HomeEntertainmentFilmWanda ရဲ့ အဆုံးသတ်ဖြစ်ဖို့ နီးစပ်ခဲ့တဲ့ Avengers: Infinity War ရုပ်ရှင်

Wanda ရဲ့ အဆုံးသတ်ဖြစ်ဖို့ နီးစပ်ခဲ့တဲ့ Avengers: Infinity War ရုပ်ရှင်

သရုပ်ဆောင် Elizabeth Olsen ဟာ ယခုလက်ရှိ ရုံတင်ပြသနေတဲ့ Doctor Strange in the Multiverse of Madness ထဲမှာ Scarlet Witch အဖြစ် ပြန်လည် ပါဝင်ထားပေမယ့်လည်း Avengers: Infinity War က ဒီဇာတ်ကောင်ရဲ့ အဆုံးသတ်ဖြစ်ဖို့ နီးစပ်ခဲ့တယ်လို့ ဆိုပါတယ်။ အကယ်၍ Wanda သာ တကယ်ပဲ Infinity War ထဲမှာ သေဆုံးသွားမယ် ဆိုရင်တော့ WandaVision ဇာတ်လမ်းတွဲနဲ့ Doctor Strange 2 တို့ကို မြင်တွေ့ရတော့မှာ မဟုတ်ပါဘူး။

photo via screenrant

Wanda ကိုတော့ သူမရဲ့မောင်ဖြစ်သူ Pietro နဲ့အတူ ၂၀၁၅ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Avengers: Age of Ultron ထဲမှာ ဗီလိန်အဖြစ် စတင်မြင်တွေ့ခဲ့ရပြီး နောက်ပိုင်းမှာတော့ သူမဟာ Avengers အဖွဲ့ဝင် ဖြစ်လာခဲ့ပါတယ်။ အဲဒီနောက်မှာတော့ သူမဟာ Pietro ၊ Vision နဲ့ သူမရဲ့ကလေးနှစ်ယောက်တို့ကို ဆက်တိုက်ဆိုသလိုပဲ ဆုံးရှုံးခဲ့ရပါတယ်။ ယခုဆိုရင်တော့ Wanda ဟာ Doctor Strange 2 ထဲမှာ အဓိကနေရာက ပါဝင်ထားပါသေးတယ်။

မကြာသေးခင်ကပဲ Avenger: Infinity War ဟာ Wanda ရဲ့ အဆုံးသတ်ဖြစ်ဖို့ နီးစပ်ခဲ့တဲ့အကြောင်းကို Elizabeth Olsen က New York Times သတင်းဌာနနဲ့ အင်တာဗျူးမှာ ပြောပြခဲ့ပါတယ်။ အကြောင်းကတော့ Infinity War ထဲမှာ Wanda ဟာ Thanos ရဲ့ လက်ဖျောက်ကြောင့် အမှုန့်ဖြစ်သွားခဲ့ပြီး Elizabeth Olsen ကလည်း ရုပ်ရှင်သုံးကားစာ စာချုပ်ပြည့်သွားခဲ့တာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

photo via screenrant

သို့သော်လည်း Marvel စတူဒီယိုရဲ့ ဥက္ကဌဖြစ်သူ Kevin Feige ဟာ Elizabeth ကို ဒီဇာတ်ကောင်နေရာမှာ ဆက်လက် သရုပ်ဆောင်ဖို့ တိုက်တွန်းခဲ့ပြီး WandaVision ဇာတ်လမ်းတွဲ ဖန်တီးပေးမယ်လို့ဆိုကာ နားချခဲ့ပါတယ်။ ဒါကြောင့်ပဲ Elizabeth ဟာ Wanda အနေနဲ့ ဆက်လက်ပါဝင်ဖို့ သဘောတူခဲ့ပြီး ဒီအချက်ကြောင့်ပဲ ကျွန်တော်တို့ဟာ WandaVision နဲ့ Doctor Strange 2 တို့ကို ကြည့်ရှုခွင့်ရခဲ့တာ ဖြစ်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular