HomeEntertainmentFilm၂၀၂၁ ခုနှစ်ရဲ့ Pirate အလုပ်ခံရဆုံး ဇာတ်လမ်းတွဲတွေ ဖြစ်လာတဲ့ WandaVision နဲ့ Loki

၂၀၂၁ ခုနှစ်ရဲ့ Pirate အလုပ်ခံရဆုံး ဇာတ်လမ်းတွဲတွေ ဖြစ်လာတဲ့ WandaVision နဲ့ Loki

WandaVision နဲ့ Loki ဇာတ်လမ်းတွဲတွေဟာ ၂၀၂၁ ခုနှစ်ရဲ့ Pirate အလုပ်ခံရဆုံး ဇာတ်လမ်းတွဲတွေ ဖြစ်လာပါတယ်။ ၂၀၂၀ ခုနှစ်တုန်းကတော့ Pirate အလုပ်ခံရတဲ့ ပထမဆုံးနေရာမှာ The Mandalorian ဇာတ်လမ်းတွဲ ရှိနေပြီး ဒုတိယနေရာနဲ့ တတိယနေရာမှာတော့ The Boys နဲ့ Westworld တို့ ရှိခဲ့ကြပါတယ်။ အဲ့ဒီမတိုင်ခင်မှာတော့ Game of Thrones ဟာ Pirate အလုပ်ခံရဆုံး ဇာတ်လမ်းတွဲအဖြစ် နှစ်နဲ့ချီပြီး ရှိနေခဲ့ပါတယ်။

photo via screenrant

၂၀၂၁ ခုနှစ်မှာတော့ Marvel Cinematic Universe ဟာ Disney+ ဇာတ်လမ်းတွဲတွေနဲ့ပါ သူတို့ရဲ့ Universe ကြီးကို ချဲ့ထွင်နေပြီ ဖြစ်ပြီး တစ်နှစ်တည်းမှာတင် ဇာတ်လမ်းတွဲ ငါးခုကို ထုတ်လုပ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလမှာတော့ WandaVision ဇာတ်လမ်းတွဲနဲ့ စတင်ခဲ့ပြီး ယခု ဒီဇင်ဘာလမှာတော့ Hawkeye ဇာတ်လမ်းတွဲနဲ့ အဆုံးသတ်ထားပါတယ်။ ထွက်ခဲ့သမျှ ဇာတ်လမ်းတွဲတွေကလည်း ပရိသတ်အကြိုက်ပဲ ဖြစ်နေခဲ့ပါတယ်။ ဒါကြောင့်ပဲ Marvel ရဲ့ ဇာတ်လမ်းတွဲတွေနဲ့ စျေးကွက်ချဲ့ထွင်ခြင်းကလည်း အလွန်အောင်မြင်တယ်လို့ ပြောနိုင်ပါတယ်။

TorrentFreak ရဲ့ ဖော်ပြချက်အရ WandaVision နဲ့ Loki တို့ဟာ ၂၀၂၁ ခုနှစ်ရဲ့ Pirate အလုပ်ခံရဆုံး စာရင်းမှာ ထိပ်ဆုံးဖြစ်နေပါတယ်။ တတိယနေရာမှာတော့ Netflix ရဲ့ Witcher ရှိနေပါတယ်။ အဲ့ဒီနောက်မှာတော့ The Falcon and the Winter Soldier ၊ Hawkeye နဲ့ What If…? တို့က Witcher ရဲ့ အနောက်မှာ အသီးသီး ကပ်လျက် တည်ရှိနေပါတယ်။

photo via screenrant

Marvel အနေနဲ့ ဇာတ်လမ်းတွဲတွေကိုပါ Blockbuster ရုပ်ရှင်တွေလို ဖန်တီးတာဟာ မကြာသေးပေမယ့်လည်း အောင်မြင်မှုတွေများစွာ ရရှိထားပါတယ်။ ဒါ့အပြင် ၂၀၂၂ ခုနှစ်မှာ ထွက်ရှိလာမယ့် MCU ဇာတ်လမ်းတွဲတွေလည်း ရှိသေးသလို အသစ်ထပ်ဖန်တီးဖို့ ပြင်ဆင်မှုတွေ ပြုလုပ်နေတဲ့ ဇာတ်လမ်းတွဲတွေလည်း ရှိပါသေးတယ်။ ဒါကြောင့်လည်း ရှေ့နှစ်မှာ ထွက်ရှိလာမယ့် ဇာတ်လမ်းတွဲတွေမှာရော ဘယ်လိုစိတ်ဝင်စားစရာတွေ ပါဝင်လာမလည်းဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular