HomeEntertainmentFilmVera Farmiga ပါဝင်သရုပ်ဆောင်ထားတဲ့ Horror ရုပ်ရှင်ကားကောင်းများ

Vera Farmiga ပါဝင်သရုပ်ဆောင်ထားတဲ့ Horror ရုပ်ရှင်ကားကောင်းများ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Vera Farmiga ကတော့ Horror ရုပ်ရှင်ကားတွေမှာ သရုပ်ဆောင်များသူတစ်ယောက် ဖြစ်ပြီး ယခုဆိုရင်တော့ သူမဟာ အသက်(၄၈)နှစ် ရှိနေပြီ ဖြစ်ပါတယ်။ လောလောဆယ်မှာတော့ Disney+ က ပြသနေတဲ့ Hawkeye ဇာတ်လမ်းတွဲထဲမှာ သူမဟာ Kate Bishop ရဲ့ အမေနေရာက ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီတစ်ခါမှာတော့ Vera Farmiga သရုပ်ဆောင်ထားတဲ့ Horror ရုပ်ရှင်ကားတွေကို သူမရဲ့ ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။

(5) Annabelle Comes Home
photo via screenrant

ဒီကားကတော့ Annabelle trilogy ရဲ့ တတိယမြောက်ကား ဖြစ်ပြီး ၂၀၁၉ ခုနှစ်မှာ ထွက်ရှိထားကာ IMDb (5.9) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ Ed နဲ့ Lorraine Warren တို့ မောင်နှံဟာ Annabelle အရုပ်ကို ပိုင်ရှင်တွေဆီကနေ သူတို့အိမ်မှာ သိမ်းထားဖို့အတွက် ယူလာခဲ့ပါတယ်။ အဲ့ဒီ့နောက်မှာတော့ သူတို့နှစ်ယောက်လုံးဟာ ခရီးတစ်ခုကို ထွက်သွားရပြီး သူတို့ရဲ့ သမီးလေးတစ်ယောက်တည်းသာ အိမ်မှာကျန်နေခဲ့ပါတယ်။

သူတို့ခရီးသွားနေတုန်း သူတို့သမီးလေးကို စောင့်ရှောက်ဖို့ ကလေးထိန်းတစ်ယောက် ငှားထားခဲ့ပါတယ်။ အဲဒီ ကလေးထိန်းကောင်မလေးရဲ့ သူငယ်ချင်းတစ်ယောက်က အိမ်ကို ရောက်လာပြီး လက်ဆော့မှုကြောင့် Annabelle အရုပ်ဟာ ထိန်းချုပ်မှုအောက်ကနေ လွတ်မြောက်သွားတဲ့အခါမှာတော့ ခြောက်လှန့်မှုတွေကို စတင်ကြုံရပါတော့တယ်။ သရုပ်ဆောင်တွေကတော့ Patrick Wilson ၊ Vera Farmiga နဲ့ Madison Iseman တို့ ပါဝင်ထားပါတယ်။

(4) The Conjuring 3: The Devil Made Me Do It
photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၂၁ ခုနှစ်မှာ ထွက်ရှိထားကာ IMDb (6.4) ရရှိထားပြီး Conjuring Franchise ရဲ့ ရှစ်ကားမြောက် ရုပ်ရှင် ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ မကောင်းဆိုးဝါး ပူးကပ်မှုကြောင့် ဖြစ်ပေါ်ခဲ့တဲ့ လူသတ်မှုတစ်ခုကို Ed နဲ့ Lorraine Warren တို့က စုံစမ်းဖော်ထုတ်တာကို မြင်တွေ့ရမှာပါ။ ပါဝင်ထားတဲ့ သရုပ်ဆောင်တွေကတော့ Patrick Wilson ၊ Vera Farmiga နဲ့ Ruairi O’Connor တို့က အဓိက ပါဝင်ထားပါတယ်။

(3) Orphan
photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၀၉ ခုနှစ်မှာ ထွက်ရှိထားပြီး IMDb (7.0) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အတွဲတစ်တွဲဟာ သူတို့ရဲ့ကလေးကို ဆုံးရှုံးသွားပြီးနောက်မှာ အသက်(၉)နှစ်အရွယ် ကောင်မလေးတစ်ယောက်ကို မွေးစားခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ သိပ်မကြာခင်မှာပဲ အဲ့ဒီမောင်နှံဟာ ကလေးမလေးရဲ့ အတိတ်က အကြောင်းအရာတွေကို သိရှိလာရပါတော့တယ်။ သရုပ်ဆောင်တွေကတော့ Isabelle Fuhrman ၊ Vera Famiga နဲ့ Peter Sarsgaard တို့ ပါဝင်ထားပါတယ်။

(2) The Conjuring 2
photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၁၆ ခုနှစ်က ထွက်ရှိထားပြီး IMDb ကတော့ (7.3) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ ကလေး လေးယောက်ရဲ့မိခင် Peggy ဟာ သူမရဲ့နေအိမ်မှာ ရှင်းပြလို့မရတဲ့ ထူးဆန်းတဲ့ သဘာဝလွန်ဖြစ်ရပ်တွေကို ကြုံတွေ့လာရတာကြောင့် သဘာဝလွန်ဖြစ်ရပ်တွေမှာ ကျွမ်းကျင်တဲ့ Ed နဲ့ Lorraine Warren တို့ ဇနီးမောင်နှံကို အကူအညီတောင်းခံလာရပါတော့တယ်။ သရုပ်ဆောင်တွေကတော့ Vera Farmiga ၊ Patrick Wilson ၊ Madison Wolfe နဲ့ Frances O’Connor တို့က အဓိက ပါဝင်ထားပါတယ်။

(1) The Conjuring
photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၁၃ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (7.5) ရရှိထားပါတယ်။ ပထမဆုံး The Conjuring ဇာတ်ကားဟာ ခေတ်သစ် horror ရုပ်ရှင်တွေထဲမှာ အထင်ကရ ရှိနေတဲ့ ရုပ်ရှင်တစ်ကား ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ သဘာဝလွန်ဖြစ်ရပ်တွေကို စုံစမ်းထောက်လှမ်းခဲ့တဲ့ Ed နဲ့ Lorraine Warren တို့ရဲ့ တကယ့်ဖြစ်ရပ်တစ်ခုကို အခြေခံထားပါတယ်။ ဒီဇာတ်ကားဟာ classic horror ဇာတ်လမ်းတွေရဲ့ အငွေ့အသက်ကို ခံစားရမှာ ဖြစ်သလို အနည်းငယ် ကြမ်းတမ်းတဲ့ ဇာတ်ဝင်ခန်းတွေနဲ့ ကြေကွဲစရာအချို့လည်း ပါဝင်ပါတယ်။ သရုပ်ဆောင်တွေကတော့ Vera Farmiga ၊ Patrick Wilson ၊ Lili Taylor နဲ့ Joey King တို့က အဓိက ပါဝင်ထားပါတယ်။

ဒါကတော့ သရုပ်ဆောင် Vera Farmiga ရဲ့ horror ဇာတ်ကားကောင်းတွေပဲ ဖြစ်ပါတယ်။ စာဖတ်သူတို့ နှစ်သက်တဲ့ သူမရဲ့ အခြားရုပ်ရှင်ကားကောင်းတွေ ရှိရင်လည်း ပြန်လည်ဝေမျှခဲ့ပါဦး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Vera Farmiga ကေတာ့ Horror ႐ုပ္ရွင္ကားေတြမွာ သ႐ုပ္ေဆာင္မ်ားသူတစ္ေယာက္ ျဖစ္ၿပီး ယခုဆိုရင္ေတာ့ သူမဟာ အသက္(၄၈)ႏွစ္ ရွိေနၿပီ ျဖစ္ပါတယ္။ ေလာေလာဆယ္မွာေတာ့ Disney+ က ျပသေနတဲ့ Hawkeye ဇာတ္လမ္းတြဲထဲမွာ သူမဟာ Kate Bishop ရဲ့ အေမေနရာက ပါဝင္သ႐ုပ္ေဆာင္ထားပါတယ္။ ဒီတစ္ခါမွာေတာ့ Vera Farmiga သ႐ုပ္ေဆာင္ထားတဲ့ Horror ႐ုပ္ရွင္ကားေတြကို သူမရဲ့ ပရိသတ္ေတြအတြက္ ေဖာ္ျပေပးလိုက္ပါတယ္။

(5) Annabelle Comes Home
photo via screenrant

ဒီကားကေတာ့ Annabelle trilogy ရဲ့ တတိယေျမာက္ကား ျဖစ္ၿပီး ၂၀၁၉ ခုႏွစ္မွာ ထြက္ရွိထားကာ IMDb (5.9) ရရွိထားပါတယ္။ ဇာတ္လမ္းကေတာ့ Ed နဲ႔ Lorraine Warren တို႔ ေမာင္ႏွံဟာ Annabelle အ႐ုပ္ကို ပိုင္ရွင္ေတြဆီကေန သူတို႔အိမ္မွာ သိမ္းထားဖို႔အတြက္ ယူလာခဲ့ပါတယ္။ အဲ့ဒီ့ေနာက္မွာေတာ့ သူတို႔ႏွစ္ေယာက္လုံးဟာ ခရီးတစ္ခုကို ထြက္သြားရၿပီး သူတို႔ရဲ့ သမီးေလးတစ္ေယာက္တည္းသာ အိမ္မွာက်န္ေနခဲ့ပါတယ္။

သူတို႔ခရီးသြားေနတုန္း သူတို႔သမီးေလးကို ေစာင့္ေရွာက္ဖို႔ ကေလးထိန္းတစ္ေယာက္ ငွားထားခဲ့ပါတယ္။ အဲဒီ ကေလးထိန္းေကာင္မေလးရဲ့ သူငယ္ခ်င္းတစ္ေယာက္က အိမ္ကို ေရာက္လာၿပီး လက္ေဆာ့မွုေၾကာင့္ Annabelle အ႐ုပ္ဟာ ထိန္းခ်ဳပ္မွုေအာက္ကေန လြတ္ေျမာက္သြားတဲ့အခါမွာေတာ့ ေျခာက္လွန႔္မွုေတြကို စတင္ၾကဳံရပါေတာ့တယ္။ သ႐ုပ္ေဆာင္ေတြကေတာ့ Patrick Wilson ၊ Vera Farmiga နဲ႔ Madison Iseman တို႔ ပါဝင္ထားပါတယ္။

(4) The Conjuring 3: The Devil Made Me Do It
photo via screenrant

ဒီ႐ုပ္ရွင္ကေတာ့ ၂၀၂၁ ခုႏွစ္မွာ ထြက္ရွိထားကာ IMDb (6.4) ရရွိထားၿပီး Conjuring Franchise ရဲ့ ရွစ္ကားေျမာက္ ႐ုပ္ရွင္ ျဖစ္ပါတယ္။ ဇာတ္လမ္းအက်ဥ္းကေတာ့ မေကာင္းဆိုးဝါး ပူးကပ္မွုေၾကာင့္ ျဖစ္ေပၚခဲ့တဲ့ လူသတ္မွုတစ္ခုကို Ed နဲ႔ Lorraine Warren တို႔က စုံစမ္းေဖာ္ထုတ္တာကို ျမင္ေတြ႕ရမွာပါ။ ပါဝင္ထားတဲ့ သ႐ုပ္ေဆာင္ေတြကေတာ့ Patrick Wilson ၊ Vera Farmiga နဲ႔ Ruairi O’Connor တို႔က အဓိက ပါဝင္ထားပါတယ္။

(3) Orphan
photo via screenrant

ဒီ႐ုပ္ရွင္ကေတာ့ ၂၀၀၉ ခုႏွစ္မွာ ထြက္ရွိထားၿပီး IMDb (7.0) ရရွိထားပါတယ္။ ဇာတ္လမ္းအက်ဥ္းကေတာ့ အတြဲတစ္တြဲဟာ သူတို႔ရဲ့ကေလးကို ဆုံးရွုံးသြားၿပီးေနာက္မွာ အသက္(၉)ႏွစ္အရြယ္ ေကာင္မေလးတစ္ေယာက္ကို ေမြးစားခဲ့ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ သိပ္မၾကာခင္မွာပဲ အဲ့ဒီေမာင္ႏွံဟာ ကေလးမေလးရဲ့ အတိတ္က အေၾကာင္းအရာေတြကို သိရွိလာရပါေတာ့တယ္။ သ႐ုပ္ေဆာင္ေတြကေတာ့ Isabelle Fuhrman ၊ Vera Famiga နဲ႔ Peter Sarsgaard တို႔ ပါဝင္ထားပါတယ္။

(2) The Conjuring 2
photo via screenrant

ဒီ႐ုပ္ရွင္ကေတာ့ ၂၀၁၆ ခုႏွစ္က ထြက္ရွိထားၿပီး IMDb ကေတာ့ (7.3) ရရွိထားပါတယ္။ ဇာတ္လမ္းကေတာ့ ကေလး ေလးေယာက္ရဲ့မိခင္ Peggy ဟာ သူမရဲ့ေနအိမ္မွာ ရွင္းျပလို႔မရတဲ့ ထူးဆန္းတဲ့ သဘာဝလြန္ျဖစ္ရပ္ေတြကို ၾကဳံေတြ႕လာရတာေၾကာင့္ သဘာဝလြန္ျဖစ္ရပ္ေတြမွာ ကၽြမ္းက်င္တဲ့ Ed နဲ႔ Lorraine Warren တို႔ ဇနီးေမာင္ႏွံကို အကူအညီေတာင္းခံလာရပါေတာ့တယ္။ သ႐ုပ္ေဆာင္ေတြကေတာ့ Vera Farmiga ၊ Patrick Wilson ၊ Madison Wolfe နဲ႔ Frances O’Connor တို႔က အဓိက ပါဝင္ထားပါတယ္။

(1) The Conjuring
photo via screenrant

ဒီ႐ုပ္ရွင္ကေတာ့ ၂၀၁၃ ခုႏွစ္မွာ ထြက္ရွိခဲ့ၿပီး IMDb (7.5) ရရွိထားပါတယ္။ ပထမဆုံး The Conjuring ဇာတ္ကားဟာ ေခတ္သစ္ horror ႐ုပ္ရွင္ေတြထဲမွာ အထင္ကရ ရွိေနတဲ့ ႐ုပ္ရွင္တစ္ကား ျဖစ္ပါတယ္။ ဇာတ္လမ္းကေတာ့ သဘာဝလြန္ျဖစ္ရပ္ေတြကို စုံစမ္းေထာက္လွမ္းခဲ့တဲ့ Ed နဲ႔ Lorraine Warren တို႔ရဲ့ တကယ့္ျဖစ္ရပ္တစ္ခုကို အေျခခံထားပါတယ္။ ဒီဇာတ္ကားဟာ classic horror ဇာတ္လမ္းေတြရဲ့ အေငြ႕အသက္ကို ခံစားရမွာ ျဖစ္သလို အနည္းငယ္ ၾကမ္းတမ္းတဲ့ ဇာတ္ဝင္ခန္းေတြနဲ႔ ေၾကကြဲစရာအခ်ိဳ႕လည္း ပါဝင္ပါတယ္။ သ႐ုပ္ေဆာင္ေတြကေတာ့ Vera Farmiga ၊ Patrick Wilson ၊ Lili Taylor နဲ႔ Joey King တို႔က အဓိက ပါဝင္ထားပါတယ္။

ဒါကေတာ့ သ႐ုပ္ေဆာင္ Vera Farmiga ရဲ့ horror ဇာတ္ကားေကာင္းေတြပဲ ျဖစ္ပါတယ္။ စာဖတ္သူတို႔ ႏွစ္သက္တဲ့ သူမရဲ့ အျခား႐ုပ္ရွင္ကားေကာင္းေတြ ရွိရင္လည္း ျပန္လည္ေဝမၽွခဲ့ပါဦး။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular