HomeEntertainmentFilmToy Story ရဲ့ spin-off ရုပ်ရှင် Lightyear ထဲမှာ အသံသရုပ်ဆောင်သွားမယ့် Chris Evans

Toy Story ရဲ့ spin-off ရုပ်ရှင် Lightyear ထဲမှာ အသံသရုပ်ဆောင်သွားမယ့် Chris Evans

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Pixar ဟာ Toy Story ရဲ့ spin-off ဖြစ်တဲ့ Lightyear animation ထွက်လာမယ်လို့ ကြေညာလိုက်ပြီ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းထဲက Buzz Lightyear ဟာ Toy Story ထဲက အရုပ်မဟုတ်ဘဲ တကယ့် space ranger ဖြစ်တဲ့ Buzz Lightyear အကြောင်းကို ဖန်တီးသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Buzz Lightyear နေရာမှာ Chris Evans က အသံသရုပ်ဆောင်သွားမယ်လို့လည်း သိရပါတယ်။

photo via chrisevans/instagram

Pixar ဟာ Toy Story ကို ၁၉၉၅ ခုနှစ်မှာ ထုတ်လုပ်ခဲ့ပြီး ခေတ်အဆက်ဆက်မှာ အလွန်အောင်မြင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း Toy Story ရုပ်ရှင်တွေအများစုကလည်း Buzz ထက် Woody ကို ပိုပြီးအသားပေးထားတာကို တွေ့ရမှာပါ။ Toy Story 4 ထဲမှာဆိုရင် Buzz ဟာ အရံဇာတ်ကောင်ပုံစံမျိူးတောင် ဖြစ်သွားခဲ့ပါတယ်။ အဲ့ဒါကြောင့်ပဲ အခုချိန်မှာတော့ Pixar ဟာ Buzz Lightyear လူအကြောင်းကို ဖန်တီးသွားမယ်လို့ ကြေညာခဲ့ပါတယ်။

photo via chrisevans/instagram

Disney’s Investor Day မှာတော့ Pixar ဟာ Lightyear ဆိုတဲ့ animation ကို ဖန်တီးသွားမယ်လို့ ကြေညာခဲ့ပါတယ်။ ဇာတ်လမ်းကတော့ Buzz Lightyear ဆိုတဲ့ space ranger ဖြစ်လာမယ့် လူငယ်လေယာဉ်မှူး တစ်ယောက်အကြောင်းကို ဖန်တီးသွားမှာ ဖြစ်ပါတယ်။ Buzz နေရာမှာ Chris Evans က အသံသရုပ်ဆောင်သွားမှာ ဖြစ်ပြီးတော့ ၂၀၂၂ ခုနှစ် ဇွန်လမှာ ရုံတင်သွားမယ်လို့လည်း သိရပါတယ်။

Legos

Source : Screenrant

(Zawgyi Version)

Pixar ဟာ Toy Story ရဲ႕ spin-off ျဖစ္တဲ့ Lightyear animation ထြက္လာမယ္လို႔ ေၾကညာလိုက္ၿပီ ျဖစ္ပါတယ္။ ဒီဇာတ္လမ္းထဲက Buzz Lightyear ဟာ Toy Story ထဲက အ႐ုပ္မဟုတ္ဘဲ တကယ့္ space ranger ျဖစ္တဲ့ Buzz Lightyear အေၾကာင္းကို ဖန္တီးသြားမွာ ျဖစ္ပါတယ္။ ဒါ့အျပင္ Buzz Lightyear ေနရာမွာ Chris Evans က အသံသ႐ုပ္ေဆာင္သြားမယ္လို႔လည္း သိရပါတယ္။

photo via chrisevans/instagram

Pixar ဟာ Toy Story ကို ၁၉၉၅ ခုႏွစ္မွာ ထုတ္လုပ္ခဲ့ၿပီး ေခတ္အဆက္ဆက္မွာ အလြန္ေအာင္ျမင္ခဲ့ပါတယ္။ ဒါေပမယ့္လည္း Toy Story ႐ုပ္ရွင္ေတြအမ်ားစုကလည္း Buzz ထက္ Woody ကို ပိုၿပီးအသားေပးထားတာကို ေတြ႕ရမွာပါ။ Toy Story 4 ထဲမွာဆိုရင္ Buzz ဟာ အရံဇာတ္ေကာင္ပုံစံမ်ိဴးေတာင္ ျဖစ္သြားခဲ့ပါတယ္။ အဲ့ဒါေၾကာင့္ပဲ အခုခ်ိန္မွာေတာ့ Pixar ဟာ Buzz Lightyear လူအေၾကာင္းကို ဖန္တီးသြားမယ္လို႔ ေၾကညာခဲ့ပါတယ္။

photo via chrisevans/instagram

Disney’s Investor Day မွာေတာ့ Pixar ဟာ Lightyear ဆိုတဲ့ animation ကို ဖန္တီးသြားမယ္လို႔ ေၾကညာခဲ့ပါတယ္။ ဇာတ္လမ္းကေတာ့ Buzz Lightyear ဆိုတဲ့ space ranger ျဖစ္လာမယ့္ လူငယ္ေလယာဥ္မႉး တစ္ေယာက္အေၾကာင္းကို ဖန္တီးသြားမွာ ျဖစ္ပါတယ္။ Buzz ေနရာမွာ Chris Evans က အသံသ႐ုပ္ေဆာင္သြားမွာ ျဖစ္ၿပီးေတာ့ ၂၀၂၂ ခုႏွစ္ ဇြန္လမွာ ႐ုံတင္သြားမယ္လို႔လည္း သိရပါတယ္။

Legos

Source : Screenrant

RELATED ARTICLES

Most Popular