HomeCharacterScarlet Witch ရဲ့ ကြိုးကိုင်မှုကြောင့် သေဆုံးခဲ့ရတဲ့ Vision 

Scarlet Witch ရဲ့ ကြိုးကိုင်မှုကြောင့် သေဆုံးခဲ့ရတဲ့ Vision 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Scarlet Witch နဲ့ Vision တို့နှစ်ယောက်လုံးဟာ Avengers အဖွဲ့ဝင်တွေ ဖြစ်ကြပြီးတော့ နောက်ပိုင်းမှာ သူတို့နှစ်ယောက်ဟာ ချစ်ကြိုက်သွားကြပါတယ်။ MCU ထဲမှာတော့ Infinity War ထဲမှာ Thanos ရဲ့လက်ထဲကို Mind Stone မရောက်သွားစေဖို့အတွက် Wanda ဟာ သူမကိုယ်တိုင် Vision ကို သတ်ပစ်ခဲ့ရပါတယ်။ ဒါတင်မက ကောမစ်ထဲမှာလည်း အလားတူပဲ Wanda ဟာ သူမရဲ့စွမ်းအားတွေနဲ့ Vision ကို သတ်ပစ်ခဲ့ဖူးပါတယ်။

၂၀၀၄ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Avengers: Disassembled ဆိုတဲ့ ကောမစ်စီးရီးထဲမှာတော့ Wanda ဟာ သူမရဲ့ reality ကို ပြောင်းလဲနိုင်တဲ့ စွမ်းအားကို မထိန်းချုပ်နိုင်တော့ဘဲ သူမရဲ့အဖွဲ့သားတွေကို ပြန်ပြီးတော့ တိုက်ခိုက်ခဲ့ဖူးပါတယ်။ ဒီလိုတွေ ဖြစ်လာရတဲ့ အကြောင်းရင်းကတော့ သူမဟာ စိတ်ဒဏ်ရာရသွားပြီး သူ့ကိုယ်သူ မထိန်းချုပ်နိုင်တော့တာကြောင့်ပဲ ဖြစ်ပါတယ်။

photo via imdb

အစတုန်းကတော့ သူမဟာ Vision နဲ့ လက်ထပ်ပြီး ပျော်ပျော်ရွှင်ရွှင် နေထိုင်ခဲ့ပါတယ်။ ဒါ့အပြင် သူမရဲ့စွမ်းအားကို အသုံးပြုပြီးတော့ ကလေးနှစ်ယောက်ကို ဖန်တီးခဲ့ပါသေးတယ်။ ဒီလိုနဲ့ တစ်ရက်မှာတော့ သူမရဲ့ ကလေးတွေ ပျောက်ဆုံးသွားသလို Vision ဟာလည်း မှတ်ဉာဏ်တွေ ပျောက်ဆုံးသွားခဲ့ပါတယ်။ ဒီအဖြစ်အပျက်တွေကြောင့် Wanda စိတ်ဒဏ်ရာရမသွားစေဖို့ သူမရဲ့ ဆရာဖြစ်သူ Agatha Harkness က ကလေးတွေနဲ့ ပတ်သက်တဲ့ သူမရဲ့မှတ်ဉာဏ်တွေကို ဖျောက်ပစ်ခဲ့ပါတယ်။

ဒီလိုနဲ့ Wanda ဟာ သူမမှာ ကလေးနှစ်ယောက် ရှိခဲ့ဖူးတယ်ဆိုတာကို ပြန်ပြီးသတိရသွားတဲ့အချိန်မှာတော့ စိတ်ဒဏ်ရာရသွားပြီး စိတ်ဖောက်ပြန်သွားခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ သူမဟာ Avengers တွေကို မထင်မှတ်ထားတဲ့အချိန်မှာ တိုက်ခိုက်ခဲ့ပါတယ်။ Avengers Mansion ကို ဖောက်ခွဲခဲ့ပြီးတော့ အဲ့ဒီပေါက်ကွဲမှုထဲမှာ Scott Lang တစ်ဖြစ်လည်း Ant-Man ဟာ သေဆုံးသွားခဲ့ပါတယ်။ အဲ့ဒီအဖြစ်အပျက်ဟာ ရုတ်တရက် ဖြစ်သွားတာကြောင့် Avengers တွေဟာ သူတို့ကို တိုက်ခိုက်တာ ဘယ်သူမှန်းမသိ ဖြစ်နေပါတယ်။ အဲ့ဒီနောက်မှာတော့ Vision ရောက်လာပြီး Avengers တွေကို ဘယ်သူရဲ့လက်ချက်လည်းဆိုတာ ပြောပြခဲ့ပါတယ်။

Vision က သူ့အတွက် ဖန်တီးထားတဲ့ function တွေဟာ သူ့ကိုထိန်းချုပ်နေတာ မဟုတ်ဘဲ တစ်ခြားတစ်ခုက ထိန်းချုပ်နေတာ ဖြစ်တယ်လို့ ပြောပြခဲ့ပါတယ်။ ဒါ့အပြင် “သူ နောက်ထပ်ပြုလုပ်မယ့် အရာတွေအတွက် စိတ်မကောင်းပါဘူး … ” ဆိုပြီး Avengers တွေကို ပြောသွားပါတယ်။

photo via screenrant

အဲ့ဒီနောက်မှာတော့ သူဟာ သံဥလိုအရာတွေကို အန်ချပြီးတော့ အဲ့ဒီဥတွေကနေ Ultron ရဲ့စက်ရုပ်တွေအဖြစ် ပြောင်းလဲသွားခဲ့ပါတယ်။ ဒါနဲ့ပဲ Avengers တွေဟာ အဲ့ဒီစက်ရုပ်တွေကို တိုက်ခိုက်ခဲ့ရပြီးတော့ Vision ကတော့ အဲ့ဒီသံဥတွေကို အန်ချပြီးနောက်မှာ သူ့ရဲ့ခန္ဓာကိုယ်ဟာ တဖြည်းဖြည်းနဲ့ အရည်ပျော်ကျလာပါတော့တယ်။ ဒါ့အပြင် She-Hulk ဟာ သူမရဲ့ဒေါသတွေကို မထိန်းတော့ဘဲ Vision ရဲ့ခန္ဓာကိုယ်ကို နှစ်ခြမ်းဆွဲဖြဲလိုက်ပါတော့တယ်။ အကြောင်းကတော့ Ultron ဟာ Vision ရဲ့စနစ်တွေထဲမှာ Avengers  တွေကို တိုက်ခိုက်ဖို့အတွက် ထည့်သွင်းခဲ့တယ်လို့ ထင်သွားတာကြောင့်ပဲ ဖြစ်ပါတယ်။

တကယ်တော့ အခုအဖြစ်အပျက်တွေ အားလုံးကို ကြိုးကိုင်ထားတဲ့သူဟာ စိတ်ဖောက်ပြန်နေတဲ့ Wanda ဖြစ်ပြီး အဲ့ဒီအချက်ကြောင့်ပဲ Avengers တွေအတွက် နောက်ဆက်တွဲတွေ အများကြီးကို ကြုံတွေ့ခဲ့ရပါတယ်။ နောက်ဆက်တွဲတစ်ခုကတော့ သူတို့ရဲ့အဖွဲ့သားကို သူတို့ကိုယ်တိုင် ပြန်ပြီးတော့ သတ်မိလိုက်တာကြောင့် အပြစ်ရှိသလို ခံစားသွားကြရတာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ သူတို့တွေဟာ Avengers အဖွဲ့ကို တရားဝင် ဖျက်သိမ်းခဲ့ပါတယ်။

Vision ဟာ လူတစ်ယောက် မဟုတ်တဲ့အပြင် Ultron က ဖန်တီးခဲ့တာဖြစ်လို့ Avengers တွေဟာ အစပိုင်းမှာ သူ့ကိုသိပ်ပြီးတော့ မယုံကြည်ခဲ့ကြပါဘူး။ Wanda ရဲ့ ကြိုးကိုင်မှုတွေကြောင့် အခုလိုအဖြစ်အပျက်တွေ ဖြစ်ပြီးနောက်မှာလည်း Avengers တွေဟာ Ultron ကြောင့်ပဲလို့ ထင်နေခဲ့ပါတယ်။ သို့ပေမယ့် နောက်ပိုင်းမှာတော့ Avengers တွေဟာ ဒီအဖြစ်အပျက်တွေ အားလုံးရဲ့နောက်ကွယ်က ကြိုးကိုင်နေသူဟာ Wanda ဆိုတာကို သိသွားခဲ့ကြပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Scarlet Witch နဲ႔ Vision တို႔ႏွစ္ေယာက္လုံးဟာ Avengers အဖြဲ႕ဝင္ေတြ ျဖစ္ၾကၿပီးေတာ့ ေနာက္ပိုင္းမွာ သူတို႔ႏွစ္ေယာက္ဟာ ခ်စ္ႀကိဳက္သြားၾကပါတယ္။ MCU ထဲမွာေတာ့ Infinity War ထဲမွာ Thanos ရဲ႕လက္ထဲကို Mind Stone မေရာက္သြားေစဖို႔အတြက္ Wanda ဟာ သူမကိုယ္တိုင္ Vision ကို သတ္ပစ္ခဲ့ရပါတယ္။ ဒါတင္မက ေကာမစ္ထဲမွာလည္း အလားတူပဲ Wanda ဟာ သူမရဲ႕စြမ္းအားေတြနဲ႔ Vision ကို သတ္ပစ္ခဲ့ဖူးပါတယ္။

၂၀၀၄ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ Avengers: Disassembled ဆိုတဲ့ ေကာမစ္စီးရီးထဲမွာေတာ့ Wanda ဟာ သူမရဲ႕ reality ကို ေျပာင္းလဲႏိုင္တဲ့ စြမ္းအားကို မထိန္းခ်ဳပ္ႏိုင္ေတာ့ဘဲ သူမရဲ႕အဖြဲ႕သားေတြကို ျပန္ၿပီးေတာ့ တိုက္ခိုက္ခဲ့ဖူးပါတယ္။ ဒီလိုေတြ ျဖစ္လာရတဲ့ အေၾကာင္းရင္းကေတာ့ သူမဟာ စိတ္ဒဏ္ရာရသြားၿပီး သူ႔ကိုယ္သူ မထိန္းခ်ဳပ္ႏိုင္ေတာ့တာေၾကာင့္ပဲ ျဖစ္ပါတယ္။

photo via imdb

အစတုန္းကေတာ့ သူမဟာ Vision နဲ႔ လက္ထပ္ၿပီး ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ ေနထိုင္ခဲ့ပါတယ္။ ဒါ့အျပင္ သူမရဲ႕စြမ္းအားကို အသုံးျပဳၿပီးေတာ့ ကေလးႏွစ္ေယာက္ကို ဖန္တီးခဲ့ပါေသးတယ္။ ဒီလိုနဲ႔ တစ္ရက္မွာေတာ့ သူမရဲ႕ ကေလးေတြ ေပ်ာက္ဆုံးသြားသလို Vision ဟာလည္း မွတ္ဉာဏ္ေတြ ေပ်ာက္ဆုံးသြားခဲ့ပါတယ္။ ဒီအျဖစ္အပ်က္ေတြေၾကာင့္ Wanda စိတ္ဒဏ္ရာရမသြားေစဖို႔ သူမရဲ႕ ဆရာျဖစ္သူ Agatha Harkness က ကေလးေတြနဲ႔ ပတ္သက္တဲ့ သူမရဲ႕မွတ္ဉာဏ္ေတြကို ေဖ်ာက္ပစ္ခဲ့ပါတယ္။

ဒီလိုနဲ႔ Wanda ဟာ သူမမွာ ကေလးႏွစ္ေယာက္ ရွိခဲ့ဖူးတယ္ဆိုတာကို ျပန္ၿပီးသတိရသြားတဲ့အခ်ိန္မွာေတာ့ စိတ္ဒဏ္ရာရသြားၿပီး စိတ္ေဖာက္ျပန္သြားခဲ့ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ သူမဟာ Avengers ေတြကို မထင္မွတ္ထားတဲ့အခ်ိန္မွာ တိုက္ခိုက္ခဲ့ပါတယ္။ Avengers Mansion ကို ေဖာက္ခြဲခဲ့ၿပီးေတာ့ အဲ့ဒီေပါက္ကြဲမႈထဲမွာ Scott Lang တစ္ျဖစ္လည္း Ant-Man ဟာ ေသဆုံးသြားခဲ့ပါတယ္။ အဲ့ဒီအျဖစ္အပ်က္ဟာ ႐ုတ္တရက္ ျဖစ္သြားတာေၾကာင့္ Avengers ေတြဟာ သူတို႔ကို တိုက္ခိုက္တာ ဘယ္သူမွန္းမသိ ျဖစ္ေနပါတယ္။ အဲ့ဒီေနာက္မွာေတာ့ Vision ေရာက္လာၿပီး Avengers ေတြကို ဘယ္သူရဲ႕လက္ခ်က္လည္းဆိုတာ ေျပာျပခဲ့ပါတယ္။

Vision က သူ႔အတြက္ ဖန္တီးထားတဲ့ function ေတြဟာ သူ႔ကိုထိန္းခ်ဳပ္ေနတာ မဟုတ္ဘဲ တစ္ျခားတစ္ခုက ထိန္းခ်ဳပ္ေနတာ ျဖစ္တယ္လို႔ ေျပာျပခဲ့ပါတယ္။ ဒါ့အျပင္ “သူ ေနာက္ထပ္ျပဳလုပ္မယ့္ အရာေတြအတြက္ စိတ္မေကာင္းပါဘူး … ” ဆိုၿပီး Avengers ေတြကို ေျပာသြားပါတယ္။

photo via screenrant

အဲ့ဒီေနာက္မွာေတာ့ သူဟာ သံဥလိုအရာေတြကို အန္ခ်ၿပီးေတာ့ အဲ့ဒီဥေတြကေန Ultron ရဲ႕စက္႐ုပ္ေတြအျဖစ္ ေျပာင္းလဲသြားခဲ့ပါတယ္။ ဒါနဲ႔ပဲ Avengers ေတြဟာ အဲ့ဒီစက္႐ုပ္ေတြကို တိုက္ခိုက္ခဲ့ရၿပီးေတာ့ Vision ကေတာ့ အဲ့ဒီသံဥေတြကို အန္ခ်ၿပီးေနာက္မွာ သူ႔ရဲ႕ခႏၶာကိုယ္ဟာ တျဖည္းျဖည္းနဲ႔ အရည္ေပ်ာ္က်လာပါေတာ့တယ္။ ဒါ့အျပင္ She-Hulk ဟာ သူမရဲ႕ေဒါသေတြကို မထိန္းေတာ့ဘဲ Vision ရဲ႕ခႏၶာကိုယ္ကို ႏွစ္ျခမ္းဆြဲၿဖဲလိုက္ပါေတာ့တယ္။ အေၾကာင္းကေတာ့ Ultron ဟာ Vision ရဲ႕စနစ္ေတြထဲမွာ Avengers  ေတြကို တိုက္ခိုက္ဖို႔အတြက္ ထည့္သြင္းခဲ့တယ္လို႔ ထင္သြားတာေၾကာင့္ပဲ ျဖစ္ပါတယ္။

တကယ္ေတာ့ အခုအျဖစ္အပ်က္ေတြ အားလုံးကို ႀကိဳးကိုင္ထားတဲ့သူဟာ စိတ္ေဖာက္ျပန္ေနတဲ့ Wanda ျဖစ္ၿပီး အဲ့ဒီအခ်က္ေၾကာင့္ပဲ Avengers ေတြအတြက္ ေနာက္ဆက္တြဲေတြ အမ်ားႀကီးကို ႀကဳံေတြ႕ခဲ့ရပါတယ္။ ေနာက္ဆက္တြဲတစ္ခုကေတာ့ သူတို႔ရဲ႕အဖြဲ႕သားကို သူတို႔ကိုယ္တိုင္ ျပန္ၿပီးေတာ့ သတ္မိလိုက္တာေၾကာင့္ အျပစ္ရွိသလို ခံစားသြားၾကရတာ ျဖစ္ပါတယ္။ ဒါေၾကာင့္ပဲ သူတို႔ေတြဟာ Avengers အဖြဲ႕ကို တရားဝင္ ဖ်က္သိမ္းခဲ့ပါတယ္။

Vision ဟာ လူတစ္ေယာက္ မဟုတ္တဲ့အျပင္ Ultron က ဖန္တီးခဲ့တာျဖစ္လို႔ Avengers ေတြဟာ အစပိုင္းမွာ သူ႔ကိုသိပ္ၿပီးေတာ့ မယုံၾကည္ခဲ့ၾကပါဘူး။ Wanda ရဲ႕ ႀကိဳးကိုင္မႈေတြေၾကာင့္ အခုလိုအျဖစ္အပ်က္ေတြ ျဖစ္ၿပီးေနာက္မွာလည္း Avengers ေတြဟာ Ultron ေၾကာင့္ပဲလို႔ ထင္ေနခဲ့ပါတယ္။ သို႔ေပမယ့္ ေနာက္ပိုင္းမွာေတာ့ Avengers ေတြဟာ ဒီအျဖစ္အပ်က္ေတြ အားလုံးရဲ႕ေနာက္ကြယ္က ႀကိဳးကိုင္ေနသူဟာ Wanda ဆိုတာကို သိသြားခဲ့ၾကပါတယ္။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular