HomeEntertainmentFilmWhat If...? အပိုင်း(၈)ထဲက စိတ်ဝင်စားစရာအချက်များနဲ့ Easter Egg များ (breakdown)

What If…? အပိုင်း(၈)ထဲက စိတ်ဝင်စားစရာအချက်များနဲ့ Easter Egg များ (breakdown)

***Spoiler Alert***

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

What If…? အပိုင်း(၈)ကတော့ မကြာသေးခင်ကပဲ ထွက်ရှိလာခဲ့ပြီ ဖြစ်ပြီး ပရိသတ်တွေအတွက် အံ့အားသင့်စရာတွေကို ယူဆောင်လာပေးခဲ့ပါတယ်။ ဒီအပိုင်းရဲ့ အကြောင်းအရာကတော့ “Age of Ultron” မှာ Ultron သာ အနိုင်ရသွားရင် ဘာတွေဆက်ဖြစ်လာမလည်းဆိုတာကို ဖော်ပြထားပါတယ်။ ထုံးစံအတိုင်းပဲ ဒီအပိုင်းဟာလည်း Cliffhanger နဲ့ အဆုံးသတ်ထားပြီး နောက်တစ်ပတ်မှာ ထွက်ရှိလာမယ့် ဇာတ်သိမ်းပိုင်းနဲ့ ချိတ်ဆက်နေမှာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ဇာတ်သိမ်းပိုင်းကို စောင့်နေတုန်း ဒီအပိုင်းထဲမှာ ပါဝင်တဲ့ စိတ်ဝင်စားစရာအချက်တွေကို ဖတ်ရှုလိုက်ရအောင်။

(1) Clint ရဲ့ ကိုယ်ပျောက်ဝတ်ရုံ
photo via screenrant

ဒီအပိုင်းရဲ့ အစမှာတော့ Clint နဲ့ Natasha တို့ဟာ Ultron ရဲ့ တပ်သားတွေနဲ့ တိုက်ခိုက်နေတာကို ပြသခဲ့ပါတယ်။ ထုံးစံအတိုင်းပဲ Clint ကတော့ လေးနဲ့မြားကိုပဲ အသုံးပြုနေပြီး လက်တစ်ဘက်ကလည်း စက်နဲ့အစားထိုးထားတာကို တွေ့ခဲ့ရပါတယ်။ ဒါ့အပြင် သူဟာ ကိုယ်ပျောက်ဝတ်ရုံကိုပါ ခြုံထားပါသေးတယ်။

ဒီကိုယ်ပျောက်ဝတ်ရုံကတော့ Shield အဖွဲ့အစည်းရဲ့ Helicarrier ကို ကိုယ်ဖျောက်တဲ့ နည်းစနစ်ကိုပဲ အသုံးပြုထားတာ ဖြစ်နိုင်ပါတယ်။ Clint ဟာ ဘာကြောင့် လက်တစ်ဘက် ဆုံးရှုံးထားရတာလည်း ဆိုတာကိုတော့ ဒီအပိုင်းထဲမှာ မပြသွားပါဘူး။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး နောက်ထပ် ဆောင်းပါးတစ်ပုဒ် ထပ်တင်ပေးပါမယ်။

(2) တကယ်ဖြစ်လာတဲ့ Tony Stark ရဲ့ အိပ်မက်ဆိုး
photo via screenrant

Age of Ultron ထဲမှာတော့ Wanda ကြောင့် Tony Stark ဟာ မြင်ကွင်းတစ်ခုကို မြင်ခဲ့ရပါတယ်။ အဲ့ဒီမြင်ကွင်းကတော့ Avengers တွေ ရှုံးနိမ့်သွားတဲ့ ပုံရိပ်တွေပဲ ဖြစ်ပြီး Cap ရဲ့ ဒိုင်းဟာလည်း ကွဲနေခဲ့ပါတယ်။ ဒီအပိုင်းထဲက Ultron ဟာ Avengers တွေကို တိုက်ခိုက်တဲ့အချိန်မှာတော့ အလားတူပဲ ဖြစ်ပျက်ခဲ့ပြီး မတူညီတဲ့ တစ်ခုတည်းသောအချက်ကတော့ Age of Ultron က Tony မြင်ခဲ့တဲ့ ပုံရိပ်ထဲမှာတော့ ဂြိုဟ်တစ်ခုပေါ်မှာ ဖြစ်ပြီး ဒီအပိုင်းထဲမှာတော့ Server Room တစ်ခုထဲမှာ ဖြစ်ပျက်ခဲ့တာပါ။

(3) Tony Stark သေပြန်ပြီ။
photo via screenrant

What If…? ဇာတ်လမ်းတွဲကတော့ MCU ရဲ့ အဓိက Universe ထဲက အဖြစ်အပျက်တွေကို ပုံဖော်ထားတာ မဟုတ်ဘဲ Multiverse ထဲက မတူညီတဲ့ အဖြစ်အပျက်တွေကို ဖော်ပြထားတာပါ။ ဒါကြောင့်ပဲ ဒီဇာတ်လမ်းတွဲထဲမှာတော့ ဟီးရိုးတွေ ရှုံးနိမ့်သွားတာတွေနဲ့ သေဆုံးသွားတာတွေကို မကြာခဏ မြင်တွေ့ခဲ့ရပါတယ်။

ဒါပေမယ့်လည်း အဲ့ဒီထဲမှ ပြောစမှတ် ပြုလောက်တာကတော့ Tony Stark ပဲ ဖြစ်ပါတယ်။ အကြောင်းကတော့ သူဟာ အပိုင်းတိုင်းလိုလိုမှာ သေဆုံးနေပြီး ဇာတ်ညွှန်းရေးဆရာတွေက တမင်တကာများ သတ်နေတာလားလို့ တွေးရတဲ့အထိပါပဲ။ အပိုင်း(၈)ထဲမှာလည်း Tony Stark ဟာ နောက်ထပ်တစ်ကြိမ် ထပ်မံသေဆုံးသွားပါပြီ။

(4) General Ross Cameo
photo via screenrant

Ultron က ကမ္ဘာကြီးကို နျူကလီးယားဗုံးတွေနဲ့ ဖျက်ဆီးနေတဲ့အချိန်မှာတော့ Incredible Hulk ထဲက General Ross ကို တွေ့မြင်ခဲ့ရပါတယ်။ သူဟာ Yellowjacket အပိုင်းနဲ့ Killmonger အပိုင်းတို့မှာလည်း ပါဝင်ခဲ့ပေမယ့်လည်း ဒီအပိုင်းထဲမှာတော့ Cameo လောက်သာ ပါဝင်ခဲ့ပါတယ်။

(5) Perfectly Balanced
photo via screenrant

MCU ထဲက Thanos ကတော့ Universe ကြီးထဲက သက်ရှိတွေရဲ့ လူဦးရေကို တစ်ဝက်တိတိ လျှော့ချချင်ခဲ့သူ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ သူဟာ Infinity Stones တွေကို ရှာဖွေခဲ့တာပါ။ ဒီအပိုင်းထဲမှာလည်း သူဟာ Ultron ဆီမှာရှိနေတဲ့ Mind Stone ကို ယူဖို့ ရောက်လာခဲ့ပါတယ်။

ကံဆိုးချင်တော့ ဒီ Ultron ဟာ MCU ဗားရှင်းထက် များစွာ ကြမ်းတမ်းသူတစ်ယောက် ဖြစ်တာကြောင့် Thanos ကို မြင်မြင်ချင်းပဲ သူဟာ Mind Stone က ရောင်ခြည်နဲ့ တစ်ဝက်တိတိ ဖြတ်ပစ်လိုက်ပါတယ်။ အဲ့ဒီနောက်မှာတော့ Ultron ဟာ Thanos မှာ ပါလာတဲ့ Infinity Stones ငါးလုံးကိုပါ ရရှိသွားပါတော့တယ်။

(6) Universe ထဲမှာ ရှိသမျှ သက်ရှိတွေကို ရှင်းပစ်နေတဲ့ Ultron
photo via screenrant

Ultron ဟာ Infinity Stones ခြောက်လုံးအပြည့် ရရှိသွားချိန်မှာတော့ Universe ထဲက တစ်ခြားဂြိုဟ်တွေမှာ သက်ရှိတွေ ရှိသေးတာကို သိသွားပါတယ်။ ဒါကြောင့်ပဲ သူဟာ Universe အနှံ့ကို ခရီးဆက်ပြီး ရှိသမျှ သက်ရှိတွေကို ရှင်းပစ်ခဲ့ပါတယ်။ အဲ့ဒီအချိန်မှာတော့ သူဟာ ပရိသတ်တွေရင်းနှီးတဲ့ နေရာတွေဆီကို ရောက်သွားပါတယ်။

ဒီဇာတ်ဝင်ခန်းမှာတော့ GOTG အဖွဲ့သားတွေက Ultron ရဲ့ စစ်တပ်ကြီးနဲ့ တိုက်ခိုက်ပြီး ရှုံးနိမ့်ခဲ့ပါတယ်။ စိတ်ဝင်စားဖို့ကောင်းတဲ့ အချက်ကတော့ ဒီဇာတ်ဝင်ခန်းထဲမှာ Gamora လည်း ပါဝင်နေတာကြောင့် Thanos ဟာ Soul Stone ကို ဘယ်လိုမျိူး ရယူခဲ့လည်းဆိုတာပဲ ဖြစ်ပါတယ်။

(7) Korg
photo via screenrant

Thor: Ragnarok ထဲမှာတော့ Thor နဲ့ Hulk တို့ဟာ Sakaar ဂြိုဟ်ပေါ်ကို ရောက်ရှိသွားကြပါတယ်။ ဒီအပိုင်းထဲမှာတော့ Ultron ဟာ Universe တစ်ခုလုံးက သက်ရှိတွေကို သတ်ပစ်မှာ ဖြစ်တာကြောင့် Sakaar ဂြိုဟ်ပေါ်ကိုလည်း ရောက်ရှိလာခဲ့ပါတယ်။ အဲ့ဒီအချိန်မှာတော့ Korg ဟာ Ultron ရဲ့ စစ်တပ်တွေနဲ့ တိုက်ခိုက်နေတာကို တွေ့ခဲ့ရပြီး Grand Master ကိုလည်း မြင်တွေ့ခဲ့ရပါသေးတယ်။

(8) Terminator Reference
photo via screenrant

အဲ့ဒီနောက်မှာတော့ Ultron ဟာ Xandar ဂြိုဟ်ပေါ်ကို ရောက်ရှိလာပြီး Captain Marvel နဲ့ ထိပ်တိုက်တွေ့ဆုံခဲ့ပါတယ်။ အဲ့ဒီအချိန်မှာတော့ Captain Marvel ဟာ Ultron ကို “Skynet” လို့ ခေါ်ခဲ့ပါတယ်။ ဒါကတော့ ၁၉၈၄ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Terminator ရုပ်ရှင်ထဲက လူသားတွေနဲ့ စက်ရုပ်တွေရဲ့ စစ်ပွဲကို အစပြုစေခဲ့တဲ့ ပရိုပရမ်ကို ရည်ညွှန်းတာပဲ ဖြစ်ပါတယ်။

ဒါ့အပြင် Captain Marvel ဟာ “အဲ့ဒီရုပ်ရှင်က Sequel ထွက်လာဖို့ မလိုဘူး …” လို့ ပြောခဲ့ပါတယ်။ အကြောင်းကတော့ Captain Marvel ဟာ ကမ္ဘာပေါ်ကို ၁၉၈၀ ကျော်မှာ ရောက်ရှိခဲ့တာ ဖြစ်ပြီး Terminator 2 ကတော့ ၁၉၉၁ ခုနှစ်မှာ ထွက်ရှိခဲ့တာကို မသိတာကြောင့်ပဲ ဖြစ်ပါတယ်။ အပိုင်း(၇)တုန်းကလည်း Captain Marvel ဟာ ၁၉၈၀ ကျော်လောက်က ခေတ်စားခဲ့တဲ့ Band တစ်ခုဖြစ်တဲ့ Whitesnake ကို Reference အနေနဲ့ ပြောသွားပါသေးတယ်။

(9) Indiana Jones Reference
photo via screenrant

Clint နဲ့ Natasha တို့ဟာ Ultron ကို အနိုင်ယူနိုင်မယ့် အချက်ကို ရှာဖွေဖို့အတွက် ရုရှားက သိုလှောင်ရုံတစ်ခုဆီကို သွားခဲ့ကြပါတယ်။ အဲ့ဒီမှာတော့ အချက်အလက်တွေ သိမ်းဆည်းထားတဲ့ သေတ္တာတွေဟာ မျက်စိတဆုံးပဲ ဖြစ်ပြီး Clint ဟာ “Raider of the Lost Ark ကြည့်ပြီးပြီလား …” လို့ Natasha ကို မေးခဲ့ပါတယ်။ အကြောင်းကတော့ Harrison Ford ရဲ့ ပထမဆုံး Indiana Jones ရုပ်ရှင်ရဲ့ အဆုံးသတ်မှာ အလားတူပဲ သေတ္တာတွေများစွာကို ရှာဖွေရတဲ့ ဇာတ်ဝင်ခန်း ပါဝင်ခဲ့လို့ပဲ ဖြစ်ပါတယ်။

(10) Red Guardian ရဲ့ ဒိုင်း
photo via screenrant

အပေါ်မှာ ဖော်ပြထားသလို သေတ္တာတွေကို ရှာဖွေနေရင်းနဲ့ Natasha ဟာ Red Guardian ရဲ့ ဒိုင်းကို ရှာတွေ့ခဲ့ပါတယ်။ နောက်ပိုင်း ဇာတ်ဝင်ခန်းတွေထဲမှာလည်း သူမဟာ အဲ့ဒီဒိုင်းကို အသုံးပြုပြီး Ultron ရဲ့ တပ်သားတွေကို တိုက်ခိုက်တာ မြင်တွေ့ခဲ့ရပါတယ်။ Black Widow ရုပ်ရှင်ထဲမှာ Natasha ကို ဖခင်အနေနဲ့ ပြုစုပျိူးထောင်လာခဲ့သူဟာ Red Guardian ပဲ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ သူမဟာ ဒီဒိုင်းကို ကျွမ်းကျင်စွာ အသုံးပြုနိုင်တာ ဖြစ်ပေမယ့်လည်း သူမ အသုံးပြုသွားတဲ့ တိုက်ကွက်တွေကတော့ Captain America ရဲ့ တိုက်ကွက်တွေပဲ ဖြစ်ပါတယ်။

(11) Francis Barton
photo via screenrant

Clint ရဲ့ အလယ်နာမည်ဟာ Francis လို့ သိလိုက်ရတဲ့အချိန်မှာတော့ Natasha ဟာ အံ့ဩသွားခဲ့ပါတယ်။ ဒါကြောင့်ပဲ Clint ဟာ ဒီနာမည်က သူ့ရဲ့အဘွားဆီက ဆင်းသက်လာတာပါလို့ ရှင်းပြခဲ့ပါတယ်။ ကောမစ်ထဲမှာလည်း Clint ရဲ့ အလယ်နာမည်က Francis ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် တခြား Universe တစ်ခုမှာတော့ Clint နဲ့ Mockingbird တို့မှာ Francis Barton လို့ခေါ်တဲ့ သားတစ်ယောက် ရှိပြီး နောက်ပိုင်းမှာတော့ သူဟာ Next Avengers အဖွဲ့ဝင် ဖြစ်လာခဲ့ပါတယ်။

(12) Zola-Tron
photo via screenrant

Clint ဟာ သူ့ရဲ့ USB မြားကို အသုံးပြုပြီး Zola ရဲ့ အသိစိတ်ကို ဒေါင်းလုတ်ဆွဲကာ Ultron ရဲ့ စက်ရုပ်တစ်ခုထဲကို လွှဲပြောင်းခဲ့ပါတယ်။ ဒါကြောင့်ပဲ MCU ထဲမှာတော့ Zola ဟာ သေဆုံးပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အနေနဲ့ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကို ရရှိခဲ့ပါတယ်။ ကောမစ်ထဲမှာတော့ ဒီအချက်နဲ့ ဆင်တူတာ ရှိခဲ့ပါသေးတယ်။ အဲ့ဒါကတော့ Zola ဟာ သူ့ရဲ့အသိစိတ်ကို စက်ရုပ်တစ်ခုထဲ လွှဲပြောင်းခဲ့ပြီး အဲ့ဒီစက်ရုပ်ရဲ့ ဝမ်းဗိုက်နေရာမှာတော့ Screen ပါဝင်ကာ Zola-Tron ဖြစ်လာခဲ့ပါတယ်။

(13) Endgame ကို ပြောင်းပြန်လုပ်ခဲ့တဲ့ What If…?
photo via screenrant

ဒီဇာတ်ဝင်ခန်းကတော့ Vormir ဂြိုဟ်ပေါ်မှာ Clint နဲ့ Natasha တို့ ကြုံတွေ့ခဲ့တဲ့ ဖြစ်ရပ်နဲ့ ဆင်တူနေပါတယ်။ အကြောင်းကတော့ တစ်ယောက် အသက်ရှင်ဖို့အတွက် ကျန်တဲ့တစ်ယောက်က ကိုယ့်ကိုယ်ကို အနစ်နာခံရမယ့် အခြေအနေမျိူး ဖြစ်နေလို့ပါ။ Endgame ထဲမှာတော့ Natasha ဟာ သူ့ကိုယ်သူ အနစ်နာခံသွားပေမယ့်လည်း ဒီအပိုင်းထဲမှာတော့ Clint ဟာ Ultron ရဲ့ စက်ရုပ်တွေလက်ထဲက Natasha လွတ်မြောက်နိုင်ဖို့အတွက် သူ့ကိုယ်သူ စတေးသွားခဲ့ပါတယ်။

(14) Watcher ရဲ့ ကောမစ်ထဲက စွမ်းအားများ
photo via screenrant

What If…? ဇာတ်လမ်းတွဲ တလျှောက်လုံးမှာ Watcher ဟာ Multiverse ထဲမှာ ဖြစ်ပျက်သမျှကို ကြည့်ရှုရုံဘဲ ဖြစ်ပြီး ဘယ်တော့မှ ဝင်ရောက်စွက်ဖက်ခြင်း မရှိခဲ့ပါဘူး။ ဒါပေမယ့်လည်း ဒီအပိုင်းထဲမှာတော့ Ultron ဟာ Watcher ဆီကို လာရောက် တိုက်ခိုက်ရုံတင်မဟုတ်ဘဲ Watcher ထက်တောင် အသာစီးရရှိနေခဲ့ပါတယ်။ ဒီဇာတ်ဝင်ခန်းတွေထဲမှာတော့ Watcher ဟာ Telekinesis ၊ Force Field နဲ့ Cosmic Energy တွေကို အသုံးပြုခဲ့ပါတယ်။

(15) Galatus ဖြစ်သွားတဲ့ Ultron
photo via screenrant

Ultron ဟာ Watcher နဲ့ တိုက်ခိုက်နေတုန်းမှာပဲ သူ့ရဲ့ အရွယ်အစားဟာ အလွန်ကို ကြီးမားသွားပြီး အနီးအနားမှာရှိတဲ့ Galaxy တစ်ခုကို ဝါးမြိုခဲ့ပါတယ်။ ဒီဇာတ်ဝင်ခန်းထဲမှာတော့ Ultron ရဲ့ ပုံစံဟာ ကောမစ်ထဲက နာမည်ကြီး ဗီလိန်တစ်ယောက် ဖြစ်တဲ့ Galatus နဲ့ အတော်လေး ဆင်တူနေတာ တွေ့ရပါတယ်။ ဒါ့အပြင် ဒီဇာတ်ဝင်ခန်းဟာ MCU ရဲ့ အနာဂတ်မှာ ပါဝင်လာမယ့် Galatus က ဘယ်လိုပုံစံမျိူး ဖြစ်မလည်းဆိုတာကို အစမ်းပြသသွားတယ်လို့လည်း ယူဆနိုင်ပါတယ်။

(16) နာနတ်သီးပုံအင်္ကျီနဲ့လူ
photo via screenrant

ပြီးခဲ့တဲ့ အပတ်က ထွက်ရှိခဲ့တဲ့ အပိုင်း(၇)ထဲမှာ ပါဝင်ခဲ့တဲ့ နာနတ်သီးပုံအင်္ကျီနဲ့လူကို မှတ်မိကြဦးမယ် ထင်ပါတယ်။ ဒီအပိုင်းထဲမှာလည်း အဲ့ဒီနာနတ်သီးပုံအင်္ကျီနဲ့ လူဟာ ပြန်လည်ပါဝင်လာခဲ့ပါတယ်။ သူတော့ Watcher နဲ့ Ultron တို့ တိုက်ခိုက်နေရင်း Las Vegas ကို ရောက်လာတဲ့အချိန်မှာတော့ Watcher ကို ဓာတ်ပုံဝိုင်းရိုက်တဲ့သူတွေထဲက တစ်ယောက်ပဲ ဖြစ်ပါတယ်။

(17) သမ္မတ Steve Rogers
photo via screenrant

Watcher နဲ့ Ultron တို့ နှစ်ယောက်ဟာ တိုက်ခိုက်နေရင်းနဲ့ Universe တွေ တစ်ခုပြီးတစ်ခု ပြောင်းလဲသွားပါတယ်။ ဇာတ်ဝင်ခန်းတစ်ခုမှာတော့ Ultron ရဲ့ အနောက်က လာနေတဲ့ သတင်းမှာ Steve Rogers ဟာ အမေရိကန်နိုင်ငံရဲ့ သမ္မတ ဖြစ်နေတာကို တွေ့ခဲ့ရပါတယ်။ ကောမစ်ထဲမှာတော့ Steve Rogers ဟာ သမ္မတဖြစ်ဖို့ ကမ်းလှမ်းခံခဲ့ရပေမယ့်လည်း ပယ်ချခဲ့ပါတယ်။ ဒါပေမယ့်လည်း Multiverse တွေများစွာ ရှိတာကြောင့် Steve Rogers တစ်ယောက်ယောက်ကတော့ သမ္မတလုပ်ဖို့ သဘောတူခဲ့မှာပါ။

ဒါကတော့ What If …? အပိုင်း(၈)ထဲက စိတ်ဝင်စားစရာအချက်တွေပဲ ဖြစ်ပါတယ်။ ဒီလို ဆောင်းပါးတွေနဲ့ ရုပ်ရှင်၊ ဂီတ၊ ဖျော်ဖြေရေး သတင်း၊ ဆောင်းပါးတွေကို နှစ်သက်ရင်တော့ ဆံရစ်ဝိုင်းပေ့ချ်ကို Like & Follow လုပ်ပေးထားပါဦး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

***Spoiler Alert***

What If…? အပိုင္း(၈)ကေတာ့ မၾကာေသးခင္ကပဲ ထြက္ရွိလာခဲ့ၿပီ ျဖစ္ၿပီး ပရိသတ္ေတြအတြက္ အံ့အားသင့္စရာေတြကို ယူေဆာင္လာေပးခဲ့ပါတယ္။ ဒီအပိုင္းရဲ့ အေၾကာင္းအရာကေတာ့ “Age of Ultron” မွာ Ultron သာ အနိုင္ရသြားရင္ ဘာေတြဆက္ျဖစ္လာမလည္းဆိုတာကို ေဖာ္ျပထားပါတယ္။ ထုံးစံအတိုင္းပဲ ဒီအပိုင္းဟာလည္း Cliffhanger နဲ႔ အဆုံးသတ္ထားၿပီး ေနာက္တစ္ပတ္မွာ ထြက္ရွိလာမယ့္ ဇာတ္သိမ္းပိုင္းနဲ႔ ခ်ိတ္ဆက္ေနမွာ ျဖစ္ပါတယ္။ ဒါေၾကာင့္ပဲ ဇာတ္သိမ္းပိုင္းကို ေစာင့္ေနတုန္း ဒီအပိုင္းထဲမွာ ပါဝင္တဲ့ စိတ္ဝင္စားစရာအခ်က္ေတြကို ဖတ္ရွုလိုက္ရေအာင္။

(1) Clint ရဲ႕ ကိုယ္ေပ်ာက္ဝတ္႐ုံ
photo via screenrant

ဒီအပိုင္းရဲ့ အစမွာေတာ့ Clint နဲ႔ Natasha တို႔ဟာ Ultron ရဲ့ တပ္သားေတြနဲ႔ တိုက္ခိုက္ေနတာကို ျပသခဲ့ပါတယ္။ ထုံးစံအတိုင္းပဲ Clint ကေတာ့ ေလးနဲ႔ျမားကိုပဲ အသုံးျပဳေနၿပီး လက္တစ္ဘက္ကလည္း စက္နဲ႔အစားထိုးထားတာကို ေတြ႕ခဲ့ရပါတယ္။ ဒါ့အျပင္ သူဟာ ကိုယ္ေပ်ာက္ဝတ္႐ုံကိုပါ ျခဳံထားပါေသးတယ္။

ဒီကိုယ္ေပ်ာက္ဝတ္႐ုံကေတာ့ Shield အဖြဲ႕အစည္းရဲ့ Helicarrier ကို ကိုယ္ေဖ်ာက္တဲ့ နည္းစနစ္ကိုပဲ အသုံးျပဳထားတာ ျဖစ္နိုင္ပါတယ္။ Clint ဟာ ဘာေၾကာင့္ လက္တစ္ဘက္ ဆုံးရွုံးထားရတာလည္း ဆိုတာကိုေတာ့ ဒီအပိုင္းထဲမွာ မျပသြားပါဘူး။ ဒီအေၾကာင္းနဲ႔ ပတ္သက္ၿပီး ေနာက္ထပ္ ေဆာင္းပါးတစ္ပုဒ္ ထပ္တင္ေပးပါမယ္။

(2) တကယ္ျဖစ္လာတဲ့ Tony Stark ရဲ႕ အိပ္မက္ဆိုး
photo via screenrant

Age of Ultron ထဲမွာေတာ့ Wanda ေၾကာင့္ Tony Stark ဟာ ျမင္ကြင္းတစ္ခုကို ျမင္ခဲ့ရပါတယ္။ အဲ့ဒီျမင္ကြင္းကေတာ့ Avengers ေတြ ရွုံးနိမ့္သြားတဲ့ ပုံရိပ္ေတြပဲ ျဖစ္ၿပီး Cap ရဲ့ ဒိုင္းဟာလည္း ကြဲေနခဲ့ပါတယ္။ ဒီအပိုင္းထဲက Ultron ဟာ Avengers ေတြကို တိုက္ခိုက္တဲ့အခ်ိန္မွာေတာ့ အလားတူပဲ ျဖစ္ပ်က္ခဲ့ၿပီး မတူညီတဲ့ တစ္ခုတည္းေသာအခ်က္ကေတာ့ Age of Ultron က Tony ျမင္ခဲ့တဲ့ ပုံရိပ္ထဲမွာေတာ့ ၿဂိဳဟ္တစ္ခုေပၚမွာ ျဖစ္ၿပီး ဒီအပိုင္းထဲမွာေတာ့ Server Room တစ္ခုထဲမွာ ျဖစ္ပ်က္ခဲ့တာပါ။

(3) Tony Stark ေသျပန္ၿပီ။
photo via screenrant

What If…? ဇာတ္လမ္းတြဲကေတာ့ MCU ရဲ့ အဓိက Universe ထဲက အျဖစ္အပ်က္ေတြကို ပုံေဖာ္ထားတာ မဟုတ္ဘဲ Multiverse ထဲက မတူညီတဲ့ အျဖစ္အပ်က္ေတြကို ေဖာ္ျပထားတာပါ။ ဒါေၾကာင့္ပဲ ဒီဇာတ္လမ္းတြဲထဲမွာေတာ့ ဟီးရိုးေတြ ရွုံးနိမ့္သြားတာေတြနဲ႔ ေသဆုံးသြားတာေတြကို မၾကာခဏ ျမင္ေတြ႕ခဲ့ရပါတယ္။

ဒါေပမယ့္လည္း အဲ့ဒီထဲမွ ေျပာစမွတ္ ျပဳေလာက္တာကေတာ့ Tony Stark ပဲ ျဖစ္ပါတယ္။ အေၾကာင္းကေတာ့ သူဟာ အပိုင္းတိုင္းလိုလိုမွာ ေသဆုံးေနၿပီး ဇာတ္ညႊန္းေရးဆရာေတြက တမင္တကာမ်ား သတ္ေနတာလားလို႔ ေတြးရတဲ့အထိပါပဲ။ အပိုင္း(၈)ထဲမွာလည္း Tony Stark ဟာ ေနာက္ထပ္တစ္ႀကိမ္ ထပ္မံေသဆုံးသြားပါၿပီ။

(4) General Ross Cameo
photo via screenrant

Ultron က ကမၻာႀကီးကို န်ဴကလီးယားဗုံးေတြနဲ႔ ဖ်က္ဆီးေနတဲ့အခ်ိန္မွာေတာ့ Incredible Hulk ထဲက General Ross ကို ေတြ႕ျမင္ခဲ့ရပါတယ္။ သူဟာ Yellowjacket အပိုင္းနဲ႔ Killmonger အပိုင္းတို႔မွာလည္း ပါဝင္ခဲ့ေပမယ့္လည္း ဒီအပိုင္းထဲမွာေတာ့ Cameo ေလာက္သာ ပါဝင္ခဲ့ပါတယ္။

(5) Perfectly Balanced
photo via screenrant

MCU ထဲက Thanos ကေတာ့ Universe ႀကီးထဲက သက္ရွိေတြရဲ့ လူဦးေရကို တစ္ဝက္တိတိ ေလၽွာ့ခ်ခ်င္ခဲ့သူ ျဖစ္ပါတယ္။ ဒါေၾကာင့္ပဲ သူဟာ Infinity Stones ေတြကို ရွာေဖြခဲ့တာပါ။ ဒီအပိုင္းထဲမွာလည္း သူဟာ Ultron ဆီမွာရွိေနတဲ့ Mind Stone ကို ယူဖို႔ ေရာက္လာခဲ့ပါတယ္။

ကံဆိုးခ်င္ေတာ့ ဒီ Ultron ဟာ MCU ဗားရွင္းထက္ မ်ားစြာ ၾကမ္းတမ္းသူတစ္ေယာက္ ျဖစ္တာေၾကာင့္ Thanos ကို ျမင္ျမင္ခ်င္းပဲ သူဟာ Mind Stone က ေရာင္ျခည္နဲ႔ တစ္ဝက္တိတိ ျဖတ္ပစ္လိုက္ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ Ultron ဟာ Thanos မွာ ပါလာတဲ့ Infinity Stones ငါးလုံးကိုပါ ရရွိသြားပါေတာ့တယ္။

(6) Universe ထဲမွာ ရွိသမွ် သက္ရွိေတြကို ရွင္းပစ္ေနတဲ့ Ultron
photo via screenrant

Ultron ဟာ Infinity Stones ေျခာက္လုံးအျပည့္ ရရွိသြားခ်ိန္မွာေတာ့ Universe ထဲက တစ္ျခားၿဂိဳဟ္ေတြမွာ သက္ရွိေတြ ရွိေသးတာကို သိသြားပါတယ္။ ဒါေၾကာင့္ပဲ သူဟာ Universe အႏွံ့ကို ခရီးဆက္ၿပီး ရွိသမၽွ သက္ရွိေတြကို ရွင္းပစ္ခဲ့ပါတယ္။ အဲ့ဒီအခ်ိန္မွာေတာ့ သူဟာ ပရိသတ္ေတြရင္းႏွီးတဲ့ ေနရာေတြဆီကို ေရာက္သြားပါတယ္။

ဒီဇာတ္ဝင္ခန္းမွာေတာ့ GOTG အဖြဲ႕သားေတြက Ultron ရဲ့ စစ္တပ္ႀကီးနဲ႔ တိုက္ခိုက္ၿပီး ရွုံးနိမ့္ခဲ့ပါတယ္။ စိတ္ဝင္စားဖို႔ေကာင္းတဲ့ အခ်က္ကေတာ့ ဒီဇာတ္ဝင္ခန္းထဲမွာ Gamora လည္း ပါဝင္ေနတာေၾကာင့္ Thanos ဟာ Soul Stone ကို ဘယ္လိုမ်ိဴး ရယူခဲ့လည္းဆိုတာပဲ ျဖစ္ပါတယ္။

(7) Korg
photo via screenrant

Thor: Ragnarok ထဲမွာေတာ့ Thor နဲ႔ Hulk တို႔ဟာ Sakaar ၿဂိဳဟ္ေပၚကို ေရာက္ရွိသြားၾကပါတယ္။ ဒီအပိုင္းထဲမွာေတာ့ Ultron ဟာ Universe တစ္ခုလုံးက သက္ရွိေတြကို သတ္ပစ္မွာ ျဖစ္တာေၾကာင့္ Sakaar ၿဂိဳဟ္ေပၚကိုလည္း ေရာက္ရွိလာခဲ့ပါတယ္။ အဲ့ဒီအခ်ိန္မွာေတာ့ Korg ဟာ Ultron ရဲ့ စစ္တပ္ေတြနဲ႔ တိုက္ခိုက္ေနတာကို ေတြ႕ခဲ့ရၿပီး Grand Master ကိုလည္း ျမင္ေတြ႕ခဲ့ရပါေသးတယ္။

(8) Terminator Reference
photo via screenrant

အဲ့ဒီေနာက္မွာေတာ့ Ultron ဟာ Xandar ၿဂိဳဟ္ေပၚကို ေရာက္ရွိလာၿပီး Captain Marvel နဲ႔ ထိပ္တိုက္ေတြ႕ဆုံခဲ့ပါတယ္။ အဲ့ဒီအခ်ိန္မွာေတာ့ Captain Marvel ဟာ Ultron ကို “Skynet” လို႔ ေခၚခဲ့ပါတယ္။ ဒါကေတာ့ ၁၉၈၄ ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ Terminator ႐ုပ္ရွင္ထဲက လူသားေတြနဲ႔ စက္႐ုပ္ေတြရဲ့ စစ္ပြဲကို အစျပဳေစခဲ့တဲ့ ပရိုပရမ္ကို ရည္ညႊန္းတာပဲ ျဖစ္ပါတယ္။

ဒါ့အျပင္ Captain Marvel ဟာ “အဲ့ဒီ႐ုပ္ရွင္က Sequel ထြက္လာဖို႔ မလိုဘူး …” လို႔ ေျပာခဲ့ပါတယ္။ အေၾကာင္းကေတာ့ Captain Marvel ဟာ ကမၻာေပၚကို ၁၉၈၀ ေက်ာ္မွာ ေရာက္ရွိခဲ့တာ ျဖစ္ၿပီး Terminator 2 ကေတာ့ ၁၉၉၁ ခုႏွစ္မွာ ထြက္ရွိခဲ့တာကို မသိတာေၾကာင့္ပဲ ျဖစ္ပါတယ္။ အပိုင္း(၇)တုန္းကလည္း Captain Marvel ဟာ ၁၉၈၀ ေက်ာ္ေလာက္က ေခတ္စားခဲ့တဲ့ Band တစ္ခုျဖစ္တဲ့ Whitesnake ကို Reference အေနနဲ႔ ေျပာသြားပါေသးတယ္။

(9) Indiana Jones Reference
photo via screenrant

Clint နဲ႔ Natasha တို႔ဟာ Ultron ကို အနိုင္ယူနိုင္မယ့္ အခ်က္ကို ရွာေဖြဖို႔အတြက္ ႐ုရွားက သိုေလွာင္႐ုံတစ္ခုဆီကို သြားခဲ့ၾကပါတယ္။ အဲ့ဒီမွာေတာ့ အခ်က္အလက္ေတြ သိမ္းဆည္းထားတဲ့ ေသတၱာေတြဟာ မ်က္စိတဆုံးပဲ ျဖစ္ၿပီး Clint ဟာ “Raider of the Lost Ark ၾကည့္ၿပီးၿပီလား …” လို႔ Natasha ကို ေမးခဲ့ပါတယ္။ အေၾကာင္းကေတာ့ Harrison Ford ရဲ့ ပထမဆုံး Indiana Jones ႐ုပ္ရွင္ရဲ့ အဆုံးသတ္မွာ အလားတူပဲ ေသတၱာေတြမ်ားစြာကို ရွာေဖြရတဲ့ ဇာတ္ဝင္ခန္း ပါဝင္ခဲ့လို႔ပဲ ျဖစ္ပါတယ္။

(10) Red Guardian ရဲ႕ ဒိုင္း
photo via screenrant

အေပၚမွာ ေဖာ္ျပထားသလို ေသတၱာေတြကို ရွာေဖြေနရင္းနဲ႔ Natasha ဟာ Red Guardian ရဲ့ ဒိုင္းကို ရွာေတြ႕ခဲ့ပါတယ္။ ေနာက္ပိုင္း ဇာတ္ဝင္ခန္းေတြထဲမွာလည္း သူမဟာ အဲ့ဒီဒိုင္းကို အသုံးျပဳၿပီး Ultron ရဲ့ တပ္သားေတြကို တိုက္ခိုက္တာ ျမင္ေတြ႕ခဲ့ရပါတယ္။ Black Widow ႐ုပ္ရွင္ထဲမွာ Natasha ကို ဖခင္အေနနဲ႔ ျပဳစုပ်ိဴးေထာင္လာခဲ့သူဟာ Red Guardian ပဲ ျဖစ္ပါတယ္။ ဒါေၾကာင့္ပဲ သူမဟာ ဒီဒိုင္းကို ကၽြမ္းက်င္စြာ အသုံးျပဳနိုင္တာ ျဖစ္ေပမယ့္လည္း သူမ အသုံးျပဳသြားတဲ့ တိုက္ကြက္ေတြကေတာ့ Captain America ရဲ့ တိုက္ကြက္ေတြပဲ ျဖစ္ပါတယ္။

(11) Francis Barton
photo via screenrant

Clint ရဲ့ အလယ္နာမည္ဟာ Francis လို႔ သိလိုက္ရတဲ့အခ်ိန္မွာေတာ့ Natasha ဟာ အံ့ဩသြားခဲ့ပါတယ္။ ဒါေၾကာင့္ပဲ Clint ဟာ ဒီနာမည္က သူ႔ရဲ့အဘြားဆီက ဆင္းသက္လာတာပါလို႔ ရွင္းျပခဲ့ပါတယ္။ ေကာမစ္ထဲမွာလည္း Clint ရဲ့ အလယ္နာမည္က Francis ပဲ ျဖစ္ပါတယ္။ ဒါ့အျပင္ တျခား Universe တစ္ခုမွာေတာ့ Clint နဲ႔ Mockingbird တို႔မွာ Francis Barton လို႔ေခၚတဲ့ သားတစ္ေယာက္ ရွိၿပီး ေနာက္ပိုင္းမွာေတာ့ သူဟာ Next Avengers အဖြဲ႕ဝင္ ျဖစ္လာခဲ့ပါတယ္။

(12) Zola-Tron
photo via screenrant

Clint ဟာ သူ႔ရဲ့ USB ျမားကို အသုံးျပဳၿပီး Zola ရဲ့ အသိစိတ္ကို ေဒါင္းလုတ္ဆြဲကာ Ultron ရဲ့ စက္႐ုပ္တစ္ခုထဲကို လႊဲေျပာင္းခဲ့ပါတယ္။ ဒါေၾကာင့္ပဲ MCU ထဲမွာေတာ့ Zola ဟာ ေသဆုံးၿပီးေနာက္ပိုင္း ပထမဆုံးအႀကိမ္အေနနဲ႔ ႐ုပ္ပိုင္းဆိုင္ရာ ခႏၶာကိုယ္ကို ရရွိခဲ့ပါတယ္။ ေကာမစ္ထဲမွာေတာ့ ဒီအခ်က္နဲ႔ ဆင္တူတာ ရွိခဲ့ပါေသးတယ္။ အဲ့ဒါကေတာ့ Zola ဟာ သူ႔ရဲ့အသိစိတ္ကို စက္႐ုပ္တစ္ခုထဲ လႊဲေျပာင္းခဲ့ၿပီး အဲ့ဒီစက္႐ုပ္ရဲ့ ဝမ္းဗိုက္ေနရာမွာေတာ့ Screen ပါဝင္ကာ Zola-Tron ျဖစ္လာခဲ့ပါတယ္။

(13) Endgame ကို ေျပာင္းျပန္လုပ္ခဲ့တဲ့ What If…?
photo via screenrant

ဒီဇာတ္ဝင္ခန္းကေတာ့ Vormir ၿဂိဳဟ္ေပၚမွာ Clint နဲ႔ Natasha တို႔ ၾကဳံေတြ႕ခဲ့တဲ့ ျဖစ္ရပ္နဲ႔ ဆင္တူေနပါတယ္။ အေၾကာင္းကေတာ့ တစ္ေယာက္ အသက္ရွင္ဖို႔အတြက္ က်န္တဲ့တစ္ေယာက္က ကိုယ့္ကိုယ္ကို အနစ္နာခံရမယ့္ အေျခအေနမ်ိဴး ျဖစ္ေနလို႔ပါ။ Endgame ထဲမွာေတာ့ Natasha ဟာ သူ႔ကိုယ္သူ အနစ္နာခံသြားေပမယ့္လည္း ဒီအပိုင္းထဲမွာေတာ့ Clint ဟာ Ultron ရဲ့ စက္႐ုပ္ေတြလက္ထဲက Natasha လြတ္ေျမာက္နိုင္ဖို႔အတြက္ သူ႔ကိုယ္သူ စေတးသြားခဲ့ပါတယ္။

(14) Watcher ရဲ႕ ေကာမစ္ထဲက စြမ္းအားမ်ား
photo via screenrant

What If…? ဇာတ္လမ္းတြဲ တေလၽွာက္လုံးမွာ Watcher ဟာ Multiverse ထဲမွာ ျဖစ္ပ်က္သမၽွကို ၾကည့္ရွု႐ုံဘဲ ျဖစ္ၿပီး ဘယ္ေတာ့မွ ဝင္ေရာက္စြက္ဖက္ျခင္း မရွိခဲ့ပါဘူး။ ဒါေပမယ့္လည္း ဒီအပိုင္းထဲမွာေတာ့ Ultron ဟာ Watcher ဆီကို လာေရာက္ တိုက္ခိုက္႐ုံတင္မဟုတ္ဘဲ Watcher ထက္ေတာင္ အသာစီးရရွိေနခဲ့ပါတယ္။ ဒီဇာတ္ဝင္ခန္းေတြထဲမွာေတာ့ Watcher ဟာ Telekinesis ၊ Force Field နဲ႔ Cosmic Energy ေတြကို အသုံးျပဳခဲ့ပါတယ္။

(15) Galatus ျဖစ္သြားတဲ့ Ultron
photo via screenrant

Ultron ဟာ Watcher နဲ႔ တိုက္ခိုက္ေနတုန္းမွာပဲ သူ႔ရဲ့ အရြယ္အစားဟာ အလြန္ကို ႀကီးမားသြားၿပီး အနီးအနားမွာရွိတဲ့ Galaxy တစ္ခုကို ဝါးၿမိဳခဲ့ပါတယ္။ ဒီဇာတ္ဝင္ခန္းထဲမွာေတာ့ Ultron ရဲ့ ပုံစံဟာ ေကာမစ္ထဲက နာမည္ႀကီး ဗီလိန္တစ္ေယာက္ ျဖစ္တဲ့ Galatus နဲ႔ အေတာ္ေလး ဆင္တူေနတာ ေတြ႕ရပါတယ္။ ဒါ့အျပင္ ဒီဇာတ္ဝင္ခန္းဟာ MCU ရဲ့ အနာဂတ္မွာ ပါဝင္လာမယ့္ Galatus က ဘယ္လိုပုံစံမ်ိဴး ျဖစ္မလည္းဆိုတာကို အစမ္းျပသသြားတယ္လို႔လည္း ယူဆနိုင္ပါတယ္။

(16) နာနတ္သီးပုံအက်ႌနဲ႔လူ
photo via screenrant

ၿပီးခဲ့တဲ့ အပတ္က ထြက္ရွိခဲ့တဲ့ အပိုင္း(၇)ထဲမွာ ပါဝင္ခဲ့တဲ့ နာနတ္သီးပုံအကၤ်ီနဲ႔လူကို မွတ္မိၾကဦးမယ္ ထင္ပါတယ္။ ဒီအပိုင္းထဲမွာလည္း အဲ့ဒီနာနတ္သီးပုံအကၤ်ီနဲ႔ လူဟာ ျပန္လည္ပါဝင္လာခဲ့ပါတယ္။ သူေတာ့ Watcher နဲ႔ Ultron တို႔ တိုက္ခိုက္ေနရင္း Las Vegas ကို ေရာက္လာတဲ့အခ်ိန္မွာေတာ့ Watcher ကို ဓာတ္ပုံဝိုင္းရိုက္တဲ့သူေတြထဲက တစ္ေယာက္ပဲ ျဖစ္ပါတယ္။

(17) သမၼတ Steve Rogers
photo via screenrant

Watcher နဲ႔ Ultron တို႔ ႏွစ္ေယာက္ဟာ တိုက္ခိုက္ေနရင္းနဲ႔ Universe ေတြ တစ္ခုၿပီးတစ္ခု ေျပာင္းလဲသြားပါတယ္။ ဇာတ္ဝင္ခန္းတစ္ခုမွာေတာ့ Ultron ရဲ့ အေနာက္က လာေနတဲ့ သတင္းမွာ Steve Rogers ဟာ အေမရိကန္နိုင္ငံရဲ့ သမၼတ ျဖစ္ေနတာကို ေတြ႕ခဲ့ရပါတယ္။ ေကာမစ္ထဲမွာေတာ့ Steve Rogers ဟာ သမၼတျဖစ္ဖို႔ ကမ္းလွမ္းခံခဲ့ရေပမယ့္လည္း ပယ္ခ်ခဲ့ပါတယ္။ ဒါေပမယ့္လည္း Multiverse ေတြမ်ားစြာ ရွိတာေၾကာင့္ Steve Rogers တစ္ေယာက္ေယာက္ကေတာ့ သမၼတလုပ္ဖို႔ သေဘာတူခဲ့မွာပါ။

ဒါကေတာ့ What If …? အပိုင္း(၈)ထဲက စိတ္ဝင္စားစရာအခ်က္ေတြပဲ ျဖစ္ပါတယ္။ ဒီလို ေဆာင္းပါးေတြနဲ႔ ႐ုပ္ရွင္၊ ဂီတ၊ ေဖ်ာ္ေျဖေရး သတင္း၊ ေဆာင္းပါးေတြကို ႏွစ္သက္ရင္ေတာ့ ဆံရစ္ဝိုင္းေပ့ခ်္ကို Like & Follow လုပ္ေပးထားပါဦး။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular