HomeEntertainmentFilmU.S တစ်နိုင်ငံတည်းမှာတင် Box Office ဝင်ငွေ(၉)ဘီလျံကျော်သွားပြီဖြစ်တဲ့ MCU Franchise

U.S တစ်နိုင်ငံတည်းမှာတင် Box Office ဝင်ငွေ(၉)ဘီလျံကျော်သွားပြီဖြစ်တဲ့ MCU Franchise

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Eternals ရုပ်ရှင် ရုံတင်ပြီး တစ်ပတ်အကြာမှာတော့ Marvel Cinematic Universe Franchise ဟာ အမေရိကန်တစ်နိုင်ငံတည်းမှာတင် Box Office ဝင်ငွေ ဒေါ်လာ (၉)ဘီလျံကျော် ရရှိသွားပြီ ဖြစ်ပါတယ်။

လက်ရှိဟောလိဝုဒ် ရုပ်ရှင်လောကမှာတော့ MCU ဟာ အကြီးမားဆုံး Franchise တစ်ခုအဖြစ် ရပ်တည်နေပြီး တစ်ကမ္ဘာလုံးမှာလည်း ပရိသတ်တွေများစွာ ရရှိထားပါတယ်။ Avengers: Endgame ဆိုရင် Avatar ရုပ်ရှင် ရုံပြန်မတင်ခင်မှာ ဝင်ငွေအများဆုံးရုပ်ရှင်အဖြစ် ရပ်တည်နေခဲ့ပြီး Box Office ဒေါ်လာ (၂.၇)ဘီလျံ ရရှိခဲ့တာ ဖြစ်ပါတယ်။ အခုချိန်မှာတော့ ကိုဗစ်ကြောင့် နိုင်ငံတိုင်းက ရုပ်ရှင်ရုံတွေ ပြန်မဖွင့်နိုင်သေးတာကြောင့် အသစ်ထွက်ရှိလာတဲ့ ရုပ်ရှင်တွေဟာ ပုံမှန်ထက် ဝင်ငွေနည်းပါးခဲ့ရပါတယ်။

photo via screenrant

အသစ်ထွက်ရှိထားတဲ့ Black Widow နဲ့ Shang-Chi and the Legend of Ten Rings ဆိုရင်လည်း အလားတူပဲ အရင်က ရုပ်ရှင်တွေလောက် ဝင်ငွေမရရှိခဲ့ပါဘူး။ Black Widow ဆိုရင် ဝင်ငွေ ဒေါ်လာ (၃၇၉)သန်း ရရှိခဲ့ပြီး (၁၈၃)သန်း အမြတ်ငွေ ရရှိခဲ့ပါတယ်။

Shang-Chi and the Legend of Ten Rings ကတော့ ဝင်ငွေ ဒေါ်လာသန်း (၄၃၀)ရရှိခဲ့ပြီး (၂၂၃)သန်း အမြတ်ငွေ ရရှိခဲ့ပါတယ်။ ဒါတောင်မှ ၂၀၂၁ ခုနှစ်အတွင်း အမေရိကန်နိုင်ငံမှာ Black Widow က တတိယမြောက် ဝင်ငွေအများဆုံး ရုပ်ရှင် ဖြစ်နေပြီး Shang-Chi and the Legend of Ten Rings ကတော့ ထိပ်ဆုံးမှာ ရပ်တည်နေပါတယ်။ Eternals ရုပ်ရှင်ကတော့ ရုံတင်နေဆဲ ဖြစ်ပြီး လောလောဆယ်မှာ ဒေါ်လာ (၇၁)သန်း ရရှိထားပါတယ်။

Photo Credit: Marvel Studios/ Disney Studios

Forbes မဂ္ဂဇင်းရဲ့ ဖော်ပြချက်အရ MCU Franchise ဟာ အမေရိကန် တစ်နိုင်ငံတည်းမှာတောင် Box Office ဒေါ်လာ (၉)ဘီလျံ ရရှိသွားပြီလို့ သိရပါတယ်။ ဒါကတော့ အမေရိကန် တစ်နိုင်ငံတည်းမှာ ရရှိထားတဲ့ ဝင်ငွေကို ပြောတာဖြစ်ပြီး တစ်ကမ္ဘာလုံးအနေနဲ့ ဆိုရင်တော့ MCU ဟာ ဒေါ်လာ (၂၃.၅)ဘီလျံကျော်တောင် ရရှိထားပါတယ်။

MCU ဟာ အခုဆိုရင်တော့ တစ်နှစ်ကို အနည်းဆုံး ရုပ်ရှင်သုံးကားလောက် ဖန်တီးနေပြီး လောလောဆယ်မှာ ရုံတင်နေတဲ့ Eternals ကတော့ MCU ရဲ့ (၂၆)ကားမြောက် ရုပ်ရှင် ဖြစ်ပါတယ်။ MCU ရုပ်ရှင်တွေဟာ ပုံမှန်အချိန်ဆိုရင် အနည်းဆုံးတော့ ဒေါ်လာ သန်း(၇၀၀)လောက် ဝင်ငွေ ရရှိတတ်ပြီး ဒေါ်လာ (၁)ဘီလျံ ရရှိထားတဲ့ ရုပ်ရှင်တွေလည်း ရှိပါတယ်။

Photo Credit: Marvel Studios/ Disney Studios

အပေါ်မှာ ဖော်ပြထားသလိုပဲ ကိုဗစ်ကြောင့်သာ MCU ရုပ်ရှင်အသစ်တွေရဲ့ ဝင်ငွေတွေဟာ နည်းပါးနေတာ ဖြစ်ပြီး ဒီလိုဆိုရင်တောင် ရုပ်ရှင်သုံးကားလောက်နဲ့ ဒေါ်လာ (၁)ဘီလျံလောက် ဝင်ငွေရရှိနေပါတယ်။ MCU Franchise ဟာ လောလောဆယ်မှာ ဒေါ်လာ (၂၃.၅)ဘီလျံပဲ ရှိသေးပေမယ့် Spider-Man: No Way Home ထွက်ရှိလာရင်တော့ သေချာပေါက် ဒေါ်လာ (၂၄)ဘီလျံကျော်လောက် ရရှိသွားမှာ ဖြစ်ပါတယ်။

Legos

Source: Screenrant

(Zawgyi Version)

Eternals ႐ုပ္ရွင္ ႐ုံတင္ၿပီး တစ္ပတ္အၾကာမွာေတာ့ Marvel Cinematic Universe Franchise ဟာ အေမရိကန္တစ္နိုင္ငံတည္းမွာတင္ Box Office ဝင္ေငြ ေဒၚလာ (၉)ဘီလ်ံေက်ာ္ ရရွိသြားၿပီ ျဖစ္ပါတယ္။

လက္ရွိေဟာလိဝုဒ္ ႐ုပ္ရွင္ေလာကမွာေတာ့ MCU ဟာ အႀကီးမားဆုံး Franchise တစ္ခုအျဖစ္ ရပ္တည္ေနၿပီး တစ္ကမၻာလုံးမွာလည္း ပရိသတ္ေတြမ်ားစြာ ရရွိထားပါတယ္။ Avengers: Endgame ဆိုရင္ Avatar ႐ုပ္ရွင္ ႐ုံျပန္မတင္ခင္မွာ ဝင္ေငြအမ်ားဆုံး႐ုပ္ရွင္အျဖစ္ ရပ္တည္ေနခဲ့ၿပီး Box Office ေဒၚလာ (၂.၇)ဘီလ်ံ ရရွိခဲ့တာ ျဖစ္ပါတယ္။ အခုခ်ိန္မွာေတာ့ ကိုဗစ္ေၾကာင့္ နိုင္ငံတိုင္းက ႐ုပ္ရွင္႐ုံေတြ ျပန္မဖြင့္နိုင္ေသးတာေၾကာင့္ အသစ္ထြက္ရွိလာတဲ့ ႐ုပ္ရွင္ေတြဟာ ပုံမွန္ထက္ ဝင္ေငြနည္းပါးခဲ့ရပါတယ္။

photo via screenrant

အသစ္ထြက္ရွိထားတဲ့ Black Widow နဲ႔ Shang-Chi and the Legend of Ten Rings ဆိုရင္လည္း အလားတူပဲ အရင္က ႐ုပ္ရွင္ေတြေလာက္ ဝင္ေငြမရရွိခဲ့ပါဘူး။ Black Widow ဆိုရင္ ဝင္ေငြ ေဒၚလာ (၃၇၉)သန္း ရရွိခဲ့ၿပီး (၁၈၃)သန္း အျမတ္ေငြ ရရွိခဲ့ပါတယ္။

Shang-Chi and the Legend of Ten Rings ကေတာ့ ဝင္ေငြ ေဒၚလာသန္း (၄၃၀)ရရွိခဲ့ၿပီး (၂၂၃)သန္း အျမတ္ေငြ ရရွိခဲ့ပါတယ္။ ဒါေတာင္မွ ၂၀၂၁ ခုႏွစ္အတြင္း အေမရိကန္နိုင္ငံမွာ Black Widow က တတိယေျမာက္ ဝင္ေငြအမ်ားဆုံး ႐ုပ္ရွင္ ျဖစ္ေနၿပီး Shang-Chi and the Legend of Ten Rings ကေတာ့ ထိပ္ဆုံးမွာ ရပ္တည္ေနပါတယ္။ Eternals ႐ုပ္ရွင္ကေတာ့ ႐ုံတင္ေနဆဲ ျဖစ္ၿပီး ေလာေလာဆယ္မွာ ေဒၚလာ (၇၁)သန္း ရရွိထားပါတယ္။

Photo Credit: Marvel Studios/ Disney Studios

Forbes မဂၢဇင္းရဲ့ ေဖာ္ျပခ်က္အရ MCU Franchise ဟာ အေမရိကန္ တစ္နိုင္ငံတည္းမွာေတာင္ Box Office ေဒၚလာ (၉)ဘီလ်ံ ရရွိသြားၿပီလို႔ သိရပါတယ္။ ဒါကေတာ့ အေမရိကန္ တစ္နိုင္ငံတည္းမွာ ရရွိထားတဲ့ ဝင္ေငြကို ေျပာတာျဖစ္ၿပီး တစ္ကမၻာလုံးအေနနဲ႔ ဆိုရင္ေတာ့ MCU ဟာ ေဒၚလာ (၂၃.၅)ဘီလ်ံေက်ာ္ေတာင္ ရရွိထားပါတယ္။

MCU ဟာ အခုဆိုရင္ေတာ့ တစ္ႏွစ္ကို အနည္းဆုံး ႐ုပ္ရွင္သုံးကားေလာက္ ဖန္တီးေနၿပီး ေလာေလာဆယ္မွာ ႐ုံတင္ေနတဲ့ Eternals ကေတာ့ MCU ရဲ့ (၂၆)ကားေျမာက္ ႐ုပ္ရွင္ ျဖစ္ပါတယ္။ MCU ႐ုပ္ရွင္ေတြဟာ ပုံမွန္အခ်ိန္ဆိုရင္ အနည္းဆုံးေတာ့ ေဒၚလာ သန္း(၇၀၀)ေလာက္ ဝင္ေငြ ရရွိတတ္ၿပီး ေဒၚလာ (၁)ဘီလ်ံ ရရွိထားတဲ့ ႐ုပ္ရွင္ေတြလည္း ရွိပါတယ္။

Photo Credit: Marvel Studios/ Disney Studios

အေပၚမွာ ေဖာ္ျပထားသလိုပဲ ကိုဗစ္ေၾကာင့္သာ MCU ႐ုပ္ရွင္အသစ္ေတြရဲ့ ဝင္ေငြေတြဟာ နည္းပါးေနတာ ျဖစ္ၿပီး ဒီလိုဆိုရင္ေတာင္ ႐ုပ္ရွင္သုံးကားေလာက္နဲ႔ ေဒၚလာ (၁)ဘီလ်ံေလာက္ ဝင္ေငြရရွိေနပါတယ္။ MCU Franchise ဟာ ေလာေလာဆယ္မွာ ေဒၚလာ (၂၃.၅)ဘီလ်ံပဲ ရွိေသးေပမယ့္ Spider-Man: No Way Home ထြက္ရွိလာရင္ေတာ့ ေသခ်ာေပါက္ ေဒၚလာ (၂၄)ဘီလ်ံေက်ာ္ေလာက္ ရရွိသြားမွာ ျဖစ္ပါတယ္။

Legos

Source: Screenrant

RELATED ARTICLES

Most Popular