HomeEntertainmentFilm2022 MTV Movie & TV Awards ဆုပေးပွဲမှာ ဆွတ်ခူးသွားကြတဲ့ အနုပညာရှင်များနဲ့ ဇာတ်ကားများ

2022 MTV Movie & TV Awards ဆုပေးပွဲမှာ ဆွတ်ခူးသွားကြတဲ့ အနုပညာရှင်များနဲ့ ဇာတ်ကားများ

ဇွန်လ(၅)ရက် တနင်္ဂနွေနေ့ညနေခင်းမှာတော့ ၂၀၂၂ ခုနှစ်အတွက် MTV Movie & TV Awards ဆုပေးပွဲကြီးကို ကျင်းပပြုလုပ်ခဲ့ပါတယ်။ ပွဲအခမ်းအနားကိုတော့ အမေရိကန်အဆိုတော်၊ သရုပ်ဆောင် Venessa Hudgens က host အဖြစ် ဆောင်ရွက်ပေးခဲ့ပြီး လော့စ်အိန်ဂျလိစ်က Barker Hangar ခန်းမကြီးမှာ ကျင်းပခဲ့ပါတယ်။

စံကာတင်စာရင်းမှာတော့ category ပေါင်း(၂၆)ခုခန့် ပါဝင်ပြီး Spider-Man: No Way Home ရုပ်ရှင်ကတော့ စံကာတင်(၇)ဆုနဲ့ ရှေ့ဆုံးက ဦးဆောင်ခဲ့ပါတယ်။ HBO ရုပ်သံလိုင်းက ထုတ်လွှင့်နေတဲ့ Euphoria Season 2 ကတော့ စံကာတင်(၆)ဆုနဲ့ Robert Pattinson ရဲ့ The Batman ရုပ်ရှင်ကတော့ စံကာတင်(၄)ဆုနဲ့ စာရင်းဝင်ခဲ့ပါတယ်။

Photo: venessahudgens/ Instagram

ယခုနှစ်အတွက် MTV Movie & TV Awards မှာတော့ category အသစ်တွေလည်း ထပ်မံပါဝင်လာသလို classic category တစ်ခုဖြစ်တဲ့ best kiss ဆုလည်း ပြန်လည်ပါဝင်လာပါတယ်။ ဒီဆုအတွက် စံကာတင်ဝင်ထားတဲ့သူတွေကတော့ The Batman ထဲက Robert Pattinson နဲ့ Zoe Kravitz ၊ Emily in Paris ထဲက Lily Collins နဲ့ Lucien Laviscount ၊ Jackass Forever ထဲက stuntman Poopies နဲ့မြွေ၊ Euphoria ထဲက Hunter Schafer နဲ့ Dominic Fike နဲ့ No Way Home ထဲက Tom Holland နဲ့ Zendaya တို့ပဲ ဖြစ်ပါတယ်။

ဒီဆုပေးပွဲကတော့ ပရိသတ်တွေက ထည့်ဝင်တဲ့ မဲအရေအတွက်နဲ့ ပေးအပ်ချီးမြှင့်တဲ့ ဆုပေးပွဲတစ်ခု ဖြစ်ပါတယ်။ fan vote တွေကိုတော့ ပြီးခဲ့တဲ့လကပဲ အွန်လိုင်းကနေ vote ပေးခဲ့ကြတာ ဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ်အတွက် MTV Movie & TV Awards မှာ ဆွတ်ခူးသွားကြတဲ့ winner list ကတော့ …

Photo Credit: Marvel Studios/ Disney Studios

BEST MOVIE – ဒီဆုကိုတော့ Spider-Man: No Way Home က ရရှိသွားပါတယ်။ စံကာတင်ဝင်ခဲ့ကြတဲ့ အခြားဇာတ်ကားများကတော့ Dune ၊ Scream ၊ Shang-Chi and the Legend of the Ten Rings ၊ The Adam Project နဲ့ The Batman တို့ ဖြစ်ပါတယ်။

BEST SHOW – BEST SHOW ဆုကို ရရှိသွားတာကတော့ Euphoria ဇာတ်လမ်းတွဲ ဖြစ်ပါတယ်။ စံကာတင်ဝင်ထားတဲ့ အခြားဇာတ်လမ်းတွဲတွေကတော့ Inventing Anna ၊ Loki ၊ Squid Game ၊ Ted Lasso နဲ့ Yellowstone တို့ ဖြစ်ပါတယ်။

Photo Credit: Marvel Studios/ Disney Studios

BEST PERFORMANCE IN A MOVIE – ရုပ်ရှင်အတွက် အကောင်းဆုံး သရုပ်ဆောင်ဆုကိုတော့ Tom Holland က Spider-Man: No Way Home ရုပ်ရှင်ဇာတ်ကားနဲ့ ရရှိသွားပါတယ်။ အခြားစံကာတင်ဝင်ထားတဲ့ သရုပ်ဆောင်တွေကတော့ Lady Gaga (House of Gucci) ၊ Robert Pattinson (The Batman) ၊ Sandra Bullock (The Lost City) နဲ့ Timothee Chalamet (Dune)တို့ ဖြစ်ပါတယ်။

BEST PERFORMANCE IN A SHOW – ဇာတ်လမ်းတွဲအတွက် အကောင်းဆုံး သရုပ်ဆောင်ဆုကိုတော့ Zendaya က Euphoria ဇာတ်လမ်းတွဲနဲ့ ရရှိသွားပါတယ်။ အခြားစံကာတင်ဝင်ထားတဲ့ သရုပ်ဆောင်တွေကတော့ Amanda Seyfried (The Dropout) ၊ Kelly Reilly (Yellowstone) ၊ Lily James (Pam & Tommy)နဲ့ Sydney Sweeney (Euphoria)တို့ ဖြစ်ပါတယ်။

Photo Credit: Marvel Studios/ Disney Studios

BEST HERO – အကောင်းဆုံး ဟီးရိုးဆုကိုတော့ Scarlett Johansson က Black Widow ရုပ်ရှင်နဲ့ ရရှိသွားပါတယ်။ စံကာတင်ဝင်ထားတဲ့ အခြားဟီးရိုးသရုပ်ဆောင်တွေကတော့ Daniel Craig (No Time to Die) ၊ Oscar Isaac (Moon Knight) ၊ Simu Liu (Shang-Chi and the Legend of the Ten Rings)နဲ့ Tom Holland (Spider-Man: No Way Home)တို့ ဖြစ်ပါတယ်။

BEST VILLAIN – အကောင်းဆုံး ဗီလိန်ဆုကိုတော့ Daniel Radcliffe က The Lost City ရုပ်ရှင်နဲ့ ရရှိသွားပါတယ်။ စံကာတင်ဝင်ထားတဲ့ အခြားဗီလိန်သရုပ်ဆောင်တွေကတော့ Collin Farrell (The Batman) ၊ James Jude Courtney (Halloween Kills) ၊ Victoria Pedretti (You)နဲ့ Willem Dafoe (Spider-Man: No Way Home)တို့ ဖြစ်ပါတယ်။

Photo via IMDb

BEST KISS – အကောင်းဆုံးအနမ်း ဇာတ်ဝင်ခန်းဆုကိုတော့ Jackass Forever ထဲက Poopies နဲ့မြွေတို့ရဲ့ ဇာတ်ဝင်ခန်းက ရရှိသွားပါတယ်။ အခြားစံကာတင်ဝင်ထားတဲ့ အနမ်းဇာတ်ဝင်ခန်းတွေကတော့ The Batman ထဲက Robert Pattinson နဲ့ Zoe Kravitz ၊ Emily in Paris ထဲက Lily Collins နဲ့ Lucien Laviscount ၊ Jackass Forever ထဲက stuntman Poopies နဲ့မြွေ၊ Euphoria ထဲက Hunter Schafer နဲ့ Dominic Fike နဲ့ No Way Home ထဲက Tom Holland နဲ့ Zendaya တို့ပဲ ဖြစ်ပါတယ်။

BEST COMEDIC PERFORMANCE – အကောင်းဆုံး ဟာသသရုပ်ဆောင်ဆုကိုတော့ Ryan Reynolds က Free Guy ရုပ်ရှင်နဲ့ ရရှိသွားပါတယ်။ စံကာတင်ဝင်ထားတဲ့ အခြားသရုပ်ဆောင်တွေကတော့ Brett Goldstein (Ted Lasso) ၊ John Cena (Peacemaker) ၊ Johnny Knoxville (Jackass Forever)နဲ့ Megan Stalter (Hacks)တို့ပဲ ဖြစ်ပါတယ်။

Photo via IMDb

BREAKTHROUGH PERFORAMNCE – ဒီဆုကိုတော့ သရုပ်ဆောင် Sophia Di Martino က Loki ဇာတ်လမ်းတွဲနဲ့ ရရှိသွားပါတယ်။ စံကာတင်ဝင်ထားတဲ့ အခြားသရုပ်ဆောင်တွေကတော့ Alana Haim (Licorice Pizza) ၊ Ariana DeBose (West Side Story) ၊ Hannah Einbinder (Hacks)နဲ့ Jung Ho Yeon (Squid Game)တို့ပဲ ဖြစ်ပါတယ်။

BEST FIGHT – အကောင်းဆုံး တိုက်ခိုက်ခန်းအတွက် Euphoria ဇာတ်လမ်းတွဲထဲက Cassie နဲ့ Maddy တို့က ရရှိသွားပါတယ်။ အခြားစံကာတင်ဝင်ထားတဲ့ fight တွေကတော့ Black Widow Vs. Widow များ (Black Widow) ၊ Guy Vs. Dude (Free Guy) ၊ Shang-Chi bus fight (Shang-Chi and the Legend of the Ten Rings)နဲ့ Spider-Man end battle (Spider-Man: No Way Home)တို့ ဖြစ်ပါတယ်။

Photo via IMDb

MOST FRIGHTENED PERFORMANCE – ကြောက်စရာအကောင်းဆုံး သရုပ်ဆောင်မှုအတွက် Jenna Ortega က Scream ရုပ်ရှင်ဇာတ်ကားနဲ့ ရရှိသွားပါတယ်။ အခြားစံကာတင်ဝင်ထားတဲ့ သရုပ်ဆောင်တွေကတော့ Kyle Richards (Halloween Kills) ၊ Mia Goth (X) ၊ Millicent Simmonds (A Quiet Place Part II)နဲ့ Sadie Sink (Fear Street: Part Two 1978)တို့ ဖြစ်ပါတယ်။

BEST TEAM – ဒီဆုကိုတော့ Loki ဇာတ်လမ်းတွဲထဲက Tom Hiddleston ၊ Sophia Di Martino နဲ့ Owen Wilson တို့က ရရှိသွားပါတယ်။ တခြားစံကာတင်တွေကတော့ Selena Gomez ၊ Steve Martin ၊ Martin Short (Only Murders in the Building) ၊ Tom Holland ၊ Andrew Garfield ၊ Tobey Maguire (Spider-Man: No Way Home) ၊ Ryan Reynolds ၊ Walker Scobell (The Adam Project)နဲ့ Sandra Bullock ၊ Channing Tatum ၊ Brat Pitt (The Lost City)တို့ ဖြစ်ပါတယ်။

Photo via IMDb

HERE FOR THE HOOKUP – ဒီဆုကိုတော့ Euphoria ဇာတ်လမ်းတွဲက ရရှိသွားပါတယ်။ တခြားစံကာတင်တွေကတော့ Never Have I Ever ၊ Pam & Tommy ၊ Sex/Life နဲ့ Sex Lives College Girls တို့ ဖြစ်ပါတယ်။

BEST SONG – အကောင်းဆုံး ဇာတ်ဝင်တေးဆုကိုတော့ Marry Me ရုပ်ရှင်ဇာတ်ကားထဲက Jennifer Lopez သီဆိုထားတဲ့ On My Way (Marry Me)သီချင်းက ရရှိသွားပါတယ်။ စံကာတင်ဝင်ထားတဲ့ တခြားဇာတ်ဝင်တေးတွေကတော့ “Here I Am (Singing My Way Home)” – Jennifer Hudson/ Respect ၊ “Just Look UP” – Ariana Grande & Kid Cudi/ Dont’ Look Up ၊ “Little Star” – Dominic Fike/ Euphoria နဲ့ “We Don’t Talk About Bruno” – Encanto Cast/ Encanto တို့ ဖြစ်ပါတယ်။

Photo via IMDb

BEST MUSIC DOCUMENTARY – အကောင်းဆုံး ဂီတမှတ်တမ်း ရုပ်ရှင်ဆုကိုတော့ Olivia Rodrigo ရဲ့ Olivia Rodrigo: driving home 2 u (a SOUR film)က ရရှိသွားပါတယ်။ အခြားစံကာတင်ဝင်ထားတဲ့ ဂီတမှတ်တမ်းရုပ်ရှင်တွေကတော့ JANET JACKSON ၊ jeen-yuhs: A Kanye Trilogy ၊ Oasis Knebworth 1996 နဲ့ The Beatles: Get Back တို့ ဖြစ်ပါတယ်။

ဒါကတော့ ၂၀၂၂ ခုနှစ်အတွက် ပြုလုပ်ကျင်းပတဲ့ MTV Movie & TV Awards မှာ ဆွတ်ခူးသွားကြတဲ့ အနုပညာရှင်တွေနဲ့ ဇာတ်ကားတွေပဲ ဖြစ်ပါတယ်။ စာဖတ်သူတို့ နှစ်သက်တဲ့ ဘယ်ဇာတ်ကားတွေနဲ့ သရုပ်ဆောင်တွေက ဆွတ်ခူးသွားကြလည်းဆိုတာ ကောမန့်မှာ ပြောပြခဲ့ပါဦး။

Vancouver

Source: people

RELATED ARTICLES

Most Popular