HomeEntertainmentFilmကိုယ်တိုင်ရဲ့သေဆုံးမှုကို မြင်တွေ့လိုက်ရချိန် Loki ရယ်မောနေခဲ့ရတဲ့ အကြောင်းရင်း 

ကိုယ်တိုင်ရဲ့သေဆုံးမှုကို မြင်တွေ့လိုက်ရချိန် Loki ရယ်မောနေခဲ့ရတဲ့ အကြောင်းရင်း 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Disney+ က ထုတ်လွှင့်ပြသနေတဲ့ Loki ဇာတ်လမ်းတွဲရဲ့ အပိုင်း(၁)ထဲမှာတော့ ၂၀၁၂ ခုနှစ်က Loki ဟာ Infinity War မှာ ဖြစ်ပျက်ခဲ့တဲ့ သူ့ရဲ့သေဆုံးမှုကို မြင်တွေ့ခဲ့ရပါတယ်။ သူ့ရဲ့သေဆုံးမှုကို ကိုယ်တိုင် မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရတဲ့အခါ Loki ဟာ ထူးထူးဆန်းဆန်းပဲ ရယ်မောနေတာကို မြင်တွေ့ခဲ့ရပါတယ်။ ကြည့်ရှုသူ ပရိသတ်တွေရဲ့ အမြင်မှာတော့ ဒီဇာတ်ဝင်ခန်းနဲ့ ပတ်သက်ပြီး မေးခွန်းတစ်ခု ပေါ်ပေါက်လာပါတယ်။ ဒီမေးခွန်းရဲ့ အဖြေကို ဖော်ပြပေးရမယ်ဆိုရင်တော့ …

photo via screenrant

အပိုင်း(၁)ထဲမှာတော့ TVA ဟာ Loki ရဲ့ Sacred Timeline ချိူးဖောက်မှုကြောင့် သူ့ရဲ့ ဖြစ်တည်မှုတစ်ခုလုံးကို ပယ်ဖျက်ဖို့အတွက် အမိန့်ချခဲ့ပါတယ်။ ဒါပေမယ့်လည်း အေးဂျင့် Mobius ကတော့ Loki က အသုံးဝင်လာနိုင်တယ်ဆိုတာကို သိတာကြောင့် ကယ်တင်ပေးခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ အေးဂျင့် Mobius ဟာ Loki ရဲ့ ဘဝတလျှောက်က ရှုံးနိမ့်မှုတွေကို ပြန်လည်ပြသခဲ့သလို အနာဂတ်က ဖြစ်ရပ်အနည်းငယ်ကိုလည်း ပြသခဲ့ပါတယ်။ ဒီမှာတင် Loki ဟာ သူ့ရဲ့အနာဂတ်တွေကို ဆက်လက်ကြည့်ရှုခဲ့ပြီး Thanos ရဲ့ လက်မှာ အဆုံးသတ်ခဲ့ရတဲ့ သူ့ရဲ့ဘဝကို မြင်တွေ့ကာ ရယ်မောခဲ့ပါတယ်။

photo via screenrant

အခုလိုမျိူး Loki ရယ်မောရတဲ့ အဓိက အကြောင်းရင်းကတော့ မရယ်မောရင် ငိုမိလိမ့်မယ်ဆိုတဲ့ အခြေအနေကြောင့်ပဲ ဖြစ်ပါတယ်။ Loki ဟာ သူ့တစ်ဘဝလုံး ပြုလုပ်လာတဲ့ သစ္စာဖောက်မှုတွေ၊ ကြိုးစားမှုတွေ အားလုံးဟာ ဘာမှဖြစ်မလာဘဲ ဒီလိုမျိူး အဆုံးသတ်ရမယ်ဆိုတာ သိသွားတာကြောင့်ပဲ ဖြစ်ပါတယ်။ ဒါဟာ Loki ကို ရှော့ခ်ရသွားစေပြီး အလွန်နာကျင်သွားစေပါတယ်။ ဒါ့အပြင် သူ တန်ဖိုးထားရသူတွေရဲ့ သေဆုံးမှုတွေကိုပါ မြင်တွေ့ခဲ့ရပါသေးတယ်။ ဒါတွေကြောင့်ပဲ Loki ဟာ သူ့ကိုယ်သူ မငိုမိအောင် ထိန်းတဲ့အနေနဲ့ ရယ်မောနေခဲ့တာလို့ ယူဆနိုင်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Disney+ က ထုတ္လႊင့္ျပသေနတဲ့ Loki ဇာတ္လမ္းတြဲရဲ႕ အပိုင္း(၁)ထဲမွာေတာ့ ၂၀၁၂ ခုႏွစ္က Loki ဟာ Infinity War မွာ ျဖစ္ပ်က္ခဲ့တဲ့ သူ႔ရဲ႕ေသဆုံးမႈကို ျမင္ေတြ႕ခဲ့ရပါတယ္။ သူ႔ရဲ႕ေသဆုံးမႈကို ကိုယ္တိုင္ မ်က္ဝါးထင္ထင္ ျမင္ေတြ႕လိုက္ရတဲ့အခါ Loki ဟာ ထူးထူးဆန္းဆန္းပဲ ရယ္ေမာေနတာကို ျမင္ေတြ႕ခဲ့ရပါတယ္။ ၾကည့္ရႈသူ ပရိသတ္ေတြရဲ႕ အျမင္မွာေတာ့ ဒီဇာတ္ဝင္ခန္းနဲ႔ ပတ္သက္ၿပီး ေမးခြန္းတစ္ခု ေပၚေပါက္လာပါတယ္။ ဒီေမးခြန္းရဲ႕ အေျဖကို ေဖာ္ျပေပးရမယ္ဆိုရင္ေတာ့ …

photo via screenrant

အပိုင္း(၁)ထဲမွာေတာ့ TVA ဟာ Loki ရဲ႕ Sacred Timeline ခ်ိဴးေဖာက္မႈေၾကာင့္ သူ႔ရဲ႕ ျဖစ္တည္မႈတစ္ခုလုံးကို ပယ္ဖ်က္ဖို႔အတြက္ အမိန႔္ခ်ခဲ့ပါတယ္။ ဒါေပမယ့္လည္း ေအးဂ်င့္ Mobius ကေတာ့ Loki က အသုံးဝင္လာႏိုင္တယ္ဆိုတာကို သိတာေၾကာင့္ ကယ္တင္ေပးခဲ့ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ ေအးဂ်င့္ Mobius ဟာ Loki ရဲ႕ ဘဝတေလွ်ာက္က ရႈံးနိမ့္မႈေတြကို ျပန္လည္ျပသခဲ့သလို အနာဂတ္က ျဖစ္ရပ္အနည္းငယ္ကိုလည္း ျပသခဲ့ပါတယ္။ ဒီမွာတင္ Loki ဟာ သူ႔ရဲ႕အနာဂတ္ေတြကို ဆက္လက္ၾကည့္ရႈခဲ့ၿပီး Thanos ရဲ႕ လက္မွာ အဆုံးသတ္ခဲ့ရတဲ့ သူ႔ရဲ႕ဘဝကို ျမင္ေတြ႕ကာ ရယ္ေမာခဲ့ပါတယ္။

photo via screenrant

အခုလိုမ်ိဴး Loki ရယ္ေမာရတဲ့ အဓိက အေၾကာင္းရင္းကေတာ့ မရယ္ေမာရင္ ငိုမိလိမ့္မယ္ဆိုတဲ့ အေျခအေနေၾကာင့္ပဲ ျဖစ္ပါတယ္။ Loki ဟာ သူ႔တစ္ဘဝလုံး ျပဳလုပ္လာတဲ့ သစၥာေဖာက္မႈေတြ၊ ႀကိဳးစားမႈေတြ အားလုံးဟာ ဘာမွျဖစ္မလာဘဲ ဒီလိုမ်ိဴး အဆုံးသတ္ရမယ္ဆိုတာ သိသြားတာေၾကာင့္ပဲ ျဖစ္ပါတယ္။ ဒါဟာ Loki ကို ေရွာ့ခ္ရသြားေစၿပီး အလြန္နာက်င္သြားေစပါတယ္။ ဒါ့အျပင္ သူ တန္ဖိုးထားရသူေတြရဲ႕ ေသဆုံးမႈေတြကိုပါ ျမင္ေတြ႕ခဲ့ရပါေသးတယ္။ ဒါေတြေၾကာင့္ပဲ Loki ဟာ သူ႔ကိုယ္သူ မငိုမိေအာင္ ထိန္းတဲ့အေနနဲ႔ ရယ္ေမာေနခဲ့တာလို႔ ယူဆႏိုင္ပါတယ္။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular