HomeEntertainmentFilmToy Story ဇာတ်လမ်းထဲက Buzz Lightyear နဲ့ ပတ်သက်တဲ့ စိတ်ဝင်စားစရာအချက်များ

Toy Story ဇာတ်လမ်းထဲက Buzz Lightyear နဲ့ ပတ်သက်တဲ့ စိတ်ဝင်စားစရာအချက်များ

 ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

၁၉၉၅ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Toy Story ဇာတ်ကားဟာ ကလေးလူကြီး အကုန်လုံး ကြိုက်နှစ်သက်ကြတဲ့ animated movie တစ်ခုဖြစ်ပြီးတော့ စီးပွားရေးအရဆိုရင်လည်း အတော်လေး အောင်မြင်ခဲ့ပါတယ်။ အဲ့ဒီဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင်တစ်ယောက် ဖြစ်တဲ့ Buzz ဟာလည်း Woody နဲ့အတူ အောင်မြင်ခဲ့ပြီး သူ့ရဲ့ကိုယ်ပိုင်ကာတွန်းနဲ့ ဂိမ်းတွေတောင်မှ ရှိပါသေးတယ်။ အဲ့ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ Buzz နဲ့ ပတ်သက်ပြီး လူသိပ်မသိသေးတဲ့ အချက်တွေကို ဖော်ပြပေးချင်ပါတယ်။

မူလဖန်တီးစဉ်က နာမည်ရော သွင်ပြင်ပါ မတူညီခဲ့ပါဘူး။
photo via screenrant

Toy Story ကို စတင်ဖန်တီးခဲ့တဲ့အချိန်မှာ Pixar ဟာ Buzz အတွက် ပုံကြမ်းတွေ အမျိူးမျိူး ဖန်တီးခဲ့သလို နာမည်တွေအများကြီးလည်း စဉ်းစားခဲ့ကြပါတယ်။ အစတုန်းကတော့ Buzz ကို Lunar Larry ဆိုတဲ့ နာမည်ကိုပေးဖို့ စဉ်းစားခဲ့ကြပြီး အဲ့ဒီနာမည်ကိုသာ တကယ်ပေးခဲ့မယ်ဆိုရင် Buzz Lightyear ဆိုတဲ့ နာမည်လောက်တော့ မှတ်မိချင်စရာကောင်းမှာ မဟုတ်ပါဘူး။

အဲ့ဒီနောက်မှာတော့ Buzz ဟာ အာကာသနဲ့ သက်ဆိုင်တဲ့ဇာတ်ကောင် ဖြစ်တာကြောင့် အာကာသနဲ့ ပတ်သက်တဲ့ နာမည်တစ်မျိူးကိုပေးဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ အဲ့ဒီအချိန်မှာ ပထမဆုံး စဉ်းစားမိခဲ့ကြတာတော့ အမေရိကန် အာကာသယာဉ်မှူး Buzz Aldrin ဖြစ်လို့ ဒီဇာတ်ကောင်နာမည်ကို Buzz Lightyear လို့ မှည့်ခဲ့ကြတာ ဖြစ်ပါတယ်။

မူလက Buzz နေရာမှာ Jim Carrey ကို အသံသရုပ်ဆောင်စေချင်ခဲ့တာ ဖြစ်ပါတယ်။
photo via screenrant

Jim Carrey ဟာ ၁၉၉၀ကျော်လောက်မှာ အလွန်နာမည်ကြီးတဲ့ ဟာသသရုပ်ဆောင်တစ်ယောက် ဖြစ်ခဲ့ပြီး Pixar ကလည်း Buzz နေရာမှာ သူ့ကို အသံသရုပ်ဆောင်စေချင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း နောက်ပိုင်းမှာတော့ Buzz ဇာတ်ကောင်ဟာ ဟာသတွေ အမြဲပြုလုပ်နေတဲ့ ဇာတ်ကောင် မဟုတ်တာကြောင့် Jim Carrey နဲ့ ဒီဇာတ်ကောင်ဟာ မလိုက်ဖက်လောက်ဘူးလို့လည်း ယူဆခဲ့သလို Jim Carrey ရဲ့သရုပ်ဆောင်ကြေးကလည်း သူတို့ပေးနိုင်တဲ့ ဈေးထက် များနေတာကြောင့် မကမ်းလှမ်းခဲ့ပါဘူး။ အဲ့ဒါနဲ့ပဲ နောက်ဆုံးမှာတော့ ဒီဇာတ်ကောင်အတွက် Tim Allen က အသံသရုပ်ဆောင် ဖြစ်သွားခဲ့ပါတယ်။

ကနဦး ဖန်တီးစဉ်က Buzz ရဲ့အရောင်ဟာ အနီရောင် ဖြစ်ပါတယ်။
photo via screenrant

Buzz Lightyear လို့ ပြောလိုက်တာနဲ့ လူတိုင်းဟာ အဖြူရောင်၊ ခရမ်းရောင်နဲ့ အစိမ်းရောင်တွေ ရောစပ်ထားတဲ့ space ranger အရုပ်လေးကို ပြေးမြင်မိကြမှာပါ။ ဒါပေမယ့်လည်း Buzz ကို စတင်ဖန်တီးတဲ့ အချိန်တုန်းကတော့ Pixar ဟာ ဘယ်လိုပုံစံမျိူးနဲ့ဆိုရင် ပိုပြီးတော့ လူကြိုက်များမလည်းဆိုပြီး စမ်းသပ်ခဲ့တာတွေ ရှိပါတယ်။ အဲ့ဒီအချိန်တုန်းကတော့ Buzz ရဲ့ ခန္ဓာကိုယ်အရောင်ဟာ အခုလိုမျိူး မဟုတ်ဘဲ အနီရောင်ကို အသုံးပြုခဲ့ပြီး Woody ထက်လည်း အရပ်ပုပါတယ်။

Buzz ဟာ Woody က သတ်တာတောင် ခံရမလို ဖြစ်ခဲ့ဖူးပါတယ်။
photo via screenrant

Pixar ဟာ Toy Story ကို ဗားရှင်းနှစ်မျိုးနဲ့ ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ တစ်မျိုးကတော့ သူ့ဘာသာ စမ်းသပ်ထားတဲ့ဗားရှင်း ဖြစ်ပြီး နောက်တစ်မျိုးကတော့ ပရိသတ်တွေ လက်ထဲကို ပေးခဲ့တဲ့ အချောသတ်ဗားရှင်း ဖြစ်ပါတယ်။ အပေါ်မှာ ဖော်ပြခဲ့တဲ့ အချက်အများစုကလည်း စမ်းသပ်ထားတဲ့ ဗားရှင်းထဲက အချက်တွေ ဖြစ်ပြီးတော့ အဲ့ဒီဗားရှင်းနှစ်မျိုးဟာ ဇာတ်လမ်းတွေလည်း မတူညီကြပါဘူး။ နဂိုစမ်းသပ်ထားတဲ့ ဗားရှင်းထဲမှာတော့ Woody ဟာ အခုလိုမျိူး မဟုတ်ဘဲ လူယုတ်မာပုံစံမျိူး ဖန်တီးထားပြီးတော့ Buzz ကိုတောင် ပြတင်းပေါက်က တွန်းချပြီး သတ်ပစ်ဖို့အတွက် ကြိုးစားခဲ့ပါတယ်။

Jessie ဟာ Tom Hanks နဲ့ Tim Allen ကို မျက်ရည်ကျစေခဲ့ပါတယ်။
photo via screenrant

ဒီအဖြစ်အပျက်ကတော့ Tom Hanks ကိုယ်တိုင်က ပြောပြခဲ့တာပဲ ဖြစ်ပါတယ်။ အဲ့ဒါကတော့ Toy Story 2 ထဲမှာ ပါဝင်တဲ့ Jessie ရဲ့ origin တွေကို ပြသသွားတဲ့ “When Somebody Love Me” ဆိုတဲ့ ဇာတ်ဝင်ခန်းဟာ ပရိသတ်အများစုကို မျက်ရည်ကျစေခဲ့ပါတယ်။ အဲ့ဒီအချက်ဟာ အသံသရုပ်ဆောင်တွေအတွက်လည်း အတူတူပဲ ဖြစ်ပြီး အဲ့ဒီဇာတ်ဝင်ခန်းကို ပထမဆုံး မြင်တွေ့ရတဲ့အချိန်မှာတော့ Woody နေရာမှာ သရုပ်ဆောင်တဲ့ မင်းသားကြီး Tom Hanks နဲ့ Buzz နေရာမှာ သရုပ်ဆောင်တဲ့ Tim Allen တို့ကပါ ဟတ်ထိပြီး မျက်ရည်ကျခဲ့ရတာ ဖြစ်ပါတယ်။

Toy Story 3 မှာ မတူညီတဲ့ ဇာတ်လမ်းလည်း ရှိပါသေးတယ်။
photo via screenrant

Toy Story 2 ဟာ ၁၉၉၉ခုနှစ်မှာ ထွက်ရှိခဲ့ပြီးတော့ ၂၀၁၀ခုနှစ်ကျမှသာ Toy Story 3 ဟာ ထွက်ရှိလာတာ ဖြစ်ပါတယ်။ ကြားထဲမှာ အချိန်တွေနှစ်နဲ့ချီပြီး ကြာနေရတဲ့ အကြောင်းကတော့ Disney နဲ့ Pixar တို့ရဲ့ ပြဿနာတွေကလည်း တစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင်ပါတယ်။

ဖြစ်ပုံကတော့ ၂၀၀၅ခုနှစ်လောက်မှာ Disney နဲ့ Pixar တို့ဟာ ခွဲထွက်ကြတော့မလို ဖြစ်ခဲ့ပါတယ်။ အဲ့ဒါကြောင့် Disney ဟာ Toy Story 3 ကို ဖန်တီးဖို့အတွက် နောက်ထပ် animation အဖွဲ့ကို စုစည်းခဲ့ပါတယ်။ အဲ့ဒီဗားရှင်းထဲမှာတော့ Buzz ဟာ အကြောင်းတစ်ခုကြောင့် ထိုင်ဝမ်မြို့ကို ရောက်သွားခဲ့ပါတယ်။ ဒီမှာတင် တစ်ခြားအရုပ်တွေက သူ့ကို ပြန်လည်ခေါ်ယူဖို့အတွက် စွန့်စားခန်း ထွက်ကြပုံကို ဖန်တီးထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် အဲ့ဒီဇာတ်လမ်းထဲမှာတော့ အရေးပါဆုံး ဇာတ်ကောင်ဟာ Buzz ဖြစ်ပြီး ကျွန်တော်တို့ ကြည့်ရှုခဲ့တဲ့ Toy Story 3 ထဲကလို Woody က အရေးကြီးဆုံး ဇာတ်ကောင် မဟုတ်ခဲ့ပါဘူး။

ဒါကတော့ Toy Story ဇာတ်ကားထဲက ဇာတ်ကောင်လေး Buzz Lightyear နဲ့ ပတ်သက်တဲ့ လူသိနည်းသေးတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။ ဒီလိုဆောင်းပါးတွေ ဖတ်ရတာ စိတ်ဝင်စားတယ်ဆိုရင်တော့ ဆံရစ်ဝိုင်းပေ့ချ်ကို Like & See First လုပ်ထားပေးပါလို့ တိုက်တွန်းလိုက်ရပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

၁၉၉၅ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ Toy Story ဇာတ္ကားဟာ ကေလးလူႀကီး အကုန္လုံး ႀကိဳက္ႏွစ္သက္ၾကတဲ့ animated movie တစ္ခုျဖစ္ၿပီးေတာ့ စီးပြားေရးအရဆိုရင္လည္း အေတာ္ေလး ေအာင္ျမင္ခဲ့ပါတယ္။ အဲ့ဒီဇာတ္လမ္းရဲ႕ အဓိကဇာတ္ေကာင္တစ္ေယာက္ ျဖစ္တဲ့ Buzz ဟာလည္း Woody နဲ႔အတူ ေအာင္ျမင္ခဲ့ၿပီး သူ႔ရဲ႕ကိုယ္ပိုင္ကာတြန္းနဲ႔ ဂိမ္းေတြေတာင္မွ ရွိပါေသးတယ္။ အဲ့ဒါေၾကာင့္ပဲ ဒီတစ္ခါမွာေတာ့ Buzz နဲ႔ ပတ္သက္ၿပီး လူသိပ္မသိေသးတဲ့ အခ်က္ေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

မူလဖန္တီးစဥ္က နာမည္ေရာ သြင္ျပင္ပါ မတူညီခဲ့ပါဘူး။
photo via screenrant

Toy Story ကို စတင္ဖန္တီးခဲ့တဲ့အခ်ိန္မွာ Pixar ဟာ Buzz အတြက္ ပုံၾကမ္းေတြ အမ်ိဴးမ်ိဴး ဖန္တီးခဲ့သလို နာမည္ေတြအမ်ားႀကီးလည္း စဥ္းစားခဲ့ၾကပါတယ္။ အစတုန္းကေတာ့ Buzz ကို Lunar Larry ဆိုတဲ့ နာမည္ကိုေပးဖို႔ စဥ္းစားခဲ့ၾကၿပီး အဲ့ဒီနာမည္ကိုသာ တကယ္ေပးခဲ့မယ္ဆိုရင္ Buzz Lightyear ဆိုတဲ့ နာမည္ေလာက္ေတာ့ မွတ္မိခ်င္စရာေကာင္းမွာ မဟုတ္ပါဘူး။

အဲ့ဒီေနာက္မွာေတာ့ Buzz ဟာ အာကာသနဲ႔ သက္ဆိုင္တဲ့ဇာတ္ေကာင္ ျဖစ္တာေၾကာင့္ အာကာသနဲ႔ ပတ္သက္တဲ့ နာမည္တစ္မ်ိဴးကိုေပးဖို႔ ဆုံးျဖတ္ခဲ့ၾကပါတယ္။ အဲ့ဒီအခ်ိန္မွာ ပထမဆုံး စဥ္းစားမိခဲ့ၾကတာေတာ့ အေမရိကန္ အာကာသယာဥ္မႉး Buzz Aldrin ျဖစ္လို႔ ဒီဇာတ္ေကာင္နာမည္ကို Buzz Lightyear လို႔ မွည့္ခဲ့ၾကတာ ျဖစ္ပါတယ္။

မူလက Buzz ေနရာမွာ Jim Carrey ကို အသံသ႐ုပ္ေဆာင္ေစခ်င္ခဲ့တာ ျဖစ္ပါတယ္။
photo via screenrant

Jim Carrey ဟာ ၁၉၉၀ေက်ာ္ေလာက္မွာ အလြန္နာမည္ႀကီးတဲ့ ဟာသသ႐ုပ္ေဆာင္တစ္ေယာက္ ျဖစ္ခဲ့ၿပီး Pixar ကလည္း Buzz ေနရာမွာ သူ႔ကို အသံသ႐ုပ္ေဆာင္ေစခ်င္ခဲ့တာ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း ေနာက္ပိုင္းမွာေတာ့ Buzz ဇာတ္ေကာင္ဟာ ဟာသေတြ အၿမဲျပဳလုပ္ေနတဲ့ ဇာတ္ေကာင္ မဟုတ္တာေၾကာင့္ Jim Carrey နဲ႔ ဒီဇာတ္ေကာင္ဟာ မလိုက္ဖက္ေလာက္ဘူးလို႔လည္း ယူဆခဲ့သလို Jim Carrey ရဲ႕သ႐ုပ္ေဆာင္ေၾကးကလည္း သူတို႔ေပးႏိုင္တဲ့ ေဈးထက္ မ်ားေနတာေၾကာင့္ မကမ္းလွမ္းခဲ့ပါဘူး။ အဲ့ဒါနဲ႔ပဲ ေနာက္ဆုံးမွာေတာ့ ဒီဇာတ္ေကာင္အတြက္ Tim Allen က အသံသ႐ုပ္ေဆာင္ ျဖစ္သြားခဲ့ပါတယ္။

ကနဦး ဖန္တီးစဥ္က Buzz ရဲ႕အေရာင္ဟာ အနီေရာင္ ျဖစ္ပါတယ္။
photo via screenrant

Buzz Lightyear လို႔ ေျပာလိုက္တာနဲ႔ လူတိုင္းဟာ အျဖဴေရာင္၊ ခရမ္းေရာင္နဲ႔ အစိမ္းေရာင္ေတြ ေရာစပ္ထားတဲ့ space ranger အ႐ုပ္ေလးကို ေျပးျမင္မိၾကမွာပါ။ ဒါေပမယ့္လည္း Buzz ကို စတင္ဖန္တီးတဲ့ အခ်ိန္တုန္းကေတာ့ Pixar ဟာ ဘယ္လိုပုံစံမ်ိဴးနဲ႔ဆိုရင္ ပိုၿပီးေတာ့ လူႀကိဳက္မ်ားမလည္းဆိုၿပီး စမ္းသပ္ခဲ့တာေတြ ရွိပါတယ္။ အဲ့ဒီအခ်ိန္တုန္းကေတာ့ Buzz ရဲ႕ ခႏၶာကိုယ္အေရာင္ဟာ အခုလိုမ်ိဴး မဟုတ္ဘဲ အနီေရာင္ကို အသုံးျပဳခဲ့ၿပီး Woody ထက္လည္း အရပ္ပုပါတယ္။

Buzz ဟာ Woody က သတ္တာေတာင္ ခံရမလို ျဖစ္ခဲ့ဖူးပါတယ္။
photo via screenrant

Pixar ဟာ Toy Story ကို ဗားရွင္းႏွစ္မ်ိဳးနဲ႔ ဖန္တီးခဲ့တာ ျဖစ္ပါတယ္။ တစ္မ်ိဳးကေတာ့ သူ႔ဘာသာ စမ္းသပ္ထားတဲ့ဗားရွင္း ျဖစ္ၿပီး ေနာက္တစ္မ်ိဳးကေတာ့ ပရိသတ္ေတြ လက္ထဲကို ေပးခဲ့တဲ့ အေခ်ာသတ္ဗားရွင္း ျဖစ္ပါတယ္။ အေပၚမွာ ေဖာ္ျပခဲ့တဲ့ အခ်က္အမ်ားစုကလည္း စမ္းသပ္ထားတဲ့ ဗားရွင္းထဲက အခ်က္ေတြ ျဖစ္ၿပီးေတာ့ အဲ့ဒီဗားရွင္းႏွစ္မ်ိဳးဟာ ဇာတ္လမ္းေတြလည္း မတူညီၾကပါဘူး။ နဂိုစမ္းသပ္ထားတဲ့ ဗားရွင္းထဲမွာေတာ့ Woody ဟာ အခုလိုမ်ိဴး မဟုတ္ဘဲ လူယုတ္မာပုံစံမ်ိဴး ဖန္တီးထားၿပီးေတာ့ Buzz ကိုေတာင္ ျပတင္းေပါက္က တြန္းခ်ၿပီး သတ္ပစ္ဖို႔အတြက္ ႀကိဳးစားခဲ့ပါတယ္။

Jessie ဟာ Tom Hanks နဲ႔ Tim Allen ကို မ်က္ရည္က်ေစခဲ့ပါတယ္။
photo via screenrant

ဒီအျဖစ္အပ်က္ကေတာ့ Tom Hanks ကိုယ္တိုင္က ေျပာျပခဲ့တာပဲ ျဖစ္ပါတယ္။ အဲ့ဒါကေတာ့ Toy Story 2 ထဲမွာ ပါဝင္တဲ့ Jessie ရဲ႕ origin ေတြကို ျပသသြားတဲ့ “When Somebody Love Me” ဆိုတဲ့ ဇာတ္ဝင္ခန္းဟာ ပရိသတ္အမ်ားစုကို မ်က္ရည္က်ေစခဲ့ပါတယ္။ အဲ့ဒီအခ်က္ဟာ အသံသ႐ုပ္ေဆာင္ေတြအတြက္လည္း အတူတူပဲ ျဖစ္ၿပီး အဲ့ဒီဇာတ္ဝင္ခန္းကို ပထမဆုံး ျမင္ေတြ႕ရတဲ့အခ်ိန္မွာေတာ့ Woody ေနရာမွာ သ႐ုပ္ေဆာင္တဲ့ မင္းသားႀကီး Tom Hanks နဲ႔ Buzz ေနရာမွာ သ႐ုပ္ေဆာင္တဲ့ Tim Allen တို႔ကပါ ဟတ္ထိၿပီး မ်က္ရည္က်ခဲ့ရတာ ျဖစ္ပါတယ္။

Toy Story 3 မွာ မတူညီတဲ့ ဇာတ္လမ္းလည္း ရွိပါေသးတယ္။
photo via screenrant

Toy Story 2 ဟာ ၁၉၉၉ခုႏွစ္မွာ ထြက္ရွိခဲ့ၿပီးေတာ့ ၂၀၁၀ခုႏွစ္က်မွသာ Toy Story 3 ဟာ ထြက္ရွိလာတာ ျဖစ္ပါတယ္။ ၾကားထဲမွာ အခ်ိန္ေတြႏွစ္နဲ႔ခ်ီၿပီး ၾကာေနရတဲ့ အေၾကာင္းကေတာ့ Disney နဲ႔ Pixar တို႔ရဲ႕ ျပႆနာေတြကလည္း တစ္စိတ္တစ္ပိုင္းအျဖစ္ ပါဝင္ပါတယ္။

ျဖစ္ပုံကေတာ့ ၂၀၀၅ခုႏွစ္ေလာက္မွာ Disney နဲ႔ Pixar တို႔ဟာ ခြဲထြက္ၾကေတာ့မလို ျဖစ္ခဲ့ပါတယ္။ အဲ့ဒါေၾကာင့္ Disney ဟာ Toy Story 3 ကို ဖန္တီးဖို႔အတြက္ ေနာက္ထပ္ animation အဖြဲ႕ကို စုစည္းခဲ့ပါတယ္။ အဲ့ဒီဗားရွင္းထဲမွာေတာ့ Buzz ဟာ အေၾကာင္းတစ္ခုေၾကာင့္ ထိုင္ဝမ္ၿမိဳ႕ကို ေရာက္သြားခဲ့ပါတယ္။ ဒီမွာတင္ တစ္ျခားအ႐ုပ္ေတြက သူ႔ကို ျပန္လည္ေခၚယူဖို႔အတြက္ စြန႔္စားခန္း ထြက္ၾကပုံကို ဖန္တီးထားတာ ျဖစ္ပါတယ္။ ဒါ့အျပင္ အဲ့ဒီဇာတ္လမ္းထဲမွာေတာ့ အေရးပါဆုံး ဇာတ္ေကာင္ဟာ Buzz ျဖစ္ၿပီး ကြၽန္ေတာ္တို႔ ၾကည့္ရႈခဲ့တဲ့ Toy Story 3 ထဲကလို Woody က အေရးႀကီးဆုံး ဇာတ္ေကာင္ မဟုတ္ခဲ့ပါဘူး။

ဒါကေတာ့ Toy Story ဇာတ္ကားထဲက ဇာတ္ေကာင္ေလး Buzz Lightyear နဲ႔ ပတ္သက္တဲ့ လူသိနည္းေသးတဲ့ အခ်က္ေတြပဲ ျဖစ္ပါတယ္။ ဒီလိုေဆာင္းပါးေတြ ဖတ္ရတာ စိတ္ဝင္စားတယ္ဆိုရင္ေတာ့ ဆံရစ္ဝိုင္းေပ့ခ်္ကို Like & See First လုပ္ထားေပးပါလို႔ တိုက္တြန္းလိုက္ရပါတယ္။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular