HomeCelebs Update NewsInternationalMarvel အတွက် ပထမဆုံး Emmy ဆု ဆွတ်ခူးနိုင်ခဲ့တဲ့ WandaVision

Marvel အတွက် ပထမဆုံး Emmy ဆု ဆွတ်ခူးနိုင်ခဲ့တဲ့ WandaVision

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

WandaVision ကတော့ Marvel စတူဒီယိုရဲ့ ရုပ်ရှင်သမိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် Emmy ဆု ရရှိသွားပြီ ဖြစ်ပါတယ်။ အဲ့ဒီ Emmy ဆုတွေကတော့ Production Design ၊ Costume နဲ့ Agatha All Along ဇာတ်ဝင်သီချင်းတို့အတွက် သုံးဆု ရရှိခဲ့တာပါ။ ဒါ့အပြင် ဆုပေးပွဲဟာ နောက်တစ်ပတ်မှ ကျင်းပသွားမှာ ဖြစ်တာကြောင့် WandaVision ဇာတ်လမ်းတွဲဟာ နောက်ထပ် Emmy ဆုတွေ ရရှိသွားနိုင်ပါသေးတယ်။

photo via screenrant

WandaVision ဇာတ်လမ်းတွဲဟာ Emmy ဆုပေါင်း (၂၃) ဆုအတွက် စံကာတင်စာရင်းမှာ ပါဝင်ခဲ့ပြီး အဲ့ဒီ (၂၃) ဆုထဲမှာ ဘယ်နဆု ထပ်မံရရှိသွားဦးမလည်း ဆိုတာကတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲဟာ ဒီနှစ်ရဲ့ Emmy ဆုပေးပွဲမှာ ဒုတိယမြောက် အများဆုံးစံကာတင်စာရင်းဝင်တဲ့ ဇာတ်လမ်းတွဲတစ်ခုလည်း ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲထဲမှာ အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ Elizabeth Olsen ၊ Paul Bettany နဲ့ Kathryn Hahn တို့ သုံးယောက်လုံးလည်း အကောင်းဆုံး သရုပ်ဆောင်ဆုတွေအတွက် စံကာတင်စာရင်းမှာ ပါဝင်ထားကြပါတယ်။

အပေါ်မှာဖော်ပြထားသလိုပဲ Emmy ဆုပေးပွဲဟာ နောက်တစ်ပတ်မှ ကျင်းပမှာ ဖြစ်ပေမယ့်လည်း ဖန်တီးမှုပိုင်းနဲ့ ပတ်သက်တဲ့ Emmy ဆုတွေကိုတော့ အခုကတည်းက ကြေညာထားပါတယ်။ WandaVision ကတော့ လောလောဆယ်မှာ Production Design ၊ Sci-Fi/ Fantasy Costume နဲ့ Agatha All Along ဇာတ်ဝင်သီချင်းတို့အတွက် Emmy ဆု သုံးခု ရရှိသွားပါပြီ။

photo via screenrant

ကျန်ရှိနေသေးတဲ့ ဆုတွေအတွက်တော့ WandaVision ဟာ The Queen’s Gambit နဲ့ Mare of Easttown တို့လို ဇာတ်လမ်းတွဲတွေနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီဇာတ်လမ်းတွဲဟာ စံကာတင်စာရင်းမှာ ပါဝင်ထားသေးတာကြောင့် နောက်ထပ် Emmy ဆုတွေ ရရှိဖို့ အခွင့်အရေးရှိသေးပြီး The Falcon and the Winter Soldier ကလည်း စံကာတင်စာရင်းတွေမှာ ပါဝင်ထားပါသေးတယ်။ ၂၀၂၁ ခုနှစ်ရဲ့ Emmy ဆုပေးပွဲမှာတော့ Marvel စတူဒီယိုက Emmy ဘယ်နဆု ရရှိသွားဦးမလည်း ဆိုတာကတော့ နောက်တစ်ပတ်ဆိုရင် သိရတော့မှာပါ။

Legos

Source: Screenrant

(Zawgyi Version)

WandaVision ကေတာ့ Marvel စတူဒီယိုရဲ႕ ႐ုပ္ရွင္သမိုင္းမွာ ပထမဆုံးအႀကိမ္အျဖစ္ Emmy ဆု ရရွိသြားၿပီ ျဖစ္ပါတယ္။ အဲ့ဒီ Emmy ဆုေတြကေတာ့ Production Design ၊ Costume နဲ႔ Agatha All Along ဇာတ္ဝင္သီခ်င္းတို႔အတြက္ သုံးဆု ရရွိခဲ့တာပါ။ ဒါ့အျပင္ ဆုေပးပြဲဟာ ေနာက္တစ္ပတ္မွ က်င္းပသြားမွာ ျဖစ္တာေၾကာင့္ WandaVision ဇာတ္လမ္းတြဲဟာ ေနာက္ထပ္ Emmy ဆုေတြ ရရွိသြားႏိုင္ပါေသးတယ္။

photo via screenrant

WandaVision ဇာတ္လမ္းတြဲဟာ Emmy ဆုေပါင္း (၂၃) ဆုအတြက္ စံကာတင္စာရင္းမွာ ပါဝင္ခဲ့ၿပီး အဲ့ဒီ (၂၃) ဆုထဲမွာ ဘယ္နဆု ထပ္မံရရွိသြားဦးမလည္း ဆိုတာကေတာ့ ေစာင့္ၾကည့္ရမွာ ျဖစ္ပါတယ္။ ဒီဇာတ္လမ္းတြဲဟာ ဒီႏွစ္ရဲ႕ Emmy ဆုေပးပြဲမွာ ဒုတိယေျမာက္ အမ်ားဆုံးစံကာတင္စာရင္းဝင္တဲ့ ဇာတ္လမ္းတြဲတစ္ခုလည္း ျဖစ္ပါတယ္။ ဒီဇာတ္လမ္းတြဲထဲမွာ အဓိကပါဝင္သ႐ုပ္ေဆာင္ထားတဲ့ Elizabeth Olsen ၊ Paul Bettany နဲ႔ Kathryn Hahn တို႔ သုံးေယာက္လုံးလည္း အေကာင္းဆုံး သ႐ုပ္ေဆာင္ဆုေတြအတြက္ စံကာတင္စာရင္းမွာ ပါဝင္ထားၾကပါတယ္။

အေပၚမွာေဖာ္ျပထားသလိုပဲ Emmy ဆုေပးပြဲဟာ ေနာက္တစ္ပတ္မွ က်င္းပမွာ ျဖစ္ေပမယ့္လည္း ဖန္တီးမႈပိုင္းနဲ႔ ပတ္သက္တဲ့ Emmy ဆုေတြကိုေတာ့ အခုကတည္းက ေၾကညာထားပါတယ္။ WandaVision ကေတာ့ ေလာေလာဆယ္မွာ Production Design ၊ Sci-Fi/ Fantasy Costume နဲ႔ Agatha All Along ဇာတ္ဝင္သီခ်င္းတို႔အတြက္ Emmy ဆု သုံးခု ရရွိသြားပါၿပီ။

photo via screenrant

က်န္ရွိေနေသးတဲ့ ဆုေတြအတြက္ေတာ့ WandaVision ဟာ The Queen’s Gambit နဲ႔ Mare of Easttown တို႔လို ဇာတ္လမ္းတြဲေတြနဲ႔ ယွဥ္ၿပိဳင္ရမွာ ျဖစ္ပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ ဒီဇာတ္လမ္းတြဲဟာ စံကာတင္စာရင္းမွာ ပါဝင္ထားေသးတာေၾကာင့္ ေနာက္ထပ္ Emmy ဆုေတြ ရရွိဖို႔ အခြင့္အေရးရွိေသးၿပီး The Falcon and the Winter Soldier ကလည္း စံကာတင္စာရင္းေတြမွာ ပါဝင္ထားပါေသးတယ္။ ၂၀၂၁ ခုႏွစ္ရဲ႕ Emmy ဆုေပးပြဲမွာေတာ့ Marvel စတူဒီယိုက Emmy ဘယ္နဆု ရရွိသြားဦးမလည္း ဆိုတာကေတာ့ ေနာက္တစ္ပတ္ဆိုရင္ သိရေတာ့မွာပါ။

Legos

Source: Screenrant

RELATED ARTICLES

Most Popular