HomeEntertainmentFilmမင်းသားကြီး Nicolas Cage သရုပ်ဆောင်ခဲ့ဖူးတဲ့ စူပါဟီးရိုးရုပ်ရှင်များ

မင်းသားကြီး Nicolas Cage သရုပ်ဆောင်ခဲ့ဖူးတဲ့ စူပါဟီးရိုးရုပ်ရှင်များ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Nicolas Cage ဟာ နာမည်ကြီး မင်းသားတစ်ယောက် ဖြစ်ပြီး အောင်မြင်တဲ့ ရုပ်ရှင်တွေများစွာကို ရိုက်ကူးခဲ့သူ ဖြစ်ပါတယ်။ Cage ဟာ အခုဆိုရင်တော့  အသက်(၅၇)နှစ် ရှိနေပြီ ဖြစ်ပြီး ရုပ်ရှင်အသစ်တွေများစွာမှာ ပါဝင်သရုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ Nicolas Cage ပါဝင်သရုပ်ဆောင်ထားတဲ့ စူပါဟီးရိုးရုပ်ရှင်တွေကို သူ့ရဲ့ ပရိသတ်တွေအတွက် ဖော်ပြပေးချင်ပါတယ်။

(6) Ghost Rider: Spirit of Vengeance
photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၁၁ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (4.3) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ပြင်သစ်ဘုန်းကြီးတစ်ယောက်ဟာ လူငယ်လေးတစ်ယောက်ကို Devil ဆီက ကယ်တင်ချင်တာကြောင့် Ghost Rider ရဲ့ အကူအညီကို တောင်းခံခဲ့ပါတယ်။ အပြန်အလှန်အနေနဲ့ Ghost Rider ဆီကို သူ့ရဲ့ Soul ပြန်ပေးသွားမှာ ဖြစ်ပါတယ်။ သရုပ်ဆောင်တွေကတော့ Nicolas Cage ၊ Idris Elba နဲ့ Violante Placido တို့ ပါဝင်ထားပါတယ်။

(5) Ghost Rider
photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၀၇ ခုနှစ်မှာ ထွက်ရှိထားပြီး IMDb (5.3) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဆိုင်ကယ်စတန့်ပြသူ Johnny Blaze ဟာ အကြောင်းတစ်ခုကြောင့် သူ့ရဲ့ Soul ကို ရောင်းစားလိုက်ပြီး Ghost Rider ဖြစ်လာခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ သူဟာ Devil နဲ့ ထိပ်တိုက် ရင်ဆိုင်ရပါတော့တယ်။ သရုပ်ဆောင်တွေကတော့ Nicolas Cage ၊ Eva Mendes နဲ့ Sam Elliott တို့ ပါဝင်ထားပါတယ်။

(4) Astro Boy
photo via screenrant

ဒီ Animation ကတော့ ၂၀၀၉ ခုနှစ်မှာ ထွက်ရှိခဲ့တာ ဖြစ်ပြီး IMDb (6.3) ရရှိထားကာ ၁၉၆၀ ကျော်လောက်က Manga နဲ့ Anime ကို အခြေခံပြီး ပြန်လည်ဖန်တီးထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ Astro Boy ဆိုတဲ့ စက်ရုပ်လေးဟာ သူ့ကို ဖန်တီးခဲ့သူနဲ့ ပြဿနာတက်ပြီး အိမ်ကထွက်လာပြီးနောက်မှာ မထင်မှတ်ထားတဲ့ စွန့်စားခန်းတွေနဲ့ ကြုံတွေ့ရပုံကို ဖန်တီးထားတာ ဖြစ်ပါတယ်။ Freddie Highmore နဲ့ Kristen Bell တို့က အသံသရုပ်ဆောင်ထားပြီး Nicolas Cage ကတော့ Astro Boy ရဲ့ ဖန်တီးသူနေရာက ပါဝင်ထားပါတယ်။

(3) Teen Titans Go! To The Movies
photo via screenrant

ဒီ Animation ကတော့ ၂၀၁၈ ခုနှစ်မှာ ထွက်ရှိခဲ့ပြီးတော့ IMDb (6.8) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ Teen Titan တွေရဲ့ စူပါဟီးရိုးရုပ်ရှင်မှာ ပါဝင်ချင်စိတ်ကို အသုံးချပြီး Deathstroke ဟာ တစ်ကမ္ဘာလုံးကို ထိန်းချုပ်ဖို့ ကြိုးစားပါတော့တယ်။ အသံသရုပ်ဆောင်တွေကတော့ Tara Strong နဲ့ Halsey တို့ ပါဝင်ထားပြီး Nicolas Cage ကတော့ Superman နေရာကနေ ပါဝင်ထားပါတယ်။

(2) Kick-Ass
photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၁၀ ခုနှစ်မှာ ထွက်ရှိခဲ့ပြီးတော့ IMDb (7.6) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ကောမစ်ရူးသွပ်သူတစ်ယောက်ဟာ တကယ့်လက်တွေ့ဘဝမှာပါ စူပါဟီးရိုးတစ်ယောက် ဖြစ်လာဖို့ ကြိုးစားပုံကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ သူဟာ Hit-Girl နဲ့ Big Daddy တို့နှစ်ယောက်ရဲ့ အကူအညီနဲ့ လူဆိုးခေါင်းဆောင် တစ်ယောက်ကို အနိုင်ယူဖို့ ကြိုးစားပါတော့တယ်။ သရုပ်ဆောင်တွေကတော့ Aaron Taylor-Johnson ၊ Chloe Grace Moretz နဲ့ Nicolas Cage တို့ ပါဝင်ထားပါတယ်။

(1) Spider-Man: Into the Spider-Verse
photo via screenrant

ဒီ Animation ကတော့ ၂၀၁၈ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (8.4) ရရှိထားပါတယ်။ ဆယ်ကျော်သက် လူငယ်တစ်ယောက်ဖြစ်တဲ့ Miles Morales ဟာ ရေဒီယိုသတ္တိကြွနေတဲ့ပင့်ကူ အကိုက်ခံလိုက်ရပြီး Spider-Man ဖြစ်လာပါတယ်။ အဲ့ဒီနောက်မှာတော့ သူဟာ Brooklyn မြို့လေးကို Spider-Man အနေနဲ့ စောင့်ရှောက်နေပါတယ်။

နောက်ပိုင်းမှာတော့ ပြဿနာတွေဟာ အရမ်းကြီး မရိုးရှင်းတော့ဘဲ တခြားဒိုင်မေးရှင်းက လူတွေပါ ပါဝင်လာပြီးတော့ multiverse ကြီးတစ်ခုလုံးကို ကယ်တင်ဖို့အတွက် တခြားသူတွေနဲ့အတူ ကြိုးစားရပါတော့တယ်။ အသံသရုပ်ဆောင်တွေကတော့ Hailee Steinfeld ၊ Shameik Moore တို့ ပါဝင်ထားပြီး Nicolas Cage ကတော့ အဖြူအမည်း Spider-Man အဖြစ် အသံသရုပ်ဆောင်ထားပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Nicolas Cage ဟာ နာမည္ႀကီး မင္းသားတစ္ေယာက္ ျဖစ္ၿပီး ေအာင္ျမင္တဲ့ ႐ုပ္ရွင္ေတြမ်ားစြာကို ရိုက္ကူးခဲ့သူ ျဖစ္ပါတယ္။ Cage ဟာ အခုဆိုရင္ေတာ့  အသက္(၅၇)ႏွစ္ ရွိေနၿပီ ျဖစ္ၿပီး ႐ုပ္ရွင္အသစ္ေတြမ်ားစြာမွာ ပါဝင္သ႐ုပ္ေဆာင္ေနဆဲ ျဖစ္ပါတယ္။ ဒီတစ္ခါမွာေတာ့ Nicolas Cage ပါဝင္သ႐ုပ္ေဆာင္ထားတဲ့ စူပါဟီးရိုး႐ုပ္ရွင္ေတြကို သူ႔ရဲ့ ပရိသတ္ေတြအတြက္ ေဖာ္ျပေပးခ်င္ပါတယ္။

(6) Ghost Rider: Spirit of Vengeance
photo via screenrant

ဒီ႐ုပ္ရွင္ကေတာ့ ၂၀၁၁ ခုႏွစ္မွာ ထြက္ရွိခဲ့ၿပီး IMDb (4.3) ရရွိထားပါတယ္။ ဇာတ္လမ္းအက်ဥ္းကေတာ့ ျပင္သစ္ဘုန္းႀကီးတစ္ေယာက္ဟာ လူငယ္ေလးတစ္ေယာက္ကို Devil ဆီက ကယ္တင္ခ်င္တာေၾကာင့္ Ghost Rider ရဲ့ အကူအညီကို ေတာင္းခံခဲ့ပါတယ္။ အျပန္အလွန္အေနနဲ႔ Ghost Rider ဆီကို သူ႔ရဲ့ Soul ျပန္ေပးသြားမွာ ျဖစ္ပါတယ္။ သ႐ုပ္ေဆာင္ေတြကေတာ့ Nicolas Cage ၊ Idris Elba နဲ႔ Violante Placido တို႔ ပါဝင္ထားပါတယ္။

(5) Ghost Rider
photo via screenrant

ဒီ႐ုပ္ရွင္ကေတာ့ ၂၀၀၇ ခုႏွစ္မွာ ထြက္ရွိထားၿပီး IMDb (5.3) ရရွိထားပါတယ္။ ဇာတ္လမ္းအက်ဥ္းကေတာ့ ဆိုင္ကယ္စတန႔္ျပသူ Johnny Blaze ဟာ အေၾကာင္းတစ္ခုေၾကာင့္ သူ႔ရဲ့ Soul ကို ေရာင္းစားလိုက္ၿပီး Ghost Rider ျဖစ္လာခဲ့ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ သူဟာ Devil နဲ႔ ထိပ္တိုက္ ရင္ဆိုင္ရပါေတာ့တယ္။ သ႐ုပ္ေဆာင္ေတြကေတာ့ Nicolas Cage ၊ Eva Mendes နဲ႔ Sam Elliott တို႔ ပါဝင္ထားပါတယ္။

(4) Astro Boy
photo via screenrant

ဒီ Animation ကေတာ့ ၂၀၀၉ ခုႏွစ္မွာ ထြက္ရွိခဲ့တာ ျဖစ္ၿပီး IMDb (6.3) ရရွိထားကာ ၁၉၆၀ ေက်ာ္ေလာက္က Manga နဲ႔ Anime ကို အေျခခံၿပီး ျပန္လည္ဖန္တီးထားတာ ျဖစ္ပါတယ္။ ဇာတ္လမ္းအက်ဥ္းကေတာ့ Astro Boy ဆိုတဲ့ စက္႐ုပ္ေလးဟာ သူ႔ကို ဖန္တီးခဲ့သူနဲ႔ ျပႆနာတက္ၿပီး အိမ္ကထြက္လာၿပီးေနာက္မွာ မထင္မွတ္ထားတဲ့ စြန႔္စားခန္းေတြနဲ႔ ၾကဳံေတြ႕ရပုံကို ဖန္တီးထားတာ ျဖစ္ပါတယ္။ Freddie Highmore နဲ႔ Kristen Bell တို႔က အသံသ႐ုပ္ေဆာင္ထားၿပီး Nicolas Cage ကေတာ့ Astro Boy ရဲ့ ဖန္တီးသူေနရာက ပါဝင္ထားပါတယ္။

(3) Teen Titans Go! To The Movies
photo via screenrant

ဒီ Animation ကေတာ့ ၂၀၁၈ ခုႏွစ္မွာ ထြက္ရွိခဲ့ၿပီးေတာ့ IMDb (6.8) ရရွိထားပါတယ္။ ဇာတ္လမ္းအက်ဥ္းကေတာ့ Teen Titan ေတြရဲ့ စူပါဟီးရိုး႐ုပ္ရွင္မွာ ပါဝင္ခ်င္စိတ္ကို အသုံးခ်ၿပီး Deathstroke ဟာ တစ္ကမၻာလုံးကို ထိန္းခ်ဳပ္ဖို႔ ႀကိဳးစားပါေတာ့တယ္။ အသံသ႐ုပ္ေဆာင္ေတြကေတာ့ Tara Strong နဲ႔ Halsey တို႔ ပါဝင္ထားၿပီး Nicolas Cage ကေတာ့ Superman ေနရာကေန ပါဝင္ထားပါတယ္။

(2) Kick-Ass
photo via screenrant

ဒီ႐ုပ္ရွင္ကေတာ့ ၂၀၁၀ ခုႏွစ္မွာ ထြက္ရွိခဲ့ၿပီးေတာ့ IMDb (7.6) ရရွိထားပါတယ္။ ဇာတ္လမ္းအက်ဥ္းကေတာ့ ေကာမစ္႐ူးသြပ္သူတစ္ေယာက္ဟာ တကယ့္လက္ေတြ႕ဘဝမွာပါ စူပါဟီးရိုးတစ္ေယာက္ ျဖစ္လာဖို႔ ႀကိဳးစားပုံကို ျမင္ေတြ႕ရမွာ ျဖစ္ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ သူဟာ Hit-Girl နဲ႔ Big Daddy တို႔ႏွစ္ေယာက္ရဲ့ အကူအညီနဲ႔ လူဆိုးေခါင္းေဆာင္ တစ္ေယာက္ကို အနိုင္ယူဖို႔ ႀကိဳးစားပါေတာ့တယ္။ သ႐ုပ္ေဆာင္ေတြကေတာ့ Aaron Taylor-Johnson ၊ Chloe Grace Moretz နဲ႔ Nicolas Cage တို႔ ပါဝင္ထားပါတယ္။

(1) Spider-Man: Into the Spider-Verse
photo via screenrant

ဒီ Animation ကေတာ့ ၂၀၁၈ ခုႏွစ္မွာ ထြက္ရွိခဲ့ၿပီး IMDb (8.4) ရရွိထားပါတယ္။ ဆယ္ေက်ာ္သက္ လူငယ္တစ္ေယာက္ျဖစ္တဲ့ Miles Morales ဟာ ေရဒီယိုသတၱိႂကြေနတဲ့ပင့္ကူ အကိုက္ခံလိုက္ရၿပီး Spider-Man ျဖစ္လာပါတယ္။ အဲ့ဒီေနာက္မွာေတာ့ သူဟာ Brooklyn ၿမိဳ႕ေလးကို Spider-Man အေနနဲ႔ ေစာင့္ေရွာက္ေနပါတယ္။

ေနာက္ပိုင္းမွာေတာ့ ျပႆနာေတြဟာ အရမ္းႀကီး မရိုးရွင္းေတာ့ဘဲ တျခားဒိုင္ေမးရွင္းက လူေတြပါ ပါဝင္လာၿပီးေတာ့ multiverse ႀကီးတစ္ခုလုံးကို ကယ္တင္ဖို႔အတြက္ တျခားသူေတြနဲ႔အတူ ႀကိဳးစားရပါေတာ့တယ္။ အသံသ႐ုပ္ေဆာင္ေတြကေတာ့ Hailee Steinfeld ၊ Shameik Moore တို႔ ပါဝင္ထားၿပီး Nicolas Cage ကေတာ့ အျဖဴအမည္း Spider-Man အျဖစ္ အသံသ႐ုပ္ေဆာင္ထားပါတယ္။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular