HomeEntertainmentFilmWhat If...? အပိုင်း(၇)ထဲက စိတ်ဝင်စားစရာအချက်များနဲ့ Easter Egg များ (Breakdown)

What If…? အပိုင်း(၇)ထဲက စိတ်ဝင်စားစရာအချက်များနဲ့ Easter Egg များ (Breakdown)

***Spoiler Alert***

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ပရိသတ်တွေ စောင့်မျှော်နေကြတဲ့ What If…? အပိုင်း (၇)ဟာ မကြာခင်ကပဲ ထွက်ရှိခဲ့ပါတယ်။ အပိုင်း(၇)ရဲ့ အဓိကအကြောင်းကတော့ Thor ဟာ Odin နဲ့ Frigga တို့ရဲ့ တစ်ဦးတည်းသောသား ဖြစ်ခဲ့ရင် ဘာတွေဆက်ဖြစ်မလည်းဆိုတာကို ပြသထားတာ ဖြစ်ပါတယ်။ Loki မပါဘဲ တစ်ယောက်တည်း ကြီးပြင်းလာရတဲ့ Thor ဟာ ကျွန်တော်တို့ သိထားတဲ့ Thor နဲ့ လုံးဝကွဲပြားနေပြီး ရင့်ကျက်မှု မရှိသေးတာကိုလည်း တွေ့ခဲ့ရပါတယ်။ ဒီအပိုင်းထဲမှာတော့ MCU ထဲက လူသိများတဲ့ ဇာတ်ကောင်တွေများစွာ ပါဝင်နေပြီး စိတ်ဝင်စားစရာအချက်တွေနဲ့ ပြည့်နှက်နေပါတယ်။

(1) Thor ရုပ်ရှင်ထဲက Jane Foster ရဲ့ ကား
photo via screenrant

ဒီအပိုင်းရဲ့အစမှာတော့ Jane Foster နဲ့ Darcy Lewis တို့နှစ်ယောက်ဟာ အာကာသထဲက အရာတစ်ခုခု ကမ္ဘာပေါ်ကို ရောက်လာတော့မယ်ဆိုတာ သူတို့ရဲ့စက်ပစ္စည်းတွေကြောင့် သိခဲ့ရပါတယ်။ အဲ့ဒီဇာတ်ဝင်ခန်းထဲမှာ မြင်တွေ့ခဲ့ရတဲ့ ကားကတော့ ၂၀၁၁ ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ Thor ရုပ်ရှင်ထဲက Jane Foster ရဲ့ ကားပဲ ဖြစ်ပါတယ်။ အဲ့ဒီရုပ်ရှင်ထဲမှာတုန်းက Jane နဲ့ Darcy တို့နှစ်ယောက်ဟာ အဲ့ဒီကားနဲ့ Thor ကို မတော်တဆ တိုက်မိခဲ့ကြပါသေးတယ်။

(2) နာနတ်သီးပုံနဲ့ အင်္ကျီ
photo via screenrant

Las Vegas မှာ ပျော်ပါးနေကြတဲ့ လူတွေထဲမှာတော့ လူတစ်ယောက်ဟာ နာနတ်သီးပုံနဲ့ အင်္ကျီကို ဝတ်ဆင်ထားတာ တွေ့ရပါတယ်။ အဲ့ဒီအင်္ကျီကတော့ Avengers: Endgame ထဲမှာ Korg ဝတ်ဆင်ထားတဲ့ အင်္ကျီနဲ့ အတော်လေး ဆင်တူနေပါတယ်။ ဒီအင်္ကျီဝတ်ဆင်ထားတဲ့ လူကိုတော့ နောက်ပိုင်းမှာ Lady Sif နဲ့အတူ သောက်စားနေတာကိုလည်း မြင်တွေ့ခဲ့ရပါသေးတယ်။

(3) Thor နဲ့ Loki
photo via screenrant

Watcher ပြောပြသွားသလိုပဲ Thor နဲ့ Loki တို့ နှစ်ယောက်ရဲ့ ဆက်ဆံရေး ပြောင်းလဲသွားတာနဲ့ Universe ကြီးတစ်ခုလုံးရဲ့ ကံကြမ္မာကလည်း ပြောင်းလဲသွားပါတယ်။ ဒီအပိုင်းထဲမှာတော့ Odin ဟာ Loki ကို မမွေးစားခဲ့ဘဲ Frost Giant တွေဆီ ပြန်အပ်ခဲ့ပြီး Frost Giant အနေနဲ့ ကြီးပြင်းလာစေခဲ့ပါတယ်။

MCU ရုပ်ရှင်တွေထဲမှာတော့ Loki ကြောင့်ပဲ New York မြို့ပေါ်မှာ ဂြိုဟ်သားတွေနဲ့ တိုက်ပွဲဖြစ်ခဲ့ပြီး အဲ့ဒီအချက်ကြောင့်ပဲ Avengers တွေ ဖြစ်ပေါ်လာစေခဲ့တာပါ။ ဒီအပိုင်းထဲမှာတော့ Loki ဟာ Frost Giant တွေနဲ့ပဲ နေထိုင်ခဲ့တာကြောင့် အပေါ်မှာ ဖော်ပြထားတဲ့ အချက်တွေ ဖြစ်မလာသလို Thor ဟာလည်း လုံးဝပြောင်းလဲသွားပါတယ်။

(4) Odin ရဲ့ Infinity Gauntlet အတု
photo via screenrant

Thor နဲ့ Warriors Three တို့ဟာ ကမ္ဘာပေါ်မှာ သွားရောက်ပျော်ပါးဖို့ ပြောဆိုနေတဲ့ ဇာတ်ဝင်ခန်းမှာတော့ Infinity Gauntlet အတုကို Thor ရဲ့ အနောက်မှာ မြင်တွေ့ခဲ့ရပါတယ်။ ၂၀၁၁ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Thor ရုပ်ရှင်ထဲမှာလည်း ဒီ Infinity Gauntlet ဟာ Easter Egg အနေနဲ့ ပါဝင်ခဲ့ပြီး Thor: Ragnarok ထဲမှာတော့ အဲ့ဒီ Infinity Gauntlet က အတုကြီးဆိုတာကို Hela ကပြောပြခဲ့ပါတယ်။

(5) Guardians of the Galaxy ထဲက Kraglin
photo via screenrant

Thor တို့အုပ်စု ကမ္ဘာပေါ်ကို ရောက်လာတဲ့အချိန်မှာတော့ လူတွေအားလုံးဟာ ပျော်ပါးစွာနဲ့ ပါတီပွဲဆင်နွှဲနေကြပြီး တဖြည်းဖြည်းနဲ့ ကမ္ဘာပေါ်ကို ဂြိုဟ်သားတွေများစွာ ရောက်လာပါတယ်။ ဇာတ်ဝင်ခန်းတစ်ခုမှာတော့ Lady Sif ဟာ အပေါ်မှာဖော်ပြထားတဲ့ နာနတ်သီးအင်္ကျီ ဝတ်ထားတဲ့လူနဲ့ သောက်စားနေသလို GOTG ထဲက Kraglin နဲ့လည်း သောက်စားနေတာကို တွေ့ခဲ့ရပါတယ်။

(6) Yondu နဲ့ Skrull များ
photo via screenrant

ပါတီကျင်းပနေတဲ့သူတွေကို ပြသနေတဲ့ ဇာတ်ဝင်ခန်းမှာတော့ ပရိသတ်တွေနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ ဇာတ်ကောင်တွေများစွာကို မြင်တွေ့ခဲ့ရပါတယ်။ ဒီဇာတ်ဝင်ခန်းထဲမှာဆိုရင် Skrull တစ်အုပ်စုဟာ Thor ကို အားပေးနေတာ မြင်တွေ့ရပြီး Yondu ဟာလည်း ပါတီပွဲ ဆင်နွှဲနေသူတွေထဲမှာ ပါဝင်နေပါတယ်။

(7) Karl Urban ရဲ့ Skurge
photo via screenrant

အပေါ်မှာဖော်ပြထားသလိုပဲ ဂြိုဟ်သားတွေဟာ Thor နဲ့အတူ ပါတီကျင်းပဖို့ တဖြည်းဖြည်းနဲ့ ရောက်လာကြပြီး Skurge လည်း အပါအဝင်ပဲ ဖြစ်ပါတယ်။ Skurge နေရာမှာတော့ Karl Urban က ပါဝင်သရုပ်ဆောင်ထားပြီး သူဟာ Thor: Ragnarok ထဲမှာ စတင်ပါဝင်ခဲ့တာ ဖြစ်ပါတယ်။ ဒီအပိုင်းထဲမှာတော့ သူရဲ့ စကားပြောခန်းတွေ မပါဝင်ပေမယ့်လည်း ဇာတ်ကောင်ကိုတော့ Karl Urban ရဲ့ ရုပ်အတိုင်းပဲ ဖန်တီးထားတာကို တွေ့ခဲ့ရပါတယ်။

(8) Thor ရဲ့ ဘယ်တော့မှ မကုန်တဲ့အရက်
photo via screenrant

Thor ဟာ Skurge ကို ကြိုဆိုပြီးနောက်မှာတော့ ခွက်တစ်ခုကို ကမ်းပေးပြီး “အဲ့ဒီအရက်က ဘယ်တော့မှ မကုန်ဘူး …” လို့ ပြောခဲ့ပါတယ်။ ဒီအချက်ကတော့ Thor: Ragnarok ထဲမှာ Thor နဲ့ Doctor Strange တို့ ပထမဆုံးတွေ့ဆုံတဲ့အချိန်ကို Reference အနေနဲ့ ထည့်သွင်းထားတာ ဖြစ်ပါတယ်။ အဲ့ဒီဇာတ်ဝင်ခန်းထဲမှာတော့ Doctor Strange ဟာ Thor သောက်နေတဲ့ အရက်ကို ဘယ်တော့မှ မကုန်ဘဲ အမြဲပြန်ပြည့်နေအောင် ပြုလုပ်ပေးခဲ့ပါတယ်။

(9) Howard The Duck
photo via screenrant

Howard The Duck ကတော့ အရင် What If…? အပိုင်းတွေထဲမှာ ပါဝင်ဖူးသလို ဒီအပိုင်းထဲမှာလည်း Cameo အနေနဲ့ ထပ်မံပါဝင်ခဲ့ပါတယ်။ ဒီအပိုင်းထဲမှာတော့ သူဟာ Collector ဖမ်းထားတာ မခံရဘဲ Thor ရဲ့ ပါတီမှာ လာရောက်ပျော်ပါးနေပါတယ်။ အဲ့ဒီနောက်မှာတော့ သူဟာ Darcy ဟာ တွေ့ဆုံခဲ့ပြီး နောက်ပိုင်း ဇာတ်ဝင်ခန်းတစ်ခုမှာဆိုရင် သူတို့နှစ်ယောက်ဟာ မင်္ဂလာတောင် ဆောင်လိုက်ကြပါသေးတယ်။

(10) Grandmaster နဲ့ Topaz
photo via screenrant

Thor: Ragnarok ထဲမှာ ပါဝင်ခဲ့တဲ့ Grandmaster နဲ့ Topaz တို့နှစ်ယောက်ဟာလည်း ဒီအပိုင်းထဲမှာ Thor ရဲ့ ပါတီကို လာရောက်ခဲ့ကြပါတယ်။ Grandmaster ကတော့ ပါတီတွေကို ကြိုက်နှစ်သက်တယ်ဆိုတာ Ragnarok မှာကတည်းက ပြသသွားပါတယ်။ နောက်ဇာတ်ဝင်ခန်းတစ်ခုမှာဆိုရင် Grandmaster ဟာ ပါတီမှာ ပျော်ပါးရုံတင်မကဘဲ DJ ပါ ပွတ်နေတာ မြင်တွေ့ခဲ့ရပါတယ်။

(11) Fandral ရဲ့ ဆိတ်
photo via screenrant

ဇာတ်ဝင်ခန်းတစ်ခုမှာတော့ Fandral ဟာ အလွန်မူးနေပြီး Gary လို့ခေါ်တဲ့ ဆိတ်တစ်ကောင်ဘေးမှာ အိပ်နေတယ်လို့ Thor က ပြောခဲ့ပါတယ်။ ဒီအချက်ကတော့ ကောမစ်ထဲက ဇာတ်လမ်းတစ်ခုကို ပြောသွားတာပဲ ဖြစ်ပါတယ်။ အဲ့ဒီကောမစ်ထဲမှာတော့ Fandral ဟာ ဆိတ်တစ်ကောင်ကို အချစ်ကျွန်းဆီ ပို့ဆောင်ပေးဖို့ တာဝန်ယူခဲ့ရပါတယ်။

(12) Nebula
photo via screenrant

Thor နဲ့ Jane တို့ နှစ်ယောက်ဟာ Nebula အံစာတုံးကစားနေတာကို ကြည့်နေတဲ့ ဇာတ်ဝင်ခန်းထဲမှာတော့ Nebula ဟာ “မျက်လုံးအသစ် လိုချင်တယ် …” လို့ ပြောခဲ့ပါတယ်။ အဓိက MCU ဇာတ်ကြောင်းမှာတော့ Nebula ဟာ ကလေးဘဝကတည်းက Gamora နဲ့ ယှဉ်ပြိုင်တိုက်ခိုက်ခဲ့ပြီး အကြိမ်တိုင်း ရှုံးနိမ့်ခဲ့ပါတယ်။ Thanos ကတော့ သူမ တစ်ခါရှုံးသွားတိုင်းမှာ သူမရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုကို စက်ပစ္စည်းနဲ့ အစားထိုးခဲ့ပါတယ်။ ဒီအပိုင်းထဲက Nebula ရဲ့ ပြောစကားအရဆိုရင်တော့ ဒီ Timeline မှာလည်း အလားတူပဲ ဖြစ်ပျက်ခဲ့တယ်ဆိုတာ သိသာစေပါတယ်။

(13) Valkyrie နဲ့ Drax
photo via screenrant

အပေါ်မှာ ဖော်ပြထားသလိုပဲ Thor ရဲ့ ပါတီကို လာရောက်ကြသူတွေထဲမှာ ပရိသတ်တွေနဲ့ ရင်းနှီးပြီးသား ဇာတ်ကောင်တွေများစွာ ပါဝင်ကာ Valkyrie နဲ့ Drax တို့ နှစ်ယောက်ကလည်း ပါတီမှာ ပျော်ပါးနေတာကို မြင်တွေ့ခဲ့ရပါတယ်။

(14) Thor နဲ့ Jane တို့ရဲ့ တက်တူး
photo via screenrant

ဒီဇာတ်ဝင်ခန်းထဲမှာတော့ Thor နဲ့ Jane တို့နှစ်ယောက်ဟာ အပေးအယူမျှနေကြပြီး တက်တူးတောင် တူတူထိုးခဲ့ကြပါသေးတယ်။ Thor ကတော့ Jane ကို ကိုယ်စားပြုတဲ့အနေနဲ့ “Science” လို့ ထိုးခဲ့ပြီး Jane ကတော့ Thor ကို ကိုယ်စားပြုတဲ့အနေနဲ့ “Magic” ဆိုပြီး ထိုးခဲ့ပါတယ်။ ဒါ့အပြင် ၂၀၁၁ Thor ရုပ်ရှင်ထဲမှာ Jane ပြောခဲ့တဲ့ “မှော်ပညာဆိုတာ ငါတို့နားမလည်သေးတဲ့ သိပ္ပံပညာပဲ …” ဆိုတဲ့ ဒိုင်ယာလော့ခ်ကို ရည်ညွှန်းတာလည်း ဖြစ်ပါတယ်။

(15) Rocket
photo via screenrant

Jane ဟာ မနက်မိုးလင်းလာတဲ့ အချိန်မှာတော့ ဖုန်းသံကြောင့် လန့်နိုးလာပြီး သူမဟာ Las Vegas က ဟိုတယ်တစ်ခုမှာ ရောက်နေတာကို သိလိုက်ရပါတယ်။ ဒါ့အပြင် အဲ့ဒီအခန်းထဲမှာတော့ သူမ တစ်ယောက်တည်း မဟုတ်ဘဲ မူးပြီးအိပ်ပျော်နေတဲ့ တခြားသူတွေလည်း ရှိနေပါတယ်။ Rocket ကတော့ လက်ဆေးကန်ထဲမှာ အိပ်ပျော်နေပြီး Thor ကတော့ Rocket ကို ကြည့်ကာ “လက်ဆေးကန်ထဲမှာ ချစ်စရာယုန်ကလေး …” ဆိုပြီး ပြောခဲ့ပါတယ်။ Infinity War ထဲမှာလည်း Thor ဟာ GOTG အဖွဲ့သားတွေနဲ့ ပထမဆုံးအကြိမ် တွေ့ဆုံတုန်းက Rocket ကို ယုန်လို့ပဲ ထင်ခဲ့ပါတယ်။

(16) GOTG 2 ထဲက Ayesha
photo via screenrant

ဇာတ်ဝင်ခန်းတစ်ခုမှာတော့ GOTG 2 ထဲမှာ ပါဝင်ခဲ့တဲ့ Ayesha နဲ့ သူမရဲ့ နောက်လိုက်တစ်ယောက်ဟာ Thor နဲ့အတူ ဆယ်လ်ဖီ ရိုက်နေတာကို မြင်တွေ့ခဲ့ရပါသေးတယ်။

(17) ရင်းနှီးလွန်းနေတဲ့ Thor နဲ့ Loki
photo via screenrant

ဒီအပိုင်းထဲမှာတော့ Thor နဲ့ Loki တို့နှစ်ယောက်ဟာ တစ်ယောက် တစ်နေရာစီ ကြီးပြင်းလာကြပေမယ့်လည်း သူတို့နှစ်ယောက်ဟာ အလွန်ရင်းနှီးနေပြီး ညီအစ်ကိုအရင်းလို သတ်မှတ်ထားကြပါတယ်။ သူတို့နှစ်ယောက်ဟာ အဓိက MCU Timeline ထဲတော့ အတူတူ ကြီးပြင်းလာခဲ့ပေမယ့်လည်း အခုလောက် မရင်းနှီးကြပါဘူး။ ဒါကြောင့်ပဲ ဒီအပိုင်းထဲမှာ ပြသထားတဲ့ သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကတော့ ပရိသတ်တွေအတွက် အနည်းငယ် ထူးဆန်းနေပါတယ်။

(18) Whitesnake
photo via screenrant

Shield ဟာ Thor ကို ရှင်းထုတ်ဖို့အတွက် Captain Marvel ကို အကူအညီတောင်းခဲ့တာကြောင့် Captain Marvel ဟာ Thor နဲ့ ထိပ်တိုက်တွေ့ရပါတော့တယ်။ အဲ့ဒီအချိန်မှာတော့ Captain Marvel ဟာ Thor ကို “Hey Whitesnake” လို့ ခေါ်ခဲ့ပါတယ်။ အကြောင်းကတော့ Thor နဲ့ Whitesnake အဖွဲ့ရဲ့ အဆိုတော် David Coverdale ရဲ့ ပုံစံဟာ ဆင်တူနေလို့ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် Captain Marvel ဟာ ကမ္ဘာပေါ်ကို ၁၉၈၀ ကျော်လောက်က ရောက်ခဲ့တာဖြစ်ပြီး အဲ့ဒီအချိန်တုန်းက Whitesnake အဖွဲ့ဟာ အလွန်အောင်မြင်နေတဲ့အချိန် ဖြစ်ပါတယ်။

(19) Mjolnir နဲ့ဖိတဲ့ပြကွက်
photo via screenrant

၂၀၁၁ Thor ရုပ်ရှင်ထဲမှာတော့ Thor ဟာ Mjolnir နဲ့ Loki ရဲ့ ခန္ဓာကိုယ်ကို ဖိထားခဲ့တာ မှတ်မိကြဦးမယ် ထင်ပါတယ်။ အဲ့ဒီတစ်ခေါက်ပြီးကတည်းက Thor ဟာ ဘယ်တော့မှ ဒီလိုမျိူး ထပ်မံ မလုပ်တော့တာကြောင့် ပရိသတ်အများစုဟာ မေးခွန်းထုတ်လာကြပါတယ်။ Endgame ထဲမှာလည်း Thanos ကို ဒီလိုမျိူး Mjolnir နဲ့ ဖိထားလိုက်ရင် “လွယ်လွယ်လေးပဲ …” ဆိုပြီး ပြောသူတွေလည်း ရှိပါတယ်။ ဒီအပိုင်းထဲမှာတော့ Thor ဟာ ပရိသတ်တွေ ပြောခဲ့တဲ့အတိုင်းပဲ Captain Marvel ကို Mjolnir နဲ့ ဖိထားတာ မြင်တွေ့ခဲ့ရပါတယ်။

(20) Surtur
photo via screenrant

Thor: Ragnarok ထဲမှာ Asgard ကို ဖျက်ဆီးခဲ့တဲ့ Surtur ဟာလည်း ဒီအပိုင်းထဲမှာတော့ Thor နဲ့အတူ ပါတီကျင်းပဖို့ ရောက်လာခဲ့ပါတယ်။ Surtur ဟာ New York မြို့မှာရှိတဲ့ Liberty ရုပ်တုကြီးကို အီစီကလီလုပ်နေတာလည်း တွေ့ခဲ့ရပါသေးတယ်။

(21) Mantis နဲ့ Miek
photo via screenrant

ဒီအပိုင်း ပြီးခါနီးအချိန်မှာတော့ လူတွေများစွာဟာ တံတားတစ်ခုပေါ်မှာ ပျော်ပါးနေကြပါတယ်။ အဲ့ဒီလူတွေထဲမှာတော့ GOTG 2 ထဲက Mantis နဲ့ Korg ရဲ့ သူငယ်ချင်းဖြစ်တဲ့ Miek တို့ကိုလည်း မြင်တွေ့ခဲ့ရပါတယ်။

(22) Superman 3 Reference
photo via screenrant

မိခင်ဖြစ်သူ Frigga က ကမ္ဘာပေါ်ကို ရောက်လာတော့မှာ ဖြစ်တာကြောင့် Thor ဟာ သူနဲ့ အပေါင်းအပါတွေ သောင်းကျန်းထားတဲ့ အရာတွေကို ခြေရာလက်ရာ ဖျောက်ရပါတော့တယ်။ အဲ့ဒီအချိန်မှာတော့ Thor ဟာ အီတလီမှာရှိတဲ့ Pisa တာဝါကြီးကို အတည့်ဖြစ်အောင် ပြုလုပ်ခဲ့ပါတယ်။

ဒီဇာတ်ဝင်ခန်းဟာ Thor ရဲ့ ဗဟုသုတကင်းမဲ့မှု တစ်ခုတည်းကို ပြသထားတာ မဟုတ်ဘဲ Superman 3 ကိုလည်း Reference လုပ်ထားတာ ဖြစ်ပါတယ်။ အဲ့ဒီရုပ်ရှင်ထဲမှာတော့ Evil Superman ဟာ လူတွေကို စိတ်အနှောင့်အယှက်ဖြစ်အောင် ပြုလုပ်ဖို့အတွက် မကောင်းတဲ့လုပ်ရပ်တွေကို ပြုလုပ်ခဲ့ပြီး Pisa တာဝါကို အတည့်ဖြစ်အောင် လုပ်ပေးခဲ့တာလည်း အပါဝင်ပဲ ဖြစ်ပါတယ်။

(23) Ultron နဲ့ Vision
photo via screenrant

ဒီအပိုင်းဟာ အရင်က ကြည့်ခဲ့ရတဲ့ အပိုင်းတွေလို မဟုတ်ဘဲ ဇာတ်လမ်းတစ်ခုလုံးက ဟာသတွေပဲ ဖြစ်နေပါတယ်။ ဒါပေမယ့်လည်း နောက်ဆုံးခန်းမှာတော့ Watcher အပါအဝင် လူတိုင်း အံ့ဩသွားရတဲ့ ဖြစ်ရပ်တစ်ခုကို ပြသသွားပါတယ်။ အဲ့ဒါကတော့ Ultron ဟာ Infinity Stone တွေအပြည့်နဲ့ ရောက်လာတာ ဖြစ်ပြီး မျက်နှာဖုံးကို ဖွင့်လိုက်တဲ့အချိန်မှာတော့ အထဲမှာ Vision ကို မြင်တွေ့ခဲ့ရပါတယ်။

ဒါကတော့ What If…? အပိုင်း(၇)ရဲ့ စိတ်ဝင်စားစရာအချက်တချို့ပဲ ဖြစ်ပါတယ်။ ဒီအပိုင်းကိုရော ဘယ်လိုခံစားရလည်းဆိုတာ ဆွေးနွေးခဲ့ကြပါဦး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

***Spoiler Alert***

ပရိသတ္ေတြ ေစာင့္ေမၽွာ္ေနၾကတဲ့ What If…? အပိုင္း (၇)ဟာ မၾကာခင္ကပဲ ထြက္ရွိခဲ့ပါတယ္။ အပိုင္း(၇)ရဲ့ အဓိကအေၾကာင္းကေတာ့ Thor ဟာ Odin နဲ႔ Frigga တို႔ရဲ့ တစ္ဦးတည္းေသာသား ျဖစ္ခဲ့ရင္ ဘာေတြဆက္ျဖစ္မလည္းဆိုတာကို ျပသထားတာ ျဖစ္ပါတယ္။ Loki မပါဘဲ တစ္ေယာက္တည္း ႀကီးျပင္းလာရတဲ့ Thor ဟာ ကၽြန္ေတာ္တို႔ သိထားတဲ့ Thor နဲ႔ လုံးဝကြဲျပားေနၿပီး ရင့္က်က္မွု မရွိေသးတာကိုလည္း ေတြ႕ခဲ့ရပါတယ္။ ဒီအပိုင္းထဲမွာေတာ့ MCU ထဲက လူသိမ်ားတဲ့ ဇာတ္ေကာင္ေတြမ်ားစြာ ပါဝင္ေနၿပီး စိတ္ဝင္စားစရာအခ်က္ေတြနဲ႔ ျပည့္ႏွက္ေနပါတယ္။

(1) Thor ႐ုပ္ရွင္ထဲက Jane Foster ရဲ႕ ကား
photo via screenrant

ဒီအပိုင္းရဲ့အစမွာေတာ့ Jane Foster နဲ႔ Darcy Lewis တို႔ႏွစ္ေယာက္ဟာ အာကာသထဲက အရာတစ္ခုခု ကမၻာေပၚကို ေရာက္လာေတာ့မယ္ဆိုတာ သူတို႔ရဲ့စက္ပစၥည္းေတြေၾကာင့္ သိခဲ့ရပါတယ္။ အဲ့ဒီဇာတ္ဝင္ခန္းထဲမွာ ျမင္ေတြ႕ခဲ့ရတဲ့ ကားကေတာ့ ၂၀၁၁ ခုႏွစ္တုန္းက ထြက္ရွိခဲ့တဲ့ Thor ႐ုပ္ရွင္ထဲက Jane Foster ရဲ့ ကားပဲ ျဖစ္ပါတယ္။ အဲ့ဒီ႐ုပ္ရွင္ထဲမွာတုန္းက Jane နဲ႔ Darcy တို႔ႏွစ္ေယာက္ဟာ အဲ့ဒီကားနဲ႔ Thor ကို မေတာ္တဆ တိုက္မိခဲ့ၾကပါေသးတယ္။

(2) နာနတ္သီးပုံနဲ႔ အက်ႌ
photo via screenrant

Las Vegas မွာ ေပ်ာ္ပါးေနၾကတဲ့ လူေတြထဲမွာေတာ့ လူတစ္ေယာက္ဟာ နာနတ္သီးပုံနဲ႔ အကၤ်ီကို ဝတ္ဆင္ထားတာ ေတြ႕ရပါတယ္။ အဲ့ဒီအကၤ်ီကေတာ့ Avengers: Endgame ထဲမွာ Korg ဝတ္ဆင္ထားတဲ့ အကၤ်ီနဲ႔ အေတာ္ေလး ဆင္တူေနပါတယ္။ ဒီအကၤ်ီဝတ္ဆင္ထားတဲ့ လူကိုေတာ့ ေနာက္ပိုင္းမွာ Lady Sif နဲ႔အတူ ေသာက္စားေနတာကိုလည္း ျမင္ေတြ႕ခဲ့ရပါေသးတယ္။

(3) Thor နဲ႔ Loki
photo via screenrant

Watcher ေျပာျပသြားသလိုပဲ Thor နဲ႔ Loki တို႔ ႏွစ္ေယာက္ရဲ့ ဆက္ဆံေရး ေျပာင္းလဲသြားတာနဲ႔ Universe ႀကီးတစ္ခုလုံးရဲ့ ကံၾကမၼာကလည္း ေျပာင္းလဲသြားပါတယ္။ ဒီအပိုင္းထဲမွာေတာ့ Odin ဟာ Loki ကို မေမြးစားခဲ့ဘဲ Frost Giant ေတြဆီ ျပန္အပ္ခဲ့ၿပီး Frost Giant အေနနဲ႔ ႀကီးျပင္းလာေစခဲ့ပါတယ္။

MCU ႐ုပ္ရွင္ေတြထဲမွာေတာ့ Loki ေၾကာင့္ပဲ New York ၿမိဳ႕ေပၚမွာ ၿဂိဳဟ္သားေတြနဲ႔ တိုက္ပြဲျဖစ္ခဲ့ၿပီး အဲ့ဒီအခ်က္ေၾကာင့္ပဲ Avengers ေတြ ျဖစ္ေပၚလာေစခဲ့တာပါ။ ဒီအပိုင္းထဲမွာေတာ့ Loki ဟာ Frost Giant ေတြနဲ႔ပဲ ေနထိုင္ခဲ့တာေၾကာင့္ အေပၚမွာ ေဖာ္ျပထားတဲ့ အခ်က္ေတြ ျဖစ္မလာသလို Thor ဟာလည္း လုံးဝေျပာင္းလဲသြားပါတယ္။

(4) Odin ရဲ႕ Infinity Gauntlet အတု
photo via screenrant

Thor နဲ႔ Warriors Three တို႔ဟာ ကမၻာေပၚမွာ သြားေရာက္ေပ်ာ္ပါးဖို႔ ေျပာဆိုေနတဲ့ ဇာတ္ဝင္ခန္းမွာေတာ့ Infinity Gauntlet အတုကို Thor ရဲ့ အေနာက္မွာ ျမင္ေတြ႕ခဲ့ရပါတယ္။ ၂၀၁၁ ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ Thor ႐ုပ္ရွင္ထဲမွာလည္း ဒီ Infinity Gauntlet ဟာ Easter Egg အေနနဲ႔ ပါဝင္ခဲ့ၿပီး Thor: Ragnarok ထဲမွာေတာ့ အဲ့ဒီ Infinity Gauntlet က အတုႀကီးဆိုတာကို Hela ကေျပာျပခဲ့ပါတယ္။

(5) Guardians of the Galaxy ထဲက Kraglin
photo via screenrant

Thor တို႔အုပ္စု ကမၻာေပၚကို ေရာက္လာတဲ့အခ်ိန္မွာေတာ့ လူေတြအားလုံးဟာ ေပ်ာ္ပါးစြာနဲ႔ ပါတီပြဲဆင္ႏႊဲေနၾကၿပီး တျဖည္းျဖည္းနဲ႔ ကမၻာေပၚကို ၿဂိဳဟ္သားေတြမ်ားစြာ ေရာက္လာပါတယ္။ ဇာတ္ဝင္ခန္းတစ္ခုမွာေတာ့ Lady Sif ဟာ အေပၚမွာေဖာ္ျပထားတဲ့ နာနတ္သီးအကၤ်ီ ဝတ္ထားတဲ့လူနဲ႔ ေသာက္စားေနသလို GOTG ထဲက Kraglin နဲ႔လည္း ေသာက္စားေနတာကို ေတြ႕ခဲ့ရပါတယ္။

(6) Yondu နဲ႔ Skrull မ်ား
photo via screenrant

ပါတီက်င္းပေနတဲ့သူေတြကို ျပသေနတဲ့ ဇာတ္ဝင္ခန္းမွာေတာ့ ပရိသတ္ေတြနဲ႔ ရင္းႏွီးၿပီးသားျဖစ္တဲ့ ဇာတ္ေကာင္ေတြမ်ားစြာကို ျမင္ေတြ႕ခဲ့ရပါတယ္။ ဒီဇာတ္ဝင္ခန္းထဲမွာဆိုရင္ Skrull တစ္အုပ္စုဟာ Thor ကို အားေပးေနတာ ျမင္ေတြ႕ရၿပီး Yondu ဟာလည္း ပါတီပြဲ ဆင္ႏႊဲေနသူေတြထဲမွာ ပါဝင္ေနပါတယ္။

(7) Karl Urban ရဲ႕ Skurge
photo via screenrant

အေပၚမွာေဖာ္ျပထားသလိုပဲ ၿဂိဳဟ္သားေတြဟာ Thor နဲ႔အတူ ပါတီက်င္းပဖို႔ တျဖည္းျဖည္းနဲ႔ ေရာက္လာၾကၿပီး Skurge လည္း အပါအဝင္ပဲ ျဖစ္ပါတယ္။ Skurge ေနရာမွာေတာ့ Karl Urban က ပါဝင္သ႐ုပ္ေဆာင္ထားၿပီး သူဟာ Thor: Ragnarok ထဲမွာ စတင္ပါဝင္ခဲ့တာ ျဖစ္ပါတယ္။ ဒီအပိုင္းထဲမွာေတာ့ သူရဲ့ စကားေျပာခန္းေတြ မပါဝင္ေပမယ့္လည္း ဇာတ္ေကာင္ကိုေတာ့ Karl Urban ရဲ့ ႐ုပ္အတိုင္းပဲ ဖန္တီးထားတာကို ေတြ႕ခဲ့ရပါတယ္။

(8) Thor ရဲ႕ ဘယ္ေတာ့မွ မကုန္တဲ့အရက္
photo via screenrant

Thor ဟာ Skurge ကို ႀကိဳဆိုၿပီးေနာက္မွာေတာ့ ခြက္တစ္ခုကို ကမ္းေပးၿပီး “အဲ့ဒီအရက္က ဘယ္ေတာ့မွ မကုန္ဘူး …” လို႔ ေျပာခဲ့ပါတယ္။ ဒီအခ်က္ကေတာ့ Thor: Ragnarok ထဲမွာ Thor နဲ႔ Doctor Strange တို႔ ပထမဆုံးေတြ႕ဆုံတဲ့အခ်ိန္ကို Reference အေနနဲ႔ ထည့္သြင္းထားတာ ျဖစ္ပါတယ္။ အဲ့ဒီဇာတ္ဝင္ခန္းထဲမွာေတာ့ Doctor Strange ဟာ Thor ေသာက္ေနတဲ့ အရက္ကို ဘယ္ေတာ့မွ မကုန္ဘဲ အျမဲျပန္ျပည့္ေနေအာင္ ျပဳလုပ္ေပးခဲ့ပါတယ္။

(9) Howard The Duck
photo via screenrant

Howard The Duck ကေတာ့ အရင္ What If…? အပိုင္းေတြထဲမွာ ပါဝင္ဖူးသလို ဒီအပိုင္းထဲမွာလည္း Cameo အေနနဲ႔ ထပ္မံပါဝင္ခဲ့ပါတယ္။ ဒီအပိုင္းထဲမွာေတာ့ သူဟာ Collector ဖမ္းထားတာ မခံရဘဲ Thor ရဲ့ ပါတီမွာ လာေရာက္ေပ်ာ္ပါးေနပါတယ္။ အဲ့ဒီေနာက္မွာေတာ့ သူဟာ Darcy ဟာ ေတြ႕ဆုံခဲ့ၿပီး ေနာက္ပိုင္း ဇာတ္ဝင္ခန္းတစ္ခုမွာဆိုရင္ သူတို႔ႏွစ္ေယာက္ဟာ မဂၤလာေတာင္ ေဆာင္လိုက္ၾကပါေသးတယ္။

(10) Grandmaster နဲ႔ Topaz
photo via screenrant

Thor: Ragnarok ထဲမွာ ပါဝင္ခဲ့တဲ့ Grandmaster နဲ႔ Topaz တို႔ႏွစ္ေယာက္ဟာလည္း ဒီအပိုင္းထဲမွာ Thor ရဲ့ ပါတီကို လာေရာက္ခဲ့ၾကပါတယ္။ Grandmaster ကေတာ့ ပါတီေတြကို ႀကိဳက္ႏွစ္သက္တယ္ဆိုတာ Ragnarok မွာကတည္းက ျပသသြားပါတယ္။ ေနာက္ဇာတ္ဝင္ခန္းတစ္ခုမွာဆိုရင္ Grandmaster ဟာ ပါတီမွာ ေပ်ာ္ပါး႐ုံတင္မကဘဲ DJ ပါ ပြတ္ေနတာ ျမင္ေတြ႕ခဲ့ရပါတယ္။

(11) Fandral ရဲ႕ ဆိတ္
photo via screenrant

ဇာတ္ဝင္ခန္းတစ္ခုမွာေတာ့ Fandral ဟာ အလြန္မူးေနၿပီး Gary လို႔ေခၚတဲ့ ဆိတ္တစ္ေကာင္ေဘးမွာ အိပ္ေနတယ္လို႔ Thor က ေျပာခဲ့ပါတယ္။ ဒီအခ်က္ကေတာ့ ေကာမစ္ထဲက ဇာတ္လမ္းတစ္ခုကို ေျပာသြားတာပဲ ျဖစ္ပါတယ္။ အဲ့ဒီေကာမစ္ထဲမွာေတာ့ Fandral ဟာ ဆိတ္တစ္ေကာင္ကို အခ်စ္ကၽြန္းဆီ ပို႔ေဆာင္ေပးဖို႔ တာဝန္ယူခဲ့ရပါတယ္။

(12) Nebula
photo via screenrant

Thor နဲ႔ Jane တို႔ ႏွစ္ေယာက္ဟာ Nebula အံစာတုံးကစားေနတာကို ၾကည့္ေနတဲ့ ဇာတ္ဝင္ခန္းထဲမွာေတာ့ Nebula ဟာ “မ်က္လုံးအသစ္ လိုခ်င္တယ္ …” လို႔ ေျပာခဲ့ပါတယ္။ အဓိက MCU ဇာတ္ေၾကာင္းမွာေတာ့ Nebula ဟာ ကေလးဘဝကတည္းက Gamora နဲ႔ ယွဥ္ၿပိဳင္တိုက္ခိုက္ခဲ့ၿပီး အႀကိမ္တိုင္း ရွုံးနိမ့္ခဲ့ပါတယ္။ Thanos ကေတာ့ သူမ တစ္ခါရွုံးသြားတိုင္းမွာ သူမရဲ့ ခႏၶာကိုယ္ အစိတ္အပိုင္းတစ္ခုကို စက္ပစၥည္းနဲ႔ အစားထိုးခဲ့ပါတယ္။ ဒီအပိုင္းထဲက Nebula ရဲ့ ေျပာစကားအရဆိုရင္ေတာ့ ဒီ Timeline မွာလည္း အလားတူပဲ ျဖစ္ပ်က္ခဲ့တယ္ဆိုတာ သိသာေစပါတယ္။

(13) Valkyrie နဲ႔ Drax
photo via screenrant

အေပၚမွာ ေဖာ္ျပထားသလိုပဲ Thor ရဲ့ ပါတီကို လာေရာက္ၾကသူေတြထဲမွာ ပရိသတ္ေတြနဲ႔ ရင္းႏွီးၿပီးသား ဇာတ္ေကာင္ေတြမ်ားစြာ ပါဝင္ကာ Valkyrie နဲ႔ Drax တို႔ ႏွစ္ေယာက္ကလည္း ပါတီမွာ ေပ်ာ္ပါးေနတာကို ျမင္ေတြ႕ခဲ့ရပါတယ္။

(14) Thor နဲ႔ Jane တို႔ရဲ႕ တက္တူး
photo via screenrant

ဒီဇာတ္ဝင္ခန္းထဲမွာေတာ့ Thor နဲ႔ Jane တို႔ႏွစ္ေယာက္ဟာ အေပးအယူမၽွေနၾကၿပီး တက္တူးေတာင္ တူတူထိုးခဲ့ၾကပါေသးတယ္။ Thor ကေတာ့ Jane ကို ကိုယ္စားျပဳတဲ့အေနနဲ႔ “Science” လို႔ ထိုးခဲ့ၿပီး Jane ကေတာ့ Thor ကို ကိုယ္စားျပဳတဲ့အေနနဲ႔ “Magic” ဆိုၿပီး ထိုးခဲ့ပါတယ္။ ဒါ့အျပင္ ၂၀၁၁ Thor ႐ုပ္ရွင္ထဲမွာ Jane ေျပာခဲ့တဲ့ “ေမွာ္ပညာဆိုတာ ငါတို႔နားမလည္ေသးတဲ့ သိပၸံပညာပဲ …” ဆိုတဲ့ ဒိုင္ယာေလာ့ခ္ကို ရည္ညႊန္းတာလည္း ျဖစ္ပါတယ္။

(15) Rocket
photo via screenrant

Jane ဟာ မနက္မိုးလင္းလာတဲ့ အခ်ိန္မွာေတာ့ ဖုန္းသံေၾကာင့္ လန႔္နိုးလာၿပီး သူမဟာ Las Vegas က ဟိုတယ္တစ္ခုမွာ ေရာက္ေနတာကို သိလိုက္ရပါတယ္။ ဒါ့အျပင္ အဲ့ဒီအခန္းထဲမွာေတာ့ သူမ တစ္ေယာက္တည္း မဟုတ္ဘဲ မူးၿပီးအိပ္ေပ်ာ္ေနတဲ့ တျခားသူေတြလည္း ရွိေနပါတယ္။ Rocket ကေတာ့ လက္ေဆးကန္ထဲမွာ အိပ္ေပ်ာ္ေနၿပီး Thor ကေတာ့ Rocket ကို ၾကည့္ကာ “လက္ေဆးကန္ထဲမွာ ခ်စ္စရာယုန္ကေလး …” ဆိုၿပီး ေျပာခဲ့ပါတယ္။ Infinity War ထဲမွာလည္း Thor ဟာ GOTG အဖြဲ႕သားေတြနဲ႔ ပထမဆုံးအႀကိမ္ ေတြ႕ဆုံတုန္းက Rocket ကို ယုန္လို႔ပဲ ထင္ခဲ့ပါတယ္။

(16) GOTG 2 ထဲက Ayesha
photo via screenrant

ဇာတ္ဝင္ခန္းတစ္ခုမွာေတာ့ GOTG 2 ထဲမွာ ပါဝင္ခဲ့တဲ့ Ayesha နဲ႔ သူမရဲ့ ေနာက္လိုက္တစ္ေယာက္ဟာ Thor နဲ႔အတူ ဆယ္လ္ဖီ ရိုက္ေနတာကို ျမင္ေတြ႕ခဲ့ရပါေသးတယ္။

(17) ရင္းႏွီးလြန္းေနတဲ့ Thor နဲ႔ Loki
photo via screenrant

ဒီအပိုင္းထဲမွာေတာ့ Thor နဲ႔ Loki တို႔ႏွစ္ေယာက္ဟာ တစ္ေယာက္ တစ္ေနရာစီ ႀကီးျပင္းလာၾကေပမယ့္လည္း သူတို႔ႏွစ္ေယာက္ဟာ အလြန္ရင္းႏွီးေနၿပီး ညီအစ္ကိုအရင္းလို သတ္မွတ္ထားၾကပါတယ္။ သူတို႔ႏွစ္ေယာက္ဟာ အဓိက MCU Timeline ထဲေတာ့ အတူတူ ႀကီးျပင္းလာခဲ့ေပမယ့္လည္း အခုေလာက္ မရင္းႏွီးၾကပါဘူး။ ဒါေၾကာင့္ပဲ ဒီအပိုင္းထဲမွာ ျပသထားတဲ့ သူတို႔ႏွစ္ေယာက္ရဲ့ ဆက္ဆံေရးကေတာ့ ပရိသတ္ေတြအတြက္ အနည္းငယ္ ထူးဆန္းေနပါတယ္။

(18) Whitesnake
photo via screenrant

Shield ဟာ Thor ကို ရွင္းထုတ္ဖို႔အတြက္ Captain Marvel ကို အကူအညီေတာင္းခဲ့တာေၾကာင့္ Captain Marvel ဟာ Thor နဲ႔ ထိပ္တိုက္ေတြ႕ရပါေတာ့တယ္။ အဲ့ဒီအခ်ိန္မွာေတာ့ Captain Marvel ဟာ Thor ကို “Hey Whitesnake” လို႔ ေခၚခဲ့ပါတယ္။ အေၾကာင္းကေတာ့ Thor နဲ႔ Whitesnake အဖြဲ႕ရဲ့ အဆိုေတာ္ David Coverdale ရဲ့ ပုံစံဟာ ဆင္တူေနလို႔ပဲ ျဖစ္ပါတယ္။ ဒါ့အျပင္ Captain Marvel ဟာ ကမၻာေပၚကို ၁၉၈၀ ေက်ာ္ေလာက္က ေရာက္ခဲ့တာျဖစ္ၿပီး အဲ့ဒီအခ်ိန္တုန္းက Whitesnake အဖြဲ႕ဟာ အလြန္ေအာင္ျမင္ေနတဲ့အခ်ိန္ ျဖစ္ပါတယ္။

(19) Mjolnir နဲ႔ဖိတဲ့ျပကြက္
photo via screenrant

၂၀၁၁ Thor ႐ုပ္ရွင္ထဲမွာေတာ့ Thor ဟာ Mjolnir နဲ႔ Loki ရဲ့ ခႏၶာကိုယ္ကို ဖိထားခဲ့တာ မွတ္မိၾကဦးမယ္ ထင္ပါတယ္။ အဲ့ဒီတစ္ေခါက္ၿပီးကတည္းက Thor ဟာ ဘယ္ေတာ့မွ ဒီလိုမ်ိဴး ထပ္မံ မလုပ္ေတာ့တာေၾကာင့္ ပရိသတ္အမ်ားစုဟာ ေမးခြန္းထုတ္လာၾကပါတယ္။ Endgame ထဲမွာလည္း Thanos ကို ဒီလိုမ်ိဴး Mjolnir နဲ႔ ဖိထားလိုက္ရင္ “လြယ္လြယ္ေလးပဲ …” ဆိုၿပီး ေျပာသူေတြလည္း ရွိပါတယ္။ ဒီအပိုင္းထဲမွာေတာ့ Thor ဟာ ပရိသတ္ေတြ ေျပာခဲ့တဲ့အတိုင္းပဲ Captain Marvel ကို Mjolnir နဲ႔ ဖိထားတာ ျမင္ေတြ႕ခဲ့ရပါတယ္။

(20) Surtur
photo via screenrant

Thor: Ragnarok ထဲမွာ Asgard ကို ဖ်က္ဆီးခဲ့တဲ့ Surtur ဟာလည္း ဒီအပိုင္းထဲမွာေတာ့ Thor နဲ႔အတူ ပါတီက်င္းပဖို႔ ေရာက္လာခဲ့ပါတယ္။ Surtur ဟာ New York ၿမိဳ႕မွာရွိတဲ့ Liberty ႐ုပ္တုႀကီးကို အီစီကလီလုပ္ေနတာလည္း ေတြ႕ခဲ့ရပါေသးတယ္။

(21) Mantis နဲ႔ Miek
photo via screenrant

ဒီအပိုင္း ၿပီးခါနီးအခ်ိန္မွာေတာ့ လူေတြမ်ားစြာဟာ တံတားတစ္ခုေပၚမွာ ေပ်ာ္ပါးေနၾကပါတယ္။ အဲ့ဒီလူေတြထဲမွာေတာ့ GOTG 2 ထဲက Mantis နဲ႔ Korg ရဲ့ သူငယ္ခ်င္းျဖစ္တဲ့ Miek တို႔ကိုလည္း ျမင္ေတြ႕ခဲ့ရပါတယ္။

(22) Superman 3 Reference
photo via screenrant

မိခင္ျဖစ္သူ Frigga က ကမၻာေပၚကို ေရာက္လာေတာ့မွာ ျဖစ္တာေၾကာင့္ Thor ဟာ သူနဲ႔ အေပါင္းအပါေတြ ေသာင္းက်န္းထားတဲ့ အရာေတြကို ေျခရာလက္ရာ ေဖ်ာက္ရပါေတာ့တယ္။ အဲ့ဒီအခ်ိန္မွာေတာ့ Thor ဟာ အီတလီမွာရွိတဲ့ Pisa တာဝါႀကီးကို အတည့္ျဖစ္ေအာင္ ျပဳလုပ္ခဲ့ပါတယ္။

ဒီဇာတ္ဝင္ခန္းဟာ Thor ရဲ့ ဗဟုသုတကင္းမဲ့မွု တစ္ခုတည္းကို ျပသထားတာ မဟုတ္ဘဲ Superman 3 ကိုလည္း Reference လုပ္ထားတာ ျဖစ္ပါတယ္။ အဲ့ဒီ႐ုပ္ရွင္ထဲမွာေတာ့ Evil Superman ဟာ လူေတြကို စိတ္အေႏွာင့္အယွက္ျဖစ္ေအာင္ ျပဳလုပ္ဖို႔အတြက္ မေကာင္းတဲ့လုပ္ရပ္ေတြကို ျပဳလုပ္ခဲ့ၿပီး Pisa တာဝါကို အတည့္ျဖစ္ေအာင္ လုပ္ေပးခဲ့တာလည္း အပါဝင္ပဲ ျဖစ္ပါတယ္။

(23) Ultron နဲ႔ Vision
photo via screenrant

ဒီအပိုင္းဟာ အရင္က ၾကည့္ခဲ့ရတဲ့ အပိုင္းေတြလို မဟုတ္ဘဲ ဇာတ္လမ္းတစ္ခုလုံးက ဟာသေတြပဲ ျဖစ္ေနပါတယ္။ ဒါေပမယ့္လည္း ေနာက္ဆုံးခန္းမွာေတာ့ Watcher အပါအဝင္ လူတိုင္း အံ့ဩသြားရတဲ့ ျဖစ္ရပ္တစ္ခုကို ျပသသြားပါတယ္။ အဲ့ဒါကေတာ့ Ultron ဟာ Infinity Stone ေတြအျပည့္နဲ႔ ေရာက္လာတာ ျဖစ္ၿပီး မ်က္ႏွာဖုံးကို ဖြင့္လိုက္တဲ့အခ်ိန္မွာေတာ့ အထဲမွာ Vision ကို ျမင္ေတြ႕ခဲ့ရပါတယ္။

ဒါကေတာ့ What If…? အပိုင္း(၇)ရဲ့ စိတ္ဝင္စားစရာအခ်က္တခ်ိဳ႕ပဲ ျဖစ္ပါတယ္။ ဒီအပိုင္းကိုေရာ ဘယ္လိုခံစားရလည္းဆိုတာ ေဆြးေႏြးခဲ့ၾကပါဦး။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular