HomeEntertainmentFilmWhat If...? ထွေလာထဲက ပြောင်းလဲသွားတဲ့ ဇာတ်ကောင်တွေနဲ့ စိတ်ဝင်စားစရာအချက်များ

What If…? ထွေလာထဲက ပြောင်းလဲသွားတဲ့ ဇာတ်ကောင်တွေနဲ့ စိတ်ဝင်စားစရာအချက်များ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Disney+ က ပြသသွားမယ့် animation ဇာတ်လမ်းတွဲတစ်ခု ဖြစ်တဲ့ What If…? ကိုတော့ ဩဂုတ်လ (၁၁)ရက်နေ့မှာ ကြည့်ရှုရတော့မှာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲထဲမှာတော့ MCU ထဲက သရုပ်ဆောင်အများစုဟာ သူတို့ရဲ့ဇာတ်ကောင်နေရာ အသီးသီးမှာ အသံသရုပ်ဆောင်အဖြစ် ပါဝင်သွားကြမှာ ဖြစ်ပါတယ်။

မကြာသေးခင်ကပဲ ဒီဇာတ်လမ်းတွဲရဲ့ ထွေလာ ထွက်ရှိလာပါတယ်။ ဒီထွေလာထဲမှာတော့ MCU ရဲ့ Multiverse ကို မြင်တွေ့ရမှာ ဖြစ်ပြီး ကျွန်တော်တို့တွေ ရင်းနှီးပြီးသား ဇာတ်ကောင်တွေကို နောက်ထပ်ဗားရှင်းတွေနဲ့ မြင်တွေ့သွားရမှာ ဖြစ်ပါတယ်။ ဒီထွေလာထဲက စိတ်ဝင်စားဖို့ကောင်းတဲ့ အချက်တွေကိုတော့ အောက်မှာ ဆက်လက် ဖော်ပြပေးသွားပါမယ်။

(1) Tony Stark ကို ကယ်တင်ခဲ့တဲ့ Killmonger
photo via screenrant

Iron Man ရုပ်ရှင်ဟာ MCU ကို စတင်ခဲ့တာ ဖြစ်တာကြောင့် ဒီထွေလာကိုလည်း အနည်းငယ် ပြောင်းလဲထားတဲ့ Iron Man ရဲ့ Origin နဲ့ စတင်ထားပါတယ်။ Iron Man ရုပ်ရှင်အစမှာ မြင်တွေ့ခဲ့ရသလိုပဲ Tony Stark ဟာ စစ်ကားတွေနဲ့ ခရီးသွားနေရင်း လမ်းခုလတ်မှာ တိုက်ခိုက်ခံခဲ့ရပါတယ်။

Iron Man ရုပ်ရှင်နဲ့ မတူညီတဲ့ အချက်ကတော့ အခုလို တိုက်ခိုက်ခံရတဲ့အချိန်မှာ Killmonger က Tony Stark ကို ကယ်တင်သွားတာပဲ ဖြစ်ပါတယ်။ Killmonger ကိုတော့ MCU ထဲက ဝတ်စုံနဲ့ မြင်တွေ့ခဲ့ရပြီး Killmonger နဲ့ Tony တို့ဟာ မိတ်ဆွေတွေ ဖြစ်သွားကြပါတယ်။ ဒါကြောင့်ပဲ What If…? ထဲက Tony ဟာ Iron Man ရုပ်ရှင်ထဲက Tony လိုမျိူး ပြန်ပေးဆွဲမခံခဲ့ရတာကြောင့် သူ့ရဲ့လုပ်ငန်းအပေါ် အမြင်မှန်လည်း မရခဲ့ပါဘူး။

နောက်ထပ် ဇာတ်ဝင်ခန်းတစ်ခုမှာတော့ Killmonger ဟာ Wankanda ကို သိမ်းယူဖို့အတွက် စစ်တပ်တစ်ခုကို ဦးဆောင်နေတာ မြင်တွေ့ခဲ့ရပါတယ်။ ဒါ့အပြင် Killmonger ရဲ့ စစ်တပ်ထဲမှာ Android တွေလည်း ပါဝင်နေတာကြောင့် Tony က ကူညီပေးနေတယ်လို့ ယူဆနိုင်ပါတယ်။ Funko Pop အရုပ်ကုမ္ပဏီက ထုတ်လုပ်ခဲ့တဲ့ အရုပ်တွေကတော့ Killmonger ဟာ Wankanda ရဲ့ ဘုရင်ဖြစ်သွားပြီး Black Panther ဖြစ်လာတယ်လို့ အတည်ပြုခဲ့ပါတယ်။

ဒါပေမယ့်လည်း ဒီထွေလာထဲက နောက်ထပ် ဇာတ်ဝင်ခန်းတွေကို ကြည့်ခြင်းအားဖြင့် Killmonger ရဲ့ ထီးနန်းဟာ မတည်ငြိမ်ဘဲ Wankanda ရဲ့ တော်ဝင်မိသားစုတွေက သူ့ကိုပုန်ကန်နေတာကို တွေ့ရပါတယ်။ ဒါ့အပြင် Shuri ကလည်း အတော်လေး ငယ်ရွယ်နေပြီး Wankanda ရဲ့ တော်ဝင်မိသားစုတွေကို ကူညီပေးနေတာကတော့ Pepper Potts ပဲ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ Tony နဲ့ Killmonger က တစ်ဘက်၊ Wankanda ရဲ့ တော်ဝင်မိသားစုတွေနဲ့ Pepper Potts တို့က တစ်ဘက် ရင်ဆိုင်တွေ့ကြမှာပါ။

(2) Evil Doctor Strange
photo via screenrant

Evil Doctor Strange ကတော့ သူရဲ့ ချစ်ရသူ သေဆုံးသွားတာကြောင့် အခုလိုမျိူး ဆိုးသွမ်းတဲ့ မှော်ပညာရှင်တစ်ယောက် ဖြစ်လာတာပါ။ ဒီထွေလာထဲမှာ ပြသွားသလောက်ဆိုရင် Evil Doctor Strange ရဲ့ ဇာတ်ကြောင်းကို ခန့်မှန်းဖို့ မဖြစ်နိုင်ပါဘူး။ ဇာတ်ဝင်ခန်းတစ်ခုမှာတော့ Doctor Strange ကို WandaVision ထဲမှာ တွေ့ခဲ့ရတဲ့ Mystical Rune တွေက ပတ်လည်ဝိုင်းနေတာကို မြင်တွေ့ခဲ့ရပြီး Multiverse ထဲကို ရောက်ရှိသွားပါတယ်။

နောက်ထပ် ဇာတ်ဝင်ခန်းတစ်ခုမှာတော့ Doctor Strange ဟာ လူတစ်ယောက်နဲ့အတူ ပန်းရောင်သစ်ပင်ကြီး ရှိနေတဲ့ ခန်းမထဲကို ဝင်ရောက်လာပါတယ်။ Doctor Strange နဲ့ အတူ ပါလာတဲ့ လူကတော့ Doctor Strange ကို မှော်ပညာ သင်ပေးခဲ့သူ ဖြစ်ပါလိမ့်မယ်။ နောက်ထပ် ဇာတ်ဝင်ခန်းတစ်ခုမှာဆိုရင် Strange ဟာ Ancient One နဲ့ တိုက်ခိုက်နေပြီး သူတို့နှစ်ယောက်က လက်ရည်ညီနေတာကို တွေ့ခဲ့ရပါတယ်။ ဒါပေမယ့်လည်း နောက်ထပ် ဇာတ်ဝင်ခန်းတွေမှာတော့ Ancient One ဝတ်ဆင်ထားတဲ့ Eye of Agamotto ဟာ Doctor Strange ဆီ ရောက်နေတာကြောင့် အဲ့ဒီတိုက်ပွဲမှာ Doctor Strange က နိုင်သွားတယ်လို့ ယူဆနိုင်ပါတယ်။

(3) Star-Lord ဖြစ်လာတဲ့ T’Challa
photo via screenrant

နောက်ထပ် Timeline တစ်ခုမှာတော့ Yondu ပြန်ပေးဆွဲသွားတဲ့ ကောင်လေးဟာ Peter Quill မဟုတ်ဘဲ Wankanda က T’Challa ဖြစ်နေပါတယ်။ Guardians of the Galaxy ထဲမှာတော့ Quill ဟာ သူ လုပ်ချင်တာ လုပ်နိုင်ဖို့ Youdu ဆီက ထွက်လာခဲ့ပါတယ်။ ဒါပေမယ့်လည်း T’Challa ကတော့ အဲ့ဒီလိုထွက်မလာခဲ့ဘဲ Yondu နဲ့ပဲ နေထိုင်ပြီး T’Challa နဲ့ Yondu တို့ဟာ အဖေနဲ့သားရဲ့ ဆက်ဆံရေးမျိူး ရှိနေတာကို တွေ့ခဲ့ရပါတယ်။

ဒါကြောင့်ပဲ T’Challa ဟာ Quill နဲ့ လုံးဝကို ကွာခြားတဲ့ Star-Lord လို့ ပြောရင် မမှားပါဘူး။ ဒါ့အပြင် T’Challa ဟာ Team Player တစ်ယောက် ဖြစ်ပြီး သူကိုယ်တိုင်လည်း အဖွဲ့ကို ဦးဆောင်ခဲ့ကြောင်း တွေ့ရပါတယ်။ T’Challa ဟာ Quill နဲ့ လုံးဝမတူညီတဲ့ Star-Lord ဖြစ်နေပေမယ့်လည်း ၂၀၁၄ ခုနှစ်မှာတော့ Morag ဂြိုဟ်ပေါ်ကို Power Stone လာရောက်ယူခဲ့ပါတယ်။ အဲ့ဒီအပိုင်းထဲမှာတော့ Ronan နဲ့ Thanos တို့လည်း ပါဝင်လာနိုင်ပါတယ်။ ဒါ့အပြင် T’Challa ဟာ Drax နဲ့လည်း တွေ့ဆုံခဲ့ပါသေးတယ်။

(4) The Hulk ပရောဂျက်ကို နှောင့်ယှက်ခဲ့တဲ့ Black Widow
photo via screenrant

What If…? နဲ့ ပတ်သက်တဲ့ ပစ္စည်းတွေကို ထုတ်လုပ်ခဲ့တဲ့ Merchandise တွေမှာတော့ Black Widow ကို Red Room ရဲ့ ဝတ်စုံနဲ့ မြင်တွေ့ခဲ့ရတာကြောင့် ဒီ Timeline က Black Widow ဟာ Red Room ပရိုဂရမ်က မထွက်ခဲ့ဘူးလို့ သိရပါတယ်။ နောက်ထပ် ဇာတ်ဝင်ခန်းတစ်ခုမှာတော့ ဗိုလ်မှူး Ross ရဲ့ Hulk ကို ဖန်တီးမယ့် Super Soldier ပရောဂျက်ကို Black Widow က နှောင့်ယှက်ခဲ့ပါတယ်။

ဒီအချက်ကြောင့်လည်း Red Room ပါဝင်ပတ်သက်နေတဲ့ Hulk ရဲ့ မတူညီတဲ့ Origin ကိုလည်း မြင်တွေ့ရဦးမှာပါ။ နောက်ထပ် စိတ်ဝင်စားစရာတစ်ချက်တော့ Hulk ဟာ Ultron ရဲ့ စစ်တပ်ကြီးကို တိုက်ခိုက်နေတာကိုလည်း တွေ့ခဲ့ရပါသေးတယ်။ ဒါပေမယ့်လည်း Ultron က ဘယ်လိုဇာတ်ကောင်နေရာမှာ ပါဝင်လာမယ်ဆိုတာတော့ သေချာ မသိရသေးပါဘူး။

(5) Thor Vs. Ultron
photo via screenrant

ဒီထွေလာထဲက ဇာတ်ဝင်ခန်းတစ်ခုမှာတော့ Thor ဟာ Ultron နဲ့ တိုက်ခိုက်နေတာကို မြင်တွေ့ခဲ့ရပါတယ်။ ဒီ Timeline ထဲက Thor ဟာ ဘယ်သူ့ရဲ့ အသက်ကိုမှ တန်ဖိုးထားတတ်ဖို့ မသင်ယူခဲ့တဲ့ Thor ဖြစ်နေနိုင်ပါတယ်။ ဒါကြောင့်ပဲ သူဟာ လောကကိုးခုရဲ့ ဘုရင် ဖြစ်လာဖို့ဆိုရင် ဘာကိုမှ ဂရုစိုက်မှာ မဟုတ်ပါဘူး။

အဲ့ဒီ Thor ဟာ Mjolnir ကို ကိုင်ဆောင်ထားသေးပေမယ့်လည်း အဲ့ဒီ Mjolnir ကို ထိုက်တန်သူကပဲ မ,နိုင်မယ်ဆိုတဲ့ အချက်ကိုတော့ Odin က ဘယ်တုန်းကမှ ပြုလုပ်ခဲ့ပုံ မပေါ်ပါဘူး။ နောက်ထပ် ဇာတ်ဝင်ခန်းတွေထဲမှာတော့ Loki ဟာ Asgardian စစ်တပ်ကြီးကို ဦးဆောင်ကာ အေးဂျင့် Coulson ဦးဆောင်တဲ့ SHIELD အဖွဲ့အစည်းနဲ့ ရင်ဆိုင်ခဲ့ပါတယ်။ ဒီဇာတ်ဝင်ခန်းနှစ်ခုကတော့ Timeline တစ်ခုတည်း ဖြစ်နေနိုင်ပါတယ်။

(6) Captain Carter နဲ့ Howard Stark
photo via screenrant

ဒီ Timeline ထဲမှာတော့ ကမ္ဘာ့ပထမဆုံး Super Soldier ဖြစ်လာသူဟာ Steve Rogers မဟုတ်ဘဲ Peggy Carter ဖြစ်နေပါတယ်။ အဲ့ဒီနောက်မှာတော့ Peggy Carter ဟာ Captain Britain လို့ ခံယူထားပေမယ့် သူမကိုယ်သူမတော့ Captain Carter လို့ပဲ ခေါ်ဆိုခဲ့ပါတယ်။ Howard Stark ကတော့ Iron Man လိုဝတ်စုံ တီထွင်ခဲ့ပြီး Captain Carter နဲ့ ပါတနာတွေ ဖြစ်လာခဲ့ပါတယ်။

Howard Stark ရဲ့ ဝတ်စုံမှာတော့ အမေရိကန်နိုင်ငံရဲ့ တံဆိပ်ပါဝင်တာကြောင့် သူတို့နှစ်ယောက်ဟာ အမေရိကန်နဲ့ အင်္ဂလန်တို့ရဲ့ မဟာမိတ်တွေ ဖြစ်နေပါလိမ့်မယ်။ အဲ့ဒီနောက်မှာတော့ Captain Carter ဟာ အပေါ်မှာ ဖော်ပြခဲ့တဲ့ Doctor Strange နဲ့ တွေ့ဆုံခဲ့တဲ့ အခန်းလည်း ပါဝင်ခဲ့ပါတယ်။ ဒါကြောင့် What If…? ဇာတ်လမ်းတွဲဟာ မတူညီတဲ့ Timeline တွေ တစ်ခုချင်းစီကိုပဲ ပြသသွားမှာ မဟုတ်ဘဲ Multiverse တစ်ခုလုံးဟာ ပေါင်းစည်းသွားမယ့်အကြောင်း မြင်တွေ့သွားရမှာပါ။

(7) Marvel Zombies
photo via screenrant

ဒီ Timeline မှာတော့ Marvel ဟီးရိုးတွေ အများစုဟာ ဇွန်ဘီတွေအဖြစ် ပြောင်းလဲသွားတာကို မြင်တွေ့ရမှာပါ။ ဒီဇာတ်လမ်းကတော့ Marvel Zombies ကောမစ်ထဲက အချက်အများစုကို အခြေခံပြီး ဖန်တီးထားတာလည်း ဖြစ်ပါတယ်။ ဒီ Timeline မှာ ရှိသမျှ လူတွေဟာ ဇွန်ဘီတွေ ဖြစ်သွားပြီး Multiverse ကြီးတစ်ခုလုံး ပေါင်းစည်းသွားတဲ့အချိန်မှာတော့ တခြား Timeline က လူတွေဟာ အဲ့ဒီဇွန်ဘီတွေနဲ့ ရင်ဆိုင်ရမှာ ဖြစ်နိုင်ပါတယ်။

(8) Mind Stone ကို ဖျက်ဆီးနေတဲ့ Vision
photo via screenrant

ဒီထွေလာထဲမှာတော့ Vision ပါဝင်နေတဲ့ ဇာတ်ဝင်ခန်းအချို့ကို မြင်တွေ့ခဲ့ရပါတယ်။ ဒါ့အပြင် တခြားသူတွေကို Multiverse ကြီးတစ်ခုလုံး ပေါင်းစည်းတော့မယ့်အကြောင်း Vision ကပဲ ပြောပြခဲ့တာကို မြင်ခဲ့ရပါတယ်။ ဒါပေမယ့်လည်း Vision ဟာ ဘယ်လိုနေရာက ပါဝင်လာမလည်း ဆိုတာတော့ မသိရသေးပါဘူး။ ဒါ့အပြင် နောက်ထပ် ဇာတ်ဝင်ခန်းတစ်ခုမှာဆိုရင် Vision ဟာ သူ့ရဲ့ နဖူးမှာရှိတဲ့ Mind Stone ကို သူကိုယ်တိုင်ပဲ ဖျက်ဆီးနေတာကို မြင်ခဲ့ရပြီး ဘာကြောင့်လည်း ဆိုတာကိုတော့ မသိရသေးပါဘူး။ ဒါပေမယ့်လည်း Infinity Stone တွေနဲ့တော့ တစ်ခုခု သက်ဆိုင်နေမယ်လို့ ထင်ပါတယ်။

(9) Guardians of the Multiverse
photo via screenrant

What If…? ရဲ့ Merchandise တွေက သိရသလောက်ဆိုရင်တော့ အပေါ်မှာ ဖော်ပြခဲ့တဲ့ Timeline တစ်ခုချင်းစီက ဇာတ်ကောင်‌တွေဟာ ပေါင်းစည်းသွားပြီး Multiverse နဲ့ ပတ်သက်တဲ့ အန္တရာယ်ကို ရင်ဆိုင်ကြမယ်လို့ သိရပါတယ်။ အခုချိန်မှာတော့ ဒီထွေလာထဲမှာလည်း အဲ့ဒီအချက်ကို အတည်ပြုသွားခဲ့ပါတယ်။

ထွေလာထဲမှာတော့ အဲ့ဒီဇာတ်ကောင်‌တွေရဲ့ တချို့တဝက်ကိုပဲ မြင်ခဲ့ရပါတယ်။ ဒါပေမယ့်လည်း ကျွန်တော်တို့ မြင်ခဲ့ရတဲ့ ဇာတ်ကောင်တွေကတော့ Killmonger ရဲ့ Black Panther ၊ Thanos ရဲ့ ဝတ်စုံနဲ့ လက်နက်ကို ကိုင်ဆောင်ထားတဲ့ Gamora ၊ T’Challa ရဲ့ Star-Lord နဲ့ Thor တို့ကို မြင်တွေ့ခဲ့ရပါတယ်။

ဒါ့အပြင် ကျွန်တော်တို့ မမြင်ခဲ့ရတဲ့ ဇာတ်ကောင်တွေကတော့ Captain Carter ၊ Doctor Strange နဲ့ Black Widow တို့ ဖြစ်တယ်ဆိုတာကို Merchandise တွေကြောင့် သိခဲ့ရပါတယ်။ အခုချိန်ထိတော့ ဒီလိုမျိူး မတူညီတဲ့ Timeline က မတူညီတဲ့ ဇာတ်ကောင်တွေက ဘယ်လိုမျိူး ပေါင်းစည်းသွားကြလည်းဆိုတာ မသိရသေးပါဘူး။

ဒါပေမယ့်လည်း ဖြစ်နိုင်ချေများတာကတော့ Watcher ဟာ Multiverse ကြီးကို စောင့်ကြည့်ရုံသက်သက်ပဲ ပြုလုပ်ရမှာ ဖြစ်ပေမယ့်လည်း ဒီတစ်ခေါက်မှာတော့ Multiverse ထဲမှာ ရှိနေတဲ့ ဇာတ်ကောင်တွေကို ဖြစ်လာတော့မယ့် အန္တရာယ်အကြောင်း သတိပေးပြီး ပေါင်းစည်းခဲ့တယ်ဆိုတာပဲ ဖြစ်ပါတယ်။

(10) Scarlet Witch
photo via screenrant

ဒီထွေလာရဲ့ အဆုံးသတ်နားမှာတော့ Scarlet Witch လို့ ယူဆရတဲ့ ဇာတ်ကောင်တစ်ယောက်ဟာ Energy တွေ ထုတ်လွှတ်နေတာကို မြင်တွေ့ခဲ့ရပါတယ်။ WandaVison ထဲမှာတော့ Wanda ဟာ Scarlet Witch ဖြစ်သွားပြီး Darkhold ရဲ့ မှော်စွမ်းအားတွေကိုလည်း လေ့လာနေပြီ ဖြစ်ပါတယ်။

ပရိသတ်တွေ အများစုကတော့ Doctor Strange 2 ထဲမှာ ပါဝင်လာမယ့် Wanda ကို ပိုမိုစွမ်းအားကြီးမားလာဖို့ မျှော်လင့်နေကြပြီး Elizabeth Olsen ကိုယ်တိုင်ကလည်း သူမရဲ့ဇာတ်ကောင်ဟာ ပိုပြီး အစွမ်းကြီးလာမယ်လို့ ပြောထားပါတယ်။ What If…? ဇာတ်လမ်းတွဲထဲမှာလည်း Scarlet Witch က ပိုမိုစွမ်းအားကြီးလာတာကို မြင်တွေ့ရနိုင်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Disney+ က ျပသသြားမယ့္ animation ဇာတ္လမ္းတြဲတစ္ခု ျဖစ္တဲ့ What If…? ကိုေတာ့ ဩဂုတ္လ (၁၁)ရက္ေန႔မွာ ၾကည့္ရႈရေတာ့မွာ ျဖစ္ပါတယ္။ ဒီဇာတ္လမ္းတြဲထဲမွာေတာ့ MCU ထဲက သ႐ုပ္ေဆာင္အမ်ားစုဟာ သူတို႔ရဲ႕ဇာတ္ေကာင္ေနရာ အသီးသီးမွာ အသံသ႐ုပ္ေဆာင္အျဖစ္ ပါဝင္သြားၾကမွာ ျဖစ္ပါတယ္။

မၾကာေသးခင္ကပဲ ဒီဇာတ္လမ္းတြဲရဲ႕ ေထြလာ ထြက္ရွိလာပါတယ္။ ဒီေထြလာထဲမွာေတာ့ MCU ရဲ႕ Multiverse ကို ျမင္ေတြ႕ရမွာ ျဖစ္ၿပီး ကြၽန္ေတာ္တို႔ေတြ ရင္းႏွီးၿပီးသား ဇာတ္ေကာင္ေတြကို ေနာက္ထပ္ဗားရွင္းေတြနဲ႔ ျမင္ေတြ႕သြားရမွာ ျဖစ္ပါတယ္။ ဒီေထြလာထဲက စိတ္ဝင္စားဖို႔ေကာင္းတဲ့ အခ်က္ေတြကိုေတာ့ ေအာက္မွာ ဆက္လက္ ေဖာ္ျပေပးသြားပါမယ္။

(1) Tony Stark ကို ကယ္တင္ခဲ့တဲ့ Killmonger
photo via screenrant

Iron Man ႐ုပ္ရွင္ဟာ MCU ကို စတင္ခဲ့တာ ျဖစ္တာေၾကာင့္ ဒီေထြလာကိုလည္း အနည္းငယ္ ေျပာင္းလဲထားတဲ့ Iron Man ရဲ႕ Origin နဲ႔ စတင္ထားပါတယ္။ Iron Man ႐ုပ္ရွင္အစမွာ ျမင္ေတြ႕ခဲ့ရသလိုပဲ Tony Stark ဟာ စစ္ကားေတြနဲ႔ ခရီးသြားေနရင္း လမ္းခုလတ္မွာ တိုက္ခိုက္ခံခဲ့ရပါတယ္။

Iron Man ႐ုပ္ရွင္နဲ႔ မတူညီတဲ့ အခ်က္ကေတာ့ အခုလို တိုက္ခိုက္ခံရတဲ့အခ်ိန္မွာ Killmonger က Tony Stark ကို ကယ္တင္သြားတာပဲ ျဖစ္ပါတယ္။ Killmonger ကိုေတာ့ MCU ထဲက ဝတ္စုံနဲ႔ ျမင္ေတြ႕ခဲ့ရၿပီး Killmonger နဲ႔ Tony တို႔ဟာ မိတ္ေဆြေတြ ျဖစ္သြားၾကပါတယ္။ ဒါေၾကာင့္ပဲ What If…? ထဲက Tony ဟာ Iron Man ႐ုပ္ရွင္ထဲက Tony လိုမ်ိဴး ျပန္ေပးဆြဲမခံခဲ့ရတာေၾကာင့္ သူ႔ရဲ႕လုပ္ငန္းအေပၚ အျမင္မွန္လည္း မရခဲ့ပါဘူး။

ေနာက္ထပ္ ဇာတ္ဝင္ခန္းတစ္ခုမွာေတာ့ Killmonger ဟာ Wankanda ကို သိမ္းယူဖို႔အတြက္ စစ္တပ္တစ္ခုကို ဦးေဆာင္ေနတာ ျမင္ေတြ႕ခဲ့ရပါတယ္။ ဒါ့အျပင္ Killmonger ရဲ႕ စစ္တပ္ထဲမွာ Android ေတြလည္း ပါဝင္ေနတာေၾကာင့္ Tony က ကူညီေပးေနတယ္လို႔ ယူဆႏိုင္ပါတယ္။ Funko Pop အ႐ုပ္ကုမၸဏီက ထုတ္လုပ္ခဲ့တဲ့ အ႐ုပ္ေတြကေတာ့ Killmonger ဟာ Wankanda ရဲ႕ ဘုရင္ျဖစ္သြားၿပီး Black Panther ျဖစ္လာတယ္လို႔ အတည္ျပဳခဲ့ပါတယ္။

ဒါေပမယ့္လည္း ဒီေထြလာထဲက ေနာက္ထပ္ ဇာတ္ဝင္ခန္းေတြကို ၾကည့္ျခင္းအားျဖင့္ Killmonger ရဲ႕ ထီးနန္းဟာ မတည္ၿငိမ္ဘဲ Wankanda ရဲ႕ ေတာ္ဝင္မိသားစုေတြက သူ႔ကိုပုန္ကန္ေနတာကို ေတြ႕ရပါတယ္။ ဒါ့အျပင္ Shuri ကလည္း အေတာ္ေလး ငယ္႐ြယ္ေနၿပီး Wankanda ရဲ႕ ေတာ္ဝင္မိသားစုေတြကို ကူညီေပးေနတာကေတာ့ Pepper Potts ပဲ ျဖစ္ပါတယ္။ ဒါေၾကာင့္ပဲ Tony နဲ႔ Killmonger က တစ္ဘက္၊ Wankanda ရဲ႕ ေတာ္ဝင္မိသားစုေတြနဲ႔ Pepper Potts တို႔က တစ္ဘက္ ရင္ဆိုင္ေတြ႕ၾကမွာပါ။

(2) Evil Doctor Strange
photo via screenrant

Evil Doctor Strange ကေတာ့ သူရဲ႕ ခ်စ္ရသူ ေသဆုံးသြားတာေၾကာင့္ အခုလိုမ်ိဴး ဆိုးသြမ္းတဲ့ ေမွာ္ပညာရွင္တစ္ေယာက္ ျဖစ္လာတာပါ။ ဒီေထြလာထဲမွာ ျပသြားသေလာက္ဆိုရင္ Evil Doctor Strange ရဲ႕ ဇာတ္ေၾကာင္းကို ခန႔္မွန္းဖို႔ မျဖစ္ႏိုင္ပါဘူး။ ဇာတ္ဝင္ခန္းတစ္ခုမွာေတာ့ Doctor Strange ကို WandaVision ထဲမွာ ေတြ႕ခဲ့ရတဲ့ Mystical Rune ေတြက ပတ္လည္ဝိုင္းေနတာကို ျမင္ေတြ႕ခဲ့ရၿပီး Multiverse ထဲကို ေရာက္ရွိသြားပါတယ္။

ေနာက္ထပ္ ဇာတ္ဝင္ခန္းတစ္ခုမွာေတာ့ Doctor Strange ဟာ လူတစ္ေယာက္နဲ႔အတူ ပန္းေရာင္သစ္ပင္ႀကီး ရွိေနတဲ့ ခန္းမထဲကို ဝင္ေရာက္လာပါတယ္။ Doctor Strange နဲ႔ အတူ ပါလာတဲ့ လူကေတာ့ Doctor Strange ကို ေမွာ္ပညာ သင္ေပးခဲ့သူ ျဖစ္ပါလိမ့္မယ္။ ေနာက္ထပ္ ဇာတ္ဝင္ခန္းတစ္ခုမွာဆိုရင္ Strange ဟာ Ancient One နဲ႔ တိုက္ခိုက္ေနၿပီး သူတို႔ႏွစ္ေယာက္က လက္ရည္ညီေနတာကို ေတြ႕ခဲ့ရပါတယ္။ ဒါေပမယ့္လည္း ေနာက္ထပ္ ဇာတ္ဝင္ခန္းေတြမွာေတာ့ Ancient One ဝတ္ဆင္ထားတဲ့ Eye of Agamotto ဟာ Doctor Strange ဆီ ေရာက္ေနတာေၾကာင့္ အဲ့ဒီတိုက္ပြဲမွာ Doctor Strange က ႏိုင္သြားတယ္လို႔ ယူဆႏိုင္ပါတယ္။

(3) Star-Lord ျဖစ္လာတဲ့ T’Challa
photo via screenrant

ေနာက္ထပ္ Timeline တစ္ခုမွာေတာ့ Yondu ျပန္ေပးဆြဲသြားတဲ့ ေကာင္ေလးဟာ Peter Quill မဟုတ္ဘဲ Wankanda က T’Challa ျဖစ္ေနပါတယ္။ Guardians of the Galaxy ထဲမွာေတာ့ Quill ဟာ သူ လုပ္ခ်င္တာ လုပ္ႏိုင္ဖို႔ Youdu ဆီက ထြက္လာခဲ့ပါတယ္။ ဒါေပမယ့္လည္း T’Challa ကေတာ့ အဲ့ဒီလိုထြက္မလာခဲ့ဘဲ Yondu နဲ႔ပဲ ေနထိုင္ၿပီး T’Challa နဲ႔ Yondu တို႔ဟာ အေဖနဲ႔သားရဲ႕ ဆက္ဆံေရးမ်ိဴး ရွိေနတာကို ေတြ႕ခဲ့ရပါတယ္။

ဒါေၾကာင့္ပဲ T’Challa ဟာ Quill နဲ႔ လုံးဝကို ကြာျခားတဲ့ Star-Lord လို႔ ေျပာရင္ မမွားပါဘူး။ ဒါ့အျပင္ T’Challa ဟာ Team Player တစ္ေယာက္ ျဖစ္ၿပီး သူကိုယ္တိုင္လည္း အဖြဲ႕ကို ဦးေဆာင္ခဲ့ေၾကာင္း ေတြ႕ရပါတယ္။ T’Challa ဟာ Quill နဲ႔ လုံးဝမတူညီတဲ့ Star-Lord ျဖစ္ေနေပမယ့္လည္း ၂၀၁၄ ခုႏွစ္မွာေတာ့ Morag ၿဂိဳဟ္ေပၚကို Power Stone လာေရာက္ယူခဲ့ပါတယ္။ အဲ့ဒီအပိုင္းထဲမွာေတာ့ Ronan နဲ႔ Thanos တို႔လည္း ပါဝင္လာႏိုင္ပါတယ္။ ဒါ့အျပင္ T’Challa ဟာ Drax နဲ႔လည္း ေတြ႕ဆုံခဲ့ပါေသးတယ္။

(4) The Hulk ပေရာဂ်က္ကို ေႏွာင့္ယွက္ခဲ့တဲ့ Black Widow
photo via screenrant

What If…? နဲ႔ ပတ္သက္တဲ့ ပစၥည္းေတြကို ထုတ္လုပ္ခဲ့တဲ့ Merchandise ေတြမွာေတာ့ Black Widow ကို Red Room ရဲ႕ ဝတ္စုံနဲ႔ ျမင္ေတြ႕ခဲ့ရတာေၾကာင့္ ဒီ Timeline က Black Widow ဟာ Red Room ပ႐ိုဂရမ္က မထြက္ခဲ့ဘူးလို႔ သိရပါတယ္။ ေနာက္ထပ္ ဇာတ္ဝင္ခန္းတစ္ခုမွာေတာ့ ဗိုလ္မႉး Ross ရဲ႕ Hulk ကို ဖန္တီးမယ့္ Super Soldier ပေရာဂ်က္ကို Black Widow က ေႏွာင့္ယွက္ခဲ့ပါတယ္။

ဒီအခ်က္ေၾကာင့္လည္း Red Room ပါဝင္ပတ္သက္ေနတဲ့ Hulk ရဲ႕ မတူညီတဲ့ Origin ကိုလည္း ျမင္ေတြ႕ရဦးမွာပါ။ ေနာက္ထပ္ စိတ္ဝင္စားစရာတစ္ခ်က္ေတာ့ Hulk ဟာ Ultron ရဲ႕ စစ္တပ္ႀကီးကို တိုက္ခိုက္ေနတာကိုလည္း ေတြ႕ခဲ့ရပါေသးတယ္။ ဒါေပမယ့္လည္း Ultron က ဘယ္လိုဇာတ္ေကာင္ေနရာမွာ ပါဝင္လာမယ္ဆိုတာေတာ့ ေသခ်ာ မသိရေသးပါဘူး။

(5) Thor Vs. Ultron
photo via screenrant

ဒီေထြလာထဲက ဇာတ္ဝင္ခန္းတစ္ခုမွာေတာ့ Thor ဟာ Ultron နဲ႔ တိုက္ခိုက္ေနတာကို ျမင္ေတြ႕ခဲ့ရပါတယ္။ ဒီ Timeline ထဲက Thor ဟာ ဘယ္သူ႔ရဲ႕ အသက္ကိုမွ တန္ဖိုးထားတတ္ဖို႔ မသင္ယူခဲ့တဲ့ Thor ျဖစ္ေနႏိုင္ပါတယ္။ ဒါေၾကာင့္ပဲ သူဟာ ေလာကကိုးခုရဲ႕ ဘုရင္ ျဖစ္လာဖို႔ဆိုရင္ ဘာကိုမွ ဂ႐ုစိုက္မွာ မဟုတ္ပါဘူး။

အဲ့ဒီ Thor ဟာ Mjolnir ကို ကိုင္ေဆာင္ထားေသးေပမယ့္လည္း အဲ့ဒီ Mjolnir ကို ထိုက္တန္သူကပဲ မ,ႏိုင္မယ္ဆိုတဲ့ အခ်က္ကိုေတာ့ Odin က ဘယ္တုန္းကမွ ျပဳလုပ္ခဲ့ပုံ မေပၚပါဘူး။ ေနာက္ထပ္ ဇာတ္ဝင္ခန္းေတြထဲမွာေတာ့ Loki ဟာ Asgardian စစ္တပ္ႀကီးကို ဦးေဆာင္ကာ ေအးဂ်င့္ Coulson ဦးေဆာင္တဲ့ SHIELD အဖြဲ႕အစည္းနဲ႔ ရင္ဆိုင္ခဲ့ပါတယ္။ ဒီဇာတ္ဝင္ခန္းႏွစ္ခုကေတာ့ Timeline တစ္ခုတည္း ျဖစ္ေနႏိုင္ပါတယ္။

(6) Captain Carter နဲ႔ Howard Stark
photo via screenrant

ဒီ Timeline ထဲမွာေတာ့ ကမာၻ႔ပထမဆုံး Super Soldier ျဖစ္လာသူဟာ Steve Rogers မဟုတ္ဘဲ Peggy Carter ျဖစ္ေနပါတယ္။ အဲ့ဒီေနာက္မွာေတာ့ Peggy Carter ဟာ Captain Britain လို႔ ခံယူထားေပမယ့္ သူမကိုယ္သူမေတာ့ Captain Carter လို႔ပဲ ေခၚဆိုခဲ့ပါတယ္။ Howard Stark ကေတာ့ Iron Man လိုဝတ္စုံ တီထြင္ခဲ့ၿပီး Captain Carter နဲ႔ ပါတနာေတြ ျဖစ္လာခဲ့ပါတယ္။

Howard Stark ရဲ႕ ဝတ္စုံမွာေတာ့ အေမရိကန္ႏိုင္ငံရဲ႕ တံဆိပ္ပါဝင္တာေၾကာင့္ သူတို႔ႏွစ္ေယာက္ဟာ အေမရိကန္နဲ႔ အဂၤလန္တို႔ရဲ႕ မဟာမိတ္ေတြ ျဖစ္ေနပါလိမ့္မယ္။ အဲ့ဒီေနာက္မွာေတာ့ Captain Carter ဟာ အေပၚမွာ ေဖာ္ျပခဲ့တဲ့ Doctor Strange နဲ႔ ေတြ႕ဆုံခဲ့တဲ့ အခန္းလည္း ပါဝင္ခဲ့ပါတယ္။ ဒါေၾကာင့္ What If…? ဇာတ္လမ္းတြဲဟာ မတူညီတဲ့ Timeline ေတြ တစ္ခုခ်င္းစီကိုပဲ ျပသသြားမွာ မဟုတ္ဘဲ Multiverse တစ္ခုလုံးဟာ ေပါင္းစည္းသြားမယ့္အေၾကာင္း ျမင္ေတြ႕သြားရမွာပါ။

(7) Marvel Zombies
photo via screenrant

ဒီ Timeline မွာေတာ့ Marvel ဟီး႐ိုးေတြ အမ်ားစုဟာ ဇြန္ဘီေတြအျဖစ္ ေျပာင္းလဲသြားတာကို ျမင္ေတြ႕ရမွာပါ။ ဒီဇာတ္လမ္းကေတာ့ Marvel Zombies ေကာမစ္ထဲက အခ်က္အမ်ားစုကို အေျခခံၿပီး ဖန္တီးထားတာလည္း ျဖစ္ပါတယ္။ ဒီ Timeline မွာ ရွိသမွ် လူေတြဟာ ဇြန္ဘီေတြ ျဖစ္သြားၿပီး Multiverse ႀကီးတစ္ခုလုံး ေပါင္းစည္းသြားတဲ့အခ်ိန္မွာေတာ့ တျခား Timeline က လူေတြဟာ အဲ့ဒီဇြန္ဘီေတြနဲ႔ ရင္ဆိုင္ရမွာ ျဖစ္ႏိုင္ပါတယ္။

(8) Mind Stone ကို ဖ်က္ဆီးေနတဲ့ Vision
photo via screenrant

ဒီေထြလာထဲမွာေတာ့ Vision ပါဝင္ေနတဲ့ ဇာတ္ဝင္ခန္းအခ်ိဳ႕ကို ျမင္ေတြ႕ခဲ့ရပါတယ္။ ဒါ့အျပင္ တျခားသူေတြကို Multiverse ႀကီးတစ္ခုလုံး ေပါင္းစည္းေတာ့မယ့္အေၾကာင္း Vision ကပဲ ေျပာျပခဲ့တာကို ျမင္ခဲ့ရပါတယ္။ ဒါေပမယ့္လည္း Vision ဟာ ဘယ္လိုေနရာက ပါဝင္လာမလည္း ဆိုတာေတာ့ မသိရေသးပါဘူး။ ဒါ့အျပင္ ေနာက္ထပ္ ဇာတ္ဝင္ခန္းတစ္ခုမွာဆိုရင္ Vision ဟာ သူ႔ရဲ႕ နဖူးမွာရွိတဲ့ Mind Stone ကို သူကိုယ္တိုင္ပဲ ဖ်က္ဆီးေနတာကို ျမင္ခဲ့ရၿပီး ဘာေၾကာင့္လည္း ဆိုတာကိုေတာ့ မသိရေသးပါဘူး။ ဒါေပမယ့္လည္း Infinity Stone ေတြနဲ႔ေတာ့ တစ္ခုခု သက္ဆိုင္ေနမယ္လို႔ ထင္ပါတယ္။

(9) Guardians of the Multiverse
photo via screenrant

What If…? ရဲ႕ Merchandise ေတြက သိရသေလာက္ဆိုရင္ေတာ့ အေပၚမွာ ေဖာ္ျပခဲ့တဲ့ Timeline တစ္ခုခ်င္းစီက ဇာတ္ေကာင္‌ေတြဟာ ေပါင္းစည္းသြားၿပီး Multiverse နဲ႔ ပတ္သက္တဲ့ အႏၲရာယ္ကို ရင္ဆိုင္ၾကမယ္လို႔ သိရပါတယ္။ အခုခ်ိန္မွာေတာ့ ဒီေထြလာထဲမွာလည္း အဲ့ဒီအခ်က္ကို အတည္ျပဳသြားခဲ့ပါတယ္။

ေထြလာထဲမွာေတာ့ အဲ့ဒီဇာတ္ေကာင္‌ေတြရဲ႕ တခ်ိဳ႕တဝက္ကိုပဲ ျမင္ခဲ့ရပါတယ္။ ဒါေပမယ့္လည္း ကြၽန္ေတာ္တို႔ ျမင္ခဲ့ရတဲ့ ဇာတ္ေကာင္ေတြကေတာ့ Killmonger ရဲ႕ Black Panther ၊ Thanos ရဲ႕ ဝတ္စုံနဲ႔ လက္နက္ကို ကိုင္ေဆာင္ထားတဲ့ Gamora ၊ T’Challa ရဲ႕ Star-Lord နဲ႔ Thor တို႔ကို ျမင္ေတြ႕ခဲ့ရပါတယ္။

ဒါ့အျပင္ ကြၽန္ေတာ္တို႔ မျမင္ခဲ့ရတဲ့ ဇာတ္ေကာင္ေတြကေတာ့ Captain Carter ၊ Doctor Strange နဲ႔ Black Widow တို႔ ျဖစ္တယ္ဆိုတာကို Merchandise ေတြေၾကာင့္ သိခဲ့ရပါတယ္။ အခုခ်ိန္ထိေတာ့ ဒီလိုမ်ိဴး မတူညီတဲ့ Timeline က မတူညီတဲ့ ဇာတ္ေကာင္ေတြက ဘယ္လိုမ်ိဴး ေပါင္းစည္းသြားၾကလည္းဆိုတာ မသိရေသးပါဘူး။

ဒါေပမယ့္လည္း ျဖစ္ႏိုင္ေခ်မ်ားတာကေတာ့ Watcher ဟာ Multiverse ႀကီးကို ေစာင့္ၾကည့္႐ုံသက္သက္ပဲ ျပဳလုပ္ရမွာ ျဖစ္ေပမယ့္လည္း ဒီတစ္ေခါက္မွာေတာ့ Multiverse ထဲမွာ ရွိေနတဲ့ ဇာတ္ေကာင္ေတြကို ျဖစ္လာေတာ့မယ့္ အႏၲရာယ္အေၾကာင္း သတိေပးၿပီး ေပါင္းစည္းခဲ့တယ္ဆိုတာပဲ ျဖစ္ပါတယ္။

(10) Scarlet Witch
photo via screenrant

ဒီေထြလာရဲ႕ အဆုံးသတ္နားမွာေတာ့ Scarlet Witch လို႔ ယူဆရတဲ့ ဇာတ္ေကာင္တစ္ေယာက္ဟာ Energy ေတြ ထုတ္လႊတ္ေနတာကို ျမင္ေတြ႕ခဲ့ရပါတယ္။ WandaVison ထဲမွာေတာ့ Wanda ဟာ Scarlet Witch ျဖစ္သြားၿပီး Darkhold ရဲ႕ ေမွာ္စြမ္းအားေတြကိုလည္း ေလ့လာေနၿပီ ျဖစ္ပါတယ္။

ပရိသတ္ေတြ အမ်ားစုကေတာ့ Doctor Strange 2 ထဲမွာ ပါဝင္လာမယ့္ Wanda ကို ပိုမိုစြမ္းအားႀကီးမားလာဖို႔ ေမွ်ာ္လင့္ေနၾကၿပီး Elizabeth Olsen ကိုယ္တိုင္ကလည္း သူမရဲ႕ဇာတ္ေကာင္ဟာ ပိုၿပီး အစြမ္းႀကီးလာမယ္လို႔ ေျပာထားပါတယ္။ What If…? ဇာတ္လမ္းတြဲထဲမွာလည္း Scarlet Witch က ပိုမိုစြမ္းအားႀကီးလာတာကို ျမင္ေတြ႕ရႏိုင္ပါတယ္။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular