HomeEntertainmentFilmTrain To Busan ကို New York remake ပြန်ရိုက်မယ့် Warner Bros. 

Train To Busan ကို New York remake ပြန်ရိုက်မယ့် Warner Bros. 

၂၀၁၆ ခုနှစ်က ထွက်ရှိခဲ့တဲ့ နာမည်ကျော် ကိုရီးယားရုပ်ရှင် Train To Busan ကိုတော့ နယူးယော့ခ်မြို့မှာ ဇာတ်အိမ်တည်ပြီး အင်္ဂလိပ်ဘာသာစကားနဲ့ ပြန်လည်ရိုက်ကူးသွားမှာ ဖြစ်ပါတယ်။

ဒီဇာတ်ကားကိုတော့ ဟောလိဝုဒ်ရဲ့ အကြီးမားဆုံး ရုပ်ရှင်စတူဒီယို ငါးခုထဲမှာ ပါဝင်တဲ့ Warner Bros. က ထုတ်လုပ် ဖြန့်ချိသွားမှာ ဖြစ်ပါတယ်။ ဇာတ်ကားအမည်ကတော့ The Last Train To New York လို့ သိရပါတယ်။

Photo via IMDb

ဒီဇာတ်ကားကိုတော့ ဒါရိုက်တာ Timo Tjahjanto က ရိုက်ကူးပေးထားပြီး ဇာတ်ညွှန်းကိုတော့ Gary Dauberman က ရေးသားပေးထားပါတယ်။ ဒါ့အပြင် နာမည်ကျော် ဒါရိုက်တာဖြစ်တဲ့ James Wan က ဒီဇာတ်ကားကို produce လုပ်ပေးမှာ ဖြစ်ပါတယ်။

Photo via IMDb

မူရင်းဇာတ်ကားဖြစ်တဲ့ Train To Busan ရဲ့ ဇာတ်လမ်းကတော့ တောင်ကိုရီးယားနိုင်ငံမှာ ဇွန်ဘီကပ်ဘေး စတင်ဖြစ်ပေါ်လာတဲ့ အချိန်မှာပဲ လူတစ်စုဟာ အမြန်ရထားတစ်စင်းကို စီးနင်းပြီး ဘူဆန်မြို့ကို သွားရောက်ရာမှ ဇွန်ဘီတွေရဲ့ ခြောက်လှန့်မှုကို ထိပ်တိုက် ရင်ဆိုင်ရတဲ့အကြောင်း ဖြစ်ပါတယ်။ ဇာတ်လမ်းကျောရိုးကတော့ သားအဖနှစ်ယောက်ဟာ သမီးဖြစ်သူရဲ့ မွေးနေ့မှာ ဇနီးသည်ရှိရာ ဘူဆန်မြို့ကို အလည်သွားရောက်တဲ့အကြောင်း ဖြစ်ပါတယ်။

Photo via IMDb

Warner Bros. ရဲ့ တရားဝင် ကြေညာချက်အရ The Last Train to New York ရဲ့ ရုံတင်ရက် အတိအကျ ထွက်ရှိလာပြီ ဖြစ်ပါတယ်။ ဒီဇာတ်ကားကိုတော့ လာမယ့် ၂၀၂၃ ခုနှစ် ဧပြီလ(၂၁)ရက်နေ့မှာ ရုံတင်ပြသမယ်လို့ လျာထားကြောင်း သိရပါတယ်။ လက်ရှိအချိန်ထိမှာတော့ ဒီဇာတ်ကားမှာ ဘယ်သရုပ်ဆောင်တွေက ပါဝင်သရုပ်ဆောင်မယ်ဆိုတာ မသိရသေးပါဘူး။

Glasgow

Source: screenrant

RELATED ARTICLES

Most Popular