HomeBiographyGame of Thrones သရုပ်ဆောင်တွေ ကြုံခဲ့ရဖူးတဲ့ စိတ်မသက်သာစရာအဖြစ်များ

Game of Thrones သရုပ်ဆောင်တွေ ကြုံခဲ့ရဖူးတဲ့ စိတ်မသက်သာစရာအဖြစ်များ

အောက်တွင် ယူနီကုဒ်ဖြင့် ဖတ်ပါ။

Game of Thrones ဇာတ္လမ္းတြဲဟာ HBO ရဲ႕ အေအာင္ျမင္ဆုံး စီးရီးေတြထဲကတစ္ခုပါ။ အပိုင္းတစ္ပိုင္းစီမွာ ၾကည့္ရႈသူ သန္းႏွစ္ဆယ္ေက်ာ္ ရိွခဲ့ၿပီး ေငြေၾကးအရေရာ အႏုပညာအရေရာ ေအာင္ျမင္မႈေတြ ရရိွခဲ့ပါတယ္။ မခန္႔မွန္းႏိုင္တဲ့ ဇာတ္လမ္းအခ်ိဳးအေကြ႕ေတြနဲ႔ မထင္မွတ္ထားခ်ိန္မွာ အဓိက ဇာတ္ေကာင္ေတြ ေသဆုံးျခင္းကလည္း ဒီစီးရီးရဲ႕ အသက္ပါပဲ။ ဒီစီးရီးကို အသက္၀င္ေစတာကေတာ့ ပါ၀င္ၾကတဲ့ သရုပ္ေဆာင္ေတြရဲ႕ မညည္းမညဴ အားထုတ္ႀကိဳးပမ္းမႈေတြေၾကာင့္လို႔ ဆိုရမွာပါ။ ရွည္လ်ားလွတဲ့ ဆယ္ႏွစ္တာကာလအတြင္းမွာ အမ်ိဳးမ်ိဳးေသာ အခက္အခဲေတြကို ႀကံဳခဲ့ၾကရၿပီး အဲ့ဒီ့ထဲကမွ စိတ္မသက္သာစရာ အျဖစ္အပ်က္အခ်ိဳ႕ကို ေရြးခ်ယ္ေဖာ္ျပေပးလိုက္ပါတယ္။

ဇာတ္လမ္းရဲ႕လွ်ိဳ႕၀ွက္ခ်က္ကို ရဲသားႀကီးဆီ ေျပာျပခဲ့ဖူးတဲ့ Kit Harington
Photo: Flickr

Jon Snow ဇာတ္ေကာင္ေနရာမွာ သရုပ္ေဆာင္ခဲ့တဲ့ မင္းသား Kit Harington ဟာ တစ္ခါတုန္းက ကားကို သတ္မွတ္အရိွန္ထက္ ေက်ာ္ၿပီး  ေမာင္းႏွင္ဖူးလို႔ ရဲဖမ္းခံရမလို ျဖစ္ခဲ့ဖူးပါတယ္။ အဲ့ဒီ့အခ်ိန္ဟာ Season 5 finale အၿပီး ေနာက္ထပ္ Season အသစ္ကို ေစာင့္ဆိုင္းေနၾကရခ်ိန္လည္း ျဖစ္ပါတယ္။ အဲ့ဒီ့မွာ ရဲသားႀကီးက “ခင္ဗ်ား … က်ဳပ္နဲ႔ စခန္းကို လိုက္ခဲ့မလား။ ဒါဆိုရင္ အခုပဲ ခ်လန္ျဖတ္လိုက္မယ္။ မလိုက္ခ်င္ရင္ေတာ့ ေနာက္ Season အသစ္မွာ ခင္ဗ်ား အသက္ျပန္ရွင္ႏိုင္မွာလားဆိုတာ ေျပာျပခဲ့”ဆိုၿပီး ေျပာပါသတဲ့။ မလႊဲသာတဲ့အဆုံး Kit လည္း ေနာက္ Season မွာ အသက္ျပန္ရွင္မယ့္အေၾကာင္း ေျပာျပခဲ့ရတယ္လို႔ ဆိုပါတယ္။

(၂)ႏွစ္ေလာက္ ေခါင္းမေလွ်ာ္ခဲ့ရတဲ့ Sophie Turner
Photo: Flickr

Sansa Stark ေနရာမွာ သရုပ္ေဆာင္ခဲ့တဲ့ Sophie Turner ဟာ သူမရဲ႕ဇာတ္ေကာင္စရိုက္ကို ပီျပင္ေစဖို႔အတြက္ တစ္ကိုယ္ရည္သန္႔ရွင္းေရးအပိုင္းမွာ ထိန္းသိမ္းခဲ့ရပါတယ္။ သူမဟာ အျခားေသာ ေယာ္က်ားသား သရုပ္ေဆာင္ေတြနည္းတူ (၂)ႏွစ္ေလာက္ ရွမ္ပူမသုံးဘဲ ေနခဲ့ရပါတယ္။ King’s Landing ကေန ထြက္ေျပးလြတ္ေျမာက္လာၿပီးေနာက္မွာ ဆံပင္ေတြ ဖရိုဖရဲျဖစ္ေနတဲ့ပုံစံကို သဘာ၀ဆန္ေစခ်င္လို႔ ဒီလိုဒုကၡခံခဲ့ရတာလို႔ ဆိုပါတယ္။ “Season 5 ကေနစၿပီး ကၽြန္မကို ေခါင္းမေလွ်ာ္ဖို႔ သူတို႔က ေျပာပါတယ္။ အဲ့ဒါႀကီးက တကယ့္ကို မသတီစရာပါ။ ေနာက္ပိုင္းေတာ့ ကၽြန္မ ေခါင္းေလွ်ာ္ခ်င္တိုင္း ေလွ်ာ္လို႔ရေအာင္ ဆံပင္တုစြပ္ပါတယ္။ ဒါေပမယ့္ ႏွစ္ႏွစ္ေလာက္ေတာ့ ေခါင္းမေလွ်ာ္ဘဲ ေစးကပ္ေနတဲ့ ဆံပင္ႀကီးနဲ႔ ေနခဲ့ရပါတယ္”လို႔ Sophie က အင္တာဗ်ဴးတစ္ခုမွာ ေျပာထားပါတယ္။

ဒီဇယ္ဆီေငြ႕ေတြေၾကာင့္ အဆိပ္သင့္မလို ျဖစ္ခဲ့ဖူးတဲ့ Jerome Flynn
© Game of Thrones / HBO

ဓားသမားႀကီး Bronn အျဖစ္ သရုပ္ေဆာင္ခဲ့တဲ့ Jerome Flynn ဟာ နဂါးေတြ လန္နစ္စတာ စစ္တပ္ေတြကို လာတိုက္တဲ့အခန္းမွာ ထိခိုက္မိေတာ့မလို ျဖစ္ခဲ့ဖူးပါတယ္။ ရုပ္ၿငိမ္ဓာတ္ပုံဒါရိုက္တာျဖစ္တဲ့ Robert McLachlan ဟာ မီးခိုးမည္းမည္းေတြကို သဘာ၀အတိုင္း ဖန္တီးခ်င္တာေၾကာင့္ ဒီဇယ္ဆီေတြကို သုံးခဲ့ပါတယ္။ အျခားသရုပ္ေဆာင္ေတြဟာ ရိုက္ကြင္းမွာ မီးခိုးကာ mask ေတြ စြပ္ခဲ့ၾကေပမယ့္ မီးေလာင္ျပင္ရဲ႕ အလယ္ေနရာတည့္တည့္မွာ ေနရတဲ့ Jerome ကေတာ့ mask တပ္ဖို႔ အခြင့္အေရး မရခဲ့ပါဘူး။

တကယ့္၀က္၀ံအစစ္နဲ႔ ရိုက္ကူးခဲ့တဲ့ Gwendoline Christie
Photo: © Game of Thrones / HBO

Brienne of Tarth နဲ႔ ၀က္၀ံႀကီးတို႔ တိုက္ခိုက္ခဲ့တဲ့ အခန္းဟာ ကြန္ပ်ဴတာအထူးျပဳလုပ္ခ်က္ေတြနဲ႔ ဖန္တီးထားတာ မဟုတ္ပါဘူး။ Gwendoline ရဲ႕ ေျပာျပခ်က္အရ အဲ့ဒီ့၀က္၀ံႀကီးဟာ အေတြ႕အႀကံဳရိွတဲ့ သရုပ္ေဆာင္လို႔ သိရပါတယ္။ Bart Junior လို႔အမည္ရၿပီး GoT မရိုက္ကူးခင္ အျခားရုပ္ရွင္မ်ားစြာမွာလည္း ဒီ၀က္၀ံႀကီးက ပါ၀င္သရုပ္ေဆာင္ဖူးေသးတယ္လို႔ ဆိုပါတယ္။ အဆိုပါ တိုက္ခိုက္တဲ့အခန္းကို ရိုက္ကူးစဥ္ကေတာ့ Gwendoline နဲ႔ ၀က္၀ံႀကီး Bart ရဲ႕ၾကားမွာ လွ်ပ္စစ္ဓာတ္လႊတ္ထားတဲ့ စည္းရိုးအေသးေလး ျခားထားတယ္လို႔ သိရပါတယ္။ ရိုက္ကူးေရး နားေနစဥ္မွာေတာ့ ဒယ္အိုးျပားကို လက္ကိုင္အရွည္ႀကီးတပ္ၿပီး Gwendoline က ေၾကာက္ေၾကာက္နဲ႔ မုန္႔လွမ္းေကၽြးတာက ရိုက္ကူးေရးအဖြဲ႕ေတြၾကားမွာ ေနာက္ေျပာင္စရာတစ္ခုလို ျဖစ္ခဲ့ေသးတယ္လို႔ မင္းသမီးက ေျပာျပဖူးပါတယ္။

ပရိသတ္ရဲ႕အမုန္းဒဏ္ခံခ့ဲရတဲ့ Lena Headey
Photo: © Game of Thrones / HBO/ Insider

Cersei Lannister ဆိုတဲ့ ဇာတ္ေကာင္ကို GoT ပရိသတ္ အေတာ္မ်ားမ်ားက မုန္းၾကပါတယ္။ ေျပာင္ေျမာက္လြန္းတဲ့ သရုပ္ေဆာင္မႈေၾကာင့္ လူေတြဟာ သာမန္မုန္းတာမ်ိဳးထက္ သူတို႔ရဲ႕ မေကာင္းတဲ့ ခံစားခ်က္ေတြကို ပုံခ်အျပစ္တင္ရာတစ္ခုအေနနဲ႔ပါ Lena ကို ျမင္လာၾကပါတယ္။ တစ္ခါကဆိုရင္ Lena ရဲ႕ ဒုတိယေျမာက္ကေလးကို ႏို႔ထိန္းလုပ္ေပးေနတဲ့ အမ်ိဳးသမီးက Walk of Shame လုပ္တဲ့အခန္းအေၾကာင္း ျပန္ေျပာေနရင္း “Shame on You” လို႔ပါ ေျပာဖူးတယ္လို႔ ဆိုပါတယ္။ Lena ကေတာ့ ဒါဟာ သူမရဲ႕သရုပ္ေဆာင္မႈ စြမ္းရည္ေၾကာင့္လို႔ သတ္မွတ္ၿပီး ကိုယ့္ကိုယ္ကို ခ်ီးက်ဴးတယ္လို႔ ဆိုပါေသးတယ္။

မ်က္ႏွာကို အႀကိမ္ေပါင္းမ်ားစြာ အထိုးခံခဲ့ရတဲ့ Iwan Rheon
© Game of Thrones / HBO

ပရိသတ္အမုန္းခံရတဲ့ ေနာက္ထပ္ ဇာတ္ေကာင္တစ္ေယာက္ျဖစ္တဲ့ Ramsay Bolton အျဖစ္ သရုပ္ေဆာင္ခဲ့တဲ့ Iwan Rheon ဟာ Kit Harington ရဲ႕ လက္သီးခ်က္ေတြကို ခံခဲ့ရပါတယ္။ Battle of Bastards အပိုင္းရဲ႕ သူတို႔ႏွစ္ေယာက္ၾကားက တိုက္ခိုက္ခန္းေတြမွာ Kit က အရိွန္ျပင္းနဲ႔ မ်က္ႏွာတည့္တည့္ကို ထိုးတာခံခဲ့သူ ျဖစ္ပါတယ္။ ဇာတ္ရုပ္ပီျပင္ဖို႔အတြက္ တကယ္ အထိုးခံခဲ့တာေၾကာင့္ ပေရာ္ဖက္ရွင္နယ္ တကယ္ပီသသူပါလို႔ Kit က မွတ္ခ်က္ေပးထားပါတယ္။

ႏွလုံးအစိမ္းကို စားရတဲ့အခန္းမွာ တေ၀ါ့ေ၀ါ့အန္ခဲ့ရတဲ့ Emilia Clarke
© Game of Thrones / HBO

Daenerys Targaryen အျဖစ္ သ႐ုပ္ေဆာင္ခဲ့တဲ့ Emilia Clarke ဟာ ေဒၚသရာကီေတြနဲ႔ ေနထိုင္စဥ္က ျမင္းႏွလုံးကို အစိမ္းစားရတဲ့အခန္းဟာ သူမအတြက္ ခက္ခဲခဲ့တယ္လို႔ ဆိုပါတယ္။ သူမဟာ အဲ့ဒီ့အခန္းကို ႐ိုက္ကူးဖို႔ ျမင္းႏွလုံးအတုေပါင္း (၂၈)ခုကို စားခဲ့ရတာပါ။ pasta အေျခာက္ေတြနဲ႔ ဘယ္ရီယိုကိုေပါင္းၿပီး ျပဳလုပ္ထားတဲ့ ႏွလုံးအတုေတြကို စားရတာ ဘယ္လိုမွ သည္းမခံႏိုင္လို႔ မထိန္းႏိုင္ရင္ အန္ခ်ဖို႔ရန္အတြက္ အေနာက္မွာ ေရပုံးတစ္ပုံးနဲ႔ လူတစ္ေယာက္ကို ေစာင့္ခိုင္းထားရတယ္လို႔ ေျပာျပဖူးပါတယ္။

ရဲတိုက္နက္ဟာ တကယ္ရြံစရာေကာင္းေနခဲ့ပါတယ္။
© Game of Thrones / HBO

ရိုက္ကြင္းရဲ႕ ဆက္တင္ဒါရိုက္တာ Richard Roberts ဟာ ရဲတိုက္နက္ကို တကယ္ ညစ္ေပ၊ပြထၿပီး နံေဟာင္၊ ေအးစက္ေနတဲ့ ေနရာအျဖစ္ ပုံေဖာ္ခ်င္ခဲ့ပါတယ္။ ဒါေၾကာင့္ပဲ တကယ္ ညစ္ေပနံေဟာင္ေနေစဖို႔အတြက္ ရဲတိုက္နက္ထဲမွာ အသားအစိမ္းေတြကို တြဲေလာင္းခ်ိတ္ထားခိုင္းၿပီး ၀က္ေတြကိုပါ ေခၚသြင္းထားခဲ့ပါတယ္။ ဇာတ္လမ္းထဲမွာ ရဲတိုက္နက္ရဲ႕ အခန္းကို ေရာက္လာတိုင္း ေအးစက္ေဆြးေျမ႕ၿပီး ညစ္ေပထိုင္းမိႈင္းေနတဲ့ ခံစားခ်က္ကို ရရိွတာဟာ သိပ္ေတာ့ မထူးဆန္းလွပါဘူး။ အျပင္မွာလည္း တကယ္ နံေစာ္ညစ္ပတ္ေနခဲ့တာျဖစ္ၿပီး အဲ့ဒီ့ရိုက္ကြင္းဆက္တင္ထဲမွာ အတူတူ အလုပ္လုပ္ခဲ့ၾကတဲ့ အဖြဲ႕သားေတြဟာလည္း တကယ္ကို ခ်ီးက်ဴးစရာေကာင္းလွပါတယ္။

Xei

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

(Unicode Version)

Game of Thrones ဇာတ်လမ်းတွဲဟာ HBO ရဲ့ အအောင်မြင်ဆုံး စီးရီးတွေထဲကတစ်ခုပါ။ အပိုင်းတစ်ပိုင်းစီမှာ ကြည့်ရှုသူ သန်းနှစ်ဆယ်ကျော် ရှိခဲ့ပြီး ငွေကြေးအရရော အနုပညာအရရော အောင်မြင်မှုတွေ ရရှိခဲ့ပါတယ်။ မခန့်မှန်းနိုင်တဲ့ ဇာတ်လမ်းအချိုးအကွေ့တွေနဲ့ မထင်မှတ်ထားချိန်မှာ အဓိက ဇာတ်ကောင်တွေ သေဆုံးခြင်းကလည်း ဒီစီးရီးရဲ့ အသက်ပါပဲ။ ဒီစီးရီးကို အသက်ဝင်စေတာကတော့ ပါဝင်ကြတဲ့ သရုပ်ဆောင်တွေရဲ့ မညည်းမညူ အားထုတ်ကြိုးပမ်းမှုတွေကြောင့်လို့ ဆိုရမှာပါ။ ရှည်လျားလှတဲ့ ဆယ်နှစ်တာကာလအတွင်းမှာ အမျိုးမျိုးသော အခက်အခဲတွေကို ကြုံခဲ့ကြရပြီး အဲ့ဒီ့ထဲကမှ စိတ်မသက်သာစရာ အဖြစ်အပျက်အချို့ကို ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။

ဇာတ်လမ်းရဲ့လျှို့ဝှက်ချက်ကို ရဲသားကြီးဆီ ပြောပြခဲ့ဖူးတဲ့ Kit Harington
Photo: Flickr

Jon Snow ဇာတ်ကောင်နေရာမှာ သရုပ်ဆောင်ခဲ့တဲ့ မင်းသား Kit Harington ဟာ တစ်ခါတုန်းက ကားကို သတ်မှတ်အရှိန်ထက် ကျော်ပြီး  မောင်းနှင်ဖူးလို့ ရဲဖမ်းခံရမလို ဖြစ်ခဲ့ဖူးပါတယ်။ အဲ့ဒီ့အချိန်ဟာ Season 5 finale အပြီး နောက်ထပ် Season အသစ်ကို စောင့်ဆိုင်းနေကြရချိန်လည်း ဖြစ်ပါတယ်။ အဲ့ဒီ့မှာ ရဲသားကြီးက “ခင်ဗျား … ကျုပ်နဲ့ စခန်းကို လိုက်ခဲ့မလား။ ဒါဆိုရင် အခုပဲ ချလန်ဖြတ်လိုက်မယ်။ မလိုက်ချင်ရင်တော့ နောက် Season အသစ်မှာ ခင်ဗျား အသက်ပြန်ရှင်နိုင်မှာလားဆိုတာ ပြောပြခဲ့”ဆိုပြီး ပြောပါသတဲ့။ မလွှဲသာတဲ့အဆုံး Kit လည်း နောက် Season မှာ အသက်ပြန်ရှင်မယ့်အကြောင်း ပြောပြခဲ့ရတယ်လို့ ဆိုပါတယ်။

(၂)နှစ်လောက် ခေါင်းမလျှော်ခဲ့ရတဲ့ Sophie Turner
Photo: Flickr

Sansa Stark နေရာမှာ သရုပ်ဆောင်ခဲ့တဲ့ Sophie Turner ဟာ သူမရဲ့ဇာတ်ကောင်စရိုက်ကို ပီပြင်စေဖို့အတွက် တစ်ကိုယ်ရည်သန့်ရှင်းရေးအပိုင်းမှာ ထိန်းသိမ်းခဲ့ရပါတယ်။ သူမဟာ အခြားသော ယော်ကျားသား သရုပ်ဆောင်တွေနည်းတူ (၂)နှစ်လောက် ရှမ်ပူမသုံးဘဲ နေခဲ့ရပါတယ်။ King’s Landing ကနေ ထွက်ပြေးလွတ်မြောက်လာပြီးနောက်မှာ ဆံပင်တွေ ဖရိုဖရဲဖြစ်နေတဲ့ပုံစံကို သဘာဝဆန်စေချင်လို့ ဒီလိုဒုက္ခခံခဲ့ရတာလို့ ဆိုပါတယ်။ “Season 5 ကနေစပြီး ကျွန်မကို ခေါင်းမလျှော်ဖို့ သူတို့က ပြောပါတယ်။ အဲ့ဒါကြီးက တကယ့်ကို မသတီစရာပါ။ နောက်ပိုင်းတော့ ကျွန်မ ခေါင်းလျှော်ချင်တိုင်း လျှော်လို့ရအောင် ဆံပင်တုစွပ်ပါတယ်။ ဒါပေမယ့် နှစ်နှစ်လောက်တော့ ခေါင်းမလျှော်ဘဲ စေးကပ်နေတဲ့ ဆံပင်ကြီးနဲ့ နေခဲ့ရပါတယ်”လို့ Sophie က အင်တာဗျူးတစ်ခုမှာ ပြောထားပါတယ်။

ဒီဇယ်ဆီငွေ့တွေကြောင့် အဆိပ်သင့်မလို ဖြစ်ခဲ့ဖူးတဲ့ Jerome Flynn
© Game of Thrones / HBO

ဓားသမားကြီး Bronn အဖြစ် သရုပ်ဆောင်ခဲ့တဲ့ Jerome Flynn ဟာ နဂါးတွေ လန်နစ်စတာ စစ်တပ်တွေကို လာတိုက်တဲ့အခန်းမှာ ထိခိုက်မိတော့မလို ဖြစ်ခဲ့ဖူးပါတယ်။ ရုပ်ငြိမ်ဓာတ်ပုံဒါရိုက်တာဖြစ်တဲ့ Robert McLachlan ဟာ မီးခိုးမည်းမည်းတွေကို သဘာဝအတိုင်း ဖန်တီးချင်တာကြောင့် ဒီဇယ်ဆီတွေကို သုံးခဲ့ပါတယ်။ အခြားသရုပ်ဆောင်တွေဟာ ရိုက်ကွင်းမှာ မီးခိုးကာ mask တွေ စွပ်ခဲ့ကြပေမယ့် မီးလောင်ပြင်ရဲ့ အလယ်နေရာတည့်တည့်မှာ နေရတဲ့ Jerome ကတော့ mask တပ်ဖို့ အခွင့်အရေး မရခဲ့ပါဘူး။

တကယ့်ဝက်ဝံအစစ်နဲ့ ရိုက်ကူးခဲ့တဲ့ Gwendoline Christie
Photo: © Game of Thrones / HBO

Brienne of Tarth နဲ့ ဝက်ဝံကြီးတို့ တိုက်ခိုက်ခဲ့တဲ့ အခန်းဟာ ကွန်ပျူတာအထူးပြုလုပ်ချက်တွေနဲ့ ဖန်တီးထားတာ မဟုတ်ပါဘူး။ Gwendoline ရဲ့ ပြောပြချက်အရ အဲ့ဒီ့ဝက်ဝံကြီးဟာ အတွေ့အကြုံရှိတဲ့ သရုပ်ဆောင်လို့ သိရပါတယ်။ Bart Junior လို့အမည်ရပြီး GoT မရိုက်ကူးခင် အခြားရုပ်ရှင်များစွာမှာလည်း ဒီဝက်ဝံကြီးက ပါဝင်သရုပ်ဆောင်ဖူးသေးတယ်လို့ ဆိုပါတယ်။ အဆိုပါ တိုက်ခိုက်တဲ့အခန်းကို ရိုက်ကူးစဉ်ကတော့ Gwendoline နဲ့ ဝက်ဝံကြီး Bart ရဲ့ကြားမှာ လျှပ်စစ်ဓာတ်လွှတ်ထားတဲ့ စည်းရိုးအသေးလေး ခြားထားတယ်လို့ သိရပါတယ်။ ရိုက်ကူးရေး နားနေစဉ်မှာတော့ ဒယ်အိုးပြားကို လက်ကိုင်အရှည်ကြီးတပ်ပြီး Gwendoline က ကြောက်ကြောက်နဲ့ မုန့်လှမ်းကျွေးတာက ရိုက်ကူးရေးအဖွဲ့တွေကြားမှာ နောက်ပြောင်စရာတစ်ခုလို ဖြစ်ခဲ့သေးတယ်လို့ မင်းသမီးက ပြောပြဖူးပါတယ်။

ပရိသတ်ရဲ့အမုန်းဒဏ်ခံခဲ့ရတဲ့ Lena Headey
Photo: © Game of Thrones / HBO/ Insider

Cersei Lannister ဆိုတဲ့ ဇာတ်ကောင်ကို GoT ပရိသတ် အတော်များများက မုန်းကြပါတယ်။ ပြောင်မြောက်လွန်းတဲ့ သရုပ်ဆောင်မှုကြောင့် လူတွေဟာ သာမန်မုန်းတာမျိုးထက် သူတို့ရဲ့ မကောင်းတဲ့ ခံစားချက်တွေကို ပုံချအပြစ်တင်ရာတစ်ခုအနေနဲ့ပါ Lena ကို မြင်လာကြပါတယ်။ တစ်ခါကဆိုရင် Lena ရဲ့ ဒုတိယမြောက်ကလေးကို နို့ထိန်းလုပ်ပေးနေတဲ့ အမျိုးသမီးက Walk of Shame လုပ်တဲ့အခန်းအကြောင်း ပြန်ပြောနေရင်း “Shame on You” လို့ပါ ပြောဖူးတယ်လို့ ဆိုပါတယ်။ Lena ကတော့ ဒါဟာ သူမရဲ့သရုပ်ဆောင်မှု စွမ်းရည်ကြောင့်လို့ သတ်မှတ်ပြီး ကိုယ့်ကိုယ်ကို ချီးကျူးတယ်လို့ ဆိုပါသေးတယ်။

မျက်နှာကို အကြိမ်ပေါင်းများစွာ အထိုးခံခဲ့ရတဲ့ Iwan Rheon
© Game of Thrones / HBO

ပရိသတ်အမုန်းခံရတဲ့ နောက်ထပ် ဇာတ်ကောင်တစ်ယောက်ဖြစ်တဲ့ Ramsay Bolton အဖြစ် သရုပ်ဆောင်ခဲ့တဲ့ Iwan Rheon ဟာ Kit Harington ရဲ့ လက်သီးချက်တွေကို ခံခဲ့ရပါတယ်။ Battle of Bastards အပိုင်းရဲ့ သူတို့နှစ်ယောက်ကြားက တိုက်ခိုက်ခန်းတွေမှာ Kit က အရှိန်ပြင်းနဲ့ မျက်နှာတည့်တည့်ကို ထိုးတာခံခဲ့သူ ဖြစ်ပါတယ်။ ဇာတ်ရုပ်ပီပြင်ဖို့အတွက် တကယ် အထိုးခံခဲ့တာကြောင့် ပရော်ဖက်ရှင်နယ် တကယ်ပီသသူပါလို့ Kit က မှတ်ချက်ပေးထားပါတယ်။

နှလုံးအစိမ်းကို စားရတဲ့အခန်းမှာ တဝေါ့ဝေါ့အန်ခဲ့ရတဲ့ Emilia Clarke
© Game of Thrones / HBO

Daenerys Targaryen အဖြစ် သရုပ်ဆောင်ခဲ့တဲ့ Emilia Clarke ဟာ ဒေါ်သရာကီတွေနဲ့ နေထိုင်စဉ်က မြင်းနှလုံးကို အစိမ်းစားရတဲ့အခန်းဟာ သူမအတွက် ခက်ခဲခဲ့တယ်လို့ ဆိုပါတယ်။ သူမဟာ အဲ့ဒီ့အခန်းကို ရိုက်ကူးဖို့ မြင်းနှလုံးအတုပေါင်း (၂၈)ခုကို စားခဲ့ရတာပါ။ pasta အခြောက်တွေနဲ့ ဘယ်ရီယိုကိုပေါင်းပြီး ပြုလုပ်ထားတဲ့ နှလုံးအတုတွေကို စားရတာ ဘယ်လိုမှ သည်းမခံနိုင်လို့ မထိန်းနိုင်ရင် အန်ချဖို့ရန်အတွက် အနောက်မှာ ရေပုံးတစ်ပုံးနဲ့ လူတစ်ယောက်ကို စောင့်ခိုင်းထားရတယ်လို့ ပြောပြဖူးပါတယ်။

ရဲတိုက်နက်ဟာ တကယ်ရွံစရာကောင်းနေခဲ့ပါတယ်။
© Game of Thrones / HBO

ရိုက်ကွင်းရဲ့ ဆက်တင်ဒါရိုက်တာ Richard Roberts ဟာ ရဲတိုက်နက်ကို တကယ် ညစ်ပေ၊ပွထပြီး နံဟောင်၊ အေးစက်နေတဲ့ နေရာအဖြစ် ပုံဖော်ချင်ခဲ့ပါတယ်။ ဒါကြောင့်ပဲ တကယ် ညစ်ပေနံဟောင်နေစေဖို့အတွက် ရဲတိုက်နက်ထဲမှာ အသားအစိမ်းတွေကို တွဲလောင်းချိတ်ထားခိုင်းပြီး ဝက်တွေကိုပါ ခေါ်သွင်းထားခဲ့ပါတယ်။ ဇာတ်လမ်းထဲမှာ ရဲတိုက်နက်ရဲ့ အခန်းကို ရောက်လာတိုင်း အေးစက်ဆွေးမြေ့ပြီး ညစ်ပေထိုင်းမှိုင်းနေတဲ့ ခံစားချက်ကို ရရှိတာဟာ သိပ်တော့ မထူးဆန်းလှပါဘူး။ အပြင်မှာလည်း တကယ် နံစော်ညစ်ပတ်နေခဲ့တာဖြစ်ပြီး အဲ့ဒီ့ရိုက်ကွင်းဆက်တင်ထဲမှာ အတူတူ အလုပ်လုပ်ခဲ့ကြတဲ့ အဖွဲ့သားတွေဟာလည်း တကယ်ကို ချီးကျူးစရာကောင်းလှပါတယ်။

Xei

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

 

 

RELATED ARTICLES

Most Popular