HomeEntertainmentFilmSeason 2 ထွက်လာမှာ မဟုတ်တော့တဲ့ WandaVision ဇာတ်လမ်းတွဲ

Season 2 ထွက်လာမှာ မဟုတ်တော့တဲ့ WandaVision ဇာတ်လမ်းတွဲ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

WandaVision ဇာတ်လမ်းတွဲဟာ season 2 ထွက်ရှိလာမှာ မဟုတ်တော့ဘူးလို့ Wanda နေရာမှာ သရုပ်ဆောင်ခဲ့သူ Elizabeth Olsen ကိုယ်တိုင်က အတည်ပြု ပြောကြားလိုက်ပါတယ်။

ဒါ့အပြင် Doctor Strange 2 နဲ့ပဲ Wanda ရဲ့ ဇာတ်လမ်းကို ဆက်လက် ဖော်ပြသွားမယ်လို့လည်း သိရပါတယ်။ Paul Bettany နဲ့ Elizabeth Olsen တို့ ပါဝင်ထားတဲ့ ဒီဇာတ်လမ်းတွဲဟာ ပုံမှန်စူပါဟီးရိုး ဇာတ်လမ်းတွဲနဲ့ မတူဘဲ ထူးခြားနေသလို ပရိသတ်တွေရဲ့ အားပေးမှုကိုလည်း ရရှိခဲ့ပါတယ်။

photo via screenrant

မူလကတော့ MCU ဟာ ဒီဇာတ်လမ်းတွဲကို နည်းနည်း နောက်ကျမှ ထုတ်လွှင့်ဖို့ စီစဉ်ထားပေမယ့်လည်း ကိုဗစ် ပြဿနာတွေကြောင့် ဒီဇာတ်လမ်းတွဲနဲ့ MCU Phase 4 ကို စတင်ခဲ့ရတာ ဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ်မှာ ထွက်ရှိလာမယ့် Doctor Strange in the Multiverse of Madness ရုပ်ရှင်နဲ့ ဒီဇာတ်လမ်းတွဲဟာ တိုက်ရိုက် ချိတ်ဆက်သွားမှာ ဖြစ်ပြီး Elizabeth Olsen ကိုတော့ Scarlet Witch အနေနဲ့ ထပ်မံမြင်တွေ့ရဦးမှာ ဖြစ်ပါတယ်။

Variety သတင်းဌာနနဲ့ အင်တာဗျူးမှာတော့ WandaVision ဟာ limited series ဖြစ်ပြီး ဒုတိယ season ထွက်မလာတော့ပါဘူးလို့ Olsen က အတည်ပြုပေးခဲ့ပါတယ်။ ဒီအင်တာဗျူးထဲမှာတော့ အကြောင်းအရာမျိူးစုံကို ပြောခဲ့ကြပြီး WandaVision ထဲမှာ sitcom အနေနဲ့ ဖန်တီးခဲ့တဲ့ အတွေ့အကြုံတွေကိုလည်း ပြောပြခဲ့ပါတယ်။ ဒါတင်မကသေးဘဲ Olsen ဟာ Doctor Strange in the Multiverse of Madness ထဲမှာ ပါဝင်ရမယ့် ဇာတ်ဝင်ခန်းတွေအားလုံးကို ရိုက်ကူးပြီးသွားပြီလို့လည်း သိရပါတယ်။

photo via screenrant

ဒီသတင်းကတော့ MCU ပရိသတ်တွေအတွက် သိပ်ပြီးအံ့ဩစရာတော့ မဟုတ်ပါဘူး။ အကြောင်းကတော့ Olsen ပြောခဲ့သလိုပဲ ဒီဇာတ်လမ်းတွဲဟာ အရင်ကတည်းက limited series အဖြစ်နဲ့ ထွက်ရှိခဲ့တာကြောင့်ပါပဲ။ ဒါ့အပြင် ဒီဇာတ်လမ်းတွဲ ပြီးဆုံးသွားတဲ့ အချိန်မှာလည်း Kevin Feige ကိုယ်တိုင်က ဒုတိယ season ကို မစီစဉ်ထားဘဲ Doctor Strange 2 ကပဲ Wanda ရဲ့ ဇာတ်လမ်းကို ဆက်လက် ပြသသွားမယ်လို့ ပြောခဲ့ပါသေးတယ်။ WandaVision ဟာ ဒုတိယ season မထွက်လာတော့ပေမယ့်လည်း Doctor Strange 2 ထွက်ရှိလာရင်တော့ Olsen ကို Wanda အနေနဲ့ ပြန်လည်မြင်တွေ့ရဦးမှာ ဖြစ်ပါတယ်။

Legos

Source: Screenrant

(Zawgyi Version)

WandaVision ဇာတ္လမ္းတြဲဟာ season 2 ထြက္ရွိလာမွာ မဟုတ္ေတာ့ဘူးလို႔ Wanda ေနရာမွာ သ႐ုပ္ေဆာင္ခဲ့သူ Elizabeth Olsen ကိုယ္တိုင္က အတည္ျပဳ ေျပာၾကားလိုက္ပါတယ္။

ဒါ့အျပင္ Doctor Strange 2 နဲ႔ပဲ Wanda ရဲ႕ ဇာတ္လမ္းကို ဆက္လက္ ေဖာ္ျပသြားမယ္လို႔လည္း သိရပါတယ္။ Paul Bettany နဲ႔ Elizabeth Olsen တို႔ ပါဝင္ထားတဲ့ ဒီဇာတ္လမ္းတြဲဟာ ပုံမွန္စူပါဟီး႐ိုး ဇာတ္လမ္းတြဲနဲ႔ မတူဘဲ ထူးျခားေနသလို ပရိသတ္ေတြရဲ႕ အားေပးမႈကိုလည္း ရရွိခဲ့ပါတယ္။

photo via screenrant

မူလကေတာ့ MCU ဟာ ဒီဇာတ္လမ္းတြဲကို နည္းနည္း ေနာက္က်မွ ထုတ္လႊင့္ဖို႔ စီစဥ္ထားေပမယ့္လည္း ကိုဗစ္ ျပႆနာေတြေၾကာင့္ ဒီဇာတ္လမ္းတြဲနဲ႔ MCU Phase 4 ကို စတင္ခဲ့ရတာ ျဖစ္ပါတယ္။ ၂၀၂၂ ခုႏွစ္မွာ ထြက္ရွိလာမယ့္ Doctor Strange in the Multiverse of Madness ႐ုပ္ရွင္နဲ႔ ဒီဇာတ္လမ္းတြဲဟာ တိုက္႐ိုက္ ခ်ိတ္ဆက္သြားမွာ ျဖစ္ၿပီး Elizabeth Olsen ကိုေတာ့ Scarlet Witch အေနနဲ႔ ထပ္မံျမင္ေတြ႕ရဦးမွာ ျဖစ္ပါတယ္။

Variety သတင္းဌာနနဲ႔ အင္တာဗ်ဴးမွာေတာ့ WandaVision ဟာ limited series ျဖစ္ၿပီး ဒုတိယ season ထြက္မလာေတာ့ပါဘူးလို႔ Olsen က အတည္ျပဳေပးခဲ့ပါတယ္။ ဒီအင္တာဗ်ဴးထဲမွာေတာ့ အေၾကာင္းအရာမ်ိဴးစုံကို ေျပာခဲ့ၾကၿပီး WandaVision ထဲမွာ sitcom အေနနဲ႔ ဖန္တီးခဲ့တဲ့ အေတြ႕အႀကဳံေတြကိုလည္း ေျပာျပခဲ့ပါတယ္။ ဒါတင္မကေသးဘဲ Olsen ဟာ Doctor Strange in the Multiverse of Madness ထဲမွာ ပါဝင္ရမယ့္ ဇာတ္ဝင္ခန္းေတြအားလုံးကို ႐ိုက္ကူးၿပီးသြားၿပီလို႔လည္း သိရပါတယ္။

photo via screenrant

ဒီသတင္းကေတာ့ MCU ပရိသတ္ေတြအတြက္ သိပ္ၿပီးအံ့ဩစရာေတာ့ မဟုတ္ပါဘူး။ အေၾကာင္းကေတာ့ Olsen ေျပာခဲ့သလိုပဲ ဒီဇာတ္လမ္းတြဲဟာ အရင္ကတည္းက limited series အျဖစ္နဲ႔ ထြက္ရွိခဲ့တာေၾကာင့္ပါပဲ။ ဒါ့အျပင္ ဒီဇာတ္လမ္းတြဲ ၿပီးဆုံးသြားတဲ့ အခ်ိန္မွာလည္း Kevin Feige ကိုယ္တိုင္က ဒုတိယ season ကို မစီစဥ္ထားဘဲ Doctor Strange 2 ကပဲ Wanda ရဲ႕ ဇာတ္လမ္းကို ဆက္လက္ ျပသသြားမယ္လို႔ ေျပာခဲ့ပါေသးတယ္။ WandaVision ဟာ ဒုတိယ season မထြက္လာေတာ့ေပမယ့္လည္း Doctor Strange 2 ထြက္ရွိလာရင္ေတာ့ Olsen ကို Wanda အေနနဲ႔ ျပန္လည္ျမင္ေတြ႕ရဦးမွာ ျဖစ္ပါတယ္။

Legos

Source: Screenrant

RELATED ARTICLES

Most Popular