HomeEntertainmentFilmWhat If...? အပိုင်း(၆)ထဲက စိတ်ဝင်စားစရာအချက်များနဲ့ Easter Egg များ (Breakdown)

What If…? အပိုင်း(၆)ထဲက စိတ်ဝင်စားစရာအချက်များနဲ့ Easter Egg များ (Breakdown)

***Spoiler Alert***

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

မကြာသေးခင်ကပဲ What If…? အပိုင်း(၆) ထွက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ ဒီအပိုင်းထဲမှာတော့ အာဖဂန်နစ္စတန်ကို ရောက်နေတဲ့ Tony Stark ကို ပြန်ပေးဆွဲမခံရအောင် Killmonger က ဝင်ကယ်ခဲ့ရင် ဘာဖြစ်သွားမလည်းဆိုတာကို ရိုက်ပြထားတာပါ။ ဒီအပိုင်းထဲမှာတော့ Tony Stark ဟာ ဘယ်တုန်းကမှ Iron Man ဖြစ်မလာခဲ့သလို Killmonger ဟာ American နဲ့ Wakanda နှစ်နိုင်ငံလုံးကို လှည့်စားသွားခဲ့ပါတယ်။ ဒီအပိုင်းထဲက စိတ်ဝင်စားစရာအချက်တွေနဲ့ Easter Egg တွေကိုတော့ အောက်မှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

(1) Iron Man 2008 ထဲက ဇာတ်ဝင်ခန်းများ
photo via screenrant

ဒီအပိုင်းရဲ့ အစမှာ မြင်တွေ့ခဲ့ရတဲ့ ဇာတ်ဝင်ခန်းတွေကတော့ ၂၀၀၈ ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ Iron Man ရုပ်ရှင်ထဲက ဇာတ်ဝင်ခန်းတွေကို ပြန်လည်အသုံးပြုထားတာ ဖြစ်ပါတယ်။ အဲ့ဒီဇာတ်ဝင်ခန်းမှာတော့ Tony Stark ဟာ အမေရိကန်စစ်သားတွေနဲ့အတူ အာဖဂန်နစ္စတန်ကို ဖြတ်သွားနေပြီး စစ်သားတစ်ယောက်က Tony နဲ့အတူ ဓာတ်ပုံရိုက်နေတုန်းမှာ အတိုက်ခိုက်ခံခဲ့ရတာ ဖြစ်ပါတယ်။ မတူညီတဲ့အချက်ကတော့ ဒီအပိုင်းထဲမှာ Tony Stark က ပြန်ပေးဆွဲမခံခဲ့ရဘဲ Killmonger က ဝင်ရောက်ကယ်ဆယ်သွားတာပဲ ဖြစ်ပါတယ်။

(2) လုံခြုံရေးဌာနရဲ့ အကြီးအကဲ ဖြစ်သွားတဲ့ Killmonger
photo via screenrant

Killmonger ဟာ Tony ကို ကယ်တင်လာပြီး နောက်မှာတော့ သူတို့နှစ်ယောက်ဟာ အလွန်ရင်းနှီးသွားကြပြီး Tony ဟာ Killmonger ကို လုံခြုံရေးဌာနရဲ့ အကြီးအကဲအဖြစ် ခန့်အပ်ခဲ့ပါတယ်။ အဲ့ဒီအချိန်မှာတော့ Happy ဟာ Pepper ကို “ဒီပွဲက ငါ့ကို ရာထူးတိုးပေးတဲ့ပွဲ ဖြစ်ရမှာ … ” လို့ ပြောလိုက်ပါတယ်။ Iron Man 3 ထဲမှာတော့ Happy ဟာ လုံခြုံရေးဌာနရဲ့ အကြီးအကဲ ဖြစ်ခဲ့ပါတယ်။

(3) ပြန်လည်ပါဝင်လာတဲ့ Christine Everhart
photo via screenrant

၂၀၀၈ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Iron Man ရုပ်ရှင်ထဲမှာတော့ Christine Everhart ဆိုတဲ့ သတင်းထောက်တစ်ယောက်ဟာ Tony နဲ့ ဘာလိုလိုတွေ ဖြစ်ခဲ့ပါသေးတယ်။ ဒီအပိုင်းထဲမှာတော့ Tony ဟာ အာဖဂန်နစ္စတန်က လွတ်မြောက်လာပြီးမှ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ Christine ပြန်လည်ပါဝင်လာပါတယ်။ ဒါ့အပြင် သူမဟာ အပိုင်း(၄)တုန်းကလည်း သတင်းကြေညာသူအဖြစ် ပါဝင်ခဲ့ပါသေးတယ်။

(4) Happy ရဲ့ Boxing Skill
photo via screenrant

Killmonger ဟာ Obadiah ရဲ့ လုပ်ရပ်တွေအားလုံးကို သက်သေပြပြီး ဖော်ထုတ်နိုင်ခဲ့တာကြောင့် Obadiah ဟာ ၂၀၀၈ ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ Iron Man ရုပ်ရှင်ထဲလို Iron Monger ဘယ်တုန်းကမှ ဖြစ်ခွင့်မရလိုက်ပါဘူး။ အဲ့ဒီအချိန်မှာတော့ Tony ရဲ့ သက်တော်စောင့်ဖြစ်တဲ့ Happy ဟာ Obadiah ကို တစ်ချက်တည်းထိုးပြီး ဖမ်းဆီးနိုင်ခဲ့ပါတယ်။ Happy ဟာ ကောမစ်ထဲမှာလည်း Boxing ပညာတတ်မြောက်သူ ဖြစ်ပြီး အပိုင်း(၄)ထဲမှာလည်း ဒီအချက်ကို ဖော်ပြသွားခဲ့ပါတယ်။

(5) Pepper ရဲ့ အလုပ်ကိုပါ လုယူသွားတဲ့ Killmonger
photo via screenrant

Killmonger ဟာ Happy ရဲ့ ရာထူးဖြစ်လာမယ့် လုံခြုံရေးဌာနရဲ့ အကြီးအကဲနေရာကို ရယူခဲ့ရုံတင်မကဘဲ Obadiah ရဲ့ လစ်လပ်နေတဲ့ ရာထူးကိုပါ ရရှိခဲ့ပါတယ်။ Iron Man 2 ထဲမှာတော့ Pepper ဟာ အဲဒီ ရာထူးကို ရရှိခဲ့ပါတယ်။ ဒီအပိုင်းထဲမှာတော့ Killmonger ဟာ သိသိသာသာပဲ Tony ရဲ့ ယုံကြည်မှုကို အသုံးချနေတယ်ဆိုတာ တွေ့ခဲ့ရပါတယ်။

(6) Rhodey
photo via screenrant

၂၀၀၈ ခုနှစ် Iron Man ရုပ်ရှင်ထဲမှာတော့ Rhodey အဖြစ် ပါဝင်ခဲ့သူက Terrence Howard ဖြစ်ပြီး Iron Man 2 ကျမှသာ Don Cheadle က အစားထိုးဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။ ဒီအပိုင်းကတော့ ၂၀၀၈ ခုနှစ် Iron Man ရုပ်ရှင်ရဲ့ Timeline မှာ အခြေခံထားပြီး Rhodey ကိုတော့ Don Cheadle ရဲ့ ဗားရှင်းကိုပဲ မြင်တွေ့ခဲ့ရပါတယ်။ ဒီအချက်ကတော့ အပိုင်း(၃)ထဲကလိုပဲ Hulk နေရာမှာ Edward Norton မဟုတ်တော့ဘဲ Mark Ruffalo အဖြစ် ဖန်တီးထားသလိုပဲ ဖြစ်ပါတယ်။

(7) Tony ရဲ့ Repulsor နည်းပညာ
photo via screenrant

Tony ဟာ Killmonger ကို သူ့ရဲ့ ဝပ်ရှော့ကို ခေါ်လာတဲ့အချိန်မှာတော့ Killmonger ဟာ Repulsor နည်းပညာကို အသုံးပြုထားတဲ့ လက်နက်ရဲ့ ရှေ့ပြေးပုံစံကို ကိုင်ကြည့်ခဲ့ပါတယ်။ Repulsor နည်းပညာကတော့ Tony ဟာ Iron Man ဝတ်စုံထဲမှာ အဓိကအသုံးပြုခဲ့တဲ့ လက်နက်တွေပဲ ဖြစ်ပါတယ်။ ဒီအပိုင်းထဲမှာ‌တော့ Tony ဟာ ဒီနည်းပညာကို အတတ်နိုင်ဆုံး ချုံ့ပစ်ချင်တယ်လို့ ပြောသွားပါတယ်။

(8) Dum-E
photo via screenrant

အပေါ်မှာဖော်ပြထားသလို Killmonger က အဲ့ဒီလက်နက်ကို ကိုင်ကြည့်တဲ့အချိန်မှာတော့  Dum-E ဟာ Killmonger ရဲ့လက်ထဲက လုယူလိုက်ပါတယ်။ Dum-E ကတော့ Iron Man ရုပ်ရှင်တွေမှာ ဆက်တိုက်ပါဝင်ခဲ့ပြီး Tony ရဲ့ တီထွင်ဖန်တီးမှုတွေကို ကူညီပေးတဲ့ စက်ရုပ်တစ်ရုပ်ပဲ ဖြစ်ပါတယ်။

(9) Anime Fan တစ်ယောက်ဖြစ်တဲ့ Michael B. Jordan
photo via screenrant

Tony ဟာ Killmonger ရဲ့ Drone ပရောဂျက်ကို ကြည့်လိုက်တဲ့အချိန်မှာတော့ Killmonger ဟာ ” I Like Anime ” လို့ ပြောလိုက်ပါတယ်။ တကယ်တော့ Killmonger နေရာမှာ သရုပ်ဆောင်ခဲ့တဲ့ Michael B. Jordan ကိုယ်တိုင်က Anime Fan တစ်ယောက် ဖြစ်ပါတယ်။ ဒါကြောင့်ပဲ သူဟာ MCU ထဲက Killmonger ရဲ့ ဝတ်စုံကို Dragon Ball Z ထဲက Vegeta ရဲ့ Saiyan Armor ကို အခြေခံပြီး ဖန်တီးစေခဲ့သလို အင်တာဗျူးတွေမှာလည်း Naruto နဲ့ Attack On Titan တို့အပါအဝင် တခြား Anime တွေအကြောင်းကို ပြောခဲ့ဖူးပါတယ်။

(10) Gundam Wing
photo via screenrant

Killmonger ရဲ့ Drone ပရောဂျက်ဟာ Mobile Suit Gundam Wing ထဲက ပုံစံကို အခြေခံပြီး ဖန်တီးထားတယ်ဆိုတာ သိသာပါတယ်။ ဒါကြောင့်ပဲ Tony ဟာ ကမ္ဘာ့ဈေးအကြီးဆုံး Gundam Model ပဲလို့ ပြောခဲ့တာ ဖြစ်ပါတယ်။ ဒီအချက်တွေဟာ အပေါ်မှာဖော်ပြထားသလိုပဲ Michael B. Jordan က Anime Fan တစ်ယောက် ဖြစ်တာကြောင့် ပါဝင်နေတာ ဖြစ်ပါတယ်။

(11) Tony ရဲ့ Arc Reactor အကြံ
photo via screenrant

Killmonger ရဲ့ Drone ပရောဂျက်ကို စမ်းသပ်နေရင်းနဲ့ Tony ဟာ စွမ်းအားတွေ ပိုပြီးလိုအပ်နေတယ်ဆိုတာ သိသွားပါတယ်။ ဒါကြောင့်ပဲ သူဟာ စဉ်းစားနေရင်းနဲ့ Arc Reactor အကြံကို ရရှိသွားပါတယ်။ MCU ထဲမှာဆိုရင် Arc Reactor ဟာ Tony ကို မသေဆုံးသွားအောင် တားဆီးပေးထားတဲ့ အရာတစ်ခုဖြစ်ပြီး Iron Man ဝတ်စုံကို စွမ်းအားပေးတဲ့ အရာလည်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီအပိုင်းထဲမှာတော့ Tony ဟာ ဒီအကြံကို “ခပ်တုံးတုံးပဲ ” ဆိုပြီး ပြောခဲ့ပါတယ်။

(12) Captain America ဒိုင်း
photo via screenrant

အဲ့ဒီနောက်မှာတော့ ဗိုင်ဘရေနီယမ်သာရှိရင် ဒီ Drone တွေကို စွမ်းအားပေးနိုင်ပြီလို့ ဆိုပါတယ်။ အဲ့ဒီအချိန်မှာတော့ အနောက်တိုင်းမှာ ရှိသမျှ ဗိုင်ဘရေနီယမ်တွေက စစ်ပွဲအတွင်းမှာ အကုန်သုံးလိုက်ပြီလို့ Tony က ပြောလိုက်ပါတယ်။ အဲ့ဒါကတော့ Tony ရဲ့ အဖေဖြစ်သူ Howard က Captain America အတွက် ရှိသမျှ ဗိုင်ဘရေနီယမ်တွေနဲ့ ဒိုင်းပြုလုပ်ခဲ့တာကို ရည်ညွှန်းတာပဲ ဖြစ်ပါတယ်။

(13) Age of Ultron Reference
photo via screenrant

Wakanda အကြောင်းကို ပထမဆုံး သိခဲ့ရတာကတော့ Age of Ultron ထဲမှာ ဖြစ်ပြီး ဗိုင်ဘရေနီယမ်တွေကို ခိုးထုတ်နေတဲ့ Ulysses Klaue ဆီက သိရတာပဲ ဖြစ်ပါတယ်။ ဒီအပိုင်းထဲမှာတော့ Ulysses Klaue ပြန်လည်ပါဝင်လာပြီး သူနေထိုင်နေတဲ့ နေရာကလည်း Age of Ultron ထဲမှာ မြင်ခဲ့ရတဲ့ အာဖရိကန်ကမ်းရိုးတန်းရဲ့ Salvage Yard က သင်္ဘောတွေပေါ်မှာ နေထိုင်နေတာ ဖြစ်ပါတယ်။ ဒါ့အပြင် Age of Ultron ထဲမှာ မြင်ခဲ့ရတဲ့ Ulysses Klaue  ရဲ့ကြေးစားတွေလည်း ပြန်လည်ပါဝင်လာခဲ့ပါသေးတယ်။

(14) Iron Man 3 ထဲက ဟော်လိုဂရမ်
photo via screenrant

Iron Man 3 ထဲမှာတော့ မှုခင်းဖြစ်ခဲ့တဲ့ နေရာတစ်ခုမှာ ဘယ်လိုတွေ ဖြစ်သွားတယ်ဆိုတာကို Jarvis က ဟော်လိုဂရမ်တွေနဲ့ ဖော်ပြခဲ့တာကို မှတ်မိကြဦးမယ် ထင်ပါတယ်။ ဒီအပိုင်းထဲမှာလည်း Tony ဟာ Killmonger က သူ့ကို ဘယ်လို သစ္စာဖောက်သွားတယ်ဆိုတာကို အဲ့ဒီဟော်လိုဂရမ်တွေကို ကြည့်ပြီး သိသွားခဲ့ပါတယ်။

(15) Tony ရဲ့ လက်ပတ်
photo via screenrant

MCU ရုပ်ရှင်တွေထဲမှာတော့ Tony ဟာ Iron Man ဝတ်စုံတွေကို အဝေးကနေ ထိန်းချုပ်လို့ရတဲ့ လက်ပတ်ကို အမြဲလိုလို ဝတ်ဆင်ထားပါတယ်။ ဒီအပိုင်းထဲမှာလည်း Tony ဟာ အနည်းငယ် ဆင်တူတဲ့ လက်ပတ်ကို ဝတ်ဆင်ထားတာ တွေ့ရပါတယ်။ အဲ့ဒီလက်ပတ်ကတော့ Liberator Drone တွေကို အဝေးကနေ ထိန်းချုပ်နိုင်တဲ့ လက်ပတ်ပဲ ဖြစ်ပါတယ်။

(16) Bashenga တောင်
photo via screenrant

Killmonger ဟာ Wakanda ရဲ့ ဘုရင်ဖြစ်သူ T’Chaka ကို Bashenga တောင်အကြောင်း ပြောပြပြီး တဖြည်းဖြည်း နီးစပ်လာအောင် ပြုလုပ်ခဲ့ပါတယ်။ Bashenga တောင်ကတော့ Vibranium ဉက္ကာခဲက Wakanda အပေါ်ကို ကျရောက်ခဲ့တဲ့နေရာ ဖြစ်ပြီး Black Panther ရုပ်ရှင်ထဲမှာတော့ T’Challa နဲ့ Killmonger တို့ရဲ့ နောက်ဆုံးတိုက်ပွဲ ဖြစ်ခဲ့တဲ့ နေရာလည်း ဖြစ်ပါတယ်။ အဲ့ဒီနေရာကိုတော့ Wakanda ရဲ့ ပထမဆုံး Black Panther ဖြစ်လာသူရဲ့ နာမည်ကို ပေးထားတာ ဖြစ်ပါတယ်။

(17) Iron  Man ဖြစ်မလာပေမယ့် အမေရိကန်ရဲ့ သူရဲကောင်း ဖြစ်နေသေးတဲ့ Tony
photo via screenrant

ဒီအပိုင်းထဲမှာတော့ Killmonger ဟာ American နဲ့ Wakanda နှစ်နိုင်ငံလုံးကို လှည့်စားပြီး စစ်ပွဲဖြစ်လာအောင် ပြုလုပ်ကာ Wakanda ရဲ့ ထီးနန်းကို ရယူခဲ့ပါတယ်။ Tony ကိုလည်း Killmonger ကပဲ သတ်ခဲ့တာ ဖြစ်ပေမယ့်လည်း Wakanda က လာသတ်သွားတာလို့ အမေရိကန်တစ်နိုင်ငံလုံး ယုံကြည်အောင် ပြုလုပ်ခဲ့ပါတယ်။ ဒါကြောင့်ပဲ “မင်းကပဲ Tony Stark အတွက် လက်စားချေပေးနိုင်တယ် …” ဆိုတဲ့ ပိုစတာကို တွေ့ခဲ့ရပါတယ်။ ဒီအချက်ကြောင့်ပဲ Tony ဟာ ဘယ်တုန်းကမှ Iron Man ဖြစ်မလာခဲ့ပေမယ့်လည်း အမေရိကန်နိုင်ငံအတွက် သူရဲကောင်းတစ်ယောက် ဖြစ်နေတုန်း ဆိုတာကို သိသာစေခဲ့ပါတယ်။

ဒါကတော့ What If …? အပိုင်း(၆)ထဲက စိတ်ဝင်စားစရာအချက်တွေနဲ့ easter egg တွေပဲ ဖြစ်ပါတယ်။ ဒီလိုဆောင်းပါးတွေ ဖတ်ရတာ နှစ်သက်ရင်တော့ ဆံရစ်ဝိုင်းပေ့ချ်ကို Like & Follow လုပ်ထားပေးပါဦး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

***Spoiler Alert***

မၾကာေသးခင္ကပဲ What If…? အပိုင္း(၆) ထြက္ရွိလာခဲ့ၿပီ ျဖစ္ပါတယ္။ ဒီအပိုင္းထဲမွာေတာ့ အာဖဂန္နစၥတန္ကို ေရာက္ေနတဲ့ Tony Stark ကို ျပန္ေပးဆြဲမခံရေအာင္ Killmonger က ဝင္ကယ္ခဲ့ရင္ ဘာျဖစ္သြားမလည္းဆိုတာကို ရိုက္ျပထားတာပါ။ ဒီအပိုင္းထဲမွာေတာ့ Tony Stark ဟာ ဘယ္တုန္းကမွ Iron Man ျဖစ္မလာခဲ့သလို Killmonger ဟာ American နဲ႔ Wakanda ႏွစ္နိုင္ငံလုံးကို လွည့္စားသြားခဲ့ပါတယ္။ ဒီအပိုင္းထဲက စိတ္ဝင္စားစရာအခ်က္ေတြနဲ႔ Easter Egg ေတြကိုေတာ့ ေအာက္မွာ ဆက္လက္ဖတ္ရွုနိုင္ပါတယ္။

(1) Iron Man 2008 ထဲက ဇာတ္ဝင္ခန္းမ်ား
photo via screenrant

ဒီအပိုင္းရဲ့ အစမွာ ျမင္ေတြ႕ခဲ့ရတဲ့ ဇာတ္ဝင္ခန္းေတြကေတာ့ ၂၀၀၈ ခုႏွစ္တုန္းက ထြက္ရွိခဲ့တဲ့ Iron Man ႐ုပ္ရွင္ထဲက ဇာတ္ဝင္ခန္းေတြကို ျပန္လည္အသုံးျပဳထားတာ ျဖစ္ပါတယ္။ အဲ့ဒီဇာတ္ဝင္ခန္းမွာေတာ့ Tony Stark ဟာ အေမရိကန္စစ္သားေတြနဲ႔အတူ အာဖဂန္နစၥတန္ကို ျဖတ္သြားေနၿပီး စစ္သားတစ္ေယာက္က Tony နဲ႔အတူ ဓာတ္ပုံရိုက္ေနတုန္းမွာ အတိုက္ခိုက္ခံခဲ့ရတာ ျဖစ္ပါတယ္။ မတူညီတဲ့အခ်က္ကေတာ့ ဒီအပိုင္းထဲမွာ Tony Stark က ျပန္ေပးဆြဲမခံခဲ့ရဘဲ Killmonger က ဝင္ေရာက္ကယ္ဆယ္သြားတာပဲ ျဖစ္ပါတယ္။

(2) လုံၿခဳံေရးဌာနရဲ႕ အႀကီးအကဲ ျဖစ္သြားတဲ့ Killmonger
photo via screenrant

Killmonger ဟာ Tony ကို ကယ္တင္လာၿပီး ေနာက္မွာေတာ့ သူတို႔ႏွစ္ေယာက္ဟာ အလြန္ရင္းႏွီးသြားၾကၿပီး Tony ဟာ Killmonger ကို လုံျခဳံေရးဌာနရဲ့ အႀကီးအကဲအျဖစ္ ခန႔္အပ္ခဲ့ပါတယ္။ အဲ့ဒီအခ်ိန္မွာေတာ့ Happy ဟာ Pepper ကို “ဒီပြဲက ငါ့ကို ရာထူးတိုးေပးတဲ့ပြဲ ျဖစ္ရမွာ … ” လို႔ ေျပာလိုက္ပါတယ္။ Iron Man 3 ထဲမွာေတာ့ Happy ဟာ လုံျခဳံေရးဌာနရဲ့ အႀကီးအကဲ ျဖစ္ခဲ့ပါတယ္။

(3) ျပန္လည္ပါဝင္လာတဲ့ Christine Everhart
photo via screenrant

၂၀၀၈ ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ Iron Man ႐ုပ္ရွင္ထဲမွာေတာ့ Christine Everhart ဆိုတဲ့ သတင္းေထာက္တစ္ေယာက္ဟာ Tony နဲ႔ ဘာလိုလိုေတြ ျဖစ္ခဲ့ပါေသးတယ္။ ဒီအပိုင္းထဲမွာေတာ့ Tony ဟာ အာဖဂန္နစၥတန္က လြတ္ေျမာက္လာၿပီးမွ ျပဳလုပ္ခဲ့တဲ့ သတင္းစာရွင္းလင္းပြဲမွာေတာ့ Christine ျပန္လည္ပါဝင္လာပါတယ္။ ဒါ့အျပင္ သူမဟာ အပိုင္း(၄)တုန္းကလည္း သတင္းေၾကညာသူအျဖစ္ ပါဝင္ခဲ့ပါေသးတယ္။

(4) Happy ရဲ႕ Boxing Skill
photo via screenrant

Killmonger ဟာ Obadiah ရဲ့ လုပ္ရပ္ေတြအားလုံးကို သက္ေသျပၿပီး ေဖာ္ထုတ္နိုင္ခဲ့တာေၾကာင့္ Obadiah ဟာ ၂၀၀၈ ခုႏွစ္တုန္းက ထြက္ရွိခဲ့တဲ့ Iron Man ႐ုပ္ရွင္ထဲလို Iron Monger ဘယ္တုန္းကမွ ျဖစ္ခြင့္မရလိုက္ပါဘူး။ အဲ့ဒီအခ်ိန္မွာေတာ့ Tony ရဲ့ သက္ေတာ္ေစာင့္ျဖစ္တဲ့ Happy ဟာ Obadiah ကို တစ္ခ်က္တည္းထိုးၿပီး ဖမ္းဆီးနိုင္ခဲ့ပါတယ္။ Happy ဟာ ေကာမစ္ထဲမွာလည္း Boxing ပညာတတ္ေျမာက္သူ ျဖစ္ၿပီး အပိုင္း(၄)ထဲမွာလည္း ဒီအခ်က္ကို ေဖာ္ျပသြားခဲ့ပါတယ္။

(5) Pepper ရဲ႕ အလုပ္ကိုပါ လုယူသြားတဲ့ Killmonger
photo via screenrant

Killmonger ဟာ Happy ရဲ့ ရာထူးျဖစ္လာမယ့္ လုံျခဳံေရးဌာနရဲ့ အႀကီးအကဲေနရာကို ရယူခဲ့႐ုံတင္မကဘဲ Obadiah ရဲ့ လစ္လပ္ေနတဲ့ ရာထူးကိုပါ ရရွိခဲ့ပါတယ္။ Iron Man 2 ထဲမွာေတာ့ Pepper ဟာ အဲဒီ ရာထူးကို ရရွိခဲ့ပါတယ္။ ဒီအပိုင္းထဲမွာေတာ့ Killmonger ဟာ သိသိသာသာပဲ Tony ရဲ့ ယုံၾကည္မွုကို အသုံးခ်ေနတယ္ဆိုတာ ေတြ႕ခဲ့ရပါတယ္။

(6) Rhodey
photo via screenrant

၂၀၀၈ ခုႏွစ္ Iron Man ႐ုပ္ရွင္ထဲမွာေတာ့ Rhodey အျဖစ္ ပါဝင္ခဲ့သူက Terrence Howard ျဖစ္ၿပီး Iron Man 2 က်မွသာ Don Cheadle က အစားထိုးဝင္ေရာက္ခဲ့တာ ျဖစ္ပါတယ္။ ဒီအပိုင္းကေတာ့ ၂၀၀၈ ခုႏွစ္ Iron Man ႐ုပ္ရွင္ရဲ့ Timeline မွာ အေျခခံထားၿပီး Rhodey ကိုေတာ့ Don Cheadle ရဲ့ ဗားရွင္းကိုပဲ ျမင္ေတြ႕ခဲ့ရပါတယ္။ ဒီအခ်က္ကေတာ့ အပိုင္း(၃)ထဲကလိုပဲ Hulk ေနရာမွာ Edward Norton မဟုတ္ေတာ့ဘဲ Mark Ruffalo အျဖစ္ ဖန္တီးထားသလိုပဲ ျဖစ္ပါတယ္။

(7) Tony ရဲ႕ Repulsor နည္းပညာ
photo via screenrant

Tony ဟာ Killmonger ကို သူ႔ရဲ့ ဝပ္ေရွာ့ကို ေခၚလာတဲ့အခ်ိန္မွာေတာ့ Killmonger ဟာ Repulsor နည္းပညာကို အသုံးျပဳထားတဲ့ လက္နက္ရဲ့ ေရွ႕ေျပးပုံစံကို ကိုင္ၾကည့္ခဲ့ပါတယ္။ Repulsor နည္းပညာကေတာ့ Tony ဟာ Iron Man ဝတ္စုံထဲမွာ အဓိကအသုံးျပဳခဲ့တဲ့ လက္နက္ေတြပဲ ျဖစ္ပါတယ္။ ဒီအပိုင္းထဲမွာ‌ေတာ့ Tony ဟာ ဒီနည္းပညာကို အတတ္နိုင္ဆုံး ခ်ဳံ႕ပစ္ခ်င္တယ္လို႔ ေျပာသြားပါတယ္။

(8) Dum-E
photo via screenrant

အေပၚမွာေဖာ္ျပထားသလို Killmonger က အဲ့ဒီလက္နက္ကို ကိုင္ၾကည့္တဲ့အခ်ိန္မွာေတာ့  Dum-E ဟာ Killmonger ရဲ့လက္ထဲက လုယူလိုက္ပါတယ္။ Dum-E ကေတာ့ Iron Man ႐ုပ္ရွင္ေတြမွာ ဆက္တိုက္ပါဝင္ခဲ့ၿပီး Tony ရဲ့ တီထြင္ဖန္တီးမွုေတြကို ကူညီေပးတဲ့ စက္႐ုပ္တစ္႐ုပ္ပဲ ျဖစ္ပါတယ္။

(9) Anime Fan တစ္ေယာက္ျဖစ္တဲ့ Michael B. Jordan
photo via screenrant

Tony ဟာ Killmonger ရဲ့ Drone ပေရာဂ်က္ကို ၾကည့္လိုက္တဲ့အခ်ိန္မွာေတာ့ Killmonger ဟာ ” I Like Anime ” လို႔ ေျပာလိုက္ပါတယ္။ တကယ္ေတာ့ Killmonger ေနရာမွာ သ႐ုပ္ေဆာင္ခဲ့တဲ့ Michael B. Jordan ကိုယ္တိုင္က Anime Fan တစ္ေယာက္ ျဖစ္ပါတယ္။ ဒါေၾကာင့္ပဲ သူဟာ MCU ထဲက Killmonger ရဲ့ ဝတ္စုံကို Dragon Ball Z ထဲက Vegeta ရဲ့ Saiyan Armor ကို အေျခခံၿပီး ဖန္တီးေစခဲ့သလို အင္တာဗ်ဴးေတြမွာလည္း Naruto နဲ႔ Attack On Titan တို႔အပါအဝင္ တျခား Anime ေတြအေၾကာင္းကို ေျပာခဲ့ဖူးပါတယ္။

(10) Gundam Wing
photo via screenrant

Killmonger ရဲ့ Drone ပေရာဂ်က္ဟာ Mobile Suit Gundam Wing ထဲက ပုံစံကို အေျခခံၿပီး ဖန္တီးထားတယ္ဆိုတာ သိသာပါတယ္။ ဒါေၾကာင့္ပဲ Tony ဟာ ကမၻာ့ေဈးအႀကီးဆုံး Gundam Model ပဲလို႔ ေျပာခဲ့တာ ျဖစ္ပါတယ္။ ဒီအခ်က္ေတြဟာ အေပၚမွာေဖာ္ျပထားသလိုပဲ Michael B. Jordan က Anime Fan တစ္ေယာက္ ျဖစ္တာေၾကာင့္ ပါဝင္ေနတာ ျဖစ္ပါတယ္။

(11) Tony ရဲ႕ Arc Reactor အႀကံ
photo via screenrant

Killmonger ရဲ့ Drone ပေရာဂ်က္ကို စမ္းသပ္ေနရင္းနဲ႔ Tony ဟာ စြမ္းအားေတြ ပိုၿပီးလိုအပ္ေနတယ္ဆိုတာ သိသြားပါတယ္။ ဒါေၾကာင့္ပဲ သူဟာ စဥ္းစားေနရင္းနဲ႔ Arc Reactor အႀကံကို ရရွိသြားပါတယ္။ MCU ထဲမွာဆိုရင္ Arc Reactor ဟာ Tony ကို မေသဆုံးသြားေအာင္ တားဆီးေပးထားတဲ့ အရာတစ္ခုျဖစ္ၿပီး Iron Man ဝတ္စုံကို စြမ္းအားေပးတဲ့ အရာလည္း ျဖစ္ပါတယ္။ ဒါေပမယ့္လည္း ဒီအပိုင္းထဲမွာေတာ့ Tony ဟာ ဒီအႀကံကို “ခပ္တုံးတုံးပဲ ” ဆိုၿပီး ေျပာခဲ့ပါတယ္။

(12) Captain America ဒိုင္း
photo via screenrant

အဲ့ဒီေနာက္မွာေတာ့ ဗိုင္ဘေရနီယမ္သာရွိရင္ ဒီ Drone ေတြကို စြမ္းအားေပးနိုင္ၿပီလို႔ ဆိုပါတယ္။ အဲ့ဒီအခ်ိန္မွာေတာ့ အေနာက္တိုင္းမွာ ရွိသမၽွ ဗိုင္ဘေရနီယမ္ေတြက စစ္ပြဲအတြင္းမွာ အကုန္သုံးလိုက္ၿပီလို႔ Tony က ေျပာလိုက္ပါတယ္။ အဲ့ဒါကေတာ့ Tony ရဲ့ အေဖျဖစ္သူ Howard က Captain America အတြက္ ရွိသမၽွ ဗိုင္ဘေရနီယမ္ေတြနဲ႔ ဒိုင္းျပဳလုပ္ခဲ့တာကို ရည္ညႊန္းတာပဲ ျဖစ္ပါတယ္။

(13) Age of Ultron Reference
photo via screenrant

Wakanda အေၾကာင္းကို ပထမဆုံး သိခဲ့ရတာကေတာ့ Age of Ultron ထဲမွာ ျဖစ္ၿပီး ဗိုင္ဘေရနီယမ္ေတြကို ခိုးထုတ္ေနတဲ့ Ulysses Klaue ဆီက သိရတာပဲ ျဖစ္ပါတယ္။ ဒီအပိုင္းထဲမွာေတာ့ Ulysses Klaue ျပန္လည္ပါဝင္လာၿပီး သူေနထိုင္ေနတဲ့ ေနရာကလည္း Age of Ultron ထဲမွာ ျမင္ခဲ့ရတဲ့ အာဖရိကန္ကမ္းရိုးတန္းရဲ့ Salvage Yard က သေဘၤာေတြေပၚမွာ ေနထိုင္ေနတာ ျဖစ္ပါတယ္။ ဒါ့အျပင္ Age of Ultron ထဲမွာ ျမင္ခဲ့ရတဲ့ Ulysses Klaue  ရဲ့ေၾကးစားေတြလည္း ျပန္လည္ပါဝင္လာခဲ့ပါေသးတယ္။

(14) Iron Man 3 ထဲက ေဟာ္လိုဂရမ္
photo via screenrant

Iron Man 3 ထဲမွာေတာ့ မွုခင္းျဖစ္ခဲ့တဲ့ ေနရာတစ္ခုမွာ ဘယ္လိုေတြ ျဖစ္သြားတယ္ဆိုတာကို Jarvis က ေဟာ္လိုဂရမ္ေတြနဲ႔ ေဖာ္ျပခဲ့တာကို မွတ္မိၾကဦးမယ္ ထင္ပါတယ္။ ဒီအပိုင္းထဲမွာလည္း Tony ဟာ Killmonger က သူ႔ကို ဘယ္လို သစၥာေဖာက္သြားတယ္ဆိုတာကို အဲ့ဒီေဟာ္လိုဂရမ္ေတြကို ၾကည့္ၿပီး သိသြားခဲ့ပါတယ္။

(15) Tony ရဲ႕ လက္ပတ္
photo via screenrant

MCU ႐ုပ္ရွင္ေတြထဲမွာေတာ့ Tony ဟာ Iron Man ဝတ္စုံေတြကို အေဝးကေန ထိန္းခ်ဳပ္လို႔ရတဲ့ လက္ပတ္ကို အျမဲလိုလို ဝတ္ဆင္ထားပါတယ္။ ဒီအပိုင္းထဲမွာလည္း Tony ဟာ အနည္းငယ္ ဆင္တူတဲ့ လက္ပတ္ကို ဝတ္ဆင္ထားတာ ေတြ႕ရပါတယ္။ အဲ့ဒီလက္ပတ္ကေတာ့ Liberator Drone ေတြကို အေဝးကေန ထိန္းခ်ဳပ္နိုင္တဲ့ လက္ပတ္ပဲ ျဖစ္ပါတယ္။

(16) Bashenga ေတာင္
photo via screenrant

Killmonger ဟာ Wakanda ရဲ့ ဘုရင္ျဖစ္သူ T’Chaka ကို Bashenga ေတာင္အေၾကာင္း ေျပာျပၿပီး တျဖည္းျဖည္း နီးစပ္လာေအာင္ ျပဳလုပ္ခဲ့ပါတယ္။ Bashenga ေတာင္ကေတာ့ Vibranium ဉကၠာခဲက Wakanda အေပၚကို က်ေရာက္ခဲ့တဲ့ေနရာ ျဖစ္ၿပီး Black Panther ႐ုပ္ရွင္ထဲမွာေတာ့ T’Challa နဲ႔ Killmonger တို႔ရဲ့ ေနာက္ဆုံးတိုက္ပြဲ ျဖစ္ခဲ့တဲ့ ေနရာလည္း ျဖစ္ပါတယ္။ အဲ့ဒီေနရာကိုေတာ့ Wakanda ရဲ့ ပထမဆုံး Black Panther ျဖစ္လာသူရဲ့ နာမည္ကို ေပးထားတာ ျဖစ္ပါတယ္။

(17) Iron  Man ျဖစ္မလာေပမယ့္ အေမရိကန္ရဲ႕ သူရဲေကာင္း ျဖစ္ေနေသးတဲ့ Tony
photo via screenrant

ဒီအပိုင္းထဲမွာေတာ့ Killmonger ဟာ American နဲ႔ Wakanda ႏွစ္နိုင္ငံလုံးကို လွည့္စားၿပီး စစ္ပြဲျဖစ္လာေအာင္ ျပဳလုပ္ကာ Wakanda ရဲ့ ထီးနန္းကို ရယူခဲ့ပါတယ္။ Tony ကိုလည္း Killmonger ကပဲ သတ္ခဲ့တာ ျဖစ္ေပမယ့္လည္း Wakanda က လာသတ္သြားတာလို႔ အေမရိကန္တစ္နိုင္ငံလုံး ယုံၾကည္ေအာင္ ျပဳလုပ္ခဲ့ပါတယ္။ ဒါေၾကာင့္ပဲ “မင္းကပဲ Tony Stark အတြက္ လက္စားေခ်ေပးနိုင္တယ္ …” ဆိုတဲ့ ပိုစတာကို ေတြ႕ခဲ့ရပါတယ္။ ဒီအခ်က္ေၾကာင့္ပဲ Tony ဟာ ဘယ္တုန္းကမွ Iron Man ျဖစ္မလာခဲ့ေပမယ့္လည္း အေမရိကန္နိုင္ငံအတြက္ သူရဲေကာင္းတစ္ေယာက္ ျဖစ္ေနတုန္း ဆိုတာကို သိသာေစခဲ့ပါတယ္။

ဒါကေတာ့ What If …? အပိုင္း(၆)ထဲက စိတ္ဝင္စားစရာအခ်က္ေတြနဲ႔ easter egg ေတြပဲ ျဖစ္ပါတယ္။ ဒီလိုေဆာင္းပါးေတြ ဖတ္ရတာ ႏွစ္သက္ရင္ေတာ့ ဆံရစ္ဝိုင္းေပ့ခ်္ကို Like & Follow လုပ္ထားေပးပါဦး။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular