HomeEntertainmentFilmWandaVision အပိုင်း (၃) ထဲမှာ Herb က ခြံစည်းရိုးကို ဖျက်ဆီးနေရတဲ့ အကြောင်းအရင်း

WandaVision အပိုင်း (၃) ထဲမှာ Herb က ခြံစည်းရိုးကို ဖျက်ဆီးနေရတဲ့ အကြောင်းအရင်း

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

WandaVision အပိုင်း (၃) ထဲမှာတော့ Herb ဟာ ခြံစည်းရိုးကို ဖျက်ဆီးနေတဲ့ ဇာတ်ဝင်ခန်းအပါအဝင် တစ်ခြားကြောင်တောင်တောင် နိုင်လွန်းတဲ့ ဇာတ်ဝင်ခန်းတွေ ပါဝင်ခဲ့ပါတယ်။ ဒီဇာတ်ဝင်ခန်းဟာ ဟာသအနေနဲ့သာ ထည့်သွင်းထားတယ်လို့ ယူဆလို့ ရပေမယ့်လည်း တကယ်တော့ ဒီဇာတ်ဝင်ခန်းဟာ ပရိသတ်တွေအတွက် ရယ်မောစရာတစ်ခုထက် ပိုနေပါတယ်။

အပိုင်း (၃) ထဲက တစ်နေရာမှာတော့ Herb ဟာ ခြံစည်းရိုးကို လွှနဲ့ဖျက်နေတာကို Vision က မြင်တွေ့ခဲ့ပါတယ်။ အဲ့ဒီအချိန်မှာတော့ Herb ဟာ ဘာကြောင့် ဒီလိုလုပ်နေရတာလည်း ဆိုတာကို မရှင်းပြနိုင်ခဲ့သလို သူ့ကိုယ်သူလည်း မရပ်တန့်နိုင်ခဲ့ပါဘူး။ ဒါကြောင့်ပဲ Westview မှာရှိတဲ့သူတွေဟာ Wanda သို့မဟုတ် တစ်ခြားတစ်ယောက်ရဲ့ ထိန်းချုပ်မှု ခံနေရတာကြောင့် ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်စွမ်း မရှိကြဘူး ယူဆလို့ရပါတယ်။

photo via screenrant

Wanda ဟာ အာရုံစိုက်စွမ်း မရှိတော့တဲ့ အချိန်တွေမှာတော့ ဒီလိုဖြစ်ရပ်တွေ ဖြစ်လာတတ်တာကို မကြာခဏ မြင်တွေ့ခဲ့ရပါတယ်။ Wanda ဟာ Billy နဲ့ Tommy တို့ကို မွေးခါနီးအချိန်မှာလည်း သူမခံစားနေရတဲ့ နာကျင်မှုတွေကြောင့် အိမ်အတွင်းမှာ ပရမ်းပတာတွေ ဖြစ်နေတာကို မြင်တွေ့ခဲ့ရပါတယ်။

အဲ့ဒီနောက်မှာတော့ Westview မှာ တကယ်တမ်း ဘာတွေဖြစ်နေလည်း ဆိုတာကို Herb ဟာ Vision ကို ပြောပြလုနီးပါး ဖြစ်ခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ Monica ဟာ Ultron ကြောင့် အသက်ဆုံးရှုံးခဲ့ရတဲ့ Pietro အကြောင်းကိုလည်း Wanda ကို ပြောပြမိသွားပါတယ်။ ဒါကြောင့်ပဲ Wanda ဟာ အာရုံစူးစိုက်မှု ပြန်လည်ရရှိသွားပြီး Monica ကို Westview ကနေ ပစ်ထုတ်လိုက်ပါတယ်။ ဒါကြောင့်ပဲ Herb ဟာ ထိန်းချုပ်မှုအနည်းငယ် ပြန်ရသွားပြီး Vision ကို Westview အကြောင်း မပြောပြခဲ့တာ ဖြစ်ပါတယ်။

photo via screenrant

Herb ဟာ ခြံစည်းရိုးကို လွှနဲ့ဖျက်နေတဲ့ ဇာတ်ဝင်ခန်းဟာ Westview ကို ကာကွယ်ထားတဲ့ အကာအရံကြီးလည်း တဖြည်းဖြည်းနဲ့ ပျက်စီးသွားမယ် ဆိုတာကို အရိပ်အမြွက် ဖော်ပြထားတာလည်း ဖြစ်နိုင်ပါတယ်။ ဒီအကာအရံကြီးဟာ Westview အတွင်းမှာ ရှိသူတွေကို အပြင်မထွက်နိုင်အောင်နဲ့ အပြင်ကလူတွေကို အထဲမဝင်နိုင်အောင် တားဆီးထားတယ်လို့ ယူဆလို့ရပါတယ်။ Wanda ဟာ သူမရဲ့ ကမ္ဘာလေးကို ကာကွယ်ဖို့ အစွမ်းကုန် ကြိုးစားနေပေမယ့်လည်း နောက်ပိုင်းမှာတော့ ဒီအကာအရံဟာ ပျက်စီးသွားပြီး Wanda ကိုယ်တိုင်လည်း အထိန်းအချုပ်လွတ်နိုင်သွားပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

WandaVision အပိုင္း (၃) ထဲမွာေတာ့ Herb ဟာ ၿခံစည္း႐ိုးကို ဖ်က္ဆီးေနတဲ့ ဇာတ္ဝင္ခန္းအပါအဝင္ တစ္ျခားေၾကာင္ေတာင္ေတာင္ ႏိုင္လြန္းတဲ့ ဇာတ္ဝင္ခန္းေတြ ပါဝင္ခဲ့ပါတယ္။ ဒီဇာတ္ဝင္ခန္းဟာ ဟာသအေနနဲ႔သာ ထည့္သြင္းထားတယ္လို႔ ယူဆလို႔ ရေပမယ့္လည္း တကယ္ေတာ့ ဒီဇာတ္ဝင္ခန္းဟာ ပရိသတ္ေတြအတြက္ ရယ္ေမာစရာတစ္ခုထက္ ပိုေနပါတယ္။

အပိုင္း (၃) ထဲက တစ္ေနရာမွာေတာ့ Herb ဟာ ၿခံစည္း႐ိုးကို လႊနဲ႔ဖ်က္ေနတာကို Vision က ျမင္ေတြ႕ခဲ့ပါတယ္။ အဲ့ဒီအခ်ိန္မွာေတာ့ Herb ဟာ ဘာေၾကာင့္ ဒီလိုလုပ္ေနရတာလည္း ဆိုတာကို မရွင္းျပႏိုင္ခဲ့သလို သူ႔ကိုယ္သူလည္း မရပ္တန႔္ႏိုင္ခဲ့ပါဘူး။ ဒါေၾကာင့္ပဲ Westview မွာရွိတဲ့သူေတြဟာ Wanda သို႔မဟုတ္ တစ္ျခားတစ္ေယာက္ရဲ႕ ထိန္းခ်ဳပ္မႈ ခံေနရတာေၾကာင့္ ကိုယ့္ကိုယ္ကို ထိန္းခ်ဳပ္ႏိုင္စြမ္း မရွိၾကဘူး ယူဆလို႔ရပါတယ္။

photo via screenrant

Wanda ဟာ အာ႐ုံစိုက္စြမ္း မရွိေတာ့တဲ့ အခ်ိန္ေတြမွာေတာ့ ဒီလိုျဖစ္ရပ္ေတြ ျဖစ္လာတတ္တာကို မၾကာခဏ ျမင္ေတြ႕ခဲ့ရပါတယ္။ Wanda ဟာ Billy နဲ႔ Tommy တို႔ကို ေမြးခါနီးအခ်ိန္မွာလည္း သူမခံစားေနရတဲ့ နာက်င္မႈေတြေၾကာင့္ အိမ္အတြင္းမွာ ပရမ္းပတာေတြ ျဖစ္ေနတာကို ျမင္ေတြ႕ခဲ့ရပါတယ္။

အဲ့ဒီေနာက္မွာေတာ့ Westview မွာ တကယ္တမ္း ဘာေတြျဖစ္ေနလည္း ဆိုတာကို Herb ဟာ Vision ကို ေျပာျပလုနီးပါး ျဖစ္ခဲ့ပါတယ္။ တစ္ခ်ိန္တည္းမွာပဲ Monica ဟာ Ultron ေၾကာင့္ အသက္ဆုံးရႈံးခဲ့ရတဲ့ Pietro အေၾကာင္းကိုလည္း Wanda ကို ေျပာျပမိသြားပါတယ္။ ဒါေၾကာင့္ပဲ Wanda ဟာ အာ႐ုံစူးစိုက္မႈ ျပန္လည္ရရွိသြားၿပီး Monica ကို Westview ကေန ပစ္ထုတ္လိုက္ပါတယ္။ ဒါေၾကာင့္ပဲ Herb ဟာ ထိန္းခ်ဳပ္မႈအနည္းငယ္ ျပန္ရသြားၿပီး Vision ကို Westview အေၾကာင္း မေျပာျပခဲ့တာ ျဖစ္ပါတယ္။

photo via screenrant

Herb ဟာ ၿခံစည္း႐ိုးကို လႊနဲ႔ဖ်က္ေနတဲ့ ဇာတ္ဝင္ခန္းဟာ Westview ကို ကာကြယ္ထားတဲ့ အကာအရံႀကီးလည္း တျဖည္းျဖည္းနဲ႔ ပ်က္စီးသြားမယ္ ဆိုတာကို အရိပ္အႁမြက္ ေဖာ္ျပထားတာလည္း ျဖစ္ႏိုင္ပါတယ္။ ဒီအကာအရံႀကီးဟာ Westview အတြင္းမွာ ရွိသူေတြကို အျပင္မထြက္ႏိုင္ေအာင္နဲ႔ အျပင္ကလူေတြကို အထဲမဝင္ႏိုင္ေအာင္ တားဆီးထားတယ္လို႔ ယူဆလို႔ရပါတယ္။ Wanda ဟာ သူမရဲ႕ ကမာၻေလးကို ကာကြယ္ဖို႔ အစြမ္းကုန္ ႀကိဳးစားေနေပမယ့္လည္း ေနာက္ပိုင္းမွာေတာ့ ဒီအကာအရံဟာ ပ်က္စီးသြားၿပီး Wanda ကိုယ္တိုင္လည္း အထိန္းအခ်ဳပ္လြတ္ႏိုင္သြားပါတယ္။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular