HomeEntertainmentFilmVenom နဲ့ Spider-Man Crossover ဖြစ်လာဖို့ ဘာမဆိုလုပ်မယ်ဆိုတဲ့ Tom Hardy

Venom နဲ့ Spider-Man Crossover ဖြစ်လာဖို့ ဘာမဆိုလုပ်မယ်ဆိုတဲ့ Tom Hardy

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Tom Hardy ဟာ Venom နဲ့ Spider-Man Crossover ရုပ်ရှင် ဖြစ်လာဖို့အတွက် ဘာမဆို လုပ်မယ်လို့ အင်တာဗျူးတစ်ခုမှာ ပြောလိုက်ပါတယ်။

၂၀၁၈ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Venom ရုပ်ရှင်ထဲမှာ Tom Hardy ဟာ Eddie Brock အနေနဲ့ စတင်ပါဝင်လာခဲ့ပါတယ်။ အခုချိန်မှာတော့ Tom Hardy ဟာ Venom: Let There Be Carnage ထဲမှာ ပြန်လည်ပါဝင်လာဦးမှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ Eddie နဲ့ Venom ဟာ Cletus နဲ့ Carnage တို့ကို ရင်ဆိုင်ရမှာပဲ ဖြစ်ပါတယ်။

photo via screenrant

Spider-Man နဲ့ Venom ကို ရုပ်ရှင်တစ်ကားတည်းမှာ မြင်တွေ့ခဲ့ရတာကတော့ Tobey Maguire ရဲ့ Spider-Man 3 ထဲမှာ ဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ Andrew Garfield နဲ့ Spider-Man ဇာတ်လမ်းတွေကို Reboot ပြန်ရိုက်ခဲ့ပြီး အခုချိန်မှာတော့ Tom Holland ဟာ MCU ထဲက Spider-Man ဖြစ်နေပါပြီ။

ဒါကြောင့်ပဲ Venom ကတော့ Sony Pictures Universe of Marvel Characters (SPUMC) ထဲမှာ ဖြစ်နေပြီး Spider-Man ကတော့ Marvel Cinematic Universe (MCU) ထဲမှာ ရောက်နေတာကြောင့် Universe ချင်း မတူညီဘူး ဖြစ်နေပါတယ်။ Esquire သတင်းဌာနနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးထဲမှာတော့ Tom Hardy ဟာ Venom: Let There Be Carnage ရုပ်ရှင်အကြောင်းနဲ့ Venom နဲ့ Spider-Man Crossover အကြောင်းတွေကို ပြောပြသွားပါတယ်။

” ဒီရုပ်ရှင်က Sony နဲ့ Marvel နှစ်ခုလုံး အကျိူးရှိမှာဆိုတော့ မဖြစ်နိုင်တဲ့ အကြောင်းတော့ မရှိပါဘူး။ ဒီရုပ်ရှင်ကို တကယ်ဖန်တီးဖြစ်သွားဖို့ မျှော်လင့်ပြီး ဒီအတွက်ဆို ဘာမဆို လုပ်မှာပါ။ မီတာ တစ်ရာတောင် ပြေးနိုင်နေပြီး အိုလံပစ်ဝင်မပြိုင်တာကတော့ အဓိပ္ပာယ်မရှိဘူးလေ။ အဲ့‌တော့ ကျွန်တော် ဒီရုပ်ရှင်ကို တကယ်ဖြစ်လာစေချင်ပါတယ် … “

photo via screenrant

လောလောဆယ်မှာတော့ ပရိသတ်တွေရော သရုပ်ဆောင်တွေကပါ ဒီရုပ်ရှင်ကို မြင်ချင်နေကြပေမယ့်လည်း တကယ်တော့ လွယ်ကူမနေပါဘူး။ အကြောင်းကတော့ ဒီရုပ်ရှင်ကို တကယ် ဖန်တီးတော့မယ်ဆိုရင် Sony နဲ့ Marvel ဟာ စီးပွားရေးဆိုင်ရာနဲ့ မူပိုင်ခွင့်ဆိုင်ရာတွေကို သဘောတူညီမှုတွေ ထပ်မံပြုလုပ်ရမှာ ဖြစ်ပါတယ်။

Legos

Source: Screenrant

(Zawgyi Version)

Tom Hardy ဟာ Venom နဲ႔ Spider-Man Crossover ႐ုပ္ရွင္ ျဖစ္လာဖို႔အတြက္ ဘာမဆို လုပ္မယ္လို႔ အင္တာဗ်ဴးတစ္ခုမွာ ေျပာလိုက္ပါတယ္။

၂၀၁၈ ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ Venom ႐ုပ္ရွင္ထဲမွာ Tom Hardy ဟာ Eddie Brock အေနနဲ႔ စတင္ပါဝင္လာခဲ့ပါတယ္။ အခုခ်ိန္မွာေတာ့ Tom Hardy ဟာ Venom: Let There Be Carnage ထဲမွာ ျပန္လည္ပါဝင္လာဦးမွာ ျဖစ္ပါတယ္။ ဒီ႐ုပ္ရွင္ထဲမွာေတာ့ Eddie နဲ႔ Venom ဟာ Cletus နဲ႔ Carnage တို႔ကို ရင္ဆိုင္ရမွာပဲ ျဖစ္ပါတယ္။

photo via screenrant

Spider-Man နဲ႔ Venom ကို ႐ုပ္ရွင္တစ္ကားတည္းမွာ ျမင္ေတြ႕ခဲ့ရတာကေတာ့ Tobey Maguire ရဲ႕ Spider-Man 3 ထဲမွာ ျဖစ္ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ Andrew Garfield နဲ႔ Spider-Man ဇာတ္လမ္းေတြကို Reboot ျပန္႐ိုက္ခဲ့ၿပီး အခုခ်ိန္မွာေတာ့ Tom Holland ဟာ MCU ထဲက Spider-Man ျဖစ္ေနပါၿပီ။

ဒါေၾကာင့္ပဲ Venom ကေတာ့ Sony Pictures Universe of Marvel Characters (SPUMC) ထဲမွာ ျဖစ္ေနၿပီး Spider-Man ကေတာ့ Marvel Cinematic Universe (MCU) ထဲမွာ ေရာက္ေနတာေၾကာင့္ Universe ခ်င္း မတူညီဘူး ျဖစ္ေနပါတယ္။ Esquire သတင္းဌာနနဲ႔ ျပဳလုပ္ခဲ့တဲ့ အင္တာဗ်ဴးထဲမွာေတာ့ Tom Hardy ဟာ Venom: Let There Be Carnage ႐ုပ္ရွင္အေၾကာင္းနဲ႔ Venom နဲ႔ Spider-Man Crossover အေၾကာင္းေတြကို ေျပာျပသြားပါတယ္။

” ဒီ႐ုပ္ရွင္က Sony နဲ႔ Marvel ႏွစ္ခုလုံး အက်ိဴးရွိမွာဆိုေတာ့ မျဖစ္ႏိုင္တဲ့ အေၾကာင္းေတာ့ မရွိပါဘူး။ ဒီ႐ုပ္ရွင္ကို တကယ္ဖန္တီးျဖစ္သြားဖို႔ ေမွ်ာ္လင့္ၿပီး ဒီအတြက္ဆို ဘာမဆို လုပ္မွာပါ။ မီတာ တစ္ရာေတာင္ ေျပးႏိုင္ေနၿပီး အိုလံပစ္ဝင္မၿပိဳင္တာကေတာ့ အဓိပၸာယ္မရွိဘူးေလ။ အဲ့‌ေတာ့ ကြၽန္ေတာ္ ဒီ႐ုပ္ရွင္ကို တကယ္ျဖစ္လာေစခ်င္ပါတယ္ … “

photo via screenrant

ေလာေလာဆယ္မွာေတာ့ ပရိသတ္ေတြေရာ သ႐ုပ္ေဆာင္ေတြကပါ ဒီ႐ုပ္ရွင္ကို ျမင္ခ်င္ေနၾကေပမယ့္လည္း တကယ္ေတာ့ လြယ္ကူမေနပါဘူး။ အေၾကာင္းကေတာ့ ဒီ႐ုပ္ရွင္ကို တကယ္ ဖန္တီးေတာ့မယ္ဆိုရင္ Sony နဲ႔ Marvel ဟာ စီးပြားေရးဆိုင္ရာနဲ႔ မူပိုင္ခြင့္ဆိုင္ရာေတြကို သေဘာတူညီမႈေတြ ထပ္မံျပဳလုပ္ရမွာ ျဖစ္ပါတယ္။

Legos

Source: Screenrant

RELATED ARTICLES

Most Popular