HomeCelebs Update NewsInternationalယခုနှစ်အတွင်းမှာ ရုပ်ရှင်သုံးကားစာပဲ ဘတ်ဂျက်ရှိတော့တဲ့ Warner Bros. စတူဒီယို

ယခုနှစ်အတွင်းမှာ ရုပ်ရှင်သုံးကားစာပဲ ဘတ်ဂျက်ရှိတော့တဲ့ Warner Bros. စတူဒီယို

Warner Bros. Discovery ဟာ Aquaman 2 နဲ့ Shazam 2 တို့ကို ၂၀၂၃ ခုနှစ်ဆီ ရုံတင်ရက် ရွှေ့ဆိုင်းပြီးနောက်မှာတော့ ယခုနှစ်အတွင်း ရုပ်ရှင်သုံးကား ထုတ်လုပ်ဖို့အတွက်ပဲ ဘတ်ဂျက်ရှိတော့တယ်လို့ သိရပါတယ်။ နာမည်ကြီး ရုပ်ရှင်တွေနဲ့ ဇာတ်လမ်းတွဲတွေများစွာကို ထုတ်လုပ်ခဲ့တဲ့ Warner Bros. ဟာ မကြာသေးခင်ကပဲ Discovery နဲ့ ကုမ္ပဏီချင်း ပေါင်းစည်းသွားပါတယ်။ အဲဒီနောက်မှာတော့ DC ရဲ့ ပရောဂျက်များစွာ Cancel ခံခဲ့ရသလို DC အတွက် ဆယ်နှစ်စာ Plan ကို ဖန်တီးသွားမယ်လို့လည်း ကြေညာခဲ့ပါတယ်။

photo via screenrant

ယခုဆိုရင်တော့ WB Discovery ဟာ ပရိသတ်တွေ စောင့်မျှော်နေကြတဲ့ Aquaman and the Lost Kingdom နဲ့ Shazam! Fury of the Gods တို့ကို ရုံတင်ရက် ရွှေ့ဆိုင်းလိုက်ပါတယ်။ Aquaman 2 ကတော့ Post-Production အတွက် ပိုပြီးအချိန်လိုတာကြောင့် ရုံတင်ရက်(၈)လ နောက်ဆုတ်သွားပြီး Shazam 2 ကတော့ (၃)လ နောက်ဆုတ်သွားပါတယ်။ ဒီရုပ်ရှင်တွေကတော့ ကိုဗစ်ကြောင့်လည်း နှောင့်နှေးမှုတွေ ဖြစ်ခဲ့တဲ့အတွက် ရုံတင်ရက် ရွှေ့ဆိုင်းသွားတာဟာ ယခုအကြိမ်နဲ့ဆို အနည်းဆုံး သုံးကြိမ်လောက် ရှိနေပါပြီ။

မကြာသေးခင်ကပဲ The Hollywood Reporter သတင်းဌာနရဲ့ Borys Kit ကတော့ Warner Bros Discovery ရဲ့ ငွေကြေးပြဿနာနဲ့ ပတ်သက်ပြီး ပြောပြလိုက်ပါတယ်။ Borys ရဲ့ ပြောပြချက်အရ စတူဒီယိုဟာ ငွေကြေးအကျပ်အတည်း ပြဿနာနဲ့ ရင်ဆိုင်နေရပြီး ယခုလိုရုံတင်ရက်တွေ ရွှေ့ဆိုင်းလိုက်တာဟာ ယခုနှစ်အတွင်း ရုပ်ရှင်သုံးကားစာ ထုတ်လုပ်ဖို့အတွက်ပဲ ဘတ်ဂျက်ရှိလို့ဖြစ်ကြောင်း သိရပါတယ်။ ယခုနှစ်အတွင်း ထွက်ရှိလာမယ့် WB ရဲ့ ရုပ်ရှင်သုံးကားကတော့ Don’t Worry Darling (စက်တင်ဘာလ ၂၃) ၊ Black Adam (အောက်တိုဘာလ ၂၁) နဲ့ House Party (ဒီဇင်ဘာလ ၉) တို့ပဲ ဖြစ်ပါတယ်။

photo via screenrant

လောလောဆယ်အထိတော့ ယခုလိုရုံတင်ရက်တွေ နောက်ဆုတ်လိုက်တာဟာ Borys ပြောသလို ငွေကြေးပြဿနာကြောင့်လား၊ Aquaman 2 လို ဖန်တီးဖို့ အချိန်ထပ်လိုတာကြောင့် နောက်ဆုတ်လိုက်တာလား ဆိုတာကိုတော့ သေချာမသိရသေးပါဘူး။ ဒါပေမယ့်လည်း Warner Bros Discovery ကတော့ Streaming Service ကနေ ပြသသွားမယ့် ပရောဂျက်တွေများစွာ ရှိနေပြီး လောလောဆယ်မှာတော့ House of the Dragon ဇာတ်လမ်းတွဲကို ပြသနေပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular