HomeEntertainmentFilmအသစ်ထပ်လာမယ့် Matrix 4 နဲ့ ပတ်သက်ပြီး သိထားသင့်သမျှ

အသစ်ထပ်လာမယ့် Matrix 4 နဲ့ ပတ်သက်ပြီး သိထားသင့်သမျှ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

သိပ္ပံစိတ်ကူးယဉ်ဇာတ်ကားတွေ နှစ်သက်ကြတဲ့ ပရိသတ်တွေအတွက် သတင်းကောင်းတစ်ခု ရှိပါတယ်။ အဲ့ဒါကတော့ နာမည်ကျော် Matrix ရုပ်ရှင်ဟာ လေးကားမြောက် ရုပ်ရှင်ကို ရိုက်ကူးထုတ်လုပ်တော့မယ်ဆိုတဲ့ သတင်းပဲ ဖြစ်ပါတယ်။ ဒီသတင်းကိုတော့ Matrix ရုပ်ရှင်ရဲ့ ဒါရိုက်တာတွေဖြစ်ကြတဲ့ Wachowski ညီအစ်မနဲ့အတူ အလုပ်တွဲလုပ်ဖူးတဲ့ စတန့်သမားလည်းဖြစ်၊ ဒါရိုက်တာလည်းဖြစ်တဲ့ Chad Stahelski က မေလမှာ အတည်ပြုပေးထားတာ ဖြစ်ပါတယ်။

John Wick ရုပ်ရှင်တွေရဲ့ ဒါရိုက်တာဖြစ်တဲ့ Chad Stahelski ဟာ Yahoo Movie ရဲ့ ယူကေဌာနခွဲကို Matrix 4 အကြောင်း ပြောပြခဲ့တာ ဖြစ်ပါတယ်။ “Wachowski နှစ်ယောက်က Matrix သုံးကားတည်းနဲ့ ရပ်မနေဘဲ ကျွန်တော်တို့ကြိုက်နှစ်သက်တာကို လုပ်ပေးတော့မယ်ဆိုတော့ ကျွန်တော် အရမ်းပျော်ပါတယ်။ သူတို့ဒါအတွက် တကယ် လိုအပ်နေတဲ့အချိန် ရောက်ပြီဆိုရင် ဖုန်းတစ်ကောလ် ခေါ်ရုံပါပဲ။ ဟေ့ .. ငါတို့ စတန့်သမားလိုတယ်လို့ လှမ်းခေါ်ရင်လည်း ကျွန်တော်က ချက်ချင်းပြေးသွားပြီး ကားနဲ့အတိုက်ခံမှာပါ… ” လို့ စတန့်သမား တစ်ဖြစ်လည်း ဒါရိုက်တာကြီးက ဆိုထားတာပါ။

Photo Courtesy: Warner Bros

ပထမဆုံး ထွက်ရှိခဲ့တဲ့ Matrix ရုပ်ရှင်ဟာ သူ့ရဲ့အက်ရှင်ခန်းတွေ၊ visual effect တွေ၊ ဇာတ်လမ်းနဲ့ သရုပ်ဆောင်မှုတွေကြောင့် အကောင်းဆုံးသော သိပ္ပံစိတ်ကူးယဉ် ဇာတ်ကားတွေထဲမှာ ပါဝင်တယ်လို့ သတ်မှတ်ခံထားရပါတယ်။ အဲ့ဒီ့နောက် အဆက်အဖြစ် ထပ်ထွက်လာတဲ့ Matrix Reloaded ဟာလည်း ပရိသတ်တွေ နှစ်သက်ခဲ့ကြပေမယ့် ဇာတ်သိမ်းပိုင်းကိုတော့ ဝေဖန်ရေးသမားတွေက သဘောမကျခဲ့ကြပါဘူး။ သို့ပေမယ့် ဘာပဲဖြစ်ဖြစ် Matrix ဟာ ပရိသတ်တွေကြားထဲမှာ ဝက်ဝက်ကွဲ အောင်မြင်ခဲ့သလို ငွေကြေးအရလည်း အောင်မြင်မှုတွေ သိမ်းပိုက်နိုင်ခဲ့ပါတယ်။

ဖန်တီးမှုအပိုင်း

Lana Wachowski နဲ့ Lilly Wachowski တို့ ညီအစ်မနှစ်ဦးဟာ Matrix သုံးကားစလုံးကို နှစ်ယောက်အတူ ပူးတွဲရိုက်ကူး ဖန်တီးခဲ့ကြတာပါ။ သို့ပေမယ့် ယခုထပ်မံရိုက်ကူးမယ့် Matrix 4 မှာတော့ Lilly က ပါဝင်မှာ မဟုတ်တော့ဘဲ Lana တစ်ယောက်တည်း ဆိုလိုရိုက်ကူးတော့မှာ ဖြစ်ပါတယ်။ ဇာတ်ညွှန်းပိုင်းကိုတော့ Aleksandar Hemon ၊ David Mitchell တို့နဲ့အတူ Lana ကပါ ပါဝင်ရေးသားထားတယ်လို့ သိရပါတယ်။

Photo Courtesy: Warner Bros
သရုပ်ဆောင်များ

Matrix ရုပ်ရှင်ရဲ့ မင်းသားနဲ့ မင်းသမီးတွေဖြစ်ကြတဲ့ Keanu Reeves နဲ့ Carrie-Anne Moss တို့နှစ်ဦးလုံးဟာ Neo နဲ့ Trinity အဖြစ် ပြန်လည်ပါဝင်ကြဦးမှာပါ။ Jada Pinkett Smith ဟာလည်း Niobe အဖြစ် ပြန်လည်ပါဝင်ဦးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဘောလိဝုဒ်မင်းသမီး Priyanka Chopra လည်း ပါဝင်မယ်လို့ သိရပါတယ်။ Laurence Fishburne ကလည်း ယခင်ကာရိုက်တာ နေရာကပဲ ပြန်လည်ပါဝင်ဦးမှာ ဖြစ်ပေမယ့် Hugo Weaving ကတော့ မပါဝင်နိုင်တော့ဘူးလို့ သိရပါတယ်။

ရိုက်ကူးထုတ်လုပ်ရေးအပိုင်း

ရုပ်ရှင် ရိုက်ကူးရေးအပိုင်းမှာတော့ ၂၀၂၀ခုနှစ် ဖေဖော်ဝါရီလမှာ ဆန်ဖရန်ဆစ္စကိုမှာ ရိုက်ကူးရေး စတင်ထားပြီဖြစ်ပေမယ့် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရိုက်ကွင်းကို ရပ်နားထားရပါတယ်။ သို့ပေမယ့်လည်း Keanu Reeves အပါအဝင် ဇာတ်လမ်းရဲ့ အဓိကသရုပ်ဆောင်တွေကတော့ ဇွန်လနောက်ဆုံးပတ်က စတင်ပြီး ရိုက်ကူးရေး ပြန်လည်စတင်နေကြပြီလို့ သိရပါတယ်။

Photo Courtesy: Warner Bros
ရုံတင်ရက်

Matrix 4 ကို ကနဦးတုန်းကတော့ ၂၀၂၁ခုနှစ် မေလ (၂၁)ရက်မှာ ရုံတင်ပြသဖို့ လျာထားတာ ဖြစ်ပါတယ်။ သို့ပေမယ့်လည်း ကိုဗစ်ကပ်ရောဂါ ဖြစ်ပွားမှုကြောင့် ရုံတင်ရက်ကို ၂၀၂၂ခုနှစ် ဧပြီလအထိ ရွှေ့ဆိုင်းလိုက်ပြီ ဖြစ်ပါတယ်။

ဒါကတော့ Matrix 4 ရုပ်ရှင်နဲ့ ပတ်သက်ပြီး လက်ရှိအချိန်အထိ သိရှိထားရသမျှ သတင်းအချက်အလက်တွေပဲ ဖြစ်ပါတယ်။ ဒီကြားထဲမှာ ကိုဗစ်ကပ်ရောဂါ ကာကွယ်ဆေး ပေါ်ထွက်လာမယ်ဆိုရင်တော့ ထင်ထားတာထက် ပိုမြန်မြန် ကြည့်ရှုခွင့် ရနိုင်လောက်ပါတယ်လို့ တင်ပြရင်း … ။

LaNina

Source: indianexpress

(Zawgyi Version)

သိပၸံစိတ္ကူးယဥ္ဇာတ္ကားေတြ ႏွစ္သက္ၾကတဲ့ ပရိသတ္ေတြအတြက္ သတင္းေကာင္းတစ္ခု ရွိပါတယ္။ အဲ့ဒါကေတာ့ နာမည္ေက်ာ္ Matrix ႐ုပ္ရွင္ဟာ ေလးကားေျမာက္ ႐ုပ္ရွင္ကို ႐ိုက္ကူးထုတ္လုပ္ေတာ့မယ္ဆိုတဲ့ သတင္းပဲ ျဖစ္ပါတယ္။ ဒီသတင္းကိုေတာ့ Matrix ႐ုပ္ရွင္ရဲ႕ ဒါ႐ိုက္တာေတြျဖစ္ၾကတဲ့ Wachowski ညီအစ္မနဲ႔အတူ အလုပ္တြဲလုပ္ဖူးတဲ့ စတန႔္သမားလည္းျဖစ္၊ ဒါ႐ိုက္တာလည္းျဖစ္တဲ့ Chad Stahelski က ေမလမွာ အတည္ျပဳေပးထားတာ ျဖစ္ပါတယ္။

John Wick ႐ုပ္ရွင္ေတြရဲ႕ ဒါ႐ိုက္တာျဖစ္တဲ့ Chad Stahelski ဟာ Yahoo Movie ရဲ႕ ယူေကဌာနခြဲကို Matrix 4 အေၾကာင္း ေျပာျပခဲ့တာ ျဖစ္ပါတယ္။ “Wachowski ႏွစ္ေယာက္က Matrix သုံးကားတည္းနဲ႔ ရပ္မေနဘဲ ကြၽန္ေတာ္တို႔ႀကိဳက္ႏွစ္သက္တာကို လုပ္ေပးေတာ့မယ္ဆိုေတာ့ ကြၽန္ေတာ္ အရမ္းေပ်ာ္ပါတယ္။ သူတို႔ဒါအတြက္ တကယ္ လိုအပ္ေနတဲ့အခ်ိန္ ေရာက္ၿပီဆိုရင္ ဖုန္းတစ္ေကာလ္ ေခၚ႐ုံပါပဲ။ ေဟ့ .. ငါတို႔ စတန႔္သမားလိုတယ္လို႔ လွမ္းေခၚရင္လည္း ကြၽန္ေတာ္က ခ်က္ခ်င္းေျပးသြားၿပီး ကားနဲ႔အတိုက္ခံမွာပါ… ” လို႔ စတန႔္သမား တစ္ျဖစ္လည္း ဒါ႐ိုက္တာႀကီးက ဆိုထားတာပါ။

Photo Courtesy: Warner Bros

ပထမဆုံး ထြက္ရွိခဲ့တဲ့ Matrix ႐ုပ္ရွင္ဟာ သူ႔ရဲ႕အက္ရွင္ခန္းေတြ၊ visual effect ေတြ၊ ဇာတ္လမ္းနဲ႔ သ႐ုပ္ေဆာင္မႈေတြေၾကာင့္ အေကာင္းဆုံးေသာ သိပၸံစိတ္ကူးယဥ္ ဇာတ္ကားေတြထဲမွာ ပါဝင္တယ္လို႔ သတ္မွတ္ခံထားရပါတယ္။ အဲ့ဒီ့ေနာက္ အဆက္အျဖစ္ ထပ္ထြက္လာတဲ့ Matrix Reloaded ဟာလည္း ပရိသတ္ေတြ ႏွစ္သက္ခဲ့ၾကေပမယ့္ ဇာတ္သိမ္းပိုင္းကိုေတာ့ ေဝဖန္ေရးသမားေတြက သေဘာမက်ခဲ့ၾကပါဘူး။ သို႔ေပမယ့္ ဘာပဲျဖစ္ျဖစ္ Matrix ဟာ ပရိသတ္ေတြၾကားထဲမွာ ဝက္ဝက္ကြဲ ေအာင္ျမင္ခဲ့သလို ေငြေၾကးအရလည္း ေအာင္ျမင္မႈေတြ သိမ္းပိုက္ႏိုင္ခဲ့ပါတယ္။

ဖန္တီးမႈအပိုင္း

Lana Wachowski နဲ႔ Lilly Wachowski တို႔ ညီအစ္မႏွစ္ဦးဟာ Matrix သုံးကားစလုံးကို ႏွစ္ေယာက္အတူ ပူးတြဲ႐ိုက္ကူး ဖန္တီးခဲ့ၾကတာပါ။ သို႔ေပမယ့္ ယခုထပ္မံ႐ိုက္ကူးမယ့္ Matrix 4 မွာေတာ့ Lilly က ပါဝင္မွာ မဟုတ္ေတာ့ဘဲ Lana တစ္ေယာက္တည္း ဆိုလို႐ိုက္ကူးေတာ့မွာ ျဖစ္ပါတယ္။ ဇာတ္ၫႊန္းပိုင္းကိုေတာ့ Aleksandar Hemon ၊ David Mitchell တို႔နဲ႔အတူ Lana ကပါ ပါဝင္ေရးသားထားတယ္လို႔ သိရပါတယ္။

Photo Courtesy: Warner Bros
သ႐ုပ္ေဆာင္မ်ား

Matrix ႐ုပ္ရွင္ရဲ႕ မင္းသားနဲ႔ မင္းသမီးေတြျဖစ္ၾကတဲ့ Keanu Reeves နဲ႔ Carrie-Anne Moss တို႔ႏွစ္ဦးလုံးဟာ Neo နဲ႔ Trinity အျဖစ္ ျပန္လည္ပါဝင္ၾကဦးမွာပါ။ Jada Pinkett Smith ဟာလည္း Niobe အျဖစ္ ျပန္လည္ပါဝင္ဦးမွာ ျဖစ္ပါတယ္။ ဒါ့အျပင္ ေဘာလိဝုဒ္မင္းသမီး Priyanka Chopra လည္း ပါဝင္မယ္လို႔ သိရပါတယ္။ Laurence Fishburne ကလည္း ယခင္ကာ႐ိုက္တာ ေနရာကပဲ ျပန္လည္ပါဝင္ဦးမွာ ျဖစ္ေပမယ့္ Hugo Weaving ကေတာ့ မပါဝင္ႏိုင္ေတာ့ဘူးလို႔ သိရပါတယ္။

႐ိုက္ကူးထုတ္လုပ္ေရးအပိုင္း

႐ုပ္ရွင္ ႐ိုက္ကူးေရးအပိုင္းမွာေတာ့ ၂၀၂၀ခုႏွစ္ ေဖေဖာ္ဝါရီလမွာ ဆန္ဖရန္ဆစၥကိုမွာ ႐ိုက္ကူးေရး စတင္ထားၿပီျဖစ္ေပမယ့္ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ႐ိုက္ကြင္းကို ရပ္နားထားရပါတယ္။ သို႔ေပမယ့္လည္း Keanu Reeves အပါအဝင္ ဇာတ္လမ္းရဲ႕ အဓိကသ႐ုပ္ေဆာင္ေတြကေတာ့ ဇြန္လေနာက္ဆုံးပတ္က စတင္ၿပီး ႐ိုက္ကူးေရး ျပန္လည္စတင္ေနၾကၿပီလို႔ သိရပါတယ္။

Photo Courtesy: Warner Bros
႐ုံတင္ရက္

Matrix 4 ကို ကနဦးတုန္းကေတာ့ ၂၀၂၁ခုႏွစ္ ေမလ (၂၁)ရက္မွာ ႐ုံတင္ျပသဖို႔ လ်ာထားတာ ျဖစ္ပါတယ္။ သို႔ေပမယ့္လည္း ကိုဗစ္ကပ္ေရာဂါ ျဖစ္ပြားမႈေၾကာင့္ ႐ုံတင္ရက္ကို ၂၀၂၂ခုႏွစ္ ဧၿပီလအထိ ေ႐ႊ႕ဆိုင္းလိုက္ၿပီ ျဖစ္ပါတယ္။

ဒါကေတာ့ Matrix 4 ႐ုပ္ရွင္နဲ႔ ပတ္သက္ၿပီး လက္ရွိအခ်ိန္အထိ သိရွိထားရသမွ် သတင္းအခ်က္အလက္ေတြပဲ ျဖစ္ပါတယ္။ ဒီၾကားထဲမွာ ကိုဗစ္ကပ္ေရာဂါ ကာကြယ္ေဆး ေပၚထြက္လာမယ္ဆိုရင္ေတာ့ ထင္ထားတာထက္ ပိုျမန္ျမန္ ၾကည့္ရႈခြင့္ ရႏိုင္ေလာက္ပါတယ္လို႔ တင္ျပရင္း … ။

LaNina

Source: indianexpress

 

RELATED ARTICLES

Most Popular