HomeEntertainmentFilmအသစ်ထွက်ရှိလာမယ့် Vin Diesel ရဲ့ ရုပ်ရှင်ကားသစ်များ

အသစ်ထွက်ရှိလာမယ့် Vin Diesel ရဲ့ ရုပ်ရှင်ကားသစ်များ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Vin Diesel ဟာ Fast & Furious ထဲက Dominic Toretto အဖြစ်နဲ့ လူသိများပြီး အလွန်အောင်မြင်နေတဲ့ မင်းသား တစ်ယောက်ဆိုလည်း မမှားပါဘူး။ ဒါ့အပြင် Vin Diesel ဟာ ရုပ်ရှင်လောကမှာ ကျင်လည်နေတာ ဆယ်စုနှစ်နဲ့ချီပြီ ဖြစ်တာကြောင့် XXX လိုမျိူး တခြားနာမည်ကြီး ရုပ်ရှင်တွေမှာလည်း ပါဝင်ခဲ့ဖူးပါသေးတယ်။ ဒီတစ်ခါမှာတော့ Vin Diesel ရဲ့ အသစ်ထွက်ရှိလာမယ့် ရုပ်ရှင်ကားတွေကို ရုပ်ရှင်ချစ် ပရိသတ်တွေအတွက် ဖော်ပြပေးချင်ပါတယ်။

(1) F9 (၂၀၂၁ ခုနှစ် ၊ ဇွန်လ ၂၅ ရက်)
photo via screenrant

Fast & Furious နောက်ဆုံးရုပ်ရှင်ကတော့ ထွက်ရှိခဲ့တာ လေးနှစ်ရှိနေပြီ ဖြစ်ပြီး မကြာခင်မှာတော့ ကိုးကားမြောက်ဖြစ်တဲ့ F9 ကလည်း ထွက်ရှိလာတော့မှာ ဖြစ်ပါတယ်။ ထုံးစံအတိုင်းပဲ ဒီကားထဲမှာတော့ Vin Diesel သရုပ်ဆောင်ထားတဲ့ Dominic Toretto က အဓိကဇာတ်ကောင်အနေနဲ့ ပါဝင်လာဦးမှာ ဖြစ်ပါတယ်။

ဒီဇာတ်လမ်းထဲမှာတော့ Charlize Theron သရုပ်ဆောင်ထားတဲ့ Cipher နဲ့ ရင်ဆိုင်ဖို့အတွက် Dominic ဟာ သူ့ရဲ့အဖွဲ့ဝင်တွေကို ပြန်လည်စုစည်းရဦးမှာ ဖြစ်ပါတယ်။ အရင်တစ်ကြိမ်နဲ့ မတူဘဲ ပြောင်းလဲသွားတဲ့ အချက်ကတော့ John Cena သရုပ်ဆောင်ထားတဲ့ Jakob Toretto ဟာ Cipher နဲ့ ပူးပေါင်းပြီး ဗီလိန်အနေနဲ့ ပါဝင်လာမှာပဲ ဖြစ်ပါတယ်။ F9 ဟာ တချို့နိုင်ငံတွေမှာတော့ စတင်ပြသနေပြီ ဖြစ်ပါတယ်။

(2) Thor: Love and Thunder (၂၀၂၂ ခုနှစ် ၊ မေလ ၆ ရက်)
photo via screenrant

Thor ရဲ့ လေးကားမြောက် ဆိုလိုရုပ်ရှင်ဖြစ်တဲ့ Thor: Love and Thunder ထဲမှာလည်း Vin Diesel ဟာ Groot အနေနဲ့ ပါဝင်လာနိုင်ပါသေးတယ်။ ဒီရုပ်ရှင်ထဲမှာတော့ Thor ကို Guardians of the Galaxy အဖွဲ့ဝင်တချို့နဲ့အတူ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ လောလောဆယ်မှာတော့ Star-Lord ၊ Drax ၊ Mantis နဲ့ Nebula တို့က ပါဝင်လာမယ်လို့ အတည်ပြုပြီးသား ဖြစ်ပါတယ်။ ဒါ့အပြင် Infinity War နဲ့ Endgame တို့ထဲမှာ Thor နဲ့ Groot တို့ရဲ့ ရင်းနှီးမှုဟာ တိုးတက်လာပြီး Stormbreaker ရဲ့ လက်ကိုင်ကိုလည်း Groot က ဖန်တီးပေးထားတာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ဒီရုပ်ရှင်ထဲမှာတော့ Groot ရဲ့ ပါဝင်လာနိုင်ချေ အတော်လေး များပါတယ်။

(3) Avatar 2 (၂၀၂၂ ခုနှစ် ၊ ဒီဇင်ဘာ ၁၆ ရက်)
photo via screenrant

လက်ရှိအချိန်ထိ ဝင်ငွေအများဆုံး ရုပ်ရှင်အဖြစ်နဲ့ ရပ်တည်နေတဲ့ Avatar ရဲ့ နောက်ထပ် ထွက်ရှိလာမယ့် sequel ထဲမှာလည်း Vin Diesel ပါဝင်လာဦးမယ်လို့ သိရပါတယ်။ Avatar ရုပ်ရှင်ထွက်ရှိခဲ့တာဟာ အခုချိန်မှာတော့ (၁၃)နှစ်ရှိနေပြီ ဖြစ်ပြီး ဒုတိယမြောက်ကားကတော့ ၂၀၂၂ ခုနှစ်ထဲမှာ ကြည့်ရှုရမှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း Vin Diesel ကတော့ ဘယ်နေရာမှာ ပါဝင်လာမလည်း ဆိုတာကို မသိရသေးပါဘူး။ Avatar 2 ထဲမှာတော့ Sam Worthington ၊ Zoe Saldana ၊ Stephen Lang နဲ့ Kate Winslet တို့ ပါဝင်လာမှာ ဖြစ်ပါတယ်။

(4) Guardians of the Galaxy Vol.3 (၂၀၂၃ ခုနှစ် ၊ မေလ ၅ ရက်)
photo via screenrant

GotG ရဲ့ တတိယမြောက်ရုပ်ရှင်မှာတော့ Vin Diesel ဟာ သေချာပေါက် Groot အနေနဲ့ ပါဝင်လာမှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကတော့ Thor 4 ထဲက အဖြစ်အပျက်တွေ ပြီးသွားတဲ့အချိန်မှာ ဆက်လက်ရိုက်ကူးသွားမှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ရဲ့ ရိုက်ကူးရေးကတော့ ၂၀၂၁ နှစ်ကုန်ပိုင်းလောက်မှ စတင်သွားမယ်လို့လည်း သိရပါတယ်။ လောလောဆယ်မှာတော့ ဒီရုပ်ရှင်ရဲ့ ဇာတ်လမ်းအကျဉ်းကို မသိရသေးပေမယ့်လည်း ဖြစ်နိုင်တာကတော့ Avengers: Endgame ထဲမှာ ပျောက်ဆုံးသွားတဲ့ Gamora ကို ပြန်လိုက်ရှာကြမယ်လို့ ယူဆရပါတယ်။

(5) Fast & Furious 10 & 11
photo via screenrant

Fast & Furious franchise ဟာ 9 မှာတင် ရပ်တန့်မနေဘဲ နောက်ထပ်နှစ်ကား ထပ်မံ ထွက်ရှိလာဦးမှာ ဖြစ်ပါတယ်။ အဲ့ဒီနှစ်ကားကတော့ Fast & Furious franchise ရဲ့ အဆုံးသတ်အဖြစ်နဲ့ ပုံဖော်သွားမှာ ဖြစ်ပါတယ်။ လောလောဆယ်မှာတော့ ဒီရုပ်ရှင်နှစ်ကားအတွက် ဇာတ်လမ်းကို မသိရသေးပါဘူး။ မကြာခင် ထွက်ရှိလာတော့မယ့် F9 ထဲမှာ Dominic အတွက် အံ့ဩစရာတွေ ဖြစ်မလာခဲ့ဘူးဆိုရင်တော့ လာမယ့် ဒီနှစ်ကားလုံးမှာ ‌သေချာပေါက် ပါဝင်လာဦးမှာ ဖြစ်ပါတယ်။

(6) Muscle
photo via screenrant

Vin Diesel ဟာ ဒါရိုက်တာ F. Gary Gray နဲ့ Muscle ဆိုတဲ့ ရုပ်ရှင်တစ်ကား ထပ်မံရိုက်ကူးသွားဖို့ အစီအစဉ် ရှိပါသေးတယ်။ လောလောဆယ်မှာတော့ ဒီရုပ်ရှင်ထဲမှာ ပါဝင်လာမယ့် သရုပ်ဆောင်တွေနဲ့ ဇာတ်လမ်းအကျဉ်းတွေကို မသိရသေးပါဘူး။ ဒါပေမယ့်လည်း ဇာတ်လမ်းအမျိူးအစားကတော့ ဟာသအက်ရှင်လို့ သိရပြီး ၂၀၂၁ နှစ်ကုန်ပိုင်းမှာ ရိုက်ကူးသွားမယ်လို့ သိရပါတယ်။

(7) The Chronicles of Riddick: Furya
photo via screenrant

ဒီရုပ်ရှင် ထွက်ရှိလာဖို့အတွက် ၂၀၁၄ ခုနှစ်ကတည်းက ပြင်ဆင်နေခဲ့တာ ဖြစ်ပြီး ၂၀၁၉ ခုနှစ်တုန်းကလည်း Vin Diesel ဟာ ဒီရုပ်ရှင်အတွက် ဇာတ်ညွှန်း တကယ်ရှိကြောင်းကို အတည်ပြုပေးခဲ့ပါတယ်။ ဒီဇာတ်လမ်းသာ ထွက်ရှိလာရင်တော့ Vin Diesel ဟာ Richard B. Riddick အနေနဲ့ ပြန်လည်ပါဝင်ဦးမှာ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ Richard ရဲ့ origin ကို prequel အနေနဲ့ ပြန်လည်ရိုက်ပြသွားမှာပါ။ ဒါပေမယ့်လည်း ဒီရုပ်ရှင်ဟာ ဘယ်အချိန်မှာ ထွက်ရှိလာမလည်း ဆိုတာကို မသိရသေးပါဘူး။

ဒါကတော့ ရှေ့မှာ ထွက်လာဖို့ ရှိနေတဲ့ မင်းသား Vin Diesel ရဲ့ ဇာတ်ကားအသစ်တွေပဲ ဖြစ်ပါတယ်။ ဘယ်ဇာတ်ကားကို စာဖတ်သူတို့ ရင်အခုန်ဆုံးလည်းဆိုတာ ပြောခဲ့ပါဦး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Vin Diesel ဟာ Fast & Furious ထဲက Dominic Toretto အျဖစ္နဲ႔ လူသိမ်ားၿပီး အလြန္ေအာင္ျမင္ေနတဲ့ မင္းသား တစ္ေယာက္ဆိုလည္း မမွားပါဘူး။ ဒါ့အျပင္ Vin Diesel ဟာ ႐ုပ္ရွင္ေလာကမွာ က်င္လည္ေနတာ ဆယ္စုႏွစ္နဲ႔ခ်ီၿပီ ျဖစ္တာေၾကာင့္ XXX လိုမ်ိဴး တျခားနာမည္ႀကီး ႐ုပ္ရွင္ေတြမွာလည္း ပါဝင္ခဲ့ဖူးပါေသးတယ္။ ဒီတစ္ခါမွာေတာ့ Vin Diesel ရဲ႕ အသစ္ထြက္ရွိလာမယ့္ ႐ုပ္ရွင္ကားေတြကို ႐ုပ္ရွင္ခ်စ္ ပရိသတ္ေတြအတြက္ ေဖာ္ျပေပးခ်င္ပါတယ္။

(1) F9 (၂၀၂၁ ခုႏွစ္ ၊ ဇြန္လ ၂၅ ရက္)
photo via screenrant

Fast & Furious ေနာက္ဆုံး႐ုပ္ရွင္ကေတာ့ ထြက္ရွိခဲ့တာ ေလးႏွစ္ရွိေနၿပီ ျဖစ္ၿပီး မၾကာခင္မွာေတာ့ ကိုးကားေျမာက္ျဖစ္တဲ့ F9 ကလည္း ထြက္ရွိလာေတာ့မွာ ျဖစ္ပါတယ္။ ထုံးစံအတိုင္းပဲ ဒီကားထဲမွာေတာ့ Vin Diesel သ႐ုပ္ေဆာင္ထားတဲ့ Dominic Toretto က အဓိကဇာတ္ေကာင္အေနနဲ႔ ပါဝင္လာဦးမွာ ျဖစ္ပါတယ္။

ဒီဇာတ္လမ္းထဲမွာေတာ့ Charlize Theron သ႐ုပ္ေဆာင္ထားတဲ့ Cipher နဲ႔ ရင္ဆိုင္ဖို႔အတြက္ Dominic ဟာ သူ႔ရဲ႕အဖြဲ႕ဝင္ေတြကို ျပန္လည္စုစည္းရဦးမွာ ျဖစ္ပါတယ္။ အရင္တစ္ႀကိမ္နဲ႔ မတူဘဲ ေျပာင္းလဲသြားတဲ့ အခ်က္ကေတာ့ John Cena သ႐ုပ္ေဆာင္ထားတဲ့ Jakob Toretto ဟာ Cipher နဲ႔ ပူးေပါင္းၿပီး ဗီလိန္အေနနဲ႔ ပါဝင္လာမွာပဲ ျဖစ္ပါတယ္။ F9 ဟာ တခ်ိဳ႕ႏိုင္ငံေတြမွာေတာ့ စတင္ျပသေနၿပီ ျဖစ္ပါတယ္။

(2) Thor: Love and Thunder (၂၀၂၂ ခုႏွစ္ ၊ ေမလ ၆ ရက္)
photo via screenrant

Thor ရဲ႕ ေလးကားေျမာက္ ဆိုလို႐ုပ္ရွင္ျဖစ္တဲ့ Thor: Love and Thunder ထဲမွာလည္း Vin Diesel ဟာ Groot အေနနဲ႔ ပါဝင္လာႏိုင္ပါေသးတယ္။ ဒီ႐ုပ္ရွင္ထဲမွာေတာ့ Thor ကို Guardians of the Galaxy အဖြဲ႕ဝင္တခ်ိဳ႕နဲ႔အတူ ျမင္ေတြ႕ရမွာ ျဖစ္ပါတယ္။ ေလာေလာဆယ္မွာေတာ့ Star-Lord ၊ Drax ၊ Mantis နဲ႔ Nebula တို႔က ပါဝင္လာမယ္လို႔ အတည္ျပဳၿပီးသား ျဖစ္ပါတယ္။ ဒါ့အျပင္ Infinity War နဲ႔ Endgame တို႔ထဲမွာ Thor နဲ႔ Groot တို႔ရဲ႕ ရင္းႏွီးမႈဟာ တိုးတက္လာၿပီး Stormbreaker ရဲ႕ လက္ကိုင္ကိုလည္း Groot က ဖန္တီးေပးထားတာ ျဖစ္ပါတယ္။ ဒါေၾကာင့္ပဲ ဒီ႐ုပ္ရွင္ထဲမွာေတာ့ Groot ရဲ႕ ပါဝင္လာႏိုင္ေခ် အေတာ္ေလး မ်ားပါတယ္။

(3) Avatar 2 (၂၀၂၂ ခုႏွစ္ ၊ ဒီဇင္ဘာ ၁၆ ရက္)
photo via screenrant

လက္ရွိအခ်ိန္ထိ ဝင္ေငြအမ်ားဆုံး ႐ုပ္ရွင္အျဖစ္နဲ႔ ရပ္တည္ေနတဲ့ Avatar ရဲ႕ ေနာက္ထပ္ ထြက္ရွိလာမယ့္ sequel ထဲမွာလည္း Vin Diesel ပါဝင္လာဦးမယ္လို႔ သိရပါတယ္။ Avatar ႐ုပ္ရွင္ထြက္ရွိခဲ့တာဟာ အခုခ်ိန္မွာေတာ့ (၁၃)ႏွစ္ရွိေနၿပီ ျဖစ္ၿပီး ဒုတိယေျမာက္ကားကေတာ့ ၂၀၂၂ ခုႏွစ္ထဲမွာ ၾကည့္ရႈရမွာ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း Vin Diesel ကေတာ့ ဘယ္ေနရာမွာ ပါဝင္လာမလည္း ဆိုတာကို မသိရေသးပါဘူး။ Avatar 2 ထဲမွာေတာ့ Sam Worthington ၊ Zoe Saldana ၊ Stephen Lang နဲ႔ Kate Winslet တို႔ ပါဝင္လာမွာ ျဖစ္ပါတယ္။

(4) Guardians of the Galaxy Vol.3 (၂၀၂၃ ခုႏွစ္ ၊ ေမလ ၅ ရက္)
photo via screenrant

GotG ရဲ႕ တတိယေျမာက္႐ုပ္ရွင္မွာေတာ့ Vin Diesel ဟာ ေသခ်ာေပါက္ Groot အေနနဲ႔ ပါဝင္လာမွာ ျဖစ္ပါတယ္။ ဒီ႐ုပ္ရွင္ကေတာ့ Thor 4 ထဲက အျဖစ္အပ်က္ေတြ ၿပီးသြားတဲ့အခ်ိန္မွာ ဆက္လက္႐ိုက္ကူးသြားမွာ ျဖစ္ပါတယ္။ ဒီ႐ုပ္ရွင္ရဲ႕ ႐ိုက္ကူးေရးကေတာ့ ၂၀၂၁ ႏွစ္ကုန္ပိုင္းေလာက္မွ စတင္သြားမယ္လို႔လည္း သိရပါတယ္။ ေလာေလာဆယ္မွာေတာ့ ဒီ႐ုပ္ရွင္ရဲ႕ ဇာတ္လမ္းအက်ဥ္းကို မသိရေသးေပမယ့္လည္း ျဖစ္ႏိုင္တာကေတာ့ Avengers: Endgame ထဲမွာ ေပ်ာက္ဆုံးသြားတဲ့ Gamora ကို ျပန္လိုက္ရွာၾကမယ္လို႔ ယူဆရပါတယ္။

(5) Fast & Furious 10 & 11
photo via screenrant

Fast & Furious franchise ဟာ 9 မွာတင္ ရပ္တန႔္မေနဘဲ ေနာက္ထပ္ႏွစ္ကား ထပ္မံ ထြက္ရွိလာဦးမွာ ျဖစ္ပါတယ္။ အဲ့ဒီႏွစ္ကားကေတာ့ Fast & Furious franchise ရဲ႕ အဆုံးသတ္အျဖစ္နဲ႔ ပုံေဖာ္သြားမွာ ျဖစ္ပါတယ္။ ေလာေလာဆယ္မွာေတာ့ ဒီ႐ုပ္ရွင္ႏွစ္ကားအတြက္ ဇာတ္လမ္းကို မသိရေသးပါဘူး။ မၾကာခင္ ထြက္ရွိလာေတာ့မယ့္ F9 ထဲမွာ Dominic အတြက္ အံ့ဩစရာေတြ ျဖစ္မလာခဲ့ဘူးဆိုရင္ေတာ့ လာမယ့္ ဒီႏွစ္ကားလုံးမွာ ‌ေသခ်ာေပါက္ ပါဝင္လာဦးမွာ ျဖစ္ပါတယ္။

(6) Muscle
photo via screenrant

Vin Diesel ဟာ ဒါ႐ိုက္တာ F. Gary Gray နဲ႔ Muscle ဆိုတဲ့ ႐ုပ္ရွင္တစ္ကား ထပ္မံ႐ိုက္ကူးသြားဖို႔ အစီအစဥ္ ရွိပါေသးတယ္။ ေလာေလာဆယ္မွာေတာ့ ဒီ႐ုပ္ရွင္ထဲမွာ ပါဝင္လာမယ့္ သ႐ုပ္ေဆာင္ေတြနဲ႔ ဇာတ္လမ္းအက်ဥ္းေတြကို မသိရေသးပါဘူး။ ဒါေပမယ့္လည္း ဇာတ္လမ္းအမ်ိဴးအစားကေတာ့ ဟာသအက္ရွင္လို႔ သိရၿပီး ၂၀၂၁ ႏွစ္ကုန္ပိုင္းမွာ ႐ိုက္ကူးသြားမယ္လို႔ သိရပါတယ္။

(7) The Chronicles of Riddick: Furya
photo via screenrant

ဒီ႐ုပ္ရွင္ ထြက္ရွိလာဖို႔အတြက္ ၂၀၁၄ ခုႏွစ္ကတည္းက ျပင္ဆင္ေနခဲ့တာ ျဖစ္ၿပီး ၂၀၁၉ ခုႏွစ္တုန္းကလည္း Vin Diesel ဟာ ဒီ႐ုပ္ရွင္အတြက္ ဇာတ္ၫႊန္း တကယ္ရွိေၾကာင္းကို အတည္ျပဳေပးခဲ့ပါတယ္။ ဒီဇာတ္လမ္းသာ ထြက္ရွိလာရင္ေတာ့ Vin Diesel ဟာ Richard B. Riddick အေနနဲ႔ ျပန္လည္ပါဝင္ဦးမွာ ျဖစ္ပါတယ္။ ဇာတ္လမ္းအက်ဥ္းကေတာ့ Richard ရဲ႕ origin ကို prequel အေနနဲ႔ ျပန္လည္႐ိုက္ျပသြားမွာပါ။ ဒါေပမယ့္လည္း ဒီ႐ုပ္ရွင္ဟာ ဘယ္အခ်ိန္မွာ ထြက္ရွိလာမလည္း ဆိုတာကို မသိရေသးပါဘူး။

ဒါကေတာ့ ေရွ႕မွာ ထြက္လာဖို႔ ရွိေနတဲ့ မင္းသား Vin Diesel ရဲ႕ ဇာတ္ကားအသစ္ေတြပဲ ျဖစ္ပါတယ္။ ဘယ္ဇာတ္ကားကို စာဖတ္သူတို႔ ရင္အခုန္ဆုံးလည္းဆိုတာ ေျပာခဲ့ပါဦး။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular