HomeEntertainmentFilmWhat If..? အပိုင်း(၅)ထဲက Avengers ဇွန်ဘီတွေဟာ ဘာကြောင့်စွမ်းအားတွေ ရှိနေသေးတာလဲ?

What If..? အပိုင်း(၅)ထဲက Avengers ဇွန်ဘီတွေဟာ ဘာကြောင့်စွမ်းအားတွေ ရှိနေသေးတာလဲ?

***Spoiler Alert***

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

What If…? အပိုင်း(၅)ထဲမှာတော့ Marvel Zombies ကောမစ်စီးရီးထဲက ဇာတ်ကြောင်းအနည်းငယ်ကို ပြန်လည်ဖန်တီးထားတာ တွေ့ရပါတယ်။ ဒီထဲမှာတော့ အားလုံးတွေ့ခဲ့ကြတဲ့အတိုင်း Avengers အများစုဟာလည်း ဇွန်ဘီတွေ ဖြစ်သွားပြီး သူတို့ဟာ Avenger တွေရဲ့ စွမ်းအားတွေကို ဆက်လက်ပိုင်ဆိုင်ထားဆဲဆိုတာ မြင်တွေ့ခဲ့ရပါတယ်။ ဒီဇွန်ဘီတွေဟာ ဘာကြောင့် အခုလိုစွမ်းအားတွေကို ပိုင်ဆိုင်ထားတာလည်းဆိုတာကိုတော့ အောက်မှာ ဆက်လက်ဖတ်ရှူနိုင်ပါတယ်။

What If…? ထဲမှာတော့ Hope Van Dyne ဟာ သူမရဲ့အမေကို Quantum Realm ထဲက ကယ်ထုတ်ပေးဖို့ ကြိုးစားရင်း ဇွန်ဘီဗိုင်းရပ်စ်က စတင်ပျံ့နှံ့ခဲ့တာ ဖြစ်ပါတယ်။ Janet Van Dyne ကတော့ Quantum Realm ထဲက ဦးနှောက်ကို ထိခိုက်စေတဲ့ ဗိုင်းရပ်စ်တစ်ခု ကူးစက်သွားပြီး ပထမဆုံးဇွန်ဘီ ဖြစ်လာခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ သူမကို သွားခေါ်တဲ့ Hank Pym ကလည်း အလားတူပဲ ဇွန်ဘီ ဖြစ်သွားပြီး Quantum Realm က ထွက်လာတဲ့အချိန်မှာတော့ သူတို့နှစ်ယောက်ဟာ တစ်ကမ္ဘာလုံးကို ဇွန်ဘီဗိုင်းရပ်စ် ပျံ့နှံ့စေခဲ့ပါတယ်။

photo via screenrant

ကောမစ်ထဲမှာတော့ Sentry ရဲ့ Variant တစ်ယောက်ဟာ ဇွန်ဘီဗိုင်းရပ်စ် အကူးခံလိုက်ရပြီး Avengers တွေဆီကို ရောက်လာတာ ဖြစ်ပါတယ်။ အဲ့ဒီမှာ စတင်ပြီး Avengers တွေ အပါအဝင် တခြားလူတွေလည်း ကူးစက်ကုန်ပါတော့တယ်။ ကောမစ်ထဲမှာတော့ ဒီဗိုင်းရပ်စ်ကို “Hunger” လို့ခေါ်ပြီး အဲ့ဒီဗိုင်းရပ်စ်ဟာ Symbiote တွေလိုပဲ သူတို့ကူးစက်ဖို့အတွက် Host လိုအပ်ပြီး Host က သေဆုံးသွားရင်တောင် အဲ့ဒီ Host ရဲ့ ခန္ဓာကိုယ်ကို ဆက်လက် ထိန်းချုပ်ထားနိုင်ပါတယ်။

ဒီလိုကူးစက်ခံရပြီးရင်လည်း Host ရဲ့ အသိဉာဏ်တွေနဲ့ Personality တွေက ပျောက်ဆုံးမသွားဘဲ ဆက်လက်တည်ရှိနေတုန်းပါပဲ။ သူတို့အနားကို အကူးမခံထားတဲ့ သာမန်လူတစ်ယောက် ရောက်လာမှသာ ချက်ချင်း အရိုင်းအစိုင်းတွေလို ဖြစ်သွားတာ ဖြစ်ပါတယ်။ ဒါတင်မကသေးဘဲ ကောမစ်ထဲမှာဆိုရင် ဟီးရိုးအများစုရဲ့ စွမ်းအားတွေဟာ ဇွန်ဘီဖြစ်သွားတာတောင် ဆက်လက် အသုံးပြုလို့ ရနေသလို တချို့စွမ်းအားတွေဆိုရင် အဲ့ဒီဗိုင်းရပ်စ်ကြောင့် ပိုတောင် အစွမ်းထက်သွားတာတွေ ရှိပါတယ်။

ဒါပေမယ့်လည်း တချိူ့စွမ်းအားတွေကတော့ ဇွန်ဘီဖြစ်ပြီးနောက်မှာ ပျောက်ဆုံးသွားကြပါတယ်။ ကူးစက်ခံလိုက်ရသူတွေဟာ သေဆုံးသွားပြီ ဖြစ်တာကြောင့် အစာစားဖို့ မလိုအပ်ပါဘူး။ ဒါပေမယ့်လည်း အခုလိုမျိူး တခြားသူတွေကို လိုက်လံတိုက်ခိုက်ပြီး ကိုက်နေရတဲ့ အကြောင်းရင်းကတော့ Hunger ဗိုင်းရပ်စ်အတွက် Host အသစ်တွေဆီကို ပျံ့နှံ့သွားမယ့် တစ်ခုတည်းသော နည်းလမ်း ဖြစ်နေတာကြောင့်ပါပဲ။

photo via screenrant

What If…? ထဲမှာတော့ ဇွန်ဘီဗိုင်းရပ်စ်ဟာ တံတွေးကနေတဆင့် ကူးတယ်လို့ပဲ ဖော်ပြထားပြီး ဒီဗိုင်းရပ်စ်အကြောင်းကိုတော့ သေချာမဖော်ပြထားပါဘူး။ ဒါပေမယ့်လည်း ဒီဗိုင်းရပ်စ်ဟာ Hunger နဲ့ အလားတူပဲလို့ ယူဆနိုင်ပါတယ်။ အပေါ်မှာ ဖော်ပြထားသလိုပဲ ဒီဗိုင်းရပ်စ်ဟာလည်း Host ရဲ့ အသိဉာဏ်တွေအပြင် စွမ်းအားတွေကိုပါ ဆက်လက်အသုံးပြုနေနိုင်တာ ဖြစ်ပါလိမ့်မယ်။

ဒါကြောင့်လည်း အပိုင်း(၅)ရဲ့ နောက်ဆုံးဇာတ်ဝင်ခန်းမှာ ဇွန်ဘီဖြစ်နေတဲ့ Thanos က နောက်ဆုံးကျန်နေတဲ့ Stone ကို ရယူဖို့ ဆုံးဖြတ်ထားတဲ့ ပုံစံကို ပြသသွားတာ ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် ဇွန်ဘီ Captain America ဟာလည်း အသားအရေတွေ ပုတ်ပွပြီး အရိုးတွေ ပေါ်နေပေမယ့်လည်း ကျွန်တော်တို့ သိထားတဲ့ Cap လိုမျိူး တိုက်ခိုက်နိုင်တာ ဖြစ်ပါလိမ့်မယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

***Spoiler Alert***

What If…? အပိုင္း(၅)ထဲမွာေတာ့ Marvel Zombies ေကာမစ္စီးရီးထဲက ဇာတ္ေၾကာင္းအနည္းငယ္ကို ျပန္လည္ဖန္တီးထားတာ ေတြ႕ရပါတယ္။ ဒီထဲမွာေတာ့ အားလုံးေတြ႕ခဲ့ၾကတဲ့အတိုင္း Avengers အမ်ားစုဟာလည္း ဇြန္ဘီေတြ ျဖစ္သြားၿပီး သူတို႔ဟာ Avenger ေတြရဲ႕ စြမ္းအားေတြကို ဆက္လက္ပိုင္ဆိုင္ထားဆဲဆိုတာ ျမင္ေတြ႕ခဲ့ရပါတယ္။ ဒီဇြန္ဘီေတြဟာ ဘာေၾကာင့္ အခုလိုစြမ္းအားေတြကို ပိုင္ဆိုင္ထားတာလည္းဆိုတာကိုေတာ့ ေအာက္မွာ ဆက္လက္ဖတ္ရႉႏိုင္ပါတယ္။

What If…? ထဲမွာေတာ့ Hope Van Dyne ဟာ သူမရဲ႕အေမကို Quantum Realm ထဲက ကယ္ထုတ္ေပးဖို႔ ႀကိဳးစားရင္း ဇြန္ဘီဗိုင္းရပ္စ္က စတင္ပ်ံ႕ႏွံ႔ခဲ့တာ ျဖစ္ပါတယ္။ Janet Van Dyne ကေတာ့ Quantum Realm ထဲက ဦးေႏွာက္ကို ထိခိုက္ေစတဲ့ ဗိုင္းရပ္စ္တစ္ခု ကူးစက္သြားၿပီး ပထမဆုံးဇြန္ဘီ ျဖစ္လာခဲ့ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ သူမကို သြားေခၚတဲ့ Hank Pym ကလည္း အလားတူပဲ ဇြန္ဘီ ျဖစ္သြားၿပီး Quantum Realm က ထြက္လာတဲ့အခ်ိန္မွာေတာ့ သူတို႔ႏွစ္ေယာက္ဟာ တစ္ကမာၻလုံးကို ဇြန္ဘီဗိုင္းရပ္စ္ ပ်ံ႕ႏွံ႔ေစခဲ့ပါတယ္။

photo via screenrant

ေကာမစ္ထဲမွာေတာ့ Sentry ရဲ႕ Variant တစ္ေယာက္ဟာ ဇြန္ဘီဗိုင္းရပ္စ္ အကူးခံလိုက္ရၿပီး Avengers ေတြဆီကို ေရာက္လာတာ ျဖစ္ပါတယ္။ အဲ့ဒီမွာ စတင္ၿပီး Avengers ေတြ အပါအဝင္ တျခားလူေတြလည္း ကူးစက္ကုန္ပါေတာ့တယ္။ ေကာမစ္ထဲမွာေတာ့ ဒီဗိုင္းရပ္စ္ကို “Hunger” လို႔ေခၚၿပီး အဲ့ဒီဗိုင္းရပ္စ္ဟာ Symbiote ေတြလိုပဲ သူတို႔ကူးစက္ဖို႔အတြက္ Host လိုအပ္ၿပီး Host က ေသဆုံးသြားရင္ေတာင္ အဲ့ဒီ Host ရဲ႕ ခႏၶာကိုယ္ကို ဆက္လက္ ထိန္းခ်ဳပ္ထားႏိုင္ပါတယ္။

ဒီလိုကူးစက္ခံရၿပီးရင္လည္း Host ရဲ႕ အသိဉာဏ္ေတြနဲ႔ Personality ေတြက ေပ်ာက္ဆုံးမသြားဘဲ ဆက္လက္တည္ရွိေနတုန္းပါပဲ။ သူတို႔အနားကို အကူးမခံထားတဲ့ သာမန္လူတစ္ေယာက္ ေရာက္လာမွသာ ခ်က္ခ်င္း အ႐ိုင္းအစိုင္းေတြလို ျဖစ္သြားတာ ျဖစ္ပါတယ္။ ဒါတင္မကေသးဘဲ ေကာမစ္ထဲမွာဆိုရင္ ဟီး႐ိုးအမ်ားစုရဲ႕ စြမ္းအားေတြဟာ ဇြန္ဘီျဖစ္သြားတာေတာင္ ဆက္လက္ အသုံးျပဳလို႔ ရေနသလို တခ်ိဳ႕စြမ္းအားေတြဆိုရင္ အဲ့ဒီဗိုင္းရပ္စ္ေၾကာင့္ ပိုေတာင္ အစြမ္းထက္သြားတာေတြ ရွိပါတယ္။

ဒါေပမယ့္လည္း တခ်ိဴ႕စြမ္းအားေတြကေတာ့ ဇြန္ဘီျဖစ္ၿပီးေနာက္မွာ ေပ်ာက္ဆုံးသြားၾကပါတယ္။ ကူးစက္ခံလိုက္ရသူေတြဟာ ေသဆုံးသြားၿပီ ျဖစ္တာေၾကာင့္ အစာစားဖို႔ မလိုအပ္ပါဘူး။ ဒါေပမယ့္လည္း အခုလိုမ်ိဴး တျခားသူေတြကို လိုက္လံတိုက္ခိုက္ၿပီး ကိုက္ေနရတဲ့ အေၾကာင္းရင္းကေတာ့ Hunger ဗိုင္းရပ္စ္အတြက္ Host အသစ္ေတြဆီကို ပ်ံ႕ႏွံ႔သြားမယ့္ တစ္ခုတည္းေသာ နည္းလမ္း ျဖစ္ေနတာေၾကာင့္ပါပဲ။

photo via screenrant

What If…? ထဲမွာေတာ့ ဇြန္ဘီဗိုင္းရပ္စ္ဟာ တံေတြးကေနတဆင့္ ကူးတယ္လို႔ပဲ ေဖာ္ျပထားၿပီး ဒီဗိုင္းရပ္စ္အေၾကာင္းကိုေတာ့ ေသခ်ာမေဖာ္ျပထားပါဘူး။ ဒါေပမယ့္လည္း ဒီဗိုင္းရပ္စ္ဟာ Hunger နဲ႔ အလားတူပဲလို႔ ယူဆႏိုင္ပါတယ္။ အေပၚမွာ ေဖာ္ျပထားသလိုပဲ ဒီဗိုင္းရပ္စ္ဟာလည္း Host ရဲ႕ အသိဉာဏ္ေတြအျပင္ စြမ္းအားေတြကိုပါ ဆက္လက္အသုံးျပဳေနႏိုင္တာ ျဖစ္ပါလိမ့္မယ္။

ဒါေၾကာင့္လည္း အပိုင္း(၅)ရဲ႕ ေနာက္ဆုံးဇာတ္ဝင္ခန္းမွာ ဇြန္ဘီျဖစ္ေနတဲ့ Thanos က ေနာက္ဆုံးက်န္ေနတဲ့ Stone ကို ရယူဖို႔ ဆုံးျဖတ္ထားတဲ့ ပုံစံကို ျပသသြားတာ ျဖစ္ႏိုင္ပါတယ္။ ဒါ့အျပင္ ဇြန္ဘီ Captain America ဟာလည္း အသားအေရေတြ ပုတ္ပြၿပီး အ႐ိုးေတြ ေပၚေနေပမယ့္လည္း ကြၽန္ေတာ္တို႔ သိထားတဲ့ Cap လိုမ်ိဴး တိုက္ခိုက္ႏိုင္တာ ျဖစ္ပါလိမ့္မယ္။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular