HomeEntertainmentFilmနောက်ထပ် symbiote အသစ်တစ်ခုကို အရိပ်အမြွက် မိတ်ဆက်သွားတဲ့ Venom 2 ရဲ့ ထွေလာ

နောက်ထပ် symbiote အသစ်တစ်ခုကို အရိပ်အမြွက် မိတ်ဆက်သွားတဲ့ Venom 2 ရဲ့ ထွေလာ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

မနေ့ညက ထွက်ရှိလာတဲ့ Venom: Let There Be Carnage ရဲ့ ထွေလာထဲမှာတော့ ကျွန်တော်တို့တွေ စောင့်မျှော်နေတဲ့ Carnage ကို ပထမဆုံး မြင်တွေ့လိုက်ရပါတယ်။ ဒါတင် မဟုတ်သေးဘဲ ဒီထွေလာထဲမှာတော့ Venom နဲ့ Carnage အပြင် နောက်ထပ် symbiote အသစ်တစ်ကောင် ပါလာနိုင်ချေ ရှိတာကိုပါ အရိပ်အမြွက် ပြသသွားတာ တွေ့ရပါတယ်။

Tom Hardy ဟာ Eddie Brock နေရာမှာ ပြန်လည်ပါဝင်ထားပြီး Carnage နဲ့ ထိပ်တိုက် ရင်ဆိုင်သွားမှာ ဖြစ်ပါတယ်။ Venom 2 ကိုတော့ ၂၀၂၁ ခုနှစ် စက်တင်ဘာလ (၂၄)ရက်နေ့မှာ ရုံတင်သွားမယ်လို့ သိရပါတယ်။

photo via screenrant

Marvel universe ထဲမှာတော့ Venom ဟာ နာမည်အကြီးဆုံး symbiote ဖြစ်ပေမယ့်လည်း တစ်ခြား symbiote တွေ ရှိနေပါသေးတယ်။ ပထမဇာတ်ကားထဲမှာ ပါဝင်ခဲ့တဲ့ Riot ၊ အခုပါဝင်လာမယ့် Carnage သာမက ကောမစ်ထဲမှာတော့ Knull လို တစ်ခြား symbiote တွေလည်း ပါဝင်ခဲ့ပါတယ်။ ဒီဇာတ်ကောင်တွေကလည်း တဖြည်းဖြည်းနဲ့ မကြာခင်မှာ ရုပ်ရှင်ပိတ်ကားပေါ်မှာ မြင်ရတော့မယ်လို့ ယူဆလို့ ရပါတယ်။

ဒီထွေလာထဲမှာတော့ သရုပ်ဆောင် Stephen Graham ဟာ Mulligan လို့ခေါ်တဲ့ ရဲတစ်ယောက်အနေနဲ့ သရုပ်ဆောင်ထားတာ တွေ့ရပါတယ်။ ကောမစ်ထဲမှာတော့ Patrick Mulligan လို့ခေါ်တဲ့ ရဲတစ်ယောက်ဟာ Toxin ဆိုတဲ့ symbiote ရဲ့ ပထမဆုံး လက်ခံသူ ဖြစ်ခဲ့ပါတယ်။ Toxin ကတော့ Carnage ကြောင့် မွေးဖွားလာတာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ Toxin ဟာ အနာဂတ်မှာ ထွက်ရှိလာမယ့် Venom ရုပ်ရှင်တွေထဲမှာတော့ ဗီလိန်အနေနဲ့ ပါဝင်လာဦးမယ်လို့ ယူဆနိုင်ပါတယ်။

ကောမစ်ထဲမှာ ဆိုရင်တော့ Toxin ဟာ Carnage ထက်တောင် ပိုပြီးတော့ သန်မာပါတယ်။ Toxin ဟာ Carnage ရဲ့ အစွမ်းတွေကိုလည်း ပိုင်ဆိုင်ထားပြီး အင်အားနေရာမှာဆိုရင် Carnage ထက်တောင် သန်မာပါတယ်။ ဒါ့အပြင် ကောမစ်ထဲမှာ Toxin ဟာ Eddie Brock နဲ့လည်း ပူးကပ်သွားဖူးပါသေးတယ်။ Toxin ကိုသာ အနာဂတ်မှာ တကယ်မြင်ရမယ် ဆိုရင်တော့ Sony ရဲ့ Venom franchise ဟာ အခုထက် ပိုပြီးတောင် လူကြိုက်များလာဦးမှာပါ။

Legos

Source : Screenrant

(Zawgyi Version)

မေန႔ညက ထြက္ရွိလာတဲ့ Venom: Let There Be Carnage ရဲ႕ ေထြလာထဲမွာေတာ့ ကြၽန္ေတာ္တို႔ေတြ ေစာင့္ေမွ်ာ္ေနတဲ့ Carnage ကို ပထမဆုံး ျမင္ေတြ႕လိုက္ရပါတယ္။ ဒါတင္ မဟုတ္ေသးဘဲ ဒီေထြလာထဲမွာေတာ့ Venom နဲ႔ Carnage အျပင္ ေနာက္ထပ္ symbiote အသစ္တစ္ေကာင္ ပါလာႏိုင္ေခ် ရွိတာကိုပါ အရိပ္အႁမြက္ ျပသသြားတာ ေတြ႕ရပါတယ္။

Tom Hardy ဟာ Eddie Brock ေနရာမွာ ျပန္လည္ပါဝင္ထားၿပီး Carnage နဲ႔ ထိပ္တိုက္ ရင္ဆိုင္သြားမွာ ျဖစ္ပါတယ္။ Venom 2 ကိုေတာ့ ၂၀၂၁ ခုႏွစ္ စက္တင္ဘာလ (၂၄)ရက္ေန႔မွာ ႐ုံတင္သြားမယ္လို႔ သိရပါတယ္။

photo via screenrant

Marvel universe ထဲမွာေတာ့ Venom ဟာ နာမည္အႀကီးဆုံး symbiote ျဖစ္ေပမယ့္လည္း တစ္ျခား symbiote ေတြ ရွိေနပါေသးတယ္။ ပထမဇာတ္ကားထဲမွာ ပါဝင္ခဲ့တဲ့ Riot ၊ အခုပါဝင္လာမယ့္ Carnage သာမက ေကာမစ္ထဲမွာေတာ့ Knull လို တစ္ျခား symbiote ေတြလည္း ပါဝင္ခဲ့ပါတယ္။ ဒီဇာတ္ေကာင္ေတြကလည္း တျဖည္းျဖည္းနဲ႔ မၾကာခင္မွာ ႐ုပ္ရွင္ပိတ္ကားေပၚမွာ ျမင္ရေတာ့မယ္လို႔ ယူဆလို႔ ရပါတယ္။

ဒီေထြလာထဲမွာေတာ့ သ႐ုပ္ေဆာင္ Stephen Graham ဟာ Mulligan လို႔ေခၚတဲ့ ရဲတစ္ေယာက္အေနနဲ႔ သ႐ုပ္ေဆာင္ထားတာ ေတြ႕ရပါတယ္။ ေကာမစ္ထဲမွာေတာ့ Patrick Mulligan လို႔ေခၚတဲ့ ရဲတစ္ေယာက္ဟာ Toxin ဆိုတဲ့ symbiote ရဲ႕ ပထမဆုံး လက္ခံသူ ျဖစ္ခဲ့ပါတယ္။ Toxin ကေတာ့ Carnage ေၾကာင့္ ေမြးဖြားလာတာ ျဖစ္ပါတယ္။ ဒါေၾကာင့္ပဲ Toxin ဟာ အနာဂတ္မွာ ထြက္ရွိလာမယ့္ Venom ႐ုပ္ရွင္ေတြထဲမွာေတာ့ ဗီလိန္အေနနဲ႔ ပါဝင္လာဦးမယ္လို႔ ယူဆႏိုင္ပါတယ္။

ေကာမစ္ထဲမွာ ဆိုရင္ေတာ့ Toxin ဟာ Carnage ထက္ေတာင္ ပိုၿပီးေတာ့ သန္မာပါတယ္။ Toxin ဟာ Carnage ရဲ႕ အစြမ္းေတြကိုလည္း ပိုင္ဆိုင္ထားၿပီး အင္အားေနရာမွာဆိုရင္ Carnage ထက္ေတာင္ သန္မာပါတယ္။ ဒါ့အျပင္ ေကာမစ္ထဲမွာ Toxin ဟာ Eddie Brock နဲ႔လည္း ပူးကပ္သြားဖူးပါေသးတယ္။ Toxin ကိုသာ အနာဂတ္မွာ တကယ္ျမင္ရမယ္ ဆိုရင္ေတာ့ Sony ရဲ႕ Venom franchise ဟာ အခုထက္ ပိုၿပီးေတာင္ လူႀကိဳက္မ်ားလာဦးမွာပါ။

Legos

Source : Screenrant

RELATED ARTICLES

Most Popular