာ Tony ကို Captain America ထက္ေတာင္ ပိုၿပီးႏွစ္သက္တယ္လို႔ မွတ္ခ်က္ေပးၾကပါတယ္။

(7) Bethany Cabe
photo via cbr

Tony ဟာ Stark လုံၿခဳံေရးအဖြဲ႕ထဲကို Bethany Cabe ဝင္ေရာက္လာတဲ့အခ်ိန္က စတင္ၿပီး မ်က္စိက်ေနတာ ျဖစ္ပါတယ္။ Bethany ဟာ ဉာဏ္ေကာင္းသလို လွပၿပီး ဆြဲေဆာင္မႈရွိတဲ့ မိန္းကေလးတစ္ေယာက္ ျဖစ္တာေၾကာင့္ Tony ကလည္း ထုံးစံအတိုင္း လက္လြတ္မခံခဲ့ပါဘူး။

သူတို႔ႏွစ္ေယာက္ဟာ အစပိုင္းမွာေတာ့ အဆင္ေျပခဲ့ၾကေပမယ့္လည္း Tony ရဲ႕ အရက္စြဲလမ္းတဲ့ ျပႆနာေတြေၾကာင့္ ဇာတ္သိမ္းသြားခဲ့ပါတယ္။ ဒါ့အျပင္ Bethany ဟာ ေသသြားၿပီလို႔ ထင္ထားတဲ့ သူမရဲ႕ ခင္ပြန္းျဖစ္သူက အသက္ရွင္ေနတာကို သိလိုက္ရတဲ့အခ်ိန္မွာေတာ့ Tony နဲ႔ Bethany တို႔ ဇာတ္လမ္းဟာ ဘယ္လိုမွ ေရွ႕ဆက္လို႔ မရေတာ့ပါဘူး။

(8) Maria Hill
photo via cbr

Tony နဲ႔ Maria Hill တို႔ဟာ မၾကာခဏ အလုပ္တြဲလုပ္ခဲ့ဖူးေပမယ့္လည္း သူတို႔ႏွစ္ေယာက္လုံးဟာ ပညာရွင္ဆန္ဆန္ပဲ ဆက္ဆံခဲ့ၾကပါတယ္။ ဒါေပမယ့္လည္း ကမာၻႀကီးဟာ အဆုံးသတ္ေတာ့မယ္လို႔ ထင္ရတဲ့ ဇာတ္လမ္းတစ္ခုမွာေတာ့ သူတို႔ႏွစ္ေယာက္လုံးဟာ သူတို႔ရဲ႕ စိတ္ဆႏၵေတြကို အရႈံးေပးလိုက္ၾကပါတယ္။ ဒါေပမယ့္လည္း သူတို႔ဟာ အခ်ိန္ခဏေလးပဲ ဒီလိုျဖစ္ခဲ့ၾကၿပီး ေနာက္ပိုင္းမွာေတာ့ ကမာၻႀကီးကို ကာကြယ္ဖို႔ ျပန္လည္တိုက္ခိုက္ရပါေတာ့တယ္။

(9) She-Hulk
photo via cbr

Jennifer Walters ဟာလည္း Marvel ဇာတ္ေကာင္ေတြ အေတာ္မ်ားမ်ားနဲ႔ တြဲခဲ့ဖူးပါတယ္။ ဒါေၾကာင့္ပဲ Jennifer ဟာ Tony နဲ႔လည္း တြဲခဲ့ဖူးတယ္ ဆိုတာဟာ အံ့ဩစရာေတာ့ မဟုတ္ပါဘူး။ ထူးျခားတဲ့ အခ်က္ကေတာ့ သူတို႔ႏွစ္ေယာက္လုံးဟာ တစ္ေယာက္နဲ႔ တစ္ေယာက္ အေပ်ာ္သက္သက္ပဲ သေဘာထားၿပီး တြဲခဲ့ၾကတာပါပဲ။ ဒါေပမယ့္လည္း တစ္ခ်ိန္မွာေတာ့ သူတို႔ဟာ တစ္ေယာက္နဲ႔ တစ္ေယာက္ ဘဝလက္တြဲေဖာ္အျဖစ္ ေ႐ြးခ်ယ္ဖို႔ေတာ့ စဥ္းစားခဲ့ၾကဖူးပါေသးတယ္။

(10) Wasp
photo via cbr

Janet Van Dyne တျဖစ္လည္း Wasp နဲ႔ Tony တို႔ တြဲခဲ့ၾကဖူးတယ္ဆိုတဲ့ အခ်က္ကေတာ့ ပရိသတ္ေတြ မေမွ်ာ္လင့္ထားတဲ့ အခ်က္တစ္ခုပဲ ျဖစ္ပါတယ္။ Tony နဲ႔ Janet တို႔ဟာ Avengers အဖြဲ႕ဝင္ေတြအေနနဲ႔ အတူတူ တိုက္ခိုက္ခဲ့ၾကဖူးပါတယ္။ Janet ဟာ သူမရဲ႕ ခင္ပြန္းျဖစ္သူနဲ႔ ကြာရွင္းလိုက္တဲ့ အခ်ိန္မွာေတာ့ သူမဟာ Tony နဲ႔ နီးစပ္လာခဲ့ပါတယ္။

Janet ရဲ႕ ခင္ပြန္းေဟာင္းဟာလည္း Tony ရဲ႕ သူငယ္ခ်င္းျဖစ္ေနၿပီး အဲ့ဒီအေၾကာင္းကို Tony ဟာ Janet ကို မေျပာျပခဲ့ပါဘူး။ Captain America ဟာလည္း Tony က အခုလိုမ်ိဴး ထိန္ခ်န္ထားတာကို သေဘာမက်ပါဘူး။ ေနာက္ဆုံးမွာေတာ့ Janet ဟာ Tony နဲ႔ သူမရဲ႕ခင္ပြန္းေဟာင္းတို႔ အေၾကာင္းကို သိရွိသြားၿပီး သူတို႔ႏွစ္ေယာက္ရဲ႕ ဇာတ္လမ္းဟာ အဆုံးသတ္သြားပါေတာ့တယ္။

ဒါကေတာ့ ေကာမစ္ထဲမွာ Tony Stark တြဲခုတ္ခဲ့ဖူးတဲ့ Marvel ဇာတ္ေကာင္ေတြပဲ ျဖစ္ပါတယ္။ ဒီလိုေဆာင္းပါးေတြ ဖတ္ရတာ ႏွစ္သက္တယ္ဆိုရင္ ဆံရစ္ဝိုင္းေပ့ခ်္ကို Like & Follow လုပ္ထားေပးပါဦး။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular