HomeEntertainmentFilmViola Davis ကို Michelle Obama အဖြစ် မြင်တွေ့ရမယ့် The First Lady ဇာတ်လမ်းတွဲ

Viola Davis ကို Michelle Obama အဖြစ် မြင်တွေ့ရမယ့် The First Lady ဇာတ်လမ်းတွဲ

ဝါရင့်သရုပ်ဆောင် မင်းသမီးကြီး Viola Davis ကိုတော့ အမေရိကန်သမ္မတကတော်ဟောင်း Michelle Obama အဖြစ် မြင်တွေ့ရဦးမှာ ဖြစ်ပါတယ်။

အော်စကာဆုရ မင်းသမီးကြီး Viola Davis ဟာ Showtime က ထုတ်လွှင့်ပြသမယ့် ဇာတ်လမ်းတွဲ The First Lady ထဲမှာ အဓိကဇာတ်ကောင်အဖြစ် သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲကိုတော့ လာမယ့် ဧပြီလ (၁၇)ရက်နေ့မှာ စတင်ထုတ်လွှင့် ပြသမယ်လို့ သိရပါတယ်။

Photo Credit: SHOWTIME

The First Lady ကတော့ အမေရိကန်နိုင်ငံရဲ့ ခေါင်းဆောင်မှုအပိုင်းကို အိမ်ဖြူတော်ရဲ့ အဓိကနေရာမှာ နေထိုင်ခဲ့ရတဲ့ အမျိုးသမီးတွေနေရာကနေ ဖော်ထုတ်ပြသသွားမှာ ဖြစ်ပါတယ်။ အစိုးရရဲ့ သမိုင်းတလျှောက်က အကျိုးသက်ရောက်မှု အများဆုံးနဲ့ ကမ္ဘာကြီးကို အပြောင်းအလဲ ဖြစ်စေခဲ့တဲ့ ဆုံးဖြတ်ချက်တွေကို လူထုက မမြင်တွေ့ရလေအောင် အရှိန်အဝါ ဩဇာကြီးမားပြီး ထက်မြက်ကြတဲ့ သမ္မတကတော်တွေက ဖုံးကွယ်ပေးခဲ့ကြပါတယ်။

Photo Credit: SHOWTIME

ဒီဇာတ်လမ်းတွဲကတော့ မတူညီတဲ့ ဩဇာအရှိန်အဝါ ကြီးမားတဲ့ သမ္မတကတော်သုံးယောက်ရဲ့ ဘဝအစကနေ အိမ်ဖြူတော်ထိ ရောက်ရှိလာတဲ့ သူတို့ရဲ့ ပုဂ္ဂိုလ်ရေး၊ နိုင်ငံရေးဆိုင်ရာ ဇာတ်ကြောင်းတွေကို ဖွင့်လှစ်ပြသသွားမှာ ဖြစ်ပါတယ်။ အိမ်ဖြူတော်ရဲ့ နံရံတွေကပဲ ကြားသိထားမယ့် သူတို့ရဲ့ဘဝတွေကို ဖွင့်ချသွားမှာလည်း ဖြစ်ပါတယ်။ သူတို့သုံးယောက်ကတော့ Michelle Obama ၊ Betty Ford နဲ့ Eleanor Roosevelt တို့ပဲ ဖြစ်ပါတယ်။

Photo Credit: SHOWTIME

မကြာသေးခင်က ထွက်ရှိလာတဲ့ ထွေလာထဲမှာတော့ မင်းသမီးကြီး Viola Davis ကို အမေရိကန်သမ္မတကတော်ဟောင်း Michelle Obama အဖြစ် ပြောင်းလဲ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒါတင်မက သမ္မတကတော်ဟောင်း Betty Ford နေရာမှာတော့ မင်းသမီးကြီး Michelle Pfeiffer ၊ သမ္မတကတော်ဟောင်း Eleanor Roosevelt နေရာမှာတော့ မင်းသမီးကြီး Gillian Anderson တို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။

အမေရိကန်သမ္မတဟောင်း Barack Obama နေရာမှာတော့ သရုပ်ဆောင် O-T Fagbenle က သရုပ်ဆောင်ထားပြီး အခြားသော နာမည်ကျော်သရုပ်ဆောင်များစွာလည်း ပါဝင်ထားပါသေးတယ်။ အဆိုပါ သရုပ်ဆောင်တွေကတော့ အမေရိကန်သမ္မတဟောင်း Gerald Ford အဖြစ် Aaron Eckhart ၊ Susan Elizabeth Ford အဖြစ် Dakota Fanning ၊ Michelle ရဲ့မိခင်အဖြစ် Regina Taylor ၊ Lorena “Hick” Hickok အဖြစ် Lily Rabe အစရှိသူတွေ ပါဝင်ထားပါတယ်။

Glasgow

Source: hollywoodlife

RELATED ARTICLES

Most Popular