HomeEntertainmentFilmပြင်ဆင်မှုတွေ စတင်နေပြီဖြစ်တဲ့ Vision ရဲ့ Spin-off ဇာတ်လမ်းတွဲ

ပြင်ဆင်မှုတွေ စတင်နေပြီဖြစ်တဲ့ Vision ရဲ့ Spin-off ဇာတ်လမ်းတွဲ

Disney+ ဟာ Vision ရဲ့အကြောင်းကို အဓိကထားတင်ဆက်သွားမယ့် WandaVision ရဲ့ spin-off ဇာတ်လမ်းတွဲတစ်ခုကိုတော့ ပြင်ဆင်မှုတွေ စတင်နေပြီလို့ သိရပါတယ်။ မူလကတော့ ဒီသတင်းဟာ ကောလာဟလသာ ဖြစ်ခဲ့ပေမယ့်လည်း အခုဆိုရင်တော့ Variety ရဲ့ဖော်ပြချက်အရ confirm ဖြစ်သွားပါပြီ။

အဆိုပါဇာတ်လမ်းတွဲကိုတော့ လက်ရှိအချိန်ထိ Vision Quest လို့ အမည်ပေးထားကြောင်း သိရပါတယ်။ ဒါကတော့ Vision ရဲ့ဇာတ်လမ်းကို ဖော်ပြခဲ့တဲ့ ကောမစ်ရဲ့အမည်လည်း ဖြစ်ပါတယ်။ ဇာတ်လမ်းနဲ့ ပတ်သက်လို့ကတော့ ဘယ်လိုပုံစံနဲ့ တင်ဆက်သွားမယ်ဆိုတာ လျှို့ဝှက်ထားဆဲ ဖြစ်ပါတယ်။

Photo: Marvel Studios/ Disney Studios

သို့ပေမယ့်လည်း ဖြစ်နိုင်ချေကတော့ WandaVision ရဲ့ နောက်ဆုံးအပိုင်းမှာ တွေ့ခဲ့ရတဲ့ Vision အသစ်ရဲ့အကြောင်း ဖြစ်ဖို့များပါတယ်။ မှတ်ဉာဏ်တွေ ပြန်ရဖို့ ကြိုးစားနေတဲ့ ဒီ Vision အသစ်ရဲ့ဇာတ်လမ်းဟာ ကောမစ်ထဲမှာတော့ West Coast Avengers တွေရဲ့ ဇာတ်လမ်းနဲ့ ဆက်စပ်သွားပါတယ်။

သရုပ်ဆောင် Paul Bettany ကပဲ ပြန်လည်ပါဝင်သွားမှာ ဖြစ်ပြီး ဇာတ်ညွှန်းပိုင်းကိုတော့ WandaVision ရဲ့ head writer ဖြစ်တဲ့ Jac Schafer ကပဲ ထပ်မံတာဝန်ယူသွားမယ်လို့ သိရပါတယ်။ လာမယ့်ရက်သတ္တပတ်က စတင်ပြီး ဒီဇာတ်လမ်းတွဲအတွက် စတင်မယ်လို့လည်း Variety က ဖော်ပြထားပါတယ်။

Photo: Marvel Studios/ Disney Studios

ဒါဟာ Jac Schafer တာဝန်ယူမယ့် ဒုတိယမြောက် WandaVision spin-off ဇာတ်လမ်းတွဲလည်း ဖြစ်ပါတယ်။ သူမဟာ လက်ရှိမှာတော့ Agatha Harkness အကြောင်း တင်ဆက်သွားမယ့် ဇာတ်လမ်းတွဲကိုလည်း ပြင်ဆင်မှုတွေ ပြုလုပ်နေပါသေးတယ်။ ဒီဇာတ်လမ်းတွဲကိုတော့ Agatha: Coven of Chaos လို့ အမည်ပေးထားပါတယ်။

Vancouver

Source: variety

RELATED ARTICLES

Most Popular