HomeEntertainmentFilmပရိသတ်တွေ အံ့ဩသွားရမယ့် သရုပ်ဆောင် တစ်ယောက် ပါဝင်နေတဲ့ WandaVision

ပရိသတ်တွေ အံ့ဩသွားရမယ့် သရုပ်ဆောင် တစ်ယောက် ပါဝင်နေတဲ့ WandaVision

ေအာက္တြင္‌ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

WandaVision ဇာတ်လမ်းတွဲထဲမှာတော့ ပရိသတ်တွေ မြင်ရမယ်လို့ မထင်ထားတဲ့ သရုပ်ဆောင် တစ်ယောက် ပါဝင်လာပါလိမ့်မယ်လို့ Paul Bettany က ပြောခဲ့ပါတယ်။ ဒီဇာတ်လမ်းတွဲကတော့ Disney+ ကနေ ပြသသွားဖို့ ရက်အနည်းငယ်ပဲ လိုပါတော့တယ်။ MCU ကလည်း အခုလိုမျိူး ပရိသတ်တွေ အံ့ဩသွားစေမယ့် လျှို့ဝှက်ချက်တွေ ထည့်သွင်းထားတာကြောင့် အခုချိန်ထိ ဇာတ်လမ်းအကြောင်းအရာကိုလည်း သေချာမဖော်ပြသေးပါဘူး။

photo via screenrant

Paul Bettany နဲ့ Elizabeth Olsen တို့အပြင် ပါဝင်လာမယ့် တစ်ခြားသရုပ်ဆောင်တွေကိုလည်း သိပြီးသား ဖြစ်ပါတယ်။ ပါဝင်လာမယ့် သရုပ်ဆောင်တွေကတော့ Kathryn Hahn ကတော့ အိမ်နီးချင်းဖြစ်တဲ့ Agnes နဲ့ Teyonah Parris ကတော့ အရွယ်ရောက်နေပြီ ဖြစ်တဲ့ Monica Rambeau နေရာမှာ ပါဝင်လာမှာ ဖြစ်ပါတယ်။ Kat Dennings ကတော့ Darcy Lewis နေရာနဲ့ Randall Park ကတော့ FBI အေးဂျင့် Jimmy Woo တို့နေရာမှာ ပြန်လည် ပါဝင်လာမှာ ဖြစ်ပါတယ်။

Black Girl Nerd YouTube channel မှာတော့ Paul ဟာ ဒီဇာတ်လမ်းထဲမှာ ပါဝင်ထားတဲ့ သရုပ်ဆောင်တွေထဲမှာ ပရိသတ်တွေကို မဖော်ပြထားတဲ့ သရုပ်ဆောင် တစ်ယောက် ရှိသေးတယ်လို့ ပြောခဲ့ပါတယ်။ ဒါပေမယ့်လည်း အဲ့ဒီသရုပ်ဆောင်ဟာ ဘယ်သူလည်း ဆိုတာကိုတော့ မပြောသွားခဲ့ပါဘူး။ Paul ပြောသွားတဲ့ စကားအပြည့်အစုံကတော့ ” လူတိုင်းအတွက် အံ့ဩစရာ ဖြစ်သွားစေမယ့် သရုပ်ဆောင် တစ်ယောက်နဲ့ ကျွန်တော် အလုပ်လုပ်ခဲ့ရပါတယ်။ ကျွန်တော်ကိုယ်တိုင်ကလည်း သူနဲ့ အလုပ်တွဲလုပ်ချင်နေတာ ကြာပါပြီ ” ဆိုပြီးတော့ ပြောပြခဲ့ပါတယ်။

photo via screenrant

Paul ပြောသွားတဲ့ စကားကို ကြည့်ခြင်းအားဖြင့် ဘယ်သူလည်း ဆိုတာကို ခန့်မှန်းဖို့တော့ သိပ်မလွယ်ကူပါဘူး။ WandaVision ဇာတ်လမ်းတွဲကလည်း နောက်ရက်အနည်းငယ်နေရင် ထွက်လာတော့မှာ ဖြစ်ပါတယ်။ ဒါ့အပြင် အခုလိုသတင်းတွေကို သိရတဲ့အချိန်မှာတော့ ပရိသတ်တွေအတွက် ပိုပြီးတော့ စိတ်ဝင်စားဖို့ ကောင်းလာခဲ့ပါတယ်။ ဒါကြောင့်ပဲ WandaVision ထဲမှာ ဘယ်လိုအံ့ဩစရာတွေကို တွေ့ရမလည်း ဆိုတာကို စောင့်ကြည့်လိုက်ရအောင်။

Legos

Source : Screenrant

(Zawgyi Version)

WandaVision ဇာတ္လမ္းတြဲထဲမွာေတာ့ ပရိသတ္ေတြ ျမင္ရမယ္လို႔ မထင္ထားတဲ့ သ႐ုပ္ေဆာင္ တစ္ေယာက္ ပါဝင္လာပါလိမ့္မယ္လို႔ Paul Bettany က ေျပာခဲ့ပါတယ္။ ဒီဇာတ္လမ္းတြဲကေတာ့ Disney+ ကေန ျပသသြားဖို႔ ရက္အနည္းငယ္ပဲ လိုပါေတာ့တယ္။ MCU ကလည္း အခုလိုမ်ိဴး ပရိသတ္ေတြ အံ့ဩသြားေစမယ့္ လွ်ိဳ႕ဝွက္ခ်က္ေတြ ထည့္သြင္းထားတာေၾကာင့္ အခုခ်ိန္ထိ ဇာတ္လမ္းအေၾကာင္းအရာကိုလည္း ေသခ်ာမသိရေသးပါဘူး။

photo via screenrant

Paul Bettany နဲ႔ Elizabeth Olsen တို႔အျပင္ ပါဝင္လာမယ့္ တစ္ျခားသ႐ုပ္ေဆာင္ေတြကိုလည္း သိၿပီးသား ျဖစ္ပါတယ္။ ပါဝင္လာမယ့္ သ႐ုပ္ေဆာင္ေတြကေတာ့ Kathryn Hahn ကေတာ့ အိမ္နီးခ်င္းျဖစ္တဲ့ Agnes နဲ႔ Teyonah Parris ကေတာ့ အ႐ြယ္ေရာက္ေနၿပီ ျဖစ္တဲ့ Monica Rambeau ေနရာမွာ ပါဝင္လာမွာ ျဖစ္ပါတယ္။ Kat Dennings ကေတာ့ Darcy Lewis ေနရာနဲ႔ Randall Park ကေတာ့ FBI ေအးဂ်င့္ Jimmy Woo တို႔ေနရာမွာ ျပန္လည္ ပါဝင္လာမွာ ျဖစ္ပါတယ္။

Black Girl Nerd YouTube channel မွာေတာ့ Paul ဟာ ဒီဇာတ္လမ္းထဲမွာ ပါဝင္ထားတဲ့ သ႐ုပ္ေဆာင္ေတြထဲမွာ ပရိသတ္ေတြကို မေဖာ္ျပထားတဲ့ သ႐ုပ္ေဆာင္ တစ္ေယာက္ ရွိေသးတယ္လို႔ ေျပာခဲ့ပါတယ္။ ဒါေပမယ့္လည္း အဲ့ဒီသ႐ုပ္ေဆာင္ဟာ ဘယ္သူလည္း ဆိုတာကိုေတာ့ မေျပာသြားခဲ့ပါဘူး။ Paul ေျပာသြားတဲ့ စကားအျပည့္အစုံကေတာ့ ” လူတိုင္းအတြက္ အံ့ဩစရာ ျဖစ္သြားေစမယ့္ သ႐ုပ္ေဆာင္ တစ္ေယာက္နဲ႔ ကြၽန္ေတာ္ အလုပ္လုပ္ခဲ့ရပါတယ္။ ကြၽန္ေတာ္ကိုယ္တိုင္ကလည္း သူနဲ႔ အလုပ္တြဲလုပ္ခ်င္ေနတာ ၾကာပါၿပီ ” ဆိုၿပီးေတာ့ ေျပာျပခဲ့ပါတယ္။

photo via screenrant

Paul ေျပာသြားတဲ့ စကားကို ၾကည့္ျခင္းအားျဖင့္ ဘယ္သူလည္း ဆိုတာကို ခန႔္မွန္းဖို႔ေတာ့ သိပ္မလြယ္ကူပါဘူး။ WandaVision ဇာတ္လမ္းတြဲကလည္း ေနာက္ရက္အနည္းငယ္ေနရင္ ထြက္လာေတာ့မွာ ျဖစ္ပါတယ္။ ဒါ့အျပင္ အခုလိုသတင္းေတြကို သိရတဲ့အခ်ိန္မွာေတာ့ ပရိသတ္ေတြအတြက္ ပိုၿပီးေတာ့ စိတ္ဝင္စားဖို႔ ေကာင္းလာခဲ့ပါတယ္။ ဒါေၾကာင့္ပဲ WandaVision ထဲမွာ ဘယ္လိုအံ့ဩစရာေတြကို ေတြ႕ရမလည္း ဆိုတာကို ေစာင့္ၾကည့္လိုက္ရေအာင္။

Legos

Source : Screenrant

RELATED ARTICLES

Most Popular