HomeEntertainmentFilmထွေလာအသစ် ထွက်ရှိလာတဲ့ Umbrella Academy ဇာတ်လမ်းတွဲ Season 3

ထွေလာအသစ် ထွက်ရှိလာတဲ့ Umbrella Academy ဇာတ်လမ်းတွဲ Season 3

The Umbrella Academy Season 3 ရဲ့ ပထမဆုံး ထွေလာကတော့ မကြာသေးခင်ကပဲ ထွက်ရှိလာပါတယ်။ Season 3 ကတော့ Gerard Way နဲ့ Gabriel Ba တို့ ပူးပေါင်းဖန်တီးထားတဲ့ Graphic Novel ကို ပြန်လည် ဖန်တီးထားတာပဲ ဖြစ်ပါတယ်။ Season 2 ရဲ့ အဆုံးသတ်မှာတော့ Umbrella မောင်နှမတွေဟာ အတိတ်ကာလကနေ ပစ္စပ္ပုန်အချိန်ကို ပြန်လာနိုင်ခဲ့ပြီး သူတို့တွေဟာ Time Paradox ဖန်တီးမိသွားကာ အဖြစ်အပျက်တွေအားလုံး ပြောင်းလဲနေတာကို မြင်တွေ့ခဲ့ရပါတယ်။

photo via screenrant

သူတို့ရောက်ရှိသွားတဲ့ Timeline မှာတော့ သူတို့ကို မွေးစားခဲ့တဲ့ မွေးစားအဖေ Reginald Hargreeves ဟာ မတူညီတဲ့ တခြားကလေးတွေကို မွေးစားခဲ့ပြီး Sparrow Academy ကို တည်ထောင်ထားပါတယ်။ အဲဒီ Sparrow မောင်နှမတွေကိုတော့ Ben က ဦးဆောင်နေတာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ ဒါတင်မကသေးဘဲ သူတို့မတော်တဆ ဖန်တီးမိခဲ့တဲ့ Time Paradox ကြောင့်ပဲ မကြာခင်မှာတော့ ကမ္ဘာကြီး ပျက်စီးတော့မှာကို သိလိုက်ရပါတော့တယ်။

ယခုအချိန်မှာတော့ Netflix ဟာ Season 3 ရဲ့ ပထမဆုံး ထွေလာကို ထွက်ရှိပေးခဲ့ပါတယ်။ ဒီထွေလာထဲမှာတော့ အပေါ်မှာ ဖော်ပြထားတဲ့ အကြောင်းအရာတွေကို မြင်တွေ့ခဲ့ရသလို အလွန်မိုက်တဲ့ Fight Scene တွေကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ အသစ်ထွက်ထားတဲ့ ထွေလာကိုတော့ အောက်မှာပဲ ကြည့်ရှုနိုင်ပါတယ်။

ဒါ့အပြင် Umbrella မောင်နှမတွေအတွက် အဖေတစ်ယောက်လို ဖြစ်နေတဲ့ စကားပြောတတ်တဲ့ မျောက်ဖြစ်သူ Pogo ကတော့ အဲဒီ Timeline ထဲက Sparrow Academy ထဲမှာ ရှိမနေခဲ့ပါဘူး။ ဒီထွေလာရဲ့ အဆုံးသတ်နားကျမှသာ Pogo ကို မြင်တွေ့ခဲ့ရပါတယ်။ အဲဒီဇာတ်ဝင်ခန်းမှာတော့ Pogo ဟာ အရင် Season တွေမှာ မြင်တွေ့ခဲ့ရသလိုပဲ အသိဉာဏ်ရှိနေပြီး ဆိုင်ကယ်ဂိုဏ်းတစ်ခုရဲ့အဖွဲ့ဝင် ဖြစ်နေပါတယ်။ Umbrella Academy Season 3 ကိုတော့ ဇွန်လ (၂၂)ရက်နေ့မှာ Netflix ကနေ စတင်ပြသသွားမှာ ဖြစ်ပြီး ဘယ်လိုစိတ်ဝင်စားစရာတွေ မြင်တွေ့ရမလည်း ဆိုတာကိုတော့ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular