HomeEntertainmentFilmWanda ရဲ့ကလေးနှစ်ယောက် ပြန်လည်ပါဝင်လာတဲ့ Doctor Strange 2 ရဲ့ TV Spot အသစ်

Wanda ရဲ့ကလေးနှစ်ယောက် ပြန်လည်ပါဝင်လာတဲ့ Doctor Strange 2 ရဲ့ TV Spot အသစ်

Doctor Strange in the Multiverse of Madness ရုပ်ရှင်အတွက် လက်မှတ် စတင်ရောင်းချတဲ့ အထိမ်းအမှတ်အနေနဲ့ TV Spot အသစ် ထွက်ရှိလာပါတယ်။ Doctor Strange 2 ကတော့ နောက်ထပ် တစ်လအကြာမှာ ထွက်ရှိလာတော့မှာ ဖြစ်ပြီး MCU ရဲ့ Multiverse ကို သေသေချာချာ မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။

Marvel စတူဒီယိုဟာ ဒီရုပ်ရှင်အတွက် ပရိုမိုးရှင်းတွေ ဆင်းနေပေမယ့်လည်း အခုချိန်ထိ ဇာတ်လမ်းအကျဉ်းကို မထုတ်ပြန်သေးပါဘူး။ ဒါပေမယ့်လည်း ဒီရုပ်ရှင်ဟာ WandaVision ဇာတ်လမ်းတွဲနဲ့ တိုက်ရိုက် ချိတ်ဆက်နေမှာ ဖြစ်ပြီး Wanda လည်း ပါဝင်လာမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဇာတ်ကောင်အသစ် ဖြစ်တဲ့ America Chavez ကိုလည်း ပထမဦးဆုံး မြင်တွေ့ရဦးမှာပါ။

Photo via IMDb

အပေါ်မှာ ဖော်ပြခဲ့သလိုပဲ ဒီရုပ်ရှင် ထွက်ရှိလာဖို့ တစ်လအလိုမှာပဲ လက်မှတ်တွေ စတင်ရောင်းချနေပြီ ဖြစ်ပါတယ်။ ဒါ့အပြင် တစ်ချိန်တည်းမှာပဲ လက်မှတ်တွေ စတင်ရောင်းချတဲ့ အထိမ်းအမှတ်နဲ့ TV Spot အသစ် တစ်ခုကိုပါ ထုတ်ပေးခဲ့ပါတယ်။ ဒီ TV Spot ထဲမှာတော့ Wanda ရဲ့ ကလေးနှစ်ယောက်ကိုလည်း ပြန်ပြီး မြင်တွေ့လိုက်ရပါတယ်။

ဒီထဲမှာ မြင်တွေ့ခဲ့ရသလို ဆိုရင်တော့ Wanda ဟာ သူမရဲ့ ကလေးနှစ်ယောက်နဲ့ ပြန်လည် ဆုံတွေ့သွားတဲ့ပုံစံ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ Wanda ဟာ သူမရဲ့ကလေးနှစ်ယောက်ကို ပြန်လိုချင်စိတ်နဲ့ ဗီလိန် ဖြစ်သွားမလား ဆိုတာတော့ စောင့်ကြည့်ရမှာပါပဲ။ ဒါတင်မကသေးဘဲ Evil Doctor Strange ဟာလည်း တတိယမြောက် မျက်လုံးပါ ရှိနေတာကို မြင်တွေ့ခဲ့ရပါတယ်။ ပရိသတ်တွေ စိတ်လှုပ်ရှားစွာနဲ့ စောင့်မျှော်နေကြတဲ့ ဒီရုပ်ရှင်ကတော့ မေလ (၆)ရက်နေ့မှာ ရုံတင်သွားမှာ ဖြစ်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular